ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ်ကျန်နေသေးတဲ့
မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်ဖို့ အဆင်မပြေတော့ကြောင်း
ဒေါက်တာတင်မျိုးဝင်းက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာတွင်
တွေ့ရှိခဲ့ရသောပုံဖြစ်ပါသည်။
Myanmar News Now
 |
| ဓါတ်ပုံ (AP) |
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့်
သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ
ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏
အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်
ပြုပြောဆိုသည်။
ယမန်နေ့ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ကျန်းမာရေးအရ အနားယူရန်
လိုအပ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ ညွှန်ကြားချက်အရ
ကျန်ရှိသည့် စည်းရုံးရေး ခရီးစဉ်များကို ပယ်ဖျက်လိုက်ကာ ရန်ကုန်သို့
ပြန်လာခဲ့ခြင်းဖြစ်သည်။
သဘက်ခါတွင် စည်းရုံးရေး ခရီးစဉ်အဖြစ်
မကွေးမြို့သို့ သွားရောက်ရန်ရှိသည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်သည်ဟု
အန်အယ်လ်ဒီ ပြန်ကြားရေး ဋ္ဌာနမှ ယနေ့နေ့လည်ပိုင်းက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်
ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မြန်မာနိုင်ငံအနှံသို့ မဲဆွယ် စည်းရုံးရေး
ခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလဆန်းမှစတင်၍ သွားရောက်လျှက်ရှိရာ မြို့ပေါင်း
တဒါဇင်ထက်မနည်း သွားရောက်ပြီး ဖြစ်သည်။ ။
မန္တလေးမြို့ စိန်ပန်းရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် စိန်ပန်းရပ်ရှိအိမ်တစ်အိမ်အတွင်း ၀င်ရောက်မဲဆွယ်ရာတွင်အိမ်အတွင်းချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကိုပြောဆိုစော်ကားသွား
ခဲ့ကြောင်း သိရှိရပါသည်။
““ ကျွန်တော်က စိန်ပန်းရပ်ထဲမှာပဲနေတာပါ။ (မတ်လ 25 ရက်နေ့) ဒီနေ့မနက်
၁၂နာရီလောက်က ကျွန်တော်ထမင်းစားနေတုန်း ပြည်ခိုင်ဖြိုးပါတီကစည်းရုံးရေး
ဆင်းရင်း အိမ်ကိုရောက်လာကြတယ်။ အားလုံးပေါင်း အယောက်(၃၀)လောက်တော့ရှိမှာပါ။
အိမ်ကအမေကြီးကိုစည်ရုံးရေးလက်ကမ်းစာရွက်ဝေရင်း ပြည်ခိုင်ဖြိုးကို မဲပေး၊
ထောက်ခံဖို့ပြောတာပေါ့။ အမေကြီးကလည်း သူ့မှာရွေးချယ်ထားတဲ့ပါတီရှိပြီးဖြစ်တဲ့
အကြောင်း ပြီးတော့ အဲဒီပါတီဟာခွပ်ဒေါင်းနဲ့ကြယ်ဖြူတံဆိပ်ပါတီ(
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ဖြစ်ကြောင်းကို အေးအေးဆေးဆေးရှင်းပြတော့
အိမ်ထဲမှာချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေကို
လက်ညိုးငေါက်ငေါက်ထိုးပြီးတော့
““အဲဒါတွေက လူသတ်လက်နက် ယန္တာရားတွေ””လို့ပြောတယ်။ ကျွန်တော်ကလည်း
ထမင်းစားလျက်တန်းလန်းဆိုတော့ ဘာမှပြောချိန်မရလိုက်ဘူး”” ဟု
ကိုယ်တိုင်တွေ့ကြုံခဲ့သူ ပြည်သူတစ်ဦးက Myanmar News Now ကိုပြောပါသည်။
အဆိုပါ ပြည်ခိုင်ဖြိုးပါတီဝင်သည် မန်းလေးမြို့ စိန်ပန်းရပ်(စိန်ပန်းဈေးအရှေ့ဘက်)တွင်
နေထိုင်ပြီး အမည်မှာ ကိုဇော်မင်း ဟုခေါ်သည်။
““ဒီလိုမျိုးလုပ်ဆောင်ချက်တွေကိုတော်တော်အောက်တန်းကျတဲ့လူတွေဆီကနေပဲ
တွေ့ရလိမ့်မယ်ဗျ။ မဲဆွယ်တာကတော့ကိုယ့်ပါတီကိုလူစိတ်ဝင်စားလာအောင်
ဘောင်ထဲစည်းထဲကနေမျိုးစုံလုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီလိုတခြားပါတီတစ်ခုကို
ပုတ်ခတ်စော်ကားတာကတော့ တော်တော့်ကို မကောင်းတာပါ။ အထူးသဖြင့်
လွပ်လတ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားတာကတော့
ဒီကောင်လူစိတ်မရှိလို့ပဲဖြစ်ရမယ်””ဟု ကြားသိရသော ပြည်သူတစ်ဦးက
ပြောပြပါသည်။
Myanmar News Now
ရန်ကုန် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် 'ရွှေစင်စကြာ' အဆင့်မြင့်ယာဉ်လိုင်းမှ အလှူငွေ
ကျပ် သိန်းတထောင်အား သောကြာနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့
သွားရောက် လှူဒါန်း ခဲ့ကြောင်း 'ရွှေစင်စကြာ' ယာဉ်လိုင်း ဥက္ကဋ္ဌ
ဦးအောင်ကျော်မိုး က မဇ္ဈိမကို ပြောသည်။
"မြန်မာနိုင်ငံရဲ့
ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးရာမှာ
ဝင်ရောက်ကူညီဖို့ နိုင်ငံသားတိုင်း မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက်
တဖက်တလမ်းကနေ ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခု လှူတဲ့အလှူငွေဟာ
ယာဉ်လိုင်းတခုလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ရဲ့ လုပ်အား၊
ခရီးသည်တွေထံက ရရှိတဲ့ အမြတ်အစွန်းတွေ လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်"ဟု
ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ရွှေစင်စကြာ ယာဉ်လိုင်းမှ အလှူငွေ ကျပ်
သိန်းတထောင်အား ဒေါ်အောင်ဆန်းစုကြည်မှတဆင့် မတ်လ ၂၃ ရက်နေ့က လှူဒါန်းစဉ်။
(ဓါတ်ပုံ - ကျော်စိုးနိုင်)
အလှူငွေအား ဗိုလ်ချုပ်ရုပ်ရှင်
ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့သည်။ ထို့နောက်
အလှူငွေကျပ် သိန်းတထောင်အား ကော်မတီသို့ လွှဲပြောင်းပေးပို့လာ၍ ဇာဂနာ၊
ထွန်းအိန္ဒြာဗိုနှင့် ငှက်ပျော်ကြော်တို့က လက်ခံရယူခဲ့ပြီးဖြစ်ကြောင်း
ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီ အင်တာနက် စာမျက်နှာတွင်
ဖော်ပြထားသည်။
အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း ၏ အထ္ထုပ္ပတ္တိအား ရုပ်ရှင်အဖြစ်
စီမံရိုက်ကူးနိုင်ရန်အတွက် ရုံးခန်း တခန်းကို ရန်ကုန်တိုင်း၊
မကာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းတွင် ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က
ဖွင့်လှစ်နိုင် ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကျပ် သိန်းတထောင် လှူဒါန်းခဲ့သော ရွှေစင်စကြာ
ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် အလှူငွေ လက်ခံခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ -
ကျော်စိုးနိုင်)
ထိုနေ့ ရုံးခန်းဖွင့်ပွဲတွင် ရွှေပါရမီ
ဆရာတော် အရှင် ဆန္ဒာဓိက ၏ စွန့်ကျဲအလှူငွေ ကျပ် ၃၂ သိန်း၊ ဇာတ်မင်းသား
ဖိုးချစ် က အလှူငွေ ကျပ် သိန်း ၄၀ နှင့် ရုပ်ရှင်မင်းသား ကျော်သူ၏ ဖခင်
ဦးစိန်တင်နှင့် ဒေါ်မြသန်းတို့က ၎င်းတို့ပိုင် အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေး
လုပ်ငန်းများကို လှူဒါန်းပေးအပ်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဇာတ်ကားအား ဗိုလ်ချုပ်၏ အသက် ၁၀၀ ပြည့် ဖြစ်သည့် ၂၀၁၅ ခုနှစ်
မတိုင်မီ အပြီးသတ် ရိုက်ကူးတည်းဖြတ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
ယနေ့နေ့လည်၂နာရီကျော်လောက်မှာ အမေစုက ကြိုတင်စီစဉ်ထားသော
ဦးစောဂျက် မြေကွက်လပ်တွင် ၁၀ မိနစ်ကျော်လောက်သာ မိန့်ခွန်းပြောနိုင်ပြီး
လေယာဉ်ချိန် အမှီ ပြန်သွားရတဲ့အတွက် လူထုအား တောင်းပန်စကားပြောကြား
သွားပါတယ်။
အမေစုနေမကောင်းတဲ့အတွက် အသံတောင်မရှိတော့ပါဘူး၊ ဘိတ်သူ/သားများနှင့်
ကျွန်းစုမြို့နယ်သူ/သားများအားလုံးကအမေစုကိုတခဲနက်လေယာဉ်ကွင်း
ထိလိုက်ပါပို့ဆောင်ပေးလိုက်ပါတယ်။
အမေလေယာဉ်ပေါ်ကိုချောချောမောမောအန္တရာယ်ကင်းစွာပို့ပေးလိုက်ပါပြီ
အမေစုကိုချစ်ကြတဲ့ ပူပန်နေကြတဲ့ပြည်သူများကိုစိုးရိမ်မှုတွေ
ပြေပျောက်စေလိုသဖြင့် တင်လိုက်တာပါ။
ကျွန်မလဲ အမေစုခရီးစဉ်တလျှောက်လုံးလိုက်ပါပြီး အင်အားဖြည့်ပါဝင်နေရလို့
နေမကောင်းဖြစ်နေပြီ ဒါကြောင့်ဓါတ်ပုံမပို့နိုင်တော့ပါဘူး။
ဒီစာတောင်ပြည်သူတွေစိုးရိမ်နေမှာစိုးလို့ နေမကောင်းတဲ့ကြားကရေးလိုက်ရတာပါ။
Myanmar News Now
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ကျော်သူရမျိုး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် စစ်တက္ကသိုလ်နှင့်
စစ်သင်တန်းကျောင်း
အများအပြားရှိသော ပြင်ဦးလွင်မြို့မဲဆန္ဒနယ်ရှိတပ်တွင်း/တပ်နယ်မဲရုံများအတွက် မဲရုံကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များ ထားရှိမည်မဟုတ်ကြောင်း ယင်းပါတီ၏ ပြင်ဦးလွင်မြို့နယ်အတွင်းရေးမှူး
ဦးကျော်ကျော်မိုးက YPI သို့ အတည်ပြု ပြောကြားသည်။
“ပြင်ဦးလွင်မဲဆန္ဒနယ်မှာ တပ်နယ်မဲရုံ(၁၄)ရုံရှိတယ်။ အဲဒီမဲရုံတွေမှာတော့ ကိုယ်စားလှယ်တွေမထားတော့ပါဘူး။ ကျန်တဲ့မဲရုံတွေမှာတော့အပြည့်အ၀ထားသွားမှာပါ။ တပ်နယ်မဲရုံတွေမှာ ကိုယ်စားလှယ်ထားလို့မရတာတော့
မဟုတ်ပါဘူး။ တပ်တွင်းကိစ္စဖြစ်လို့ ပါတီကမ၀င်တော့တာပါ။ စစ်တပ်ကလည်း
မထားနဲ့လို့ ကန့်သတ်ထားတာမရှိပါဘူး“ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ပြင်ဦးလွင်မဲဆန္ဒနယ်မြေရှိ မဲရုံ(၁၉၈)ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
မဲရုံကိုယ်စားလှယ်နှင့်အကူ ကိုယ်စားလှယ်များ အပြည့်အ၀ထားရှိမည်ဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။
“ဥပဒေနဲ့အညီကိုယ်စားလှယ်လောင်းရဲ့အခွင့်အရေးတွေ မဆုံးရှုံးအောင်ကာကွယ်တဲ့သဘောပါ။ တပ်နယ်မဲရုံတွေကို သံသယ ထားတဲ့အနေနဲ့စောင့်ကြည့်တာမဟုတ်ပါဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြင်ဦးလွင်)
တာဝန်ရှိသူ ဦးမောင်မောင်သွင်က YPI သို့ပြောသည်။
ယင်းပြင်ဦးမြို့နယ်တွင် ရပ်ကွက်ကြီး(၂၁)ခုနှင့် ကျေးရွာအုပ်စုပေါင်း (၃၇)ရွာရှိ၍ မဲပေးနိုင်သည့်လူဦးရေမှာ (၁၃၀၀၀၀)ကျော် ရှိပြီး ၂၀၁၀
ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာမြင့်အောင်
အနိုင်ရရှိခဲ့သည့်ပါတီဖြစ်သည်။ အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒနယ်တွင် အင်အားကြီးပါတီများ ဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ဝင်း ( ပြင်ဦးလွင် ခရိုင်
ပါတီအတွင်းရေးမှူး) နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်သီဟတို့ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
24March2012
ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ လစာခေါင်းစဉ်မှ ၀င်ငွေအပေါ်
ဝင်ငွေခွန်ကို ဧပြီလမှ စတင်ပြီး ကောက်ခံတော့မည်ဖြစ်ကြောင်း ဦးစီးဌာနအတွင်း
ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
ထိုညွှန်ကြားချက်တွင်
အခွန်စည်းကြပ်ရန်အတွက် အသေးစိတ်တွက်ချက်နည်းများကို ဖော်ထားပါသည်။ ထိုသို့
တွက်ချက်ရာတွင် မူရင်းလစာအပြင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀အပါဝ်င
လစာဝင်ငွေ စုစုပေါင်းပေါ်တွင် ၁ % မှ ၃% အထိ
ဝင်ငွေအဆင့်အလိုက်တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြန်တမ်းဝင်အရာရှိများအတွက် လစာမှ
ဝင်ငွေခွန်တွက်ချက်ဖြတ်တောက်နုတ်ယူပေးသွင်းရန် ကိစ္စရပ်များကို
ကာကွယ်ရေးဝန်ကြိးဌာန ငွေစာရင်းရုံးမှ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း
သိရှိရသည်။
လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်တွက်ချက်မှု နမူနာ
ဦးစီးအရာရှိအဆင့်
လစာကျပ် ၁၃၀၀၀၀(ထောက်ပံ့ကြေးကျပ် ၃၀၀၀၀အပါအ၀င်)ရရှိပြီး အိမ်ထောင်မရှိသူ
လစာဝင်ငွေစုစုပေါင်း(ကျပ် ၁၃၀၀၀၀
x၁၂)
၁၅၆၀၀၀၀ ကျပ်
(နုတ်)အခြေခံသက်ခွင့်(၂၀%) ၃၁၂၀၀၀ ကျပ်
--------------
အခွန်စည်းကြပ်ရန်ဝင်ငွေ ၁၂၄၈၀၀၀ ကျပ်
အခွန်တွက်ချက်ခြင်း(ဇယားပါနှုန်းဖြင့်)
၁ ကျပ်မှ ၅၀၀၀၀၀ ကျပ် ပထမ ၅၀၀၀၀၀ အတွက် ၁%ဖြင့် ၅၀၀၀ ကျပ်
၅၀၀၀၀၀ ကျပ်မှ ၁၀၀၀၀၀၀ ကျပ်ထိ ဒုတိယ ၅၀၀၀၀၀ တွက် ၂%ဖြင့် ၁၀၀၀၀ ကျပ်
၁၀၀၀၀၀၀ကျပ်မှ ၁၂၄၈၀၀၀ ကျပ်ထိကျန် ၂၄၈၀၀၀အတွက် ၃%ဖြင့် ၇၄၄၀ ကျပ်
---------------
တစ်နှစ်အတွက်စုစုပေါင်းကျသင့်ငွေအခွန် ၂၂၄၄၀ ကျပ်
တစ်လအတွက် နုတ်ယူရမည့် ကျသင့်အခွန် ပျှမ်းမျှ ၁၈၇၀ ကျပ်
၂၀၁၂-၂၀၁၂
ဘဏ္ဍာနှစ်သစ်တွင် စတင်ကျင့်သုံးလက်ခံမည့် ပြောင်းလဲပြင်ဆင်ထုတ်ပြန်ထားသည့်
အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့်
စပ်လျဉ်းသော ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ UMCCI ခန်းမတွင် ၂၆
၇က်နေ့ မွန်းလွဲ ၁နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
***လစာခေါင်းစဉ်မှ
ဝင်ငွေအတွက် - (သက်သာခွင့်များနုတ်ပြီး)--- ၀င်ငွေခွန်စည်းကြပ်ရန်
ကိန်းသေတွက်ပြိး ၀င်ငွေခွန်နှုန်းများ.. ဇယားကွက်ကို
ဖော်ပြနိုင်ခြင်းမရှိသည်ကို ခွင့်ပြုသည်းခံပေးပါရန်...။
The Street View
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဒေသခံပြည်သူများအား သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စီးပွားရေး ပြေလည်မူများရှိလာစေရန် စက်ရုံများတည်ဆောက်ခြင်း၊ မြို့ပြစီမံကိန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက ပါတီမဲဆွယ်စည်းရုံးရေး တွင်ပြောကြားခဲ့သည်။
“ကျွန်တော် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစည်းဌာနမှာ အလုပ်လုပ်ကတည်းက ဒဂုံဆိပ်ကမ်းမြို့နယ်ကို မြို့ပြစီမံကိန်းအနေနဲ့ တည်ဆောက်တဲ့နေရာမှာ တာဝန်ယူခဲ့ပါတယ်။ အစိုးရ၀န်ထမ်းကနေ အငြိမ်းစားယူခြဲ့ပီး တော့လည်း အဲမှာရှိတဲ့ပြည်သူတွေအတွက် လိုတာတွေ ဆောင်ရွက်ပေးနေတာပါ။ နောက်လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ဝင်း ကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်ဝင်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီစည်းရုံးရေး ဟောပြောပွဲကို မတ်လ ၂၃ရက်နေ့၌ ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးရှိ ကွင်းပြင်တွင် ပြုလုပ်ခဲ့ပြီး ပါတီမှ တိုင်းဒေသကြီး ကော်မတီဝင် ဗဟိုအလုပ်အမှူဆောင် ဦးအောင်သိန်းလင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ပါတီဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ပါတီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရွေးချယ်တာလည်း မှန်ကန်ဖို့လိုပါတယ်။ ရွေးချယ်တာမှားသွားရင်တော့ တိုင်းတပါး သြဇာခံနိုင်ငံဖြစ်အောင်လုပ် တဲ့အထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်သွားနိုင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဗဟိုအလုပ်အမှူဆောင် ဦးအောင်သိန်းလင်း ကပြောသည်။
အဆိုပါမြို့နယ်တွင် ရွာ (၄) ရွာနှင့် ရပ်ကွက် (၁၄) ရပ်ကွက်ဖြင့်ဖွဲ့စည်းထားပြီး ၄င်းမြို့နယ်အား မြို့ပြစီမံကိန်း အဖြစ် ဆောင်ရွက်လျက်ရှိအခြေခံလူတန်းစားအများဆုံးနေထိုင်ကြပြီး လယ်သမား၊ စက်ရုံအလုပ်သမား၊ အစိုးရ၀န်ထမ်း၊ လက်သမား စသည့်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရကြောင်းသိရသည်။
“ဘယ်ပါတီကို မဲထည့်ထည့် ကျွန်တော်တို့ထောက်ခံတဲ့ ကိုယ်စားလှယ်ဟာ ကျွန်တော် မြို့ရွာရပ်ကွက်ကအစ တိုင်းပြည်ကို ထိုးတက်အောင်လုပ်နိုင်ဖို့ အများကထောက်ခံရွေးချယ်တင်မြှောက်ပေးကြမှာပါ။ ပြည်သူတွေက အခက်အခဲတွေကို ကိုယ်တိုင်တွေ့ကြုံနေကြရတော့ ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ကြရမှာပါ” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၉၂ ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယမင်း(မြစ်မခ)
 |
| ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်း မဲဆယ်စည်းရုံးနေစဉ် |
ဒီဗွီဘီ- ၂၅- မတ်လ
တနင်္သာရီတိုင်း မြိတ်ဒေသကို ရွေးကောက်ပွဲမဲဆွယ်ခရီးထွက်နေတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း
ကျန်းမာရေးချို့ ယွင်းလာတာကြောင့် တနင်္ဂနွေနေ့  မှာ မြိတ်ကျွန်းစုမြို
့နယ်ကို သွားရာက်ဟောပြောဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မြိတ်ခရီးစဉ်တောက်လျောက်လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက် တဦးက ( ဒီနေ့ အန်တီတော်တော်နေမကောင်းဖြစ်နေတယ်
။အဲဒါကြောင့်မလို့ ဒီမနက်က ကျွန်းစုသွား မယ့် ခရီးစဉ်ကိုဖျက်လိုက်ပါတယ်။
ခုဆေးတောင်သွင်းထားရတယ်။ သူတည်းခိုတဲ့နေ အိမ်မှာ ဆေး ကုနေရပါတယ်)လို
့ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က မနက်က မြိတ်မြို့ ကို
ရောက်ရှိလာပြီး စခန်းသစ်ရွာကို သွား ရောက် ဟောပြောပြီး အပြန်
ပန်းဇင်ရွာအနီးမှာ စက်လှေ သောင် တင်မှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက် အသုံးပြုမယ့် ရေပေါ်ရှပ်ပြေးရေယာဉ်တွေကို
ငှားရမ်းလို့ မရတဲ့ အတွက် စက်လှေနဲ့ သွားခဲ့ရာမှာ ညနေ ၅ နာရီခွဲ ခန့်  ကနေ
ည ၈ နာရီခွဲလောက် ထိ သောင် တင်နေခဲ့တာလို့  အဆိုပါသတင်းထောက်ကပြောပါတယ်။
' သောင်တင်တာကတော့ သဘာဝ ရေတက်ရေကျကြောင့်တင်တာပါ။ ရှပ်ပြေးယာဉ်နဲ့  ဆိုအဲ
သလိုမဖြစ်ဘူး။ စက်လှေနဲ့ မို့ ဖြစ်ရတာ ။ စက်လှေက (၃)
နာရီမောင်းတဲ့ခရီးဆို ရှပ်ပြေးက (၁)နာ ရီပဲမောင်းတယ် ။
ပထမစီစဉ်ထားတဲ့ရှပ်ပြေးက ခန့် ခန့်ညားညားသက်သောင့်သက်သာရှိတယ်၊
အဲဒါကို ငှားမရ အောင်လုပ်ထားတယ်။ အန်တီ တကယ်စီးရတော့ ဒေသအခေါ် ကဲ့လှေနဲ့ 
အန်တီက အဲဒီ စက်လှေကြီးကို ယာယီအမိုးမိုးပြီးစီးလိုက်ရတာ။
ရေကျသွားတဲ့အခါကျတော့ သောင်ပြင်ကြီးက ကတ္တ ရာ လမ်းကြီးလို
အဖွေးသားကြီးပေါ်လာတယ် ။ အဲဒီသောင်ပြင်ကြီးကို ကွေ့ ပတ်ေ၇ှာင်ရင်း သောင်
တင်သွားတာ '
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ဟာ မြိတ်မြို
့ကမ်းခြေကို ပြီးခဲ့တဲ့ ည ၁၀နာရီ လောက်မှာ ပြန်လည် ရောက်၇ှိခဲ့ပြီး
ထောင်ပေါင်းများစွာသော မြို့ ခံတွေက ကမ်းခြေမှာစောင့်ကြိုကာ တညလုံး
နီးပါး ကားတွေဆိုင်ကယ်တွေနဲ့ တေးသီချင်းတွေဖွင့်ကာ လှည့်လည်နေခဲ့ကြတယ်လို
့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလာပြီး
ကျန်းမာရေး မကောင်းတာကြောင့် မြိတ်မြို့ က ပါတီဝင် တဦးရဲ
့နေအိမ်မှာတည်းခိုရင်း ဆေးကုသမှုခံယူနေရပါတယ်။
ကျွန်းစု၇ွာသွားရောက်ဟောပြောမယ့်
ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် ကျွန်းစု ၇ွာသား တွေအနေနဲ့
ညနြေ့မိတ်မြို့ မှာ ပြုလုပ်မယ့် ဟောပြောပွဲမှာ လာရောက် နားထောင်နိုင်အောင်
ဒေါ်အောင်ဆန်းစုကြည်က စက်လှေ စီစဉ် ပေးထားတယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ညနေ
၃နာရီလောက်မှာတော့ ရန်ကုန်ကို လေကြောင်းနဲ့  ပြန်လာဖို့ အစီအစဉ်
ရှိပါတယ်။


လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသော ကြားဖြတ် ရွေးကောက်ပွဲအတွက်
မဲစာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ရာတွင် အမှန်တကယ်
မဲပေးပိုင်ခွင့်ရှိသူများ ကျန်နေခဲ့ခြင်း၊ အချက်အလက်များ မှားယွင်း
နေခြင်း၊ သေဆုံးပြီးသူများ ပါဝင်နေခြင်း စသည့် ကွဲလွဲချက်များ
ဖြစ်ပေါ်ရခြင်းမှာ ရပ်/ကျေး ကော်မရှင်များကြောင့် ဖြစ်ကြောင်း
မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်
ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ အကြံပေးများက ပြောကြပါသည်။
''ကျွန်တော်တို့
ကြုံနေရတဲ့ အခက်အခဲက ကော်မရှင်နဲ့ ပတ်သက်ပြီး ဖြစ်နေတာပါ။ ဒေသခံတွေ
မပါတာတွေ၊ သေဆုံးသူတွေ ပါနေတာတွေ၊ ဒီရွာကမဲရုံမှာ ပါရမယ့်သူတွေက
အလှမ်းဝေးတဲ့ရွာတွေက မဲစာရင်းတွေ ထဲမှာ ရောက်နေတာတွေ စတဲ့ကွာဟမှုတွေ
ဖြစ်နေပါတယ်။ မေးကြည့် တော့ မှားပြီး ပါသွားတာလို့ ပြောတယ်။
မြို့နယ်ကော်မရှင်နဲ့ အဓိက ပြောနေရတာက ရပ်/ကျေးကော်မရှင်
အများစုမှာရှိနေတဲ့သူတွေက ပါတီဝင်တွေ ဖြစ်နေတဲ့ ကိစ္စပါ။ ရပ်/ ကျေး
အုပ်ချုပ်ရေးမှုးအချို့က သူတို့ပါတီအတွက် မဲဆွယ်တာတွေ ရှိနေပါတယ်။
မဆောင်ရွက်ပေးတဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖိအားပေး
ဆောင်ရွက်ခိုင်းတာတွေ ရှိနေပါတယ်'' ဟု မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်၏ အကြံပေး ကိုယ်စားလှယ်က ပြောကြားပါသည်။
ရွေးကောက်ပွဲ
ကော်မရှင် ဥပဒေအရ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နိုင်ငံရေး
ပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့စွဲဖြင့်
ပြဋ္ဌာန်းလိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအခန်း (၂) အပိုဒ်
(၅) (ဆ) တွင် ဖော်ပြထားသည်။
''ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
အကြိမ်ကြိမ်ပြောပါတယ်။ ၂၀၁၀ လို မဖြစ်စေရပါဘူး။ ၂၀၁၀ တုန်းက
ချွတ်ယွင်းချက်တွေ၊ အားနည်းချက်တွေကို လက်ခံတယ်။ အသိအမှတ်ပြုတယ်လို့
ပြောထားတယ်။ ဥပဒေကမှားယွင်းတာ၊ ချို့ယွင်းတာ မဟုတ်ဘူး၊ ဥပဒေကို
အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေကြောင့် မှားယွင်းတာ'' ဟု
တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က
ပြောပါသည်။
''ရွေးကောက်ပွဲ တရားမျှတတယ်၊ မမျှတဘူးဆိုတာ ရွေးကောက်ပွဲ
ကျင်းပတဲ့နေ့မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်နဲ့
အခင်းအကျင်းတစ်ခုတည်းကိုကြည့်ပြီး သုံးသပ်လို့ မရဘူး၊ ရွေးကောက်ပွဲမတိုင်မီ
မဲစာရင်း ထုတ်ပေးတာကအစ တချို့ရပ်ကွက်တွေမှာ အချိန်မီ ထုတ်ပေးတာ မရှိဘူး၊
ခဏတစ်ဖြုတ်ပဲ ကပ်တယ်၊ တချို့ဆိုရင် နောက်ဆုံးရက်လို့ သတ်မှတ်ထားတဲ့
အချိန်အထိ မကပ်ရသေးတဲ့ ကျေးရွာ အုပ်စုတွေတောင် တွေ့ရတယ်''ဟု ၎င်းက
ဆက်လက်ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ
ထုတ်ပြန်ကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူများ ကျန်နေခဲ့ခြင်း၊
ကွယ်လွန်ပြီးသူများ စာရင်းတွင် ပါဝင်လာခြင်း၊ မှတ်ပုံတင်အမှတ်
မှားယွင်းခြင်း၊ အဖအမည် မှားယွင်းခြင်းစသည်တို့ ဖြစ်ပေါ်နေကြောင်း မဲဆန္ဒရှင်
အများစုက ပြောကြသည်။
''မဲစာရင်းတွေမှာ ကွယ်လွန်ပြီး သားတွေပါနေတာ
တွေ့ရတယ်။ နောက်တစ်ခါ သားသမီးနာမည်မှန်တယ်၊ အဖေနာမည်လွဲနေတယ်။
မှတ်ပုံတင်နံပါတ်မှာ သုညနဲ့တစ်နဲ့ လွဲတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကျရင်
သုညနဲ့တစ်နဲ့ လွဲတာလည်း မဲရုံကလက်ခံမှာ မဟုတ်ပါဘူး''ဟု
တောင်ငူမြို့ခံတစ်ဦးက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်အနေဖြင့် မဲစာရင်းများ ပြင်ဆင်ခြင်းအား ရွေးကောက်ပွဲမတိုင်ခင်အထိ
ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခဲ့သော်လည်း
မဲဆန္ဒနယ်အချို့တွင်သာ ပြင်ဆင်ပေးကြောင်း သိရပြီး ရပ်/ကျေး ကော်မရှင်
အများစုမှာမူ မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့များသို့
ဆက်သွယ်ပြင်ဆင်ရန် အကြောင်းပြန်ကြောင်း သိရသည်။
''ရန်ကုန်တိုင်း
ဒေသကြီးမှာတောင် တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ ပါသင့်တဲ့လူတွေ ပါမလာတာ၊
မပါသင့်တဲ့သူတွေ ပါလာတာ အများကြီးတွေ့ နေရပါတယ်။ နယ်တွေမှာဆိုရင်
ဒီထက်ဆိုးတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို တင်ပြပြီး
ပြင်ဆင်နိုင်ဖို့ လုပ်သွားမှာဖြစ်ပါတယ်'' ဟု စည်းရုံးရေး တာဝန်ခံတစ်ဦးက
ပြောပါသည်။
EMG

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံအောက်တွင် 'ဗိုလ်ချုပ်အောင်ဆန်းကို
ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးတီကို မဲပေးကြပါ' စာတမ်းပါသည့် မဲဆွယ်
ပိုစတာများ အသုံးပြုကာ ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်မှုပြုလုပ်ကြောင်း သိရသည်။
''ပင်းဘော၊
အင်ကြင်းကုန်းအပြင် အခြားရွာတစ်ချို့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံက
ပုံအကြီးကြီး ချဲ့ထားတယ်၊ အဲဒီအောက်မှာ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့သော စည်းကမ်းပြည့်ဝ ပြီး အေးချမ်းဖွံ့ဖြိုး
တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ရန် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးက လုံးဝ အာမခံပါသည်ဆိုတဲ့ စာတမ်း
ထည့်ထားတယ်။ အဲဒီစာအောက်မှာ 'ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း
ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြပါ' ဆိုတဲ့ စာတမ်း ထပ်ထည့်တယ်။ အဲဒီအောက်မှာ
ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခြင်္သေ့တံဆိပ်နဲ့ ဘေးမှာ
အမှန်ခြစ်ကို အကြီးကြီးပြထားတဲ့ ပိုစတာတွေ ရွာတွေမှာ ထောင်ထားတာ
တွေ့ရတယ်''ဟု မိုးကောင်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါသည်။
EMG

ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော်မှာ စက်ရုံအတွင်း၌
မဲပေးနိုင်ရန်အတွက် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်း
ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(ပခုက္ကူမြို့နယ်)နှင့် ဒေသခံပြည်သူများထံမှ သိရပါသည်။
အဆိုပါ
အလုပ်သမားများမှာ ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင်
နေထိုင်သူများဖြစ်ကြောင်းနှင့် ချောက်ကန်ကျေးရွာရှိ အထည်ချုပ်စက်ရုံနှင့်
ရွှေတန့်တစ်ကျေးရွာရှိ ချည်မျင်နှင့် အထည်စက်ရုံများသို့ စက်ရုံမှူးများ၏
ညွှန်ကြားချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက ပြောင်း
ရွှေ့ရခြင်းဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းထံမှ သိရသည်။
''ပခုက္ကူမှာ
စက်ရုံနှစ်ရုံ ရှိတယ်။ အထည်ချုပ်က ချောက်ကန်ကျေးရွာမှာ ရှိတယ်။ ချည်မျင်က
ရွှေတန့်တစ်မှာရှိတယ်။ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေထဲက စက်ရုံအပြင်မှာနေတဲ့
အလုပ်သမားတွေကို ပုံစံ (၁၀)နဲ့ မဲ စာရင်းပြောင်းယူတယ်။ စက်ရုံထဲကို ပုံစံ
၁၀ ရောက်ပေမယ့် ဟိုမှာ နေစရာထိုင်စရာ မရှိဘူး။ မဲပေးဖို့
သီးသန့်အနေနဲ့ပုံစံ(၁၀)ပြောင်းတာ။ စက်ရုံထဲမှာလည်း မဲရုံရှိတဲ့အတွက်
အဲဒီမှာပဲ မဲပေးခိုင်းတော့မှာပေါ့။ စက်ရုံ နှစ်ရုံပေါင်း အလုပ်သမား ၂၃၀၀
ကျော် လောက်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ရှိတယ်လို့ အလုပ်
သမားတွေဆီကနေ ကျွန်တော်ကြားရပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုက ပြောပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ရွေးကောက်ပွဲဥပဒေအရ ပြောင်းရွှေ့သူများမှာ ရက်ပေါင်း ၁၈၀
မကျော်သေးသူများဖြစ်ခြင်းကြောင့် မဲပေးပိုင်ခွင့် မရှိကြောင်း ကန့်ကွက်စာ
တင်သွင်းထားသည်ဟု သိရသည်။
''၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတုန်းကတော့
စက်ရုံမှူးတွေရှေ့မှာ အမှန်ခြစ်ခြစ်ရတယ်။ အခုတော့ ဘယ်လို လာဦးမလဲမသိဘူး။
လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိရင်တော့ ကိုယ်ကြိုက်တဲ့ပါတီကိုပဲ
မဲပေးမှာပါ''ဟု အလုပ်သမားတစ်ဦးက ပြောပါသည်။ ပခုက္ကူမြို့နယ်တွင်
မဲပေးခွင့်ရှိ သူဦးရေ တစ်သိန်း ကိုးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၃၂၄
ရုံရှိကြောင်း သိရှိရပါသည်။
EMG
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများကြောင့် မတ်လ ၂၇ ၊ ၂၈
ရက်များတွင် သွားရောက်မည့် မကွေး ခရီးစဉ်အား ဖျက်သိမ်းကြောင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ်က
ကြေညာချက်ထုတ်ပြန်တယ်။
မြန်မာနိုင်ငံ ဒေသ
အနှံ့အပြားသို့ မဲဆွယ်စည်းရုံးရေး ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်
သည် ယမန်နေ့
မြိတ်ကျွန်းစု စည်းရုံးရေး ခရီးစဉ်၌ သွေးပေါင်များ ကျဆင်းခြင်း ၊
အပူရှိန်ဒါဏ်
ခံစားရခြင်းနှင့် မရက်မနား ခရီးသွားမှုကြောင့်
ပင်ပန်းနွမ်းနယ်မှုများ ဆက်တိုက် ကြုံတွေ့နေရ
သဖြင့် မိသားစု ဆရာဝန်
ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူရန် အကြံပေးသဖြင့်
ယခုကဲ့သို့ မကွေး
ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး ၊ မကွေး၊ နက်မောက်၊ တောင်တွင်းကြီး အစရှိသော
ဒေသများမှ ပြည်သူလူထုကို တောင်းပန်ထားကြောင်း ယင်းကြေညာချက်တွင်
ဖော်ပြထားပါတယ်။
 |
| အာဏာပိုင်များသတ်မှတ်ပေးသည့် သွားလာရခက်ခဲ့သည့် သာသနာပိုင်နယ်မြေ ဘုန်းကြီးကျောင်းဘေးမှကွင်း |
မကွေးတိုင်း အာဏာပိုင်အဖွဲ့စည်းမှလည်း ပြည်သူလူထုသွားလို့မလွယ်ကူအောင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာရှိ ဟောပြောပွဲပြုလုပ်မည့် ကွင်းကိုချပေးခဲ့ပါတယ်။
 |
| ဒေါ်အောင်ဆန်းစုကြည် နှင့် လူထုတွေ့ ဆုံဖို့ အသုံးပြုခွင့်ပေးတဲ့ ဦးမြင့် ပိုင်ယာမြေ |
အဆိုပါ ကွင်းအခက်အခဲကို ဒဟတ်ကန်ကျေးရွာနေ ဦးမြင့်မှနေပြီး သူပိုင်ဆိုင်သောယာမြေ
8.75ဧကကွင်းကို ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံဖို့ ခွင့်ပြုလိုက်ပါတယ်။
အသုံးပြုခွင့်ပေးလိုက်တဲ့ မြေနေရာမှာ မကွေးမြို့သို့ ရေနံချောင်းဘက်မှအ၀င်
မိုင်တိုင်အမှတ် ၃၃၅/၂ အနီး ကားလမ်းမဘေးနေရာတွင်ကျင်းပမည်ဖြစ်ပါသည်။
Myanmar News Now