၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့

72612
၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကို နံနက် ၁၁ နာရီ အချိန်တွင် စတင်ခဲ့ပြီး အစီအစဉ် ၈ ရပ်ဖြင့် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
အစီအစဉ်အရ နိုင်ငံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများအား ၀မ်းနည်းသောအားဖြင့် တစ်မိနစ် ငြိမ်ခဲ့ကြပြီး နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ ၆၇ နှစ်မြောက်ဖက်ဆစ် တော်လှန်ရေးနေ့ ကြေညာချက် စာတမ်းကို ဖတ်ကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ‘ယနေ့သည် ၆၇ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည် မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်သော ပြည်သူလူထုကြီးက တရားမဲ့အာဏာသုံးပြီး ပြည်သူတွေရဲ့ဘ၀ကို ချုပ်ခြယ်ဖိနင်းခဲ့တဲ့ အဖြစ်ဆိုးကို ဖယ်ရှားခဲ့သော လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ယနေ့မှာလည်း ကျွန်မတို့တွေ ဒီဖက်ဆစ် အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားသော လူ့အဖွဲ့ အစည်းတစ်ခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စိတ်ဓာတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေးသမားကောင်း မည်သည် ကဗျာ ဆရာကြီးမင်းသုဝဏ် ၁၉၆၃ ခုနှစ် က တော်လှန်ရေးနေ့အတွက် ရေးသားခဲ့သော သူ့မှာတမ်း ကဗျာပါစိတ်ဓာတ်လို မွေးမြူရမှာ ဖြစ်ပါတယ်။ ငါအများကြီးလုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ ဆိုသော စိတ်ဓာတ်မျိုး ဘယ်တော့မှမထားဘဲ ငါလုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား ဆိုသော စိတ်ဓာတ်သာ ရှိရမှာဖြစ်ပါတယ်။ ကဗျာထဲတွင် ကွယ်လွန်ခါနီး တော်လှန်ရေးသမားကို ရွာသားများက ၀ိုင်း၍ တိုင်းပြည်ကို ဘာများမှာခဲ့လိုသနည်း မေးရာ ခရီးမတ်တပ်လမ်း ခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာတဲ့ကြောင်း ပြောပါလေ၊ အသက်မထွက်မီ စကားပါးခဲ့ပါသည်၊ ထိုကဲ့သို့ပင် ကျွန်မတို့ ယခု စိတ်ဓာတ် တော်လှန်ရေး ဆင်နွှဲနေရတဲ့ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးသည် မိမိတို့အနေနှင့် မည်မျှလုပ်ခဲ့ပြီးပြီဟူ၍ မစဉ်းစားဘဲ မည်မျှလုပ်ကိုင်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေချင်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရုန်းကန်လှုပ်ရှားချိန်မှစ၍ မသမာမှုအမျိုးမျိုး အထူးသဖြင့် ပြည်သူကို ခြိမ်းခြောက်ဖိအားပေးမှု အမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ ဤသို့အခက်အခဲများကို ပြည်သူနှင့် ကျွန်မတို့ ဒီမိုကရေစီ အမှန်တကယ်လိုလားသော အဖွဲ့အစည်းများက ထက်မြတ်သော သတ္တိ၊ ခိုင်မာသောဇွဲ၊ ၀ီရိယနဲ့ ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာ စေရန် အဓိကဆောင်ရွက်ပေးနိုင် သော အင်အားစုမှာ ပြည်သူများသာ ဖြစ်ပါတယ်။ ပြည်သူများလိုလား နေသော ဒီမိုကရေစီပြည်ထောင်စု ကြီး ထူထောင်ရန် ဦးတည်သော ပြည်သူ့စိတ်ဓာတ် တော်လှန်ရေး အောင်မြင်ပါစေကြောင်း ယနေ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ တွင် ဆုမွန်ကောင်းတောင်းအပ်ပါသည်’ဟု ပါရှိပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပြီး၊ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
EMG

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း

၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် အန်အယ်လ်ဒီပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုရသည့် အကြောင်းအရင်းမှာ ပါတီနာမည်သည် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးတို့သာ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်နေသော ပါတီဖြစ်သည်ဟု Monitor News ဂျာနယ် အတွဲ(၁) အမှတ် (၉၃) တွင်ပြောဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချစ်ခြင်း မုန်းခြင်းမရှိဘူး ဘယ်သူ့အပေါ်မှ အာဃာသ မထားဘူး အဲ့တော့ ကျွန်တော်တို့ပါတီအပေါ်ကို ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးသာဖြစ်တယ် ဒါပေမဲ့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေတာတွေရှိတယ်လို့ ဦးဥာဏ်ဝင်းက မော်နီတာဂျာနယ်မှာ ပြောထားတယ် အဲ့ဒါကြောင့်မို့ တရားစွဲဖို့ ဖြစ်လာတာ” ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးတင်ရီက ပြောသည်။
အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ တရားစွဲဆိုခြင်းကို မသိရှိရသေးသော်လည်း ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း သိရှိရသည်။
“တရားရုံးက လက်ခံတယ်ဆိုပေမဲ့ တရားရုံးမှာ အဆင့်တွေ အများကြီးရှိသေးတယ် ဘယ်အဆင့်ကိုလွှဲပါဆိုတာ တစ်ချို့က နားမလည်ဘဲနဲ့လက်ခံတယ်ဆိုတာ ပြောတတ်တယ် အန်ကယ်မသိဘူး အန်ကယ်ပြောချင်တာက အန်ကယ်တို့ ဘာပြစ်မှုမှ မကျူးလွန်ဘူး အန်ကယ်အမှန်အတိုင်းပဲ ပြောခဲ့တယ် ဖြစ်လာသမျှကိုလဲ အန်ကယ်တို့အနေနဲ့ ရင်ဆိုင်သွားမယ်” ဟု အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
လာမည့် ၂၀၁၂ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးမှ အမှုဆက်လက်တင်သင့် ၊ မသင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(မြစ်မခ)

အသည်းကြားက မဲတပြားနောက်ဝယ်

athe

(၁)

‘အသည်းကြားက မဲတပြား’ဆိုတဲ့ စကားလုံးလေးတွေက တကယ်တော့ အဲဒီခေတ်ရဲ့ သရုပ်ကို ထင်ဟပ်စေတာ ကတော့ အမှန်ပါ။ တန်ဘိုးရှိတဲ့ မဲတပြားဟာ နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ အများကြီး အထောက်အကူပြုတယ် ဆိုတာကို တင်စား ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့် အခုခေတ်မှာတော့ အသည်းကြားက မဲတပြားဟာ တကယ်ကော တန်ဘိုးရှိရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ကောင်းလောက်အောင် ကြားဖြတ် ရွေးကောက်ပွဲကြီး နီးလာလေလေ၊ နိုင်ငံရေးပါတီတွေဆီက၊ အထူးသဖြင့် ဒီမိုကရေစီ အင်အားစု ပါတီတွေဆီကနေ အသံတွေ ထွက်ပေါ်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတုန်းက တွေ့ကြုံခဲ့ရတဲ့ ခါးသက်တဲ့ မဲလိမ် မဲမသမာမှုတွေ၊ ကြိုတင်မဲတွေဟာ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း အထူးသတိထား ပြောဆိုနေကြရတဲ့
ပြဿနာတခု ဖြစ်နေပါတယ်။

ဒီနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို ပါဝင်လာတာကြောင့်လည်း လက်ရှိ အာဏာရပါတီဖြစ်တဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုခွင့်ရှိသူတွေက မဲမသမာမှုတွေ မဖြစ်အောင်၊ လွတ်လပ်မျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်ဆိုပြီး နိုင်ငံတကာကိုပါ ကြွေးကြော်လာကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲလုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာတောင် တနိုင်ငံလုံးက မဲဆန္ဒနယ် ၄၈ နေရာ လုံးမှာရှိတဲ့ မဲပေးနိုင်သူဦးရေ စာရင်းတွေက အခုထက်ထိ မတည်ငြိမ်သေးပါဘူး။ အိမ်ထောင်စု စာရင်းတွေ မတိကျမှု
ကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရပ်/ကျေး ကော်မရှင်တွေ စကားများနေရဆဲ ဖြစ်ပါတယ်။

“မဲစာရင်း မတိကျမှုတွေ ဖြစ်နေတာက အိမ်ထောင်စု စာရင်းတွေ မတိကျမှုကြောင့် ဖြစ်ရတာပါ။ ဥပမာ ဒီအိမ်ထောင်စု မှာ လူဦးရေ ၈ ဦး ရှိတယ် ဆိုပါစို့။ နှစ်ဦးက အိမ်ထောင် ကွဲထွက်သွားမယ်။ တဦးက နိုင်ငံခြား ထွက်နေမယ်။ သေတာ လည်း ရှိမယ်။ ဒါပေမယ့် စာရင်းမှာတော့ ၈ ဦးပဲ။ ဒါတွေကို တတ်နိုင်သလောက် လိုက်ရှာစုဆောင်းပြီး ကော်မရှင်တွေ ကို တင်ပြတဲ့အခါ အဲဒီစာရင်းတွေကို လိုက်ဖျက်ပေးနေရတယ်”လို့ မင်္ဂလာတောင်ညွ့န့် မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနဲ့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ လိုက်ပါကူညီနေသူ တဦးက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတခုကို ပြောပြပါတယ်။

အိမ်ထောင်စုစာရင်းတွေ တိကျမှု မရှိခြင်းကလည်း ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အချိန်နဲ့ တပြေးညီ ပြင်ဆင်မထား
နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ်မှာတောင် မဲပေးနိုင်တဲ့ ဦးရေက ပြီးခဲ့တဲ့နှစ်က ပြုစုထားတဲ့ စာရင်းအရဆိုရင် ၈ဝ,ဝဝဝ ကျော် ရှိပါတယ်။

ဒါပေမယ့် ဒီစာရင်းတွေထဲမှာ သေဆုံးစာရင်းတွေ၊ စာရင်းမှာ မပါဝင်တော့တဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီလို မသေချာ မရေရာတဲ့ မဲစာရင်းတွေကြောင့် နိုင်ငံရေးပါတီတွေ တကယ်တမ်း အပြိုင်အဆိုင် ယှုဉ်ပြိုင်ကြတဲ့အခါ တန်ဖိုးရှိတဲ့ မဲတပြား ဖြစ်လာပါတော့မလားဆိုတာ သံသယကြီးကြီး ထားနေရတဲ့ အဖြစ်ကို ရောက်ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီပြိုင်ဘက်အဖြစ် ယှဉ်နေရပေမယ့် ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့ အစ်မတဦးပါပဲလို့ ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက် ဒေါက်တာစိုးမင်းက ကော့မှူးနယ်မှာ သူကြုံရတဲ့ အခက်အခဲကတော့ ရှေးအဆက် ဆက် နေလာခဲ့တဲ့ ဒေသခံတွေက ပုံစံ ၁ဝ အဝင်အထွက်နဲ့ ပတ်သတ်ပြီး အားနည်းခဲ့တာပါပဲလို့ ဆိုပါတယ်။

သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကြုံရတဲ့ သေဆုံးစာရင်းတွေ မဲစာရင်းတွေမှာ ပါတယ်ဆိုတာ လက်ခံနေတဲ့ သဘောဆောင်သလို သူ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့် နောက်ဆုံး မဲစာရင်းကိုသာ စောင့်တော့ မယ်လို့ ဆိုပါတယ်။

(၂)

အင်အားကြီးပါတီနှစ်ခုထဲမှာ ပြည်ခိုင်ဖြိုးပါတီကတော့ ၄၈ နေရာလုံး ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ၄၇ နေရာပဲ ပြိုင်ဖြစ်မှာ ဖြစ်ပေမယ့် ဒီတခေါက် ရွေးကောက်ပွဲမှာတော့ အပြင်းအထန် ပြိုင်ဆိုင်မှု ကြီးလာမယ့် ပွဲကြီးပွဲကောင်း တခုလည်း ဖြစ်ပါတယ်။

ဒီတခေါက် ကြားဖြတ်ရွေးကောက်ပွဲက အရင် ၂ဝ၁ဝ တုန်းကနဲ့ မတူတဲ့အချက်ကတော့ မဲစာရင်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးရေး ဆင်းသူတွေက အချိန်နဲ့တပြေးညီ ကော်မရှင်
တွေကို ပေးပို့ အကြောင်းကြားနေတာပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကတော့ ဒီလိုမဲစာရင်းတွေရှိနေတဲ့ အချိန်မှာပဲ ပါတီက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄ဝ လောက်မှာ အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုထားသလို
ပြည်ခိုင်ဖြိုးကလည်း ၄၈ နေရာလုံးမှာ ရာနှုန်းပြည့် အနိုင်ရဖို့ မှန်းထားတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုနေ ပါတယ်။

ဒီလို မဲစာရင်းတွေနဲ့ နိုင်ငံရေးပါတီကြီးတွေအကြားမှာ အသက်ခပ်ပြင်းပြင်းရှူနေရတဲ့ နိုင်ငံရေး ပါတီငယ်တွေကကော ဒီပြိုင်ပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါမလဲ ဆိုတာကလည်း ပရိသတ်တွေ စောင့်ကြည့်ရမယ့် အချက်တခု ဖြစ်ပါတယ်။

“လူစိတ်ဝင်စားတဲ့ ပါတီနဲ့ ပါဝါ အင်အားကြီးတဲ့ ပါတီကြီးနှစ်ခုကြားမှာ ယှဉ်ရပေမယ့် မကြောက်ပါဘူး။ ကြိုးစားပြီး ယှုဉ်ပြိုင်သွားမှာပဲ”လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်က မီဒီယာတွေကို
ပြောပါတယ်။

(၃)

ပါတီတွေကတော့ အနိုင်ရဖို့ စည်းရုံးရေးတွေ အပြိုင်အဆိုင် ဆင်းနေချိန်မှာ ပြည်သူတွေကကော ကိုယ့်လက်ထဲက မဲတပြားဟာ တန်ဘိုးရှိတဲ့ မဲတပြားဆိုတာ သိကြရဲ့လားဆိုတာကို မေးကြည့်လိုက်ရင် အများစုကတော့ မဲပေးရမယ် ဆိုတဲ့ အခြေခံ တာဝန်ကို သိလာကြပေမယ့် ပါတီနဲ့ လူနဲ့ ကြားမှာ ဘယ်ဟာကို ဦးစားပေး ရွေးချယ်ရမယ်ဆိုတာကို
ဝေခွဲမရ ဖြစ်နေကြသူတွေ များပါတယ်။

“ကျမကတော့ ခမောက်ပါတီကိုပဲ မဲပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့” ဆိုတဲ့ မရမ်းကုန်းမြို့နယ်မှာနေတဲ့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးငယ်တဦး က ပြောပါတယ်။ သာမန်အခြေခံလူတန်းစား တဦးအနေနဲ့ ခမောက် ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ဘူး ဆိုတာကို သူ့အနေနဲ့ မသိပါဘူး။

ဒီလိုပဲ “ကျမကတော့ ခြသေ့င်္ကို မကြိုက်လို့ သူက လွဲရင် ကျန်တာတွေကို အမှန်ခြစ်ခဲ့တယ်”ဆိုပြီး ၂ဝ၁ဝ တုန်းက မဲပေးခဲ့တာကို ပြန်ပြောပြတဲ့ မဲဆန္ဒရှင်တွေလည်း ကြုံပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အမှားဟာ တန်ဘိုးရှိတဲ့ မဲကို ပယ်မဲဖြစ်သွားစေပြီး ဘာမှ အကျိုးမရှိဘူး ဆိုတာကိုလည်း နားမလည်သူတွေ ဒုနဲ့ဒေးပါပဲ။

သူ့လိုပဲ ပါတီကို ကြိုက်ပေမယ့် ကိုယ်ပေးရမယ့် မဲဆန္ဒနယ်မှာ ဘယ်သူပါလဲဆိုတာ မသိတဲ့သူတွေ ရန်ကုန်မြို့ပေါ်က မဲဆန္ဒနယ်တွေမှာတောင် တော်တော်များများ ရှိနေပါတယ်။ အခြေခံလူတန်းစားတွေကို စည်းရုံးရေးဆင်းတဲ့ အခါမှာ လည်း ပါတီတွေ ကြုံရတဲ့ အခက်အခဲကတော့ “ပါတီက ဘာလုပ်ပေးမှာမို့လို့လဲ”လို့ ပြန်မေးခံရတာတွေပါပဲတဲ့။

“တချို့က တကယ်ကိုပဲ ပြည်ခိုင်ဖြိုးကို သူတို့ဆန္ဒအရ ပေးသွားတာတွေ ရှိခဲ့ဖူးတယ်။ ဟိုက ငွေချေးပေးတာတို့၊ အရင်းအနှီး ထုတ်ပေးတာတို့ လုပ်ပေးခဲ့တာတွေကြောင့်၊ အများစုက ကျေးရွာတွေမှာ ဖြစ်တာ များတယ်”လို့ ပဲခူးတိုင်း အတွင်းမှာ မဲရုံမှူး တာဝန်ကျခဲ့ဖူးသူတဦးက ပြောပါတယ်။

(၄)

ဒီမိုကရေစီ နိုင်ငံကြီးများမှာ ဆိုရင်တော့ ပြိုင်ဘက်ပါတီနှစ်ခုရဲ့ မဲအောင်နိုင်မှု ရာခိုင်နှုန်းဟာ ဥပမာ ၅၂ ရာခိုင်နှုန်း၊ ၄၈ ရာခိုင်နှုန်း အစရှိတာတွေနဲ့ မတိမ်းမယိမ်း အရှုံး/အနိုင် ရလဒ် ပေါ်ထွက်လေ့ ရှိပါတယ်။ ယှဉ်ပြိုင်တဲ့ ပါတီတွေဟာ အရည်အချင်း သူမသာ ကိုယ်မသာ ရှိမှသာ ပြိုင်ပွဲက ကြည့်လို့ကောင်းသလို တိုးတက်မှုလည်း ရှိမှာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ (တနည်းအားဖြင့် ရှုံးနိမ့်တဲ့ပါတီ)ဟာ အာဏာရပါတီရဲ့ နောက်တလှမ်း နှစ်လှမ်း အကွာဆိုရင် အာဏာရပါတီလည်း ထင်ရာစိုင်းလို့ မရသလို အတိုက်အခံ ပါတီကလည်း ဆက်လက်ကြိုးစားလိုစိတ် ရှိပါလိမ့်မယ်။ သိပ်ကွာခြားသွားပြီ ဆိုရင်တော့ စနစ်ကျမှု မရှိတဲ့ ကျေးရွာဘောလုံးပွဲလိုပဲ တခုခု လွဲချော်မှု ရှိနေလို့ပဲဆိုတာ ငြင်းချက် ထုတ်စရာ မလိုတော့ပါဘူး။

အစိုးရကလည်း အခုချိန်မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက် သန့်ရှင်းလွတ်လပ်မျှတတယ် ဆိုတာ ပြဖို့ လာလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မှားခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကော်မရှင်က တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲ
နေတယ်လို့လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေတာကိုလည်း တွေ့နေရပါပြီ။

အခုဆိုရင် ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ကွင်းထဲကို ဝင်လာ ပါပြီ။ စောင့်ကြည့်မယ့်ဒိုင်၊ စနစ်ပိုကောင်းလာမှု၊ ပြိုင်ဘက်ကောင်း ပါဝင်လာတဲ့ ဒီတခေါက် ပြိုင်ပွဲကတော့ မသမာမှု
တွေ နည်းလာတယ်ဆိုရင် ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။
ညီသစ် (မဇ္ဈိမ)

ကျောက်မီးသွေးကြောင့် လောင်သော သီလဝါမီး မငြှိမ်းနိုင်သေး


ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းတွင် တနင်္လာနေ့ နေ့လယ် ၂ နာရီ ခွဲခန့်မှ စ၍ လောင်ကျွမ်းခဲ့သည့် မီးမှာ ဆိပ်ကမ်းရှိ ကျောက်မီးသွေးများမှ စတင်
လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနသို့ ည ၁၁ နာရီကျော်တွင် မဇ္ဈိမ က ဆက်သွယ်မေးမြန်းချက်အရ မီးမှာ
နောက်တနေ့ထိ ဆက်လက် လောင်ကျွမ်းနေဖွယ်ရှိကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

"ကျနော်တို့ဆီကို ရှေ့တန်း (မီးလောင်ပြင်)က သတင်းပို့တာ ကျောက်မီးသွေးဆိုတာ နေပူရင် သူ့အလိုလို မီးလောင် တတ်တယ်တဲ့။ အခုလည်း အဲလိုပဲဖြစ်တာတဲ့။ မီးကို အခုထိ မထိန်းနိုင်သေးဘူး။ နောက်နေ့ထိ ရောက်သွားနိုင်တယ်" ဟု အဆိုပါ အရာရှိက ပြောသည်။
thilawar1
ကျောက်မီးသွေးများမှ စတင် လောင်ကျွမ်းခြင်းသည့်မီး နောက်တနေ့ထိ ဆက်လက် လောင်ကျွမ်းနေဖွယ်ရှိကြောင်း တာဝန်ရှိသူတဦးက ပြော (ဓါတ်ပုံ မဇ္ဈိမ)

ဆိပ်ကမ်းရှိ သစ်များပုံထားသော သစ်ဆိပ်တွင် ကျောက်မီးသွေးများ ရှိနေပြီး ယင်းကျောက်မီးသွေးမှ နေပူဖြင့် မီးစတင်လောင်ပြီး သစ်လုံးများသို့ ကူးစက်လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း မီးသတ်တာဝန်ရှိသူက ပြောသည်။

ဒေသခံများ အဆိုအရ မီးလောင်သည်မှာ ထူးကုမ္ပဏီပိုင် သစ်လုံးများဖြစ်သည်ဟု ဆိုကြသည်။ ဆိပ်ကမ်းရှိ သစ်လုံးများအောက်တွင် ကျောက်မီးသွေးများ ရှိပြီး ထိုသို့ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရသည်။

“ကျနော်တို့ သိသလောက်တော့ ကျောက်မီးသွေးတွေက ပူတဲ့အခါ မီးလောင်တယ်တဲ့။ ရေနဲ့ ပက်ရတာတဲ့။ မကြာခဏ ဖြစ်တာတဲ့။ အခုကတော့ မနိုင်တာဖြစ်မယ်။ လောင်တာ ကြာပြီ။ အခုထိ မငြိမ်းသေးဘူး”ဟု မျက်မြင် တဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်ရာ တဝိုက်တွင် လူနေရပ်ကွက်များ မရှိဘဲ ပေါက်ကွဲမှုလည်း တစုံတရာ မကြားသိရ၍ လူများ ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိသေးကြောင်း မျက်မြင်များက ပြောသည်။

ဆုံးရှုံးမှုပမာဏကို မသိရသေးသော်လည်း မီးလောင်ပြင်နေရာ သီလဝါဆိပ်ကမ်းတွင် လွန်ခဲ့သော တလကျော်ကပင်
ပြည်ပမှ တင်သွင်းလာသော မော်တော်ကားများလည်း ရှိနေသဖြင့် ယင်းကားများကို မီးကူးစက်လောင်မည်ကို စိုးရိမ်သောကြောင့် ထုတ်ယူရန် ရောက်လာသည့် မော်တော်ယာဉ် တင်သွင်းသော ကုမ္ပဏီမှ လူများလည်း ဆိပ်ကမ်းတွင် ရောက်ရှိနေသည်။
thilawar
ကျောက်မီးသွေးများမှ စတင် လောင်ကျွမ်းခြင်းသည့်မီး နောက်တနေ့ထိ ဆက်လက် လောင်ကျွမ်းနေဖွယ်ရှိကြောင်း တာဝန်ရှိသူတဦးက ပြော (ဓါတ်ပုံ မဇ္ဈိမ)

“ကျနော်တို့ ကားတွေ မီးထဲ ပါရင်တော့ ပြဿနာပဲ။ အခု ကားကို ထုတ်မယ်ဆိုလည်း ဝင်လို့တောင် မရဘူး။ အားလုံး ပိတ်ထားတယ်” ဟု မော်တော်ယာဉ် တင်သွင်းလာ သူတဦးက ပြောသည်။

လက်ရှိအခြေအနေတွင် မီးသတ်ယာဉ် အစီး ၆၀ ကျော်၊ မီးသတ်ရဲဘော်အင်အား ၃၀၀ ကျော်ဖြင့် ဆက်လက် ငြှိမ်းသတ်လျက်ရှိပြီး ရဲဘော်များအတွက် ရိက္ခာအဖြစ် ဗဟိုမီးသတ်မှ ဒံပေါက်ထုပ်ရေ ၂၅၀ ကျော် ပေးပို့ထားပြီး
ဖြစ်ကြောင်း ဗဟိုမီးသတ်ဌာနမှ ပြောသည်။

“မီးလောင်နေသေးတယ်။ မငြိမ်းသေးဘူး။ ရှေ့တန်းကို ရောက်နေတဲ့ မီးသတ် ရဲဘော်တွေကို ရိက္ခာတွေ ပို့နေရတယ်။ ဘာမှ မသိရသေးဘူး”ဟု ဗဟိုဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

သီလဝါ ဆိပ်ကမ်းမှာ ရန်ကုန်ဆိပ်ကမ်းမှ ၁၆ ကီလိုမီတာခန့် ကွာဝေးပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ခြောက်ခု ထက်မနည်း ရှိနေပြီးဖြစ်ကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်ကို သံလျင်နှင့် ကျောက်တန်းမြို့နယ်များ အနီး ဒလမြို့၏ အရှေ့ဘက်တွင် တည်ဆောက်မည်ဖြစ်ကာ တန်ချိန် တသိန်းခန့်ရှိ သင်္ဘောကြီးများပါ ဝင်ထွက် သွားလာနိုင်ရန် ရေနက်ဆိပ်ကမ်းကိုပါ တည်ဆောက်မည်ဟု သိရသည်။

ကျောက်ပန်းတောင်းမြို့ခံများ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပွဲ ဆက်လျက်ပြုလုပ်

ကျောက်ပန်းတောင်းမြို့ နယ်တွင် မတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် ဆုတောင်းပြည့် မဟာစေတီကြီးဘုရားဝင်း အတွင်းတွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်မ တို့ ခေါင်းဆောင် အမေ စု ကို ကျန်းမာရေး အမြန်ဆုံး ကောင်းအောင် ဆုတောင်းပေးတာပါ...၂၇ ရက်နေ့ ဒီကို အမေ စု လာမယ်ပြောလို့ ကျွန်မ တို့ ပင်နီ တွေ ချုပ်ပြီး အမေစုကို ကြိုမယ်...ပန်းစည်းတွေလည်း မှာထားတာ...အခု အမေစု ရုတ်တရက် ကျန်းမာရေးချို့ယွင်းသွားတယ်ဆိုတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်...အမေ စု ကို အမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်...အမေ စု ကို အပြင်မှာမတွေ့ဘူးတော့ အရမ်းလည်းတွေ့ချင်တယ်...ကျန်းမာရေး အမြန်ဆုံးကောင်းပြီး ကျောက်ပန်းတောင်းကို လာစေချင်ပါတယ်” ကျောက်ပန်းတောင်း မြို့ ခံ တစ်ဦးဖြစ်သူ မဝတ်မှုံ မှ ပြောကြားသည်။

ထို ဆုတောင်းပွဲ သို့ ရဟန်းသံဃာ များမှ မေတ္တာ သုတ် များ ရွတ်ဖတ်ပေးခဲ့ ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အတွက် ဆုတောင်း စာများကို လည်း ရွတ်ဖတ်ပေးခဲ့ ကြသည်။

“ ရဟန်းသံဃာ တွေကလည်း လူထု အကျိုးကို အမှန်တကယ် ပြုလုပ်ပေးတဲ့ ခေါင်းဆောင် တစ်ယောက် ကို ကျန်းမာရေး အမြန်ကောင်းမွန်စေချင်တယ်...အဲဒါကြောင့်လည်း ယခု ကဲ့ သို့ ကြွရောက်၍ ဆုတောင်းပေးနေရခြင်းဖြစ်တယ်” ဟု ဦဆောင် သံဃာ တစ်ပါးက ပြောကြားသည်။

ထို ဆုတောင်းပွဲ သို့ မြို့လူထု နှင့် အတူ ကျေးရွာများ မှ လူထုပါ လာရောက်ကြ သည် ဟု သိရသည်။လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အတွက် ဆုတောင်း ပွဲကို လူထု ပရိတ်သတ် ၁၅၀၀၀ ခန့် လာရောက်ဆုတောင်း ပေးကြ သည်။

ဆုတောင်း ပွဲ ပြီးနောက် ကျောက်ပန်းတောင်း မြို့ တစ်ပတ် လှည့် လည်၍ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပါစေ ဟူသော ဆုတောင်း သံများဖြင့် လှည့်လည် ခဲ့ကြသည်။
ဝေမိုးအောင် (မြစ်မခ -ကျောက်ပန်းတောင်း)

မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်

" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံအမြှောက်ဖြစ်ပါ တယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့ မှ ရှေးဟောင်းလက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

"ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။
နိရဉ္စရာ

ရန်ကုန်၌ ဂျီအက်စ်အမ်ဖုန်း နှစ်သိန်းကျော် ချထားပေးမည်

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ် ဖုန်းလိုင်းအရေအတွက် နှစ်သိန်းကျော်နှင့် WCDMA ဖုန်းလိုင်းအရေအတွက် တစ်သိန်းကျော် ချထားပေးမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းဖုန်းလိုင်း ချထားပေးမည့် အရေအတွက်မှာ နှစ်သိန်းကျော်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီက ပြောသည်။ ရန်ကုန်မြို့၌ Elite Tech အရောင်းဆိုင် ၁၄ ဆိုင်အပြင် တခြားသော ကိုယ်စားလှယ် အရောင်းဆိုင်များ၌ပါ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ဧပြီလ ၉ ရက်နေ့၌ ဝယ်ယူနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း ဝယ်ယူရာ၌ ယခင်အတိုင်း ဓာတ်ပုံနှစ်ပုံနှင့် မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းများ စတင်ဝယ်ယူရာတွင် အင်တာနက်လိုင်းများ တွဲဖက်ပါဝင်မည် မဟုတ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်

လာမည့်ဧပြီလ ၉ ရက်နေ့မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအနေဖြင့် အင်တာနက် Bandwidth စုစုပေါင်း 3.72 GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ Sea-Me-We 3 မှ 3.2GB အား မတ်လ ၂၈ ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မြဝတီ(ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း)မှ 2.5 GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA မိုဘိုင်းတယ်လီဖုန်းများ စတင်ရောင်းချမည့် ဧပြီလ ၉ ရက်နေ့မတိုင်မီ အပြီးချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ မိုဘိုင်းဖုန်းများ၌ အင်တာနက် အသုံးပြုရာတွင် WCDMA နှင့် EDGE စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ WCDMA စနစ်မှာ ( UMTS) စနစ် 3rd Generation Mobile Data စနစ်ဖြစ်ပြီး အမြန်နှုန်း 500KB မှ 2MB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း EDGE မှာ 2.5 G သာဖြစ်၍ အမြန်နှုန်း 80 KB မှ 130KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

တပ်နယ်မြေတွင် NLD မဲဆွယ်ခွင့်မရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် တပ်မတော်သားများနှင့် မိသားစုများ နေထိုင်ရာတပ်နယ်မြေများသို့ ၀င်ရောက်မဲဆွယ် စည်းရုံးခွင့် မရကြောင်း သိရှိရသည်။
မတ်လ ၂၃ ရက်က စပြီး မရမ်းကုန်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေသော ဒေါက်တာ ဒေါ်မေ၀င်းမြင့် အမှတ် ၃ ရပ်ကွက် လူထုကို ဟောပြောနေစဉ် (ဓာတ်ပုံ - မရမ်းကုန်း NLD facebook)
လစ်လပ်မဲဆန္ဒနယ်ဖြစ်သော မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ရှိ တပ်မတော် ခြေလျင်တပ်ရင်း (ခလရ) ၄၃၅ နှင့် ၄၃၆ တပ်ရင်းများတည်ရှိရာ နယ်မြေများအတွင်းသို့ NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ၎င်း အနေဖြင့်
ဝင်ရောက်စည်းရုံးရန် ကြိုးပမ်းခြင်းကို လုံခြုံရေးအကြောင်းပြ၍ ခွင့်မပြုကြောင်း ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောသည်။
“မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်နဲ့ ၉ ရပ်ကွက်မှာရှိတဲ့ တပ်ရင်း ၄၃၅ နဲ့ ၄၃၆ ထဲကိုဝင်ပြီး မဲဆွယ်စည်းရုံးဖို့ လုပ်တယ်။ ဒါပေမယ့် ၀င်ခွင့်မရဘူး။ လက်ကမ်း ကြော်ငြာစာရွက်တွေ ဂိတ်ဝမှာ ထားခဲ့ပါ၊ စစ်သားလေးတွေက ဝေပေးပါမယ်လို့ ပြောတယ်”ဟု ဒေါ်မေ ၀င်းမြင့် က ပြောပြသည်။
တပ်နယ်မြေများတွင် ၀င်ရောက်စည်းရုံးခွင့် မရသဖြင့် တပ်မတော်သားများ၏ ဇနီးများ မနက်ခင်းဈေးသွားချိန်ကို စောင့်ဆိုင်းကာ ဈေးများတွင် လက်ကမ်းကြော်ငြာဝေငှခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရကြောင်း NLD မရမ်းကုန်းမြို့နယ် အောင်နိုင်ရေး အဖွဲ့ကလည်း ပြောဆိုသည်။
တပ်မတော်သားများ၏ မိသားစုများသည် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံများ၌ မဲပေးကြရမည်ဖြစ်သော်လည်း တပ်မတော်သားများမှာမူ မတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကြိုတင်မဲပေးကြ ရ မည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာ စောနိုင်ကမူ တပ်မတော်သားများနှင့်မိသားစုများသည် လွတ်လပ်သော မဲဆန္ဒရှင်များ ဖြစ်ကြသည့်အတွက် အခြားပြည်သူများနည်း တူ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက စည်းရုံးခွင့် ရသင့်ကြောင်း၊ စည်းရုံးခွင့်မရခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း ပြောဆိုသည်။
ဒေါက်တာ ဒေါ်မေ၀င်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မရမ်းကုန်းနယ်တွင် မဲစာရင်းမှားယွင်းမှု၊ သေဆုံးသူများ၊ အသက်မပြည့်သူများပါဝင်မှု အပါအ၀င် မဲစာရင်းလွဲမှားမှု မြောက်မြားစွာရှိနေသည်ဟုလည်း သိရသည်။
ထို့အပြင် မရမ်းကုန်းမြို့နယ်တွင် ငါးမင်းဆွေ ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သော စာရွက်စာတမ်းများကို ကြံ့ခိုင်ရေးပါတီနှင့် ပူးတွဲဝေငှသဖြင့် NLD ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း၊ ယင်းသို့ တိုင်ကြားပြီးနောက် ငါးမင်းဆွေတဦးတည်းကသာ ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်တိုက်ခိုက်သော စာရွက်စာတမ်းများကို မရမ်းကုန်းမြို့နယ်တွင် ဆက် လက် ဝေငှလျက် ရှိကြောင်း သိရှိရသည်။
ငါးမင်းဆွေသည် မတ်လ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက်သော ဟောပြောပွဲတခု ပြုလုပ်ခဲ့သေးသည်။
မရမ်းကုန်းမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သူ တသိန်းသုံးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၁၇၇ ရုံ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ

(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း
(စစစ) ရဲ့ မတရား စစ်ဆေးတဲ့ဒဏ်ကိုမခံနိုင်လို့ င်္ရုးပေါ်က ခုန်ချသတ်သေ သွာသူ အသက်၂၀ ရှမ်းတိုင်းရင်းသူလေးရဲ့ပုံပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေကိုလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။


၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅) လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။


ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သင်္ဂြိုရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့အထိဆောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆိုပါသည်။


ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေ ရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး ။

Thu Ra Myo (facebook)

ပြည်သူတွေအတွက်မလျော့သောဇွဲလုံလနဲ့ ပင်လယ်ကို လှေငယ်နဲ့  ဖြတ်ခဲ့တဲ့ ခရီးစဉ် (ရုပ်/သံ)

 
"လူထုခေါင်းဆောင်၏ ဘိတ်ခရီးစဉ်နှင့် စခန်းသစ်မိန့် ခွန်း  ခြိမ်းခြောက်တိုင်းမကြောက်ဖို့ ပြောကြားခဲ့"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တနသာင်္ရီတိုင်း မြိတ်မြို့နယ်က ကျွန်းစုတွေကို မက်လ ၂၄ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းတာကြောင့် ဒီခရီးစဉ်မှာ မြိတ်နဲ့ ကျွန်းစုမြို့နယ်က စခန်းသစ်ရွာကိုပဲ သွားရောက်နိုင်ခဲ့ပြီး အခြားမြို့နယ်တွေကို သွားရောက်ဖို့အစီအစဉ်တွေကို ဖြတ်သိမ်းခဲ့ရပါတယ်။
ဘားမားဗီဂျေ
ပြည်သူတွေ အတွက် မလျော့သောဇွဲလုံလနဲ့ ပင်လယ်ကို လှေငယ်နဲ့ ဖြတ်ခဲ့တဲ့ ခရီးစဉ်
 

ကလေးငယ်နှစ်ဦးအားတွေ့ ပါက ကူညီအကြောင်းကြားပေးပါရန်

ပျောက်နေတဲ့ မနန္ဒလင်း နှင့် မောင်ဝေဖြိုး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁၂၃) ၀ါးကျောင်းလမ်း၊၀ါးကျောင်းရပ်ကွက် ၊ဘုရားကုန်း သံလျှင်မြို့ တွင်အိမ်ငှားနေထိုင်သော ကျွန်တော် ဦးရန်လင်း+ဒေါ်သန္တာမြင့် တို့၏ သမီးဖြစ်သူ မနန္ဒာလင်း (၁၅) နှစ် နှင့် သားဖြစ်သူမောင်ဝေဖြိုး (၁၀)နှစ် မောင်နှမနှစ်ယောက်တို့သည်  (၁၅.၃.၂၀၁၂) တွင် နေအိမ်မှ ဈေးရောင်းရန်ထွက်သွားကြပါသည်။

၎င်းတို့ မောင်နှမနှစ်ယောက်သည် ပါရမီ (၁၇၉) ယာဉ်လိုင်း ကားကို စီးရ်ျ ထော်လီကွေ့မှတ်တိုင်တွင် ဆင်းသွားသည်ဟု ယာဉ်မှူး၏ ပြောကြားချက်အရ သိရပါသည်။ 

၁၅.၃.၂၀၁၂ နေ့မှစရ်ျ ယနေ့ထိနေအိမ်သို့ပြည်လည်ရ်ျမရောက်လာသေးပါ။ သို့ဖြစ်ရ်ျ ၄င်းကလေးငယ် နှစ်ဦးဖြစ်ကြသော မနန္ဒလင်း နှင့် မောင်ဝေဖြိုးတို့အား တွေ့ရှိခဲ့ပါက ၄င်းတို့ဦးလေးဖြစ်သူ ဦးရဲမောင် + ဒေါ်နီနီဝင်းတို့၏ နေအိမ် (အမှတ် 17/B ၊ အုန်းတောလမ်း 7 ၊ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းနံပါတ် (၀၁-၄၅၀၀၀၁) သို့ဆက်သွယ်အကြောင်းကြားပေးကြပါရန် မိဘနှစ်ပါးနှင့် ဆွေမျိုးညီအစ်ကိုမောင်နှမများမှ အထူးရိုသေလေးစားစွာဖြင့်
အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည်၊၊

 
  မိဘများ
   
ဦးရန်လင်း + ဒေါ်သန္တာမြင့် 
   ဖုန်း (၀၉၇၃၀၄၄၈၂၁)

မကွေးမြသလွန်စေတီမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ ဝတ်ပြုဆုတောင်းပွဲပြုလုပ်

မကွေးမြသလွန်စေတီမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေစဉ်
 ၂၇.၃.၂၀၁၂ ရက်နေ့တွင် မကွေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မကွေးမြို့သူ/သားများမှ
 မကွေးမြို့  မြသလွန်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီခွဲအထိ လူထုခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန် ၀တ်ပြုဆုတောင်းပွဲတခုပြုလုပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအကျိုး၊ သာသနာ့အကျိုး ၊ အမျိုးသားရေးအကျိုးကို ကျန်းမာချမ်း
သာစွာဖြင့် ဆထက်ထမ်းပိုးဆောင်ရွာက်နိုင်ရန်အလို့ငှာ မကွေးမြို့ NLD အဖွဲ့ဝင်များနှင့်
 မြို့ခံပြည်သူလူထုမှ မြသလွန်စေတီတော် ရင်ပြင်အင်္ဂါထောင့်တွင် ၀တ်ပြုဆုတောင်းပွဲ
ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါသည်။

ယနေ့မှာေ ဒ်ါအောင်ဆန်းစုကြည် အတွက်ဝတ်ပြုဆုတောင်းပွဲကို အနယ်နယ်အရပ်ရပ်မှ
 ဘုရားဖူးလာတဲ့သူများကလဲ ၀င်ရောက်ပြီးဆုတောင်းခဲ့တာကိုလဲမြင်တွေ့ခဲ့ရပါသည်။
Myanmar News Now
မကွေးမြသလွန်စေတီမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေစဉ်
 

ကျွန်းစုမြို့ နယ် ပထက်ကျေးရွာမှာ ကြံ့ဖွံ့ ကိုယ်စားလှယ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆို

ကျွန်းစုမြို့ နယ် NLD ကိုယ်စားလှယ်ဒေါ်တင်တင်ရီ အား ဒေါ်အောင်ဆန်းစုကြည် နှင့် အတူတွေ့ ရစဉ်
၂၆-၃-၂၀၁၂ ရက်နေ့က တနသာင်္ရီတိုင်း၊ကျွန်းစုမြို့နယ်၊မအိုင်ကျေးရွာအုပ်စု၊
ပထက်ကျေးရွာတွင် မနက် ၁၁း၀၀ နာရီ အချိန်တစ်အိမ်တစ်ယောက် ဆင့်ခေါ်ပြီး
 ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအစည်းအဝေးသို့
တက်ရောက်ခိုင်းခဲ့ကြောင်းသိရပါသည်။

အဆိုပါမဲဆွယ်ပွဲသို့ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းဦးချစ်သန်း၊ပြည့်ဖြိုးထွန်းကုမ္ပဏီ
(P.P.T)ဦးလှသန်းနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

ဦးချစ်သန်းမှဒေါ်အောင်ဆန်းစုကြည်သည်ကော့မှူးမြို့နယ်မှကိုယ်စားလှယ်လောင်း
သာဖြစ်ကြောင်း၊နာမည်အသုံးချကာတစ်နိုင်ငံလုံးသို့သွားရောက်မဲဆွယ်နေကြောင်း၊
တရားဥပဒေနှင့်မကိုက်ညီကြောင်း၊အမှန်တကယ်မဲဆွယ်ရမည့်သူမှာဒေါ်တင်တင်ရီ သာဖြစ်ကြောင်း၊၄င်းအနေဖြင့်ဒေါ်တင်တင်ရီနှင့်ကြိုက်သည့်ဘက်မှယှဉ်နိုင်ကြောင်း
၊နောက်၎နှစ်  ပြည်ခိုင်ဖြိုးပါတီမှဆက်လက်အုပ်ချူပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သေးကြောင်းစသည်ဖြင့်ပုတ်ခတ်ပြောဆိုသွားခဲ့ပါသည်။

 ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင်NLDပါတီမဲအနိုင်ရရှိသွားမည်
ကိုစိုးရိမ်နေပုံရ ကြောင်း မဲဆွယ်ပွဲတက်ရောက်ခဲ့တဲ့ရွာသားများက
 Myanmar News Now ကိုပြောပြပါသည်။

 ပြည့်ဖြိုးထွန်းကုမ္ပဏီမှဦးလှသန်းမှလည်း ပထက်ကျွန်းပေါ်တွင်ဆေးရုံ(၁)ရုံ၊အထက်
တန်းကျောင်း(၁)ကျောင်း၊လမ်းများ၊ရွာသားများအတွက်မြေကွက်များကိုနောင်(၂)နှစ်
အတွင်းအစွမ်းကုန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းခေါင်းထဲမှာစဉ်းစားထား ကြောင်း ၊စီမံထားပြီးလည်းဖြစ်ကြောင်း၊ဧပြီလ(၁)ရက်နေ့တွင်ဦးလှသန်းအနေဖြင့်မဲအနိုင်ရရှိ
သည်ကိုပြတ်ပြတ်သားသားမြင်တွေ့လိုကြောင်းပြောဆိုခဲ့ပါသည်။

ထိုနောက်တက်ရောက်လာသူရွာသားများအားကြံ့ဖွံ့တံဆိပ်ပါဦးထုပ်အစိမ်းရောင်
တစ်လုံးစီဖြန့်ဝေခဲ့ပါကြောင်း မဲဆွယ်ပွဲတက်ရောက်ခဲ့တဲ့ ရွာသားများပြောပြချက်
အရသိရပါသည်။ အဆိုပါ မဲဆွယ်ပွဲတက်ရောက်ခဲ့တဲ့ ပထက်ကျွန်း
ကျေးရွာသူ/ရွာသားများမှာ ၂၅-၃-၂၀၁၂ရက်နေ့ က မြိတ်မြို့တွင်ဒေါ်အောင်ဆန်း
စုကြည်၏ မဲဆွယ်ပွဲသို့ လည်း တက်ရောက်နားထောင်ခဲ့ကြပါသည်။
Myanmar News Now

အစိုးရဘတ်ဂျက်ငွေစာရင်းကို လွှတ်တော်က အတည်ပြုနိုင်ပြီ

၂၀၁၂ – ၁၃ ဘဏ္ဍာရေး နှစ်အတွက် ပြည်ထောင်စု အစိုးရ သုံးရမယ့် ဘတ်ဂျက် စာရင်းကို ပြည်ထောင်စု လွှတ်တော်က မတ် ၂၂ ရက်နေ့က အတည်ပြု ပြဌာန်း လိုက်ပါတယ်။

ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်ကို အရင်ကထက် ၄ ဆနဲ့ ပညာရေး အတွက်ကို ၂ ဆ တိုးမြှင့်ဖို့ အတည်ပြုပြီးတော့ တချို့ဝန်ကြီးဌာန အသုံးစရိတ်တွေကိုလည်း ၃၀ ရာခိုင်နှုန်း ကနေ ၁၀၀ ရာခိုင်နှုန်း ထိ လျှော့ချခဲ့ပါတယ်။

၂၀၁၂ – ၁၃ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘတ်ဂျက်နဲ့ ပတ်သက်လို့ လွှတ်တော်မှာ အတည်ပြုတယ် ကြားပါတယ်။ ဟုတ်ပါသလား။

“၂၀၁၂ – ၁၃ ဘဏ္ဍာရေး နှစ်အတွက် ဘတ်ဂျက်ကို အတည်ပြုပေးလိုက်ပါပြီ။ ဘတ်ဂျက်တခုလုံးရဲ့ အတည်ပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ပေးတာပါ။”

ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လောက်နှုန်းထားတွေနဲ့လည်း ဆိုတာ အကြမ်းဖျင်း ပြောပြပေးပါလား။

“မနှစ်က ဘတ်ဂျက်ထက် သာမန် အသုံးစရိတ်ထက် ၃၀ရာခိုင်နှုန်း ပိုနေတဲ့ ၀န်ကြီးဌာနတွေ ကို လွှတ်တော်ကနေ လျှော့လိုက်ပါတယ်။ လျှော့လိုက်တဲ့အတွက် ဘတ်ဂျက် အသုံးစရိတ်က အရင်က တင်ပြထားတဲ့ အတိုင်းပဲ။ ကျန်းမာရေးဆိုရင် မနှစ်ကထက် ၄ဆ၊ ပညာရေးဆိုရင် မနှစ်ကထက် ၂ ဆ။ ဘာတွေလျော့သွားလဲ ဆိုရင် ဆောက်လုပ်ရေး မှာ ၃၀ရာခိုင်နှုန်းလျော့သွားပါတယ်။ လျှပ်စစ် ကဏ္ဍနဲ့ တည်ဆောက်ရေး လုပ်ငန်းရှိတဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းကဏ္ဍမှာ  လျော့ကျသွားပါတယ်။”

ကာကွယ်ရေး ၀န်ကြီးဌာန ဘတ်ဂျက်ကရော။

“ကာကွယ်ရေးနဲ့ ပတ်သက်လို့ မနှစ်ကထက် ပိုများလာပါတယ်။”

တချို့ ၀န်ကြီးဌာနတွေကို ဘတ်ဂျက်မပေးဘဲ ဖြတ်တောက်လိုက်တယ်လို့ ကြားပါတယ်။  ဘယ်လိုဖြစ်တာပါလဲ။

“မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဆိုရင် တော်တော်များပါတယ်။ သူက ဘီလီယံပေါင်း ၄၀၀နီးပါး တင်ပြလာပါတယ်။ စက်ရုံတွေ တည်ထောင်ဖို့ပါ။ အရင်က အမှတ် (၂ ) စက်မှုဝန်ကြီး ဌာနပေါ့။ အခုဆိုရင်တော့ စက်မှုဝန်ကြီး ဌာနအောက်မှာ ရှိတဲ့ စက်ရုံတွေ လည်း ရှိနေပြီ။ စက်ရုံတည်ဆောက်တဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှု မပြုသင့်ဘူးလို့ ယူဆပါတယ်။ လက်ရှိ အချိန်က အစိုးရက စီးပွားရေး ၀င်လုပ်နေတာတွေ လျှော့ဖို့ လိုအပ်တဲ့ အတွက် သူတို့ ၀န်ကြီးဌာနအတွက် တင်ပြလာတဲ့ လုပ်ငန်းတွေ အကုန်လုံးကို ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။”

တပ်မတော် အစိုးရလက်ထက်ကနေ အရပ်သား အစိုးရလက်ထက်ကို ပြောင်းတဲ့ ပထမ ၁ နှစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက စပြီးတော့ ဘတ်ဂျက် ကိစ္စတွေကို ပါဝင်ဆွေးနွေးခွင့်ရတဲ့ အပေါ် ကျေနပ်အားရမှု ဖြစ်လား။

“ကျေနပ်အားရမှုက ရာနှုန်းပြည့် မဟုတ်တောင်မှ တော်တော်လေး ၀င်ရောက် ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဥပမာ- ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက် မြင့်တက်မှုမှာ ဆိုရင် ဟိုး အရင်ကလို ၂၀ ရာခိုင်နှုန်းကျော် မဟုတ်ပါဘူး။ ဘတ်ဂျက် စုစုပေါင်းရဲ့ ၁၄ရာခိုင်နှုန်း ဆိုတော့ ဒါကလည်း ပထမဆုံး နှစ်မှာ လက်ခံနိုင်လောက်တဲ့ အနေအထား ဖြစ်ပါတယ်။ သို့သော် တခြား ၀န်ကြီးဌာနတွေရဲ့ စီမံကိန်းတွေ၊ ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ စီမံကိန်းတွေမှာ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးသလို ဖြစ်နေတာတွေကို ကျနော်တို့ ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့တဲ့ အတွက်ကြောင့် အပြောင်းအလဲကတော့ အများကြီး ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၅၀အတွင်းမှာ ပြည်သူတွေအနေနဲ့ ဘတ်ဂျက်ကို ထိတွေ့ခွင့်နဲ့ ၀င်ရောက် ပြောဆို အကြံပြုခွင့် မရခဲ့ပါဘူး။ အခုတော့ ပြည်သူတွေ က ရွေးကောက် လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ကနေပြီးတော့ ဒါတွေကို ဆောင်ရွက် နိုင်ခဲ့တဲ့ အတွက်ကြောင့် ပထမဆုံး ဆောင်ရွက်ရတဲ့ နှစ်မှာတော့ ထိုက်သင့် သလောက် ဆောင်ရွက်နိုင်ခဲ့တယ် လို့ ပြောချင်ပါတယ်။”

လွှတ်တော်ရေးရာတွေနဲ့ ငွေရေးကြေးရေး၊ အများပြည်သူနဲ့ဆိုင်တဲ့ ရေးရာတွေနဲ့ ပတ်သက်ရင် နေပြည်တော်တည်ဆောက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့။ အထူးသဖြင့် အများပြည်သူ သိချင်တာက သဘာဝဓာတ်ငွေ့တွေ ရောင်းရတဲ့ ငွေတွေနဲ့ ပတ်သက်လို့ လွှတ်တော်တွေမှာ ကိန်းဂဏန်း အတိအကျကို လွှတ်တော်ကိုယ်စားလှယ်တွေ သိခွင့်ရလား။ အများပြည်သူကို ဘယ်လောက် ပေးသိခွင့် ရှိသလဲ။

“ကျနော်တို့က နိုင်ငံတော်ရဲ့ ၀င်ငွေ အရပ်ရပ် ဘယ်လောက်ရှိတယ် ဆိုတာကို စာရင်းမှားတွေ၊ (wrong figure) ကြီးနဲ့။ ဒါကလည်း တိတိကျကျ မဟုတ်ပါဘူး။ အစိုးရ အဖွဲ့ကနေ တင်လာတဲ့ သဘောဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လွှတ်တော်က နေပြီး ဘတ်ဂျက်ကို ပထမဆုံး ပြန်ပြီး ပုံစံအသစ်နဲ့ သွားတဲ့အတွက် သုံးစွဲတာတွေကို လက်ခံ ဆွေးနွေးပေးလိုက်တယ်။ သို့သော် ဒီဝင်ငွေတွေကို အခွန်ကောက် ၀င်ငွေက ဘယ်လောက်ရှိတယ်။ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ၊ ပြည်တွင်း သယံဇာတတွေ ရောင်းရငွေတွေ ကို အတိအကျ လွှတ်တော်ကို တင်ပြပေးရမယ်လို့တော့ အဆိုပြုထားပါတယ်။”

ဒါဆို မတင်ပြရသေးဘူးပေါ့။ ကျောက်မျက်ရောင်းရငွေတွေလည်း ဘီလီယံနဲ့ချီပြီး ရှိတယ်လို့ သိရတယ်လေ။

“မှန်ပါတယ်။  ဒါတွေကို ကိန်းဂဏန်းတွေနဲ့ အတိအကျ လိုပါတယ်။ နောက်တခါ စာရင်းဇယား အတိအကျ လိုပါတယ်။ ဒါတွေ အတွက်ကို ဆက်ပြီးတော့ ဘာကနေ ဆောင်ရွက်နေလဲ ဆိုတော့ လွှတ်တော် ၂ ရပ်မှာ ရှိတဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီတွေ၊ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီတွေက ဒါကို တာဝန်ယူပြီးတော့ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ လွှတ်တော်ကတော့ ဒါကို တွန်းအားပေးပြီးတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ကို တောင်းဆိုသွားမှာပါ။ အဲဒီတော့ ဒီစာရင်း ဇယားတွေ လွှတ်တော်ကို ရောက်လာတာ နဲ့ အမျှ လွှတ်တော်ကနေ ဒီဟာတွေ အပေါ်မှာ သုံးသပ်ချက် အစီရင်ခံစာတွေ ပြုစုပြီးတော့ ပြည်သူတွေကို ထုတ်ပြန်သွားမှာပါ။”

နောက်ဆုံးအနေနဲ့ ငွေစာရင်း စစ်ချုပ်ရုံးကနေ ငွေစာရင်း ကော်မတီကို တင်ပြတဲ့ မှတ်တမ်းကို ကျနော်တို့ လက်ဝယ် ရထားပါတယ်။ မှတ်တမ်းထဲမှာ  တချို့ဝန်ကြီးဌာနတွေ က ဥပမာအားဖြင့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း မဟုတ်ဘဲနဲ့ စည်းကမ်းအပြင်ကို ထွက်ပြီးတော့ ပိုက်ဆံတွေ သုံးတာနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းတွေမှာ တွေ့တယ်လေ။

ဒီဟာတွေက လူသိရှင်ကြား အမှုတွေတောင် ဖြစ်နေပြီ။ The Voice ဂျာနယ် နဲ့ဆိုတော့၊ ဆိုလိုတာက အဲဒီလို ဖြစ်တဲ့အပေါ်မှာ..ကျူးလွန်တယ်။ ဒီလိုမျိုးတောင် ဖြစ်သွားခဲ့ပြီ ဆိုတာနဲ့တင် ပြီးသွားမလား။ ဒါမှမဟုတ် လွှတ်တော်မှာ ပြည်သူ ကိုယ်စားလှယ်တွေကနေ ဘဏ္ဍာငွေကြေးကို အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အရေးယူကိုင်တွယ်ဖို့ ရှိသလဲ။

“ကျနော်တို့ ပြည်သူ့ငွေစာရင်း ကော်မတီကနေပြီးတော့ ဒါကို အဆိုအနေနဲ့ တင်ပြသွား မှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရဘူး ဆိုတဲ့ သတ်မှတ်ချက်တော့ ရှိတာပေါ့။ ဒီတခါ ပြဌာန်းလိုက်တဲ့ ရသုံးခန့်မှန်းခြေ ဘတ်ဂျက် ဥပဒေမှာ ကျနော်တို့က နှစ်တိုင်း ပြဌာန်းနေတာပါ။ အင်မတန် ထူးခြားသွားတာကတော့ အစိုးရကနေ စီမံကိန်းတွေကို ဆောင်ရွက်တော့မယ် ဆိုရင်၊ နောက် တခါ ငွေစာရင်းတွေ ကို ခေါင်းစဉ် လွှဲပြောင်း သုံးစွဲမယ် ဆိုရင်၊ အဲဒါတွေ အခြေအနေအရပ်ရပ်၊ ၀င်ငွေထွက်ငွေ အရပ်ရပ်ကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြ အတည်ပြုချက် ယူပြီးတော့မှ သုံးစွဲရမယ်။ စီမံခန့်ခွဲပိုင်ခွင့် ရှိတယ် ဆိုတာတွေကို ဒီဥပဒေမှာ ခိုင်ခိုင်မာမာ ထည့်လိုက်ပါပြီ။

ပြီးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ကလည်း လွှတ်တော်တွေဟာ ဒါကို သက်ဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းတွေနဲ့ မညီမညွတ် သုံးစွဲထားတာတွေ ဖြစ်တဲ့ အတွက် ကြောင့် ဒါကို သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေကို အရေးယူ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းသွားမှာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး အနေနဲ့ လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေးသုံးစွဲမှုတွေ၊  ဥပဒေအရ တည်ဆဲဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ လုပ်ဆောင်ချက်တွေကို သမ္မတဆီကို သ၀ဏ်လွှာအနေနဲ့ ပေးပို့ထားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ တယောက်က ပေးပို့တဲ့ သ၀ဏ်လွှာဆိုတာက ပြည်ထောင်စု အစိုးရက အက်ရှင် (အရေးယူဆောင်ရွက်မှု) လုပ်ကို လုပ်ရမှာပါ။ ဒါကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။”
 ဒီဗွီဘီ

သမ္မတကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများသို့  ရဲတပ်ဖွဲ့ ဝင်တဦး၏(ပေးစာ)

ကျွန်တော်ဟာရဲတပ်ဖွဲ.ဝင်တစ်ယောက်ပါ။ကျွန်တော်တို့ရဲတပ်ဖွဲ.ကိုဝင်ေ၇ာက်စဉ်က
ရဲတပ်ဖွဲ.မှာအနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင်ရမယ်။လုပ်သက်(၅)နှစ်ပြည့်လို့မှ
ဆက်မလုပ်ချင်ဘူးဆို၇င်ရဲတပ်ဖွဲ.မှနှုတ်ထွက်နိုင်တယ်ဆိုပြီးဝန်ခံလက်မှတ်ရေးထိုး
ရပါတယ်။

ဒါပေမယ့်အခုရဲတပ်ဖွဲ.မှာကျင့်သုံးနေတာကလုပ်သက်(၅)နှစ်ပြည့်ရုံမပြောနဲ့ ၊ လုပ်သက်(၃၀)ပြည့်တာတောင်လုံးဝထွက်လို့မ၇ပါဘူး။လုပ်ချင်သည်ဖြစ်စေ၊
 မလုပ်ချင်သည်ဖြစ်စေဆက်လက်တာဝန်ထမ်းဆောင်ရပါတယ်။အသက်(၆၀)
ပြည့်တဲ့နေ့ကျမှသာပင်စင်ရပါတယ်။

အသက်တွေကြီးလို့တပ်ဖွဲ.မှာဘာမှမလုပ်နိုင်တဲ့အချိန်ရောက်မှပင်စင်နဲ့ဆုကြေး
ဆိုတဲ့မဖြစ်စလောက်ငွေလေးပေးပြီးကန်ထုတ်ခံလိုက်၇တာပါ။ဒါဟာ ၁၉၉၅ ခုနှစ်က
(နဝတ)အစိုးရကပြဌာန်းထားတဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ
လူ.အခွင့်အေ၇းချိုးဖောက်ခံရခြင်းပဲဖြစ်ပါတယ်။

အကယ်လို.များရဲတပ်ဖွဲ.မှာနှစ်ရှည်လများတာဝန်ထမ်းဆောင်ပြီးအကြောင်း
အမျိုးမျိုးကြောင့်ရဲတပ်ဖွဲ.မှာဆက်လက်မလုပ်ချင်လို.ထွက်ချင်တဲ့လူတွေကိုလည်း
ရဲစည်းကမ်းထိမ်းသိမ်းေ၇းဥပဒေ ပုဒ်မ၁၄(စ)၊နောက်ရဲသင်တန်းကျောင်းက
ဆင်းတော့မစုံမလင်ထုတ်ပေးတဲ့ပစ္စည်း(၅)မျိုးနဲ့အိုဂျီယူနီဖောင်းတွေပျောက်
ဆုံးတယ်ဆိုပြီးပုဒ်မ၁၈(င)ဆိုတဲ့ပုဒ်မအမျိုးမျိုးတပ်ပြီးထောင်ဒဏ်(၁)နှစ်နဲ့(၆)လ
ကျခံစေပါတယ်။

တကယ်လို့ရဲပြေးမှုကျူးလွန်တာဟာ(၃)နှစ်ကျော်မယ်ဆို၇င်တော့ထောင်ဒဏ်(၂)နှစ်ကနေ(၃)နှစ်အထိအခြားပုဒ်မတွေမတ၇ားပေါင်းထည့်ပြီးတော့
 ထောင်ချပစ်ပါတယ်။ကျွန်တော်အပါအဝင်တစ်ခြားတပ်ဖွဲ.ဝင်အားလုံးဟာ
တစ်နေ့ကျ၇င်အရာရှိဖြစ်ချင်တဲ့စိတ်နဲ့ရဲတပ်ဖွဲ.ထဲကိုဝင်ခဲ့ကြတာပါ။

အကြောင်းအမျိုးမျိုးကြောင့်အရာရှိမဖြစ်တော့လို့ရဲတပ်ဖွဲ.မှထွက်ချင်တဲ့သူတွေကို
မတ၇ားပုဒ်မတွေတပ်ပြီးထောင်ချပစ်တာဟာလူ.အခွင့်အေ၇းချိုးဖောက်ခံ၇တာပါပဲ။
ရဲပြေးမှုကျူးလွန်တယ်ဆိုတဲ့တာဝန်ထမ်းဆောင်မှုအတွက်ကန်.သတ်ချက်နှစ်အတိ
အကျရှိ၇ပါမယ်။

အခုတော့ကျွန်တော်တို့လိုက်နာ၇တဲ့ဥပဒေမှာတာဝန်ထမ်းဆောင်ရမဲ့နှစ်အကန့်
အသတ်မရှိဘဲအသက်(၆၀)ပြည့်တဲ့အထိတာဝန်မထမ်းဆောင်နိုင်တဲ့သူတွေကို
ရဲပြေးမှုကျူးလွန်တယ်ဆိုပြီးထောင်ချပစ်ခြင်းဟာလူ.အခွင့်အရေးကိုချိုးဖောက်ခံနေ
၇ခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင်အချို.ရဲစခန်းမှူး၊မြို.နယ်မှူးများဟာတပ်ဖွဲ.ဝင်များကိုရဲတပ်ဖွဲ.နှင့်မပတ်
သက်သောဈေးဝယ်ခိုင်းခြင်း၊၄င်းတို့၏သားသမီးများအားထိမ်းခိုင်းခြင်းတို့အားပြုလုပ်စေရန်အတွက်ရဲတပ်ဖွဲ.ဝင်တစ်ဦးမှ(၁၀)ဦးခန့်အထိနေ့စဉ်အသင့်ရှိနေစေရပါတယ်။
အကယ်လို့ခိုင်းတာကိုငြင်းဆန်လျှင်သော်၎င်း၊ပျက်ကွက်လျှင်သော်၎င်းဖြစ်ခဲ့လျှင်ထိုတပ်ဖွဲ.ဝင်များကိုရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအားချိုးဖောက်သည်ဟု
မတ၇ားစွပ်စွဲပြီးရာထူးမှလျော့ချခြင်း၊အခြားဒေသသို့ရွေ.ပြောင်းတာဝန်ချထားခြင်း
များအားပြုလုပ်ပါသည်။

အပြည်ပြည်ဆိုင်၇ာလူ.အခွင့်အေ၇းကြေငြာစာတမ်းအပိုဒ်(၄)မှာ"မည်သူ.ကိုမျှ
ကျေးကျွန်အဖြစ်(သို့)အစေအပါးအဖြစ်နိုင်ထက်စီးနိုင်းစေခိုင်းခြင်း၊လူကိုကျွေး
ကျွန်သဖွယ်အဓမ္မစေခိုင်းစေခြင်း၊အရောင်းအဝယ်ပြုခြင်းနှင့်ထိုသဘော
သက်ရောက်သောလုပ်ငန်းဟုသမျှကိုတားမြစ်ပိတ်ပင်ရမည်"ဟုပါရှိသော်လည်း
ကျွန်တော်တို့တပ်ဖွဲ.ဝင်များမှာအထက်ပါအပိုဒ်ကိုချိုးဖောက်ခံနေ၇ပါတယ်။

၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၃၄၉(က)အရကျွန်တော်တို့ဟာပြည်သူ.
ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ပြီးပါပြီ။ပြည်သူ.ဝန်ထမ်းအဖြစ်တာ
ဝန်ထမ်းဆောင်တာဟာအကန့်အသတ်တစ်ခုတော့ရှိသင့်ပါတယ်။
အသက်(၆၀)ပြည့်တဲ့အထိတာဝန်ထမ်းဆောင်ရမယ်ဆိုတာတော့မဖြစ်သင့်ပါဘူး။
ကျွန်တော်တို့ဟာအသက်(၆၀)ပြည့်တဲ့အထိတာဝန်ထမ်းဆောင်ရမယ်ဆိုရင်ဖွဲ.စည်းပုံအခြေခံဥပဒေမှာပါတဲ့နိုင်ငံသားတိုင်းသည်လွှတ်တော်များတွင်ကိုယ်စားလှယ်
အဖြစ်ပါဝင်ခွင့်ရှိသည်ဆိုတဲ့နိုင်ငံသားအခွင့်အေ၇းတွေလည်းကျွန်တော်တို့
တပ်ဖွဲ.ဝင်များမှာမရှိတော့ပါဘူး။

ဒါ့ကြောင့်ရဲတပ်ဖွဲ.ဝင်များအားနည်းလမ်းမျိုးစုံနှင့်ဖိနှိပ်အုပ်ချုပ်စေနိုင်သော၊
တပ်ဖွဲ.ဝင်အဖြစ်တာဝန်ထမ်းဆောင်ရမည့်ကာလကိုသတ်မှတ်ထားခြင်းမရှိဘဲ
အသက်(၆၀)ပြည့်ထိတာဝန်မထမ်းဆောင်နိုင်သည့်ရဲတပ်ဖွဲ.ဝင်များကို
ရဲပြေးမှုကျူးလွန်သည်ဟုစွဲချက်တင်ထောင်ချနိုင်သောဖွဲ.စည်းပုံအခြေခံ
ဥပဒေပါနိုင်ငံသားများ၏အခွင့်အရေး၊လူ.အခွင့်အေ၇းများကိုဆုံးရှုံးစေနိုင်သော၁၉၉၅ခုနှစ်နဝတဥပဒေအမှတ်၎/၉၅ဖြင့်ပြဌာန်းခဲ့သည့်ပြည်သူ.ရဲတပ်ဖွဲ.
စည်းကမ်းထိန်းသိမ်းရေးဥပဒေအားပြင်ဆင်ဖြည့်စွက်ပေးပါရန်နှင့် အကြောင်း
အမျိုးမျိုးကြောင့်ရဲတပ်ဖွဲ.တွင်ဆက်လက်တာဝန်မထမ်းဆောင်လိုခြင်းမရှိကြသောတပ်ဖွဲ.ဝင်များအားဥပဒေနှင့်အညီထွက်ခွင့်ပေးနိုင်ရေးဆောင်ရွက်ပေးပါရန်
သမ္မတကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊သတင်းမီဒီယာများအား
လေးစားစွာဖြင့် တင်ပြလျောက်ထားအပ်ပါသည်။

ရဲတပ်ဖွဲ့ ဝင်တဦး

ထူးကြီး NLD ရုံးဖွင့်ပွဲ

နာယကကြီးဦးတင်ဦး ဧရာဝတီတိုင်း ခရီးစဉ်အတွင်း အိမ်မဲမြို့ မှာဟောပြောနေစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကကြီး ဦးတင်ဦး နှင့် ဧရာဝတီတိုင်း NLD မဲအောင်နိုင်ရေးအဖွဲ့ဝင်များသည်၂၄.၃.၂၀၁၂ ရက်နေ့တွင် အင်္ဂပူမြို့နယ် ထူးကြီးမြို့၏
 ရုံခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

အင်္ဂပူမြို့နယ် NLD ပါတီဝင်များနှင့် ထောက်ခံအားပေးသူများသည် ဦးတင်ဦးနှင့်အဖွဲ့ကို 

ပုသိမ်-မုံရွာ အဝေးပြေးကားလမ်းမတစ်နေရာ အင်္ဂပူ-လေးမျက်နှာ နယ်စပ်တွင်
 သွားရောက်ကြိုဆိုခဲ့ကြပါသည်။

နေ့လည်ပိုင်းတွင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့တွင် NLD အားပေးသူများ၏ တောင်းဆို

ချက်အရ ၄၅ မိနစ်ခန့် နုတ်ဆက်စကားပြောကြားပြီး ထူးကြီးမြို့သို့ ဆက်လက်
ထွက်ခွာခဲ့ကြသည်။

နာယကကြီးဦးတင်ဦးအား မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ NLD ပါတီဝင်

ကားတန်းများက မဲဇလီကုန်းမြို့မှ ဆီးကြိုနေခဲ့ကြပြန်ရာ
မော်တော်ဆိုင်ကယ် အစီးတစ်ရာခန့် မော်တော်ကား အစီးနှစ်ဆယ်ခန့်ဖြင့် 

ထူးကြီးမြို့သို့ဆက်လက်ထွက်ခွာလာခဲ့ကြပါသည်။

ထူးကြီးမြို့အဝင်ဝတွင် တိုက်တိုက်ဆိုင်ဆိုင် မြန်အောင်မြို့မှပြန်လာသော

 ကြံ့ခိုင်ရေးပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးဌေးဦး၏မော်တော်ယာဉ်
 လေးစီးပါယာဉ်တန်းနှင့် ဆုံတွေ့ဖြစ်ခဲ့ပါသေးသည်။

ညနေငါးနာရီတွင် ထူးကြီးမြို့သို့ နာယကကြီးဦးတင်ဦး ရောက်ရှိလာရာ 

လူထုပရိတ်သတ် ခန့်မှန်း ငါးထောင်လောက်ကကြိုဆိုနေခဲ့ကြပါသည်။

နာယကကြီးဦးတင်ဦးသည် ပါတီရုံးခန်းဖွင့်လှစ်ပေးပြီးနောက် မြန်အောင်မြို့နယ် 

အင်ပင်မြို့လေးသို့ ဆက်လက်ထွက်ခွာသွားပါသည်။

ထူးကြီးမြို့သည် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်၏ မွေးရပ် အမာခံနယ်မြေလဲဖြစ်ပါသည်။


ထူးကြီး NLD မှ သတင်းပေးပို့ ပါသည်။
Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်