မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကျ

မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ နှစ်ကြိမ် ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ သိရသည်။

ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ် မိုးသီးများ ကျခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်တန့် ခဲ့ကြောင်း၊ မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ၎င်းတို့က ပြောကြားသည်။
 
  The Voice Weekly
 
------------------------------------------------
မန္တလေး ဧပြီ ၆

ယနေ့ညနေပိုင်းတွင် ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ၂၆လမ်း။၆၆နှင့်၆၇ လမ်းကြား ဆီဒိုးနား ဟိုတယ် ရှေ့ ကျုံးဘေးရှိ သက်တမ်းရင့် ပေပင်ကြီးသည် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍ့ပ် ပေါ် လဲကျခဲ့ရာ မဏ္ဍ့ပ် မှာတစ်ခြမ်းခန့်ပျက်စီးသွားပြီး လမ်းပိတ်ဆို့သွားသဖြင့် စည်ပင်ဝန်ထမ်းများက ချက်ချင်းလာရောက်ရှင်းလင်းခဲ့ရပါသည်။ ထိုသို့ဖြစ်ပွား ရာတွင် ထိခိုက်ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိကြောင်းသိရှိရသည်။
CJMyanmar

photo credit: John Major

မဲပြားပေါ်တွင် ဖယောင်းသုတ်ခြင်း ကိစ္စအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးမည်

ရန်ကုန်၊ ဧပြီ ၆

မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အချို့၌ ဖြစ်ပွားခဲ့သည့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းများ သုတ်ထားသည့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ ထံမှ သိရသည်။

ဆန္ဒမဲ လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုင်ကြားလာသည့် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန် ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ ၄ ရက်နေ့ ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော် ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး အထက်ပါ ကိစ္စ ဟုတ်မှန်ခြင်း ရှိပါက မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် ဖွင့်ဖောက် စစ်ဆေးသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးများသို့ ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက် စေလွှတ်ပေးပါရန် နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
 The Voice Weekly
 

ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်

ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင် ၁၈ နာရီစီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်တို့ကပြောသည်။

သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီး

တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်းလျှပ်စစ်မီးပေးဝေမှု ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်ဆင် လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။

သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ ထိုသို့ပေးဝေသောအခါ အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင် ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။
 7Day News Journal

မြစ်ဆုံဆည်တည်ဆောက်ရေးကိုလက်ရှိ အစိုးရလက်ထက် ရပ်နားထားမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား

ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့် သတင်းများ ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းများလက်ရှိ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။
Yangon Press International 

ဇဗ္ဗူသီရိမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းထံသို့ပေးစာ

ကျွန်တော်တို့တစ်တွေဟာဝန်ကြီးဌာနအသီးသီးကအဆင့်ပေါင်းစုံဝန်ထမ်း
များဖြစ်ကြပြီး၊လွတ်လပ်မှု၊တရားမျှတမှု၊သာတူညီမျှမှု စတဲ့ဒီမိုကရေစီ
ကိုမြတ်နိုးသူများဖြစ်ကြသလို၊အမေစုကိုတန်ဘိုးထားချစ်ကြည်အားကိုးကြ
သည့်အတွက် NLD ကိုယုံကြည်စွာဖြင့်တစ်ခဲနက်အားပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။

အမေစုချမှတ်ထားသည့်မူဝါဒအတိုင်းလွှတ်တော်အတွင်းအားကြိုးမာန်တက်ဆောင်
ရွက်လိမ့်မည်ဟုမျှော်လင့်ပါသည်။ မဲအရှုံးအနိုင်ကြေညာသည့်နေ့ကလေလှိုင်း တွင်ကြားလိုက်ရသည်မှာမြေကိစ္စကိုပထမဦးဆုံးကိုင်တွယ်မည်ဟုပြောကြား သွားပါသည်။ ဝန်ထမ်းရေးရာကိစ္စများပြောကြားသည်ကိုမကြားရပါ။ကျွန်တော်တို့ဝန်ထမ်းများအပြောင်း အလဲကိုလိုချင်ကြပါသည်။ဝန်ကြီးဌာနများအတွင်းမတရားမှုများပပျောက်စေချင်ပါသည်။

ဥပမာ-နှစ်သီးစားကိစ္စများ၊ရာထူးတိုးမြှင့်ရေးနှင့်ဝန်ထမ်းရေးရာမတရားမှုများ၊လာဘ်ပေး
လာဘ်ယူအဂတိလိုက်စားမှုများ၊နီးစပ်ရာသားသမီးများတပည့်များနှင့်နီးစပ်ရာစားတော်
 ခေါ်မှုများဖြစ်ပါသည်။

လက်ရှိအစိုးရတစ်နှစ်ပြည့်မြောက်သွားသော်လည်းပပျောက်သွားခြင်းမရှိပါ။လွှတ်တော်
ဥက္ကဌကြီးကိုယ်တိုင်မေတ္တာရပ်ခံသော်လည်းလိုက်နာခြင်းမရှိပါ။ယခုထက်တိုင်ပို၍ပို၍
သာဆိုးလာပါသည်။

လွှတ်တော်သည်အစိုးရကိုထိန်းကျောင်းရန်ခက်ခဲနေသည်ကိုတွေ့
မြင်နေရသည့်အတွက်အမေစုနှင့်NLD လွှတ်တော်ထဲသို့မြန်မြန်ရောက်ပြီးကြိုးစားပေး
မှသာအပြောင်းအလဲတွေပေါ်ပေါက်လာမည်ဟုယုံကြည်သည့်အတွက် လုံခြုံရေးလက်
နက်ကိုင်ဝန်ထမ်း၊အထူးအခွင့်အရေးရဝန်ထမ်းမှအပ ကျန်ဝန်ထမ်းများ(မိသားစုဖြင့်နေ
သူများ၊အဆောင်နေသူများ)အားလုံးအကြောက်တရားမရှိတက်ညီလက်ညီဖြင့်ရင်ထဲက
အမှန်ဆန္ဒကိုဖေါ်ထုတ်ပြီးဒေါ်စန္ဒာမင်းကိုရွေးချယ်မဲပေးခဲ့ကြပါသည်။

သို့ပါ၍ဒေါ်စန္ဒာမင်းအနေဖြင့်အခြားကိစ္စရပ်များစတင်ကိုင်တွယ်ရန်အခက်အခဲရှိနေ
ရင်တောင်မှဝန်ကြီးဌာနများအတွင်းကမတရားမှုများကိုဦးစွာကိုင်တွယ်ဆောင်
ရွက်ပေးနိုင်ပါရန်မေတ္တာရပ်ခံပါသည်။

(ဒေါ်စန္ဒာမင်းဧ။်CONTACTS များတရားဝင်ကြေညာပေးပါရန်။နေပြည်တော်နယ်နမိတ်
အတွင်းလိုအပ်သည်များဝိုင်းဝန်းကူညီပါမည်။)

နေပြည်တော်ဝန်ထမ်းများကွန်ယက်၊Anti-Corruption Group(ACG)ကွန်ယက်၊
လျှပ်စစ်(၁)ကွန်ယက်၊လည်/ဆည်ကွန်ယက်၊စက်မှုကွန်ယက်၊သပြေကွန်ယက်၊
သီရိ(၁-၉)ကွန်ယက်

Myanmar News Now
နေပြည်တော်သို့ စေလွှတ်လိုက်တဲ့ သူရဲကောင်းလေးဦး

ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံး ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့


မပွင့်ဖြူပြုံး

ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံးသည် ဧပြီ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများ တွင် ပါဝင်ကူညီ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ''၂၈ ရက်နေ့ ကစပြီး ပြန် လှုပ်ရှားခဲ့တယ်။ ၂၉ မှာ မျက်လုံး ထဲက သွေးကျလာလို့ တစ်ရက် နားခဲ့တယ်။ နောက်ပိုင်း နေ့တိုင်း လှုပ်ရှားခဲ့တယ်။ မဲရုံကိုယ်စား လှယ်လည်း လုပ်ခဲ့သလို မဲရုံ စစ်ဆေးတဲ့နေရာမှာလည်း လုပ်ခဲ့ တယ်''ဟု ၄င်းက NLD ယာဉ်တန်းများ မြို့တွင်း၌ လှည့်လည် ရန် ပြင်ဆင်နေချိန် ဧပြီ ၂ ရက်က ပြောသည်။ ၄င်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက် ည ၇နာရီ ဝန်းကျင်ခန့်က နေပြည် တော် ကောင်စီ ဥတ္တရသီရိမြို့နယ်အတွင်း NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူနှင့် စည်းရုံးရေးအဖွဲ့အား လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်ခံခဲ့ ရစဉ်က ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံတွင် လေး ရက်ကြာဆေးကုသမှု ခံယူခဲ့ရသည်။ ''အခု မျက်လုံးက သွေးနည်း နည်းကျ တာကလွဲရင် အရင်လို မူးတာတို့၊ အန်တာတို့ ဘာမှမရှိတော့ ပါဘူး။ အရင် ကထက် အများကြီး ပိုသက်သာ လာပါပြီ''ဟု မပွင့်ဖြူပြုံး က ၄င်း၏ ကျန်းမာရေး အခြေအနေအား ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားသည်။ ဆရာဝန်ထံ တစ်ပတ်တစ်ခါ ပြသနေရဆဲပင်ဖြစ်ပြီး ကုန်ကျ သည့်ဆေးကုသစရိတ်အား NLD ပါတီမှတာဝန် ယူဖြေရှင်း ပေးကြောင်း၊ ပျဉ်းမနားဒေသခံ ပါတီဝင်များက အနီးကပ်စောင့်ရှောက်ပေး ထား ကြောင်း သိရသည်။ ''သူကတော့ ဧပြီ ၁ ရက် ထိအောင်နိုင်ရေးကို မမှိတ်မသုန် လုပ်နေတာပါပဲ''ဟု ဥတ္တရသီရိ မြို့နယ်ကိုယ်စား လှယ်လောင်း ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ဧပြီ ၂ ရက်က ပြောသည်။

By: Popular Myanmar News Journal

ဘ၀တူဆရာမလေးများထံသို့

 ကျွန်မတနေ့ကျောင်းကအပြန်ကားပေါ်မှာကျောင်းသားမိဘလို.
ထင်ရတဲ့မိန်းမနှစ်ယောက်ရဲ့စကားသံကြားခဲ့ရပါတယ်။ 
ထုံးစံအတိုင်းဆရာမတွေစာမသင်တဲ့အကြောင်း၊ကျူရှင်ပဲသင်
တဲ့အကြောင်းစုံလို့ပါဘဲ။ယူနီဖောင်းဝတ်ထားတဲ့ကျွန်မကိုပင် 
အားမနာ၊ကျွန်မကိုတွေလို့ဘဲပိုပြောနေလားပင်မသိပါ။ ကားပေါ်ကလူတွေရဲ့မျက်လုံးကလည်းကျွန်မဆီကိုဦးတည်နေ 
ပါတယ်။ကျွန်မရဲ့ခံစားချက်ကိုဘ၀တူဆရာမတွေနားလည် ပါတယ်။ အခိုးအငွေ့ပျံပြီးပျောက်လို့ရရင်နေရာမှာတင်ဖျောက်လိုက် 
ချင်ပါတယ်။ 

တကယ်တော့လည်းထိုမိန်းမကြီးတွေပြောတာတစ်ခုမှ
မမှားပါ။ဘယ်သူမပြုမိမိမှုဆိုသလိုပါဘဲ။ကိုယ်လုပ်လို့ကိုယ်ခံရတယ်ဆိုရအောင်လည်းကျွန်မတို့လိုတိုးချဲ့မြိုနယ်ကဆရာမတွေမှာကျူရှင်ဆိုတာမရှိတဲ့
အပြင်လစာပင်မလောက်လို့အိမ်ကပြန်
တောင်းနေရတဲ့ဘ၀ပါ။

ကျွန်မတို့ဆရာမအချင်းချင်းဆိုရင်သိပါတယ်။အမှန်အတိုင်းပြောရရင်ဆိုးဝါးလှတဲ့ပညာရေးစနစ်အောက်မှာဆရာမတွေအထူးသဖြင့်ဆရာမအငယ်တွေကအလူးအလဲ
ခံနေရတာပါ။
 
ပညာရေးဝန်ကြီးကစလို့ညွှန်မှူးမျာ
း၊ဦးစီးများအပါအ၀င်မြန်မာပြည်ပညာရေး
ကိုအောက်ဆုံးထိရောက်အောင်ဆွဲချပြီးနောက်ဆုံးအပြစ်ပြောခံရတော့ဆရာမတွေဖြစ်နေပါတယ်။တကယ်လဲကျင့်ဝတ်နဲ့မညီတဲ့ဆရာမတွေ
အများကြီးရှိနေပါတယ်။
 
ကျွန်မအဓိကပြောချင်တာကတော့လူငယ်
ဆရာမတွေကိုပါ။တနေ့နေ့တချိန်ချိန်
ကျွန်မတို့ကိုယ်တိုင်ခေါင်းဆောင်နေရာမှာတာဝန်ထမ်းဆောင်ရရင်ဖြစ်ဖြစ်၊
လက်ရှိတာဝန်ထမ်းဆောင်ရတဲ့နေရာမှာပဲဖြစ်ဖြစ်ရိုးသားစွာတာဝန်ထမ်းဆောင်
ကြဖို့တိုက်တွန်းလိုပါတယ်။

ကျွန်မတို့ကိုယ်တိုင်စေတနာအမှန်နဲ့ကြိုးစားကြမယ်ဆိုရင်အတိတ်တချိန်က
ဆရာမတွေကိုလေးစားခဲ့ရတဲ့အချိန်တွေကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ကျွန်မတို့လူငယ်ဆရာမများကလည်းရှေ့ကဆရာမများ(ကျင့်ဝတ်နဲ့မညီသောဆရာမအချို့)
လိုဘဲရေလိုက်ငါးလိုက်ပဲဆက်လုပ်နေမယ်ဆိုရင်အနာဂတ်မြန်မာ့ပညာရေးမတွေးဝံ့စရာပင်။ပညာရေးကသာတိုင်းပြည်ရဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မှာပါ။

ကျွန်မတို့အားလုံးတိုင်းပြည်ကိုချစ်မြတ်နိုးကြသူတွေချည်းဖြစ်ပါတယ်။တိုင်းပြည်ကို
တကယ်ချစ်ရင်ပညာရေးဌာနကလူငယ်တွေ
တင်မကဘဲအခြားသောဌာနဆိုင်ရာမှလူငယ်များ၊တပ်မတော်သားများအပါအ၀င်ကျောင်းသားလူငယ်များပါအစွမ်း
ကုန်ပြုပြင်ပြောင်းလဲပေးစေလိုပါတယ်။လမ်းပေါ်မှာအမှိုက်ပစ်တာကအစလူငယ်တွေ 
အားလုံးပြုပြင်ရပါမယ်။
 
      မကြာမီအချိန်မှာကျွန်မတို့နိုင်
ငံရဲ့အနာဂတ်အာရုဏ်ဦးရောက်လာတော့မှာဖြစ်
ပါတယ်။ကျွန်မတို့ရဲ့ခေါင်းဆောင်အမေစုကိုယ်တိုင်ပညာရေးကိုအဓိကထားပြီးပြုပြင်ပေးပါ့မယ်လို့ပြောခဲ့ပါတယ်။တံခါးဖွင့်ပေးတဲ့လူကဖွင့်ပေးနေပါပြီ။ကျွန်မတို့ကိုယ်တိုင်
အခန်းထဲဝင်ဖို့ပဲကျန်ပါတော့တယ်။
ကျွန်မတို့အားလုံးလက်တွဲပြီးကြိုးစားကြရပါမယ်။
 
      ဒီဆောင်းပါးလေးကိုဖတ်မိတဲ့သူမျာ
းရှိခဲ့ရင်တဆင့်စကားနဲတဆင့်ပြောပေးစေလိုပါတယ်။ဆရာမအငယ်တွေရဲ့ရှေ့မှာအထက်ကဖော်ပြခဲ့သောအပြုအမူ 
မျိုးကိုရှောင်ရှားပေးဖို့အလေးအနက်ထားပြီးတောင်းဆိုပါတယ်။တကယ်လို့အတန်း
ပိုင်ဆရာမကိုမကြေနပ်တာရှိရင်သက်ဆိုင်ရာကျောင်းအုပ်(သို့)ပညာရေးမှူးများနဲ့တွေ့ဆုံဆွေးနွေးပေးစေလိုပါတယ်။ 

အဘယ်ကြောင့်ဆိုသော်ကားပေါ်မှာအော်ဟစ်ပြော
ဆိုနေရုံဖြင့်ကောင်းကျိုးအနေဖြင့်ဘာမျှမရနိုင်ပါ။ကာယကံရှင်ဆရာမမှာအရှက်ရပြီး
ပညာရေးလောကကိုလုံးဝကျောခိုင်းသွ
ားနိုင်ပါတယ်။အသင်ပြကောင်းတဲ့ဆရာမဖြစ်ခဲ့
ရင်တိုင်းပြည်အတွက်အများကြီးနစ်နာနိုင်ပါတယ်။

တစ်နှစ်ကိုထိုဆရာမကကျောင်း
သား(၅၀)ဦးစာသင်ပေးနိုင်ရင်(၁၀)နှစ်ဆိုရင်ကျောင်းသား(၅၀၀)ဦးလောက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။ဒါကြောင့်ဒီလိုအပြုအမူမျိုးကိုရှောင်ရှားစေလိုပါတယ်။
 
       နောက်ဆုံးအနေဖြင့်ပြောချင်တာကေ
တာ့ကျွန်မတို့ဆရာမလေးများပညာရေးဌာနရဲ့ယူနီဖောင်းဧ။်ဂုဏ်အမြင့်ဆုံးသို့ပြန်လည်ရောက်ရှိအောင်ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့တိုက်တွန်းလိုပါတယ်။

သော်တာ
Myanmar News Now 

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်