နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည်

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully
နယူးဒေလီ (မဇ္ဈိမ) ။       ။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။

Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင်
နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။

ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။

နေပြည်တော်အစိုးရ မျက်ခုံးလှုပ်သွားတဲ့သိန်းနှင့်ချီတဲ့ နေပြည်တော် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)

မတ်လ ၅ ရက်၊ ၂၀၁၂
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးမြို့မှ စည်းရုံးရေး ခရီးစဉ်ထွက်ခွာပြီးနောက် တံတားဦးအနီး ကျေးရွာတရွာ၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိတို့တွင် လူထုဟောပြောပြီးနောက် စည်းရုံးရေးခရီးစဉ် ရပ်နားလိုက်ပြီဖြစ်သည်။ 
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဟောပြောပွဲ လူအင်းအားတစ်သိန်းခန့် တက်ရောက်

နေပြည်တော် ဇမ္ဇူသီရိ

ပရိသတ်ပါ....
ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိမြို့နယ် ဇီးကုန်းကျေးရွာမှာဟောပြောနေစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ဇမ္ဗူသီရိမြို့နယ်သို့ ဇီးကုန်းကျေးရွာ လူထုဟောပြောပွဲမှာ ပြည်သူလူထု တစ်သိန်းခန့် တက်ရောက်နားထောင်ခဲ့ ကြောင်း D-Wave သတင်းထောက်က သတင်းပေးပို့ ထား ပါတယ်။
နေပြည်တော်ဝန်ထမ်းများလည်း ဟောပြောပွဲကိုတက်ခဲ့ကြောင်းသိရပါတယ်။
သတင်း-ဓါတ်ပုံ  D-Wave

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟောပြောပွဲ လူတသိန်းခန့် တက်ရောက်

ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနား ကျေးရွာတွင် မဲဆွယ်စည်းရုံးရေး  ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို  တွေ့ရစဉ်။

ယင်းမဲဆွယ် ဟောပြောပွဲသို့ ဒေသခံ လူတစ်သိန်းခန့်တက်ရောက်ခဲ့သည်။   ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမှ ဇေယျာသီရိမြို့နယ်  ဂုံးမင်းအင်း ကျေးရွာ သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်က ဟောပြောချက် (အသံဖိုင်)

 ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်က ဟောပြောချက်။ (၀၅-၀၃-၂၀၁၂၊ ညနေ ၅ နာရီ) ဒီဗွီဘီ
အသံဖိုင်နားဆင်ရန် The Voice Weekly နေပြည်တော်သို့ နိုင်ငံရေးစည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၅ ရက်နေ့ (ယနေ့) ညနေ ၅ နာရီက ဒဏ္ခိသီရိမြို့နယ် ရွာမကျေးရွာအုပ်စု လမ်းပျဉ်းမနား ကျေးရွာအနီး လယ်ကွင်းပြင်တွင် ပြုလုပ်ခဲ့သော လူထုဟောပြောပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှု ကောက်နုတ်ချက် ဒေါ်အောင်ဆန်းစုကြည်သည် လမ်းပျဉ်းမနား ကျေးရွာအနီး လူထု ဟောပြောပွဲ ပြီးဆုံးပြီးနောက် ဇမ္ဗူသီရိမြို့နယ်သို့ ဇီးကုန်းကျေးရွာသို့ ဆက်လက် ထွက်ခွာလျက် ရှိသည်။ အသံဖိုင်နားဆင်ရန်

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။

နွားထိုးကြီးမြို့ မှကြိုဆိုသူများကိုတွေ့ ရစဉ် (ဓါတ်ပုံ-7Day)
 မတ်လ ၅ရက်၊ မွန်းလွဲ ၅နာရီ ၂၀ မိနစ် ။ YPI
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနားရွာမကွင်း တွင် မိန့်ခွန်းပြောကြားနေပြီဖြစ်သည်
 "ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရသလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ" ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။
"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ" ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် တွင်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။
 

နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှလူထု - ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနှင့်ချီစောင့်မျှော်နေ

ဒေါ်စု နေပြည်တော်သို့ ယာဉ်တန်းဖြင့် ၀င်လာပီ။ ယာဉ်တန်းသည် မီးလုံးများဖွင့်ကာ အရှိန်ပြင်းစွာ မောင်းနှင်လာကြသည်။ အလံများကိုထောင်ထားကြသည်။ ““ပြည်သူကိုမလှိမ့်တပတ်လုပ်တဲ့အစိုးရ... ၂၀၁၀ ရွေးကောက်ပွဲမှာလည်း... အနိုင်ယူတာ လုံးဝမတရားတဲ့အပြင်... ဒီမိုကရေစီ အတုအယောင်ပါလေ... ”” ဆိုတဲ့ သီချင်းကို အကျယ်ကြီး ဖွင့်ကာ နေပြည်တော်သို့ ၀င်လာကြပြီ။ ဓာတ်ပုံ-ဥက္ကာကိုကို
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် ယခု လေးနာရီ ငါးမိနစ်တွင် နေပြည်တော်သို့ ၀င်ရောက်လာပြီဖြစ်သည်။ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်သို့ ၀င်ရောက်၍ ခေတ္တနားလျှက်ရှိသည်။

ဓာတ်ပုံ- ဥက္ကာကိုကို
နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှ ကွင်းအတွင်းတွင် ဒေါ်အောင်ဆန်းးစုကြည်ကို စောင့်မျှော်နေသူများမှာ သောင်းနှင့်ချီ ရောက် ရှိစုဝေးကာ ဒေါ်အောင်ဆန်းစုကြည်အလာကို စောင့်မျှော်လျှက်ရှိကြောင်း ကွင်းအတွင်းရောက်ရှိနေသော 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
နေပြည်တော်မရောက်မီ လမ်းပိုင်းတစ်နေရာတွင် ကြိုဆိုနေကြသူများ။
 7Day

နွားထိုးကြီးက အမေစု ကို သောင်းနှင့်ချီကြိုဆို (ဓါတ်ပုံ)

ဓါတ်ပုံ(Facebook)
မတ်လ ၅ ရက်နေ့ ၂၀၁၂
မန္တလေးတိုင်း နွားထိုးကြီးမြို့ က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတွေရော ကျောင်းသား တွေပါ သောင်းနှင့်ချီကြိုဆိုခဲ့ကြကြောင်းသိရပါတယ်။
အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၅.၃.၁၂ နံနက်၁၀နာရီခန်.တွင် နွားထိုးကြီးမြို.သို.ရောက်ပြီးဟောပြောပွဲကျင်းပခဲ.သည်
ဓါတ်ပုံ 7Day  ဓာတ်ပုံ- ဥက္ကာကိုကို နှင့် DVB (Photos: WinNaingPhone@iCJ) (Photo: Thant Lwin Htay@iCJ )


တယ်လီဖုန်းဈေးတွေချပေးမဲ့အကြောင်း ဆက်သွယ်ရေးမှတရားဝင်ထုတ်ပြန်

True News ဂျာနယ်

နေပြည်တော်မှာနေပူပူထဲစောင့်ကြိုနေသူများ (ဓါတ်ပုံ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
ဇမ္ဗူသီရိ မြို့နယ် ဂုံမင်းအင်းကျေးရွာ လူထုဟောပြောပွဲပြုလုပ်မှာဖြစ်ပြီး
ယနေ့ ည နေပြည်တော်မှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။




နေပြည်တော်မှာနေပူပူထဲစောင့်ကြိုနေသူများကိုတွေ့ ရစဉ်
ဓါတ်ပုံ-D-Wave

ဒေါ်အောင်ဆန်းစုကြည် ကို သောင်းနှင့်ချီကြိုဆိုခဲ့ကြတဲ့ မိထ္ထီလာဟောပြောပွဲ ဓါတ်ပုံများ



 ဓါတ်ပုံ- D-Wave
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို သောင်းနှင့်ချီတဲ့ မိထ္ထီလာပြည်သူလူထုတွေ နေပူရှိန်ပြင်းပြင်းအောက်မှာဇွဲကောင်းကောင်းနှင့်စောင့်ကြို အားပေးခဲ့ကြောင်းသိရပါတယ်။
Myanmar News Now

ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်

ဒေါ်အောင်ဆန်းစုကြည် တံတားဦးမှာ အမှာစကားပြောကြားနေစဉ် (ဓါတ်ပုံ-Eleven)
လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်ပြီ။ ဒီနှစ်ပေါင်း ၆၀ အတွင်းမှာ ကျွန်မတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံ အဆင့်ကနေ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်။ အဲဒီလိုရောက်သွားခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်မှုစနစ်မမှန်လို့ လို့ပဲပြောရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူတွေဟာ ဒီပြည်သူတွေပဲ။ နိုင်ငံကလည်း မပြောင်းသွားဘူး။ ပြည်သူတွေလည်း မပြောင်းသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ တိုတိုပြောရမယ်ဆိုရင် ဒီမိုကရေစီအုပ်ချုပ်မှုစနစ်က ချုပ်ငြိမ်းသွားတယ်။ ဒီမိုကရေစီအစား အာဏာရှင်စနစ်တက်လာတယ်။ အဲ့ဒီအာဏာရှင်စနစ်ရဲ့အောက်မှာ ကျွန်မတို့နိုင်ငံဟာချွတ်ခြုံကျတော့တာပဲ။ အရင်တုန်းက ကျွန်မတို့ကို လုံးဝမမှီနိုင်တဲ့နိုင်ငံတွေက၊ ကျွန်မတို့ကို စံနမူနာအဖြစ်ထားရတဲ့နိုင်ငံတွေက ရှေ့တန်းရောက်သွားတယ်။ အခု စင်္ကာပူဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံလို့မြင်ကြ တယ်။ မြန်မာလူမျိုးတော်တော်များများဟာ ပညာတတ်လို့ရှိရင် စင်္ကာပူသွားပြီး အလုပ်လုပ်ချင်ကြတယ်။ တော်ရုံတန်ရုံပညာတတ်ရုံနဲ့လည်း ဟိုကလက်မခံဘူး။ စင်္ကာပူဆိုတာ ကျွန်မတို့နောက်မှ လွတ်လပ်ရေးရတာ။ သူတို့လွတ်လပ်ရေးရစဉ်က ၀န်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုက အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ကြုံးဝါးသံနဲ့တက်လာတာ။ အခု ကျွန်မတို့အနေနဲ့ အနှစ် ၂၀ အတွင်း စင်္ကာပူကို မီစေရမယ်ဆိုတဲ့ ကတိတောင် ပေးရဲရဲ့လားစဉ်းစားနေရတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားရမှာပဲ။ ဒီလိုအောင်မြင်မှုတွေရဖို့ဆိုတာလူတွေ ညီညွတ်ဖို့လိုတယ်။ လူတွေစဉ်းစဉ်းစားစားလုပ်ဖို့လိုတယ်။ တဒင်္ဂအတွက်ပဲ စဉ်းစားလို့မရဘူး။ အတိတ်ကနေပြီတော့ ရုန်းထွက်ဖို့လိုတယ်။ ပစ္စုပ္ပန်ကနေ အနာဂါတ်ကို မျက်နှာမူပြီးတော့ လိုချင်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့ ကြိုးစားရမယ်။ ဒီနေရာမှာ ပြည်သူတိုင်းပြည်သူတိုင်း တာဝန်ရှိတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်မှုကြောင့် အဓိကအားဖြင့် ပြောရမယ်ဆိုရင် သဘာဝဓာတ်ငွေ့တွေ ထွက်တယ်။ ရေနံထွက်တယ်။ အဲဒီက၀င်တဲ့ဝင်ငွေအများကြီးဟာ ပြည်သူတွေကောင်းကျိုးအတွက် မသုံးဘဲ တခြားကိစ္စတွေအတွက် သုံးလိုက်လို့ ကျွန်မတို့နိုင်ငံဆင်းရဲနေတာလို့ ပြောရလိမ့်မယ်။ ဒီတော့ လွှတ်တော်အတွင်းမှာ ဘာလုပ်နိုင်လဲဆိုတာပြောရရင် ဒီလိုကိစ္စတွေကို မေးခွန်းထုတ်နိုင်တယ်။ ဒီသဘာဝဓာတ်ငွေ့တွေက၊ သဘာဝသယံဇာတပစ္စည်းတွေက ဘာတွေ ဘယ်လောက် ၀င်ငွေရှိသလဲ။ ဒီဝင်ငွေတွေကို ဘာအတွက် သုံးခဲ့သလဲ။ ဒီလိုသုံးခြင်းအားဖြင့် ပြည်သူတွေကို ဘယ်လိုအကျိုးပြုသလဲ။ ဒီလိုမေး ခွန်းတွေ မေးပိုင်ခွင့်ရှိတယ်။ အစိုးရဆိုတာလည်း ဖြေရမယ်။ အစိုးရအနေနဲ့ ဒါကို ကျေနပ်လောက်အောင် မဖြေနိုင်ဘူးဆိုရင် ပြည်သူလူထုကသိပြီပေါ့။ ဒီအစိုးရအနေနဲ့ ကိုယ့်ရဲ့အကျိုးစီးပွားကိုဆောင်နိုင်မယ့် အစိုးရ ဟုတ်မဟုတ်ဆိုတာ သိပြီပေါ့။ ဒါကြောင့် အဲဒီလိုနည်းတွေနဲ့ ပြည်သူလူထုဟာ အစိုးရကို ထိန်းချုပ်ထားတယ်။ အစိုးရအနေနဲ့ မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ပြည်သူ့ရဲ့အကျိုးအတွက်ဘယ်လောက်လုပ်နိုင်သလဲဆိုတာပေါ်လာလိမ့်မယ်။ နည်းနည်းလေးပဲလုပ်နိုင်တယ်ဆိုရင်တော့ နောင်ရွေးကောက်ပွဲမှာ ဒီအစိုးရနဲ့ပတ်သက် တဲ့အဖွဲ့အစည်းတွေကို မဲထပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲလို မဲထပ်ပေးမယ်ဆိုရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ ရောက်ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါလျက်နဲ့ သဘာဝသယံဇာတပစ္စည်းကျိန်စာသင့်နေတယ် ပြောရမှာပဲ။ ဘာလို့ကျိန်စာသင့်နေလဲလို့ပြောရလဲဆိုတော့ ပညာရှင်တွေက သုံးသပ်တယ်။ ကိုယ်မရှာဘဲရတဲ့ဝင်ငွေကို အားကိုးတဲ့အစိုးရဟာ ပြည်သူတွေကို ဂရုမစိုက်ဘူးတဲ့။ အခုစင်္ကာပူနိုင်ငံဟာ ကျွန်းနိုင်ငံသေးသေးလေးပဲ။ ဘာသယံဇာတပစ္စည်းမှလည်းမရှိဘူး။ ကံကောင်းတာက စင်္ကာပူမှာ ပထမဦးဆုံး တက်လာတဲ့ခေါင်းဆောင်တွေဟာ ပညာရှိတွေဖြစ်တယ်။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ရှိတဲ့ပြည်သူက သယံဇာတပဲဆိုတာ သူတို့သိတယ်။ ဒီတော့ ပြည်သူတွေကို အလေးထားရမယ်။ ပြည်သူတွေရဲ့အရည်အချင်းတွေ တက်လာအောင်လုပ်ရမယ်။ ပြည်သူတွေကိုအားကိုးမှ သူတို့နိုင်ငံတိုးတက်လာမယ်ဆိုတာ နိုင်ငံခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒီဟာကိုအလေးထားပြီး လုပ်သွားတာ။ ပြည်သူတွေရဲ့စွမ်းအား၊ ပြည်သူတွေရဲ့အင်အားကို အခြေခံပြီးလုပ်သွားတဲ့အတွက် တိုးတက်သွားတာဖြစ်ပါတယ်။ သယံဇာတကြွယ်ဝတဲ့ ကျွန်မတို့နိုင်ငံမှာတော့ ပြည်သူတွေကို အားကိုးဖို့မလိုဘူးလေ။ သဘာဝဓာတ်ငွေ့ကို အားကိုးနေတာကိုး။ ဒီတော့ပြည်သူတွေက တန်ဖိုးကျသွားတာပေါ့။ သဘာဝဓာတ်ငွေ့တို့ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာကုန်သွားမှာပါ။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
Eleven

ပြန်အပ်မယ့် ၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲမယ်

၁၅ သိန်းဖြင့်ငှားရမ်းထားသော GSM ဖုန်းများအားမြန်မာ့ဆက်သွယ်ရေးသို့ပြန်လည်အပ်နှံရန်စီစဉ် ၊ ပြန်လည်လက်ခံခြင်းမရှိပါက တရားစွဲသွားမည်ဟု စီစဉ်သူများပြောဆို။


ဆက်သွယ်ရေးရဲ့ ၁၅သိန်းတန်ဖုန်းများကိုငှားရမ်းစာချုပ်ပါ
ဒါကတော့ ဆက်သွယ်ရေးကတယ်လီဖုန်းခတွေ ဈေးလျော့မည့်အကြောင်းကြေညာချက်

 

နေပြည်တော်မှာဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်ထားပုံ


ဇမ္ဗူသီရိ မြို့နယ် ဂုံမင်းအင်းကျေးရွာရှိ ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည့်စင်
ကိုယနေ့ မတ်လ ၅ရက် မွန်းလွဲ ၁း၃၀ နာရီ အချိန်တွင်တွေ့ ရစဉ်....
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ လာရောက်မည့်  ခရီးစဉ်အား ကြိုဆိုရန် ပြင်ဆင်နေကြစဉ်
ဓါတ်ပုံ - ပေါ်ပြူလာဂျာနယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့NLD ရုံးဖွင့်ပွဲ







စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့NLD ရုံးဖွင့်ပွဲ

   


  မတ်လ ၅ ရက်နေ့  ၂၀၁၂ မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့ နယ် အမျိုးသားဒီမိုကရေးစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဟုမ္မလင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးကိုကိုလေး အိမ်မှာ ရုံးဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူများ တစ်ထောင်ကျော်တက်ရောက်ခဲ့တယ်လို့

သိရပါတယ်။

Myanmar News Now

ဒေါ်အောင်ဆန်းစုကြည် မိထ္ထီလာ ဟောပြောပွဲအောင်မြင်စွာပြီးဆုံး

ယနေ့ နံနက် တံတားဦးမှာ မိန့် ခွန်းပြောကြားခဲ့စဉ် (ဓါတ်ပုံ-D-Wave)
မတ်လ ၅ ရက်နေ့ ၂၀၁၂
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် မိထ္ထီလာမြို့  ကိုရောက်ရှိနေပြီး လူထုဟောပြောပွဲမှာ မိန့် ခွန်းပြောကြားပြီးဖြစ်ကြောင်းသိရသည်။ 
အခုအခါ နေပြည်တော်ကို ဆက်လက်ထွက်ခွါဖို့ ပြင်ဆင်နေပါသည်။  
 Myanmar News Now 
 ဒေါ်အောင်ဆန်းစုကြည်ဟောပြောသည့်နေရာ အတိအကျ မသိသဖြင့် မိထ္ထီလာဒေသခံ တော်တော်များများ ဟောပြောပွဲပြီးမှရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲကို ယခင်ခရိုင်ဘောလုံးကွင်းတွင် ကျင်းပမည်ဟု ကြေငြာထားခဲ့သော်လည်း ယခုဟောပြောပွဲကို အောင်မင်္ဂလာခမ်းမတွင်ပြောင်းလဲ ကျင်းပသည်ကို မသိကြ၍ နေရာ လိုက်ရှာရသောကြောင့် နောက်ကျကြရကြောင်း YPI သတင်းထောက်မှ ပေးပို့သည်။

မဲပေးဖို့စာရင်း ပါမပါ အမြန်ဆုံးကြည့်ပါ မတ်လ ၇ ရက်နေ့  ညနေ (၅ )နာရီ နောက်ဆုံး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေး သွားစဉ်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ရပ်ကွက်ရုံး နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့တွေ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မိမိ ရပ်ကွက်အပိုင်ရှိ ကော်မရှင်အဖွဲ့ခွဲရုံး
တွင် မိမိ ၏အမည်ပါမပါ ကို မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့ နောက်ဆုံးထားပြီး လာရာက်
စိစစ်ရန်နှင့် မိမိအမည်မပါ က ပုံစံ ဖြည့်သွင်းရမည့်အကြောင်း တစ်လမ်းဝင် တစ်လမ်းထွက်
 ညဖက်အော်လံဖြင့် လိုက်အော်တာ ၂ရက်ရှိပြီ ကြောင်းသိရပါသည်။ 

မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ တွေ မှာ  လိုက်အော်ခဲ့တာဖြစ်ပြီ မတ်လ (၇)ရက်နေ့၊ညနေ(၅)
နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကော်
မရှင်အဖွဲ့ ဝင်တွေကဆိုပါသည်။

အခုကိစ္စနှင့်ပါတ်သတ်၍ အမျိုးသားဒီမိုရေးစီအဖွဲ့ ချုပ်ဝင်ကိုသိန်းဝင်း က
  အဖွဲ့ချုပ်ကို မဲပေးမည့်သူများ မိမိတာဝန် ကျေဖို့လိုပါသည် ၊ မဟုတ်ရင် ဒိုင်စားသွား မှာစိတ်ပူရကြောင်းပါ ။ ဒါတွေကိုသတိထားမိပါတယ်။
 (၁)ကြေငြာသည့် အချိန်နီးကပ်လွန်းခြင်း(ကပ်ဖြုတ်သည့်ပုံစံဖြစ်နေခြင်း)
(၂)နွေကျောင်းပိတ်ရက် ခရီးထွက်သူများ ၊ မြို့တက်အလုပ်လုပ်နေသူများ စာရင်းမပါလျှင် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံး ခြင်း
(၃)ကြေငြာသည့်ပုံစံ မဟုတ်ခြင်း(အရေးကြီးပါလျက် သတင်းစာ၊တီဗီ၊ရေဒီယို FM တို့မှလုံလောက်သောအချိန်ပေးပြီး ထပ်ခါတလဲလဲ ထုတ်လွင့် နိုးဆော်ခြင်းမရှိ)
(၄) စာရင်းမပါသဖြင့် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံးသူ အရေအတွက်များနိုင်ခြင်း (၄င်းအရေအတွက် နေရာများအတွက် အစားထိုး/ကြိုတင် များ ၂၀၁၀ ကဲ့သို့ဖြစ်လာနိုင်ခြင်း)
ရှိကြောင်း Myanmar News Now ကို သတင်းပေးပို့ လာသူထံပြောဆိုထားပါသည်။

Myanmar News Now

စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ (ဓါတ်ပုံ)

စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ 

ဓါတ်ပုံ - သားစု (စစ်ကိုင်း) Myanmar News Now

ဒေါ်အောင်ဆန်းစုကြည် နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာ

တံတားဦးမှာမိန့် ခွန်းပြောကြားခဲ့စဉ် (ဓါတ်ပုံ-Eleven)
မတ်၊၅၊၂၀၁၂ (YPI) ။ (မနက် ၁၀:၂၅) ။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ယခု နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။

နေပြည်တော်ခရီးအစ တံတားဦးလူထုဟောပြောပွဲဓါတ်ပုံများ

တံတားဦးမြို့အ၀င် ဈေးမြောက်ဖက် တာဘောင်ဘေး လယ်ကွင်းထဲ တွင် ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့(၅.၃.၂၀၁၂) နံနက်တွင် တွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို
 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တံတားဦးနှင့် ပလိပ်မြို့ နယ်များမှ ပြည်သူလူထုကို
 တံတားဦးမြို့ အ၀င် ဈေးမြောက်ဖက် တာဘောင်ဘေး လယ်ကွင်းထဲတွင် ယနေ့  ( ၅.၃.၂၀၁၂)
နံနက်တွင်းဟောပြောခဲ့ပြီး နွားထိုးကြီးမြို့ နယ်သို့ ဆက်လက်ထွက်ခွါသွားပြီးဖြစ်ကြောင်းသိရသည်။

ထပ်မံရရှိတဲ့ သတင်းအရ ယခု နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။



ဓါတ်ပုံ - D-Wave , Eleven , 7Day

ဦးသုဝေ မင်္ဂလာတောင်ညွန့်မြို့နယ် စည်းရုံးရေးခရီးဆင်း

(၄.၃.၂၀၁၂)နေ့ က
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ မင်္ဂလာတောင်ညွန့်မြို့နယ် စည်းရုံးရေးခရီးဆင်းခဲ့ကြောင်းသိရပါတယ်။
ဦးသုဝေနှင့်အတူ အထွေထွေအတွင်းရေးမှုး ဒေါ်ချိုချိုကျော်ငြိမ်းလိုက်ပါ
စည်းရုံးရေးဆင်းခဲ့ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တံတားဦးလူထုဟောပြောပွဲ

5-3-2012 ရက်နေ့ Myanmar News Now
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း တံတားဦးလူထုဟောပြောပွဲ ကို ယနေ့ နံနက် ၆း၅၀တွင်စတင်ကာ ၇း၄၅ တွင်ပြီးဆုံးသည်။
ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 
လမ်းခရီးတွင် နွားထိုးကြီး၊ မိထ္ထီလာစသည့်မြို့ကြီးများတွင် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ရာ
 နေပြည်တော်သို့  ညနေပိုင်း တွင်ရောက်ရှိမည်ဟု သိရသည်။

ယနေ့ နံနက် တံတားဦးလူထုဟောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ ရစဉ် (ဓါတ်ပုံ-D-Wave)

နံနက်အစောကြီး တံတားဦးလူထုဟောပြောပွဲတက်ရောက်တဲ့ ပရိတ်သတ်ပါ။

နံနက်အစောကြီး တံတားဦးလူထုဟောပြောပွဲတက်ရောက်တဲ့ ပရိတ်သတ်ပါ။
သတင်း-ဓါတ်ပုံ D-Wave

ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း အစအဆုံး (ရုပ်/သံ)

နိုင်ငံကျော်စစ်ကိုင်းတံတားကြီး လှုပ်ခါသွားတဲ့ခဏတာ
ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း အစအဆုံး (ရုပ်/သံ)ဖြစ်ပါတယ်။ ဒီဗွီဘီမှတင်ဆက်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် မဟာဂန္ဓာရုံကျောင်းသို့ သွားရောက်စဉ် (ရုပ်/သံ)

မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မဟာဂန္ဓာရုံကျောင်းသို့ သွားရောက်စဉ်။ ရုပ်/သံ  (မဇ္ဈိမ) မှတင်ဆက်ထားတာပါ။


ခွပ်ဒေါင်းလာပြီ (ရုပ်/သံ)

 ခွပ်ဒေါင်းလာပြီ (ရုပ်/သံ)

လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များကို စည်းရုံးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


စစ်ကိုင်း၊ မတ် ၎
ပြည်သူများအတွက် အကျိုးမရှိသော ဥပဒေများ ပယ်ဖျက်ခြင်းနှင့် ပြဋ္ဌာန်းခြင်းများ လွှတ်တော်အတွင်း ဆောင်ရွက်ရာတွင် ၇၅ ရာခိုင်နှုန်း ကျော်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ပြည်သူအကျိုးကို လိုလားသော တပ်မတော် ကိုယ်စားလှယ်များကိုပါ စည်းရုံးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းမြို့ လူထုဟောပြောပွဲတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လွှတ်တော်အတွင်း လူနည်းစုသာ ဖြစ်မည် ဖြစ်သဖြင့် ထိုသို့ စည်းရုံးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး တို့အတွက် ရွေးကောက်ပွဲ ဝင်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။
တပ်မတော် အစိုးရက ၂၀၀၈ ခုနှစ်တွင် အငြင်းပွားဖွယ်ရာ လူထုဆန္ဒ ခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့် အထက် သဘောတူညီမှု ရရှိရန် လိုအပ်သည်။
တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ရန် ခွင့်ပြုထားသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူ အချို့က ထုတ်ဖော် ပြောဆိုကြသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အရွေးချယ်ခံမည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ဦးစွာ ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောဆိုသည်။
” ရောက်ရောက်ချင်းတော့ လုပ်ဖို့ မလွယ်သေးဘူး။ အပြန်အလှန် ယုံကြည်မှုတွေ ရှိလာအောင် ဥပမာ အများပြည်သူနဲ့ ဆိုင်တဲ့ ဥပဒေပြုရေး ကိစ္စရပ်တွေကို ပူးပေါင်း ဆောင်ရွက်ရင်းနဲ့ ယုံကြည်မှု တည်ဆောက်ရမယ်။ အချိန်တစ်ခုတော့ ပေးရမယ်။ ပြင်ချင်တဲ့ ဥပဒေတွေက တကယ် ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ တစ်ဦးချင်းစီရဲ့ ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရရှိဖို့က ပိုအရေးကြီးတယ် ” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
တိုင်းရင်းသားများ အနေနှင့် ပြည်ထောင်စုမှ မခွဲထွက်ဘဲ စီးပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများတွင် ပူးပေါင်း ဆောင်ရွက်၍ နိုင်ငံရေးပါတီများ ထူထောင်ကာ လွှတ်တော်အတွင်း ရောက်ရှိပါက အခြေခံဥပဒေ ပြင်ဆင်ရန် သမ္မတကြီး ဦးသိန်းစိန်က မတ် ၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
တပ်မတော် တပ်ရင်း တပ်ဖွဲ့များ တည်ရှိရာ အောင်ပန်းနှင့် ကလောမြို့များသို့ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်သားများ အကူအညီ ပေးရန် ပြောဆိုခဲ့သည်။
ယခုအချိန်တွင် လုပ်ဆောင်ရမည့် အလုပ်တစ်ခု မလုပ်ခဲ့လျှင် နောင်တွင် အခက်အခဲများနှင့် ကြုံတွေ့ နိုင်ကြောင်း၊ ထို့ကြောင့် အတိတ်က မလုပ်သင့်သည်များ မလုပ်ခဲ့သဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ် အပေါ် ချက်ချင်း ပြုပြင်ရမည်ဟု ၎င်းကဆိုသည်။
လုပ်သင့်သည့် အချိန်တွင် မလုပ်ဆောင်ခဲ့၍ ယခု ဒီမိုကရေစီ လမ်းကြောင်း ပေါ်လာချိန်တွင် အားလုံး အင်တိုက်အားတိုက် ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
စစ်ကိုင်းမြို့သို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ဝန်းသို၊ ကောလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ကသာ ဒေသများက ဒေသခံများက တစ်ရက် ကြိုတင် ရောက်ရှိ နေခဲ့သည်။
မန္တလေး မဲဆွယ်ခရီးစဉ် အတွင်း ဒေသခံ တေးသံရှင် လင်းလင်း လိုက်ပါကူညီ ဆောင်ရွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နံနက်ပိုင်းတွင် မစိုးရိမ် တိုက်သစ်တွင် ဝါဆိုဆရာတော်ကို သင်္ကန်းများနှင့် ဆွမ်းချိုင့် ကပ်လှူပြီးနောက် အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ထံ သွားရောက် ဖူးမြော်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့က ကျန်းမာရေး အခြေအနေကြောင့် ခေတ္တအနားယူ ခဲ့သော်လည်း ယနေ့တွင် စစ်ကိုင်းမြို့သို့ ဆက်လက် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တော် Mandalay Hill Resort ဟိုတယ်သို့ နေ့လည်ပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့ပြီး မတ် ၅ ရက်နေ့တွင် တံတားဦး၊ မိတ္ထီလာ၊ တောင်တွင်းကြီး၊ မြင်းခြံမြို့များသို့ သွားရောက်မည် ဖြစ်သည်။
The Voice Daily News Letter 

၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းထုတ်ပြန်မှု၌ ကိုမင်းကိုနိုင် ပြောကြားခဲ့သော စကား

ကျွန်တော်တို့အားလုံး အကျဉ်းထောင်အသီးသီးက ပြန်ထွက်လာပြီးတဲ့နောက်မှာ ရက်ပိုင်းအတွင်းမှာပဲ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ အခုထပ်ပြီးတော့ သတင်းထုတ်ပြန်မှု ထုတ်ရတာကတော့ ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ လှုပ်ရှားခဲ့သမျှ အထူးသဖြင့် နယ်ခရီးစဉ် တွေပေါ့။ အဲခရီးစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံရယ်၊ ကျွန်တော်တို့ ရည်ရွယ်ချက်တွေရယ်၊ ရလဒ်ရယ်ဆိုပြီးတော့ သုံးမျိုး ကျွန်တော်တို့ ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။


အရင်ဆုံး ရည်ရွယ်ချက်ကို ပြောပါမယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုပြီးတော့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ရဲ့ ခြေလှမ်းကို စတင်ဖို့ ကြိုးပမ်းပါတယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုတာ အမှောင်ခေတ်ကလို ပိန်းပိတ်နေတဲ့ အပိတ်ခံ လူ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ နယ်ပယ်အသီးသီးမှာ လွတ်လပ် ပွင့်လင်းပြီး ပြည်သူလူထုရဲ့ အခန်းကဏ္ဍဟာ ယခင်ထက် ပိုပြီးတော့ မြင့်မား လာတယ်။ အရေးပါ လာတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့က အခြေခံပါတယ်။ အဲဒီတော့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းလို့ ပြောကြတဲ့အခါမှာ နံပါတ်တစ်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြော ဆိုခြင်းတွေက စပါတယ်။ အဲဒီအတွက် အဲဒီရည်ရွယ်ချက်ကို စပြီးတော့ အကောင်အထည်ဖော်တဲ့ အနေနဲ့ ဟင်္သာတမြို့ ခရီးစဉ်မှာ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဟင်္သာတမြို့ခံလူထုနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုပြီးတော့ စပြီးတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ရလဒ်ကို ပြောပါဆိုရင် မြို့ခံလူထုရယ်၊ အဲဒီမှာ ရှိနေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရယ်၊ မျိုးဆက်အသစ်ဖြစ်တဲ့ လက်ရှိ ကျောင်းသားတွေရယ် အင်အားကောင်းစွာနဲ့ လာရောက်ပြီးတော့ ပူးပေါင်း တာကို တွေ့ရပါတယ်။ မြို့ခံလူထုထဲမှာ လက်ရှိ နိုင်ငံရေးပါတီတွေထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ အဲလိုပဲ အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ သူတွေလည်း ပါပါတယ်။ အားလုံးဟာ လူမှု ကွန်ယက်ကြီး တစ်ခုအနေနဲ့ ပူးပေါင်းမိကြတာပါ။  အဲတာက ဘယ်ခေါင်းစဉ်အောက်မှာလဲဆိုတော့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာရောက်ပြီးတော့ စုစည်းကြတာပါ။ ဟင်္သာတရဲ့ နောက်ဆုံးရလဒ်ကို ပြောပါဆိုရင် ပရိသတ် သောင်းဂဏန်း လောက်ပေါ့၊ အထဲမှာရော၊ အပြင်မှာရော၊ နောက်ထပ်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲတွေမှာရော ပေါင်းလိုက်ရင်ပေါ့၊ အဲလောက်နဲ့ ရခဲ့ပြီးတော့ အောင်အောင်မြင်မြင် ပြီးခဲ့ပါတယ်။


အဲဒီရဲ့ အကျိုးဆက်တွေအဖြစ် အဲဒီဒေသတစ်ဝိုက်မှာရှိတဲ့ ပြည်သူတွေ လှုပ်ရှားတက်ကြွသူတွေ အနာဂတ်လူ့အဖွဲ့အစည်းကို ပိုကောင်းအောင် ပြုပြင်ပြောင်းလဲချင်သူတွေဟာ ကျွန်တော်တို့နဲ့ ထပ်ပြီးတော့ ဆက်သွယ်ပြီးတော့  ရှေ့ဆက်ကြမယ့်ခရီးအတွက် လက်တွဲပြီးတော့ ကျွန်တော်တို့ တိုင်ပင်ပြီးပါပြီ။ အဲဒီကနေဆက်ပြီးတော့ အကျိုးဆက်ကို ပြောပါဆိုရင် နောက်ထပ် ထပ်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ခရီးစဉ်၊ မန္တလေးတိုင်းခရီးစဉ် စသည်ဖြင့် ကျွန်တော်တို့ သွားနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ ကျွန်တော်တို့ တက်လာတဲ့ ကဏ္ဍတစ်ခု၊ နောက်ထပ် ပေါင်းစည်းလာတဲ့ ကဏ္ဍကတော့ ငြိမ်းချမ်းရေး ကဏ္ဍပါ။


 ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တောင်ယာတွေ မီးရှို့ခံရပြီးတော့ မိတစ်ကွဲ ဖတစ်ကွဲပြေးနေရတဲ့ ကလေးတွေဆီ ဒုက္ခသည် စခန်းတွေအရောက် ကျွန်တော်တို့ သွားခဲ့ပါတယ်။ သူတို့ဘ၀တွေကို ကျွန်တော်တို့ကိုယ်တိုင် နှလုံးသားချင်း နီးစပ်အောင် ခံစားပြီးတော့ သူတို့ခံစားချက်တွေ၊ သူတို့မျှော်လင့်ချက်တွေကို ကျွန်တော်တို့ သယ်ဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကနေပြီးတော့ ပရိဟိတစိတ်ဓာတ်ရှိသူ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလိုက် ဖြစ်စေ၊ လက်ရှိအများအကျိုး ဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဆီက ကူငွေများကိုလည်း ကျွန်တော်တို့ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကြားကနေပြီးတော့ သယ်ဆောင်သွားနိုင်ခဲ့တဲ့ ငွေက သိန်း ၁၀၀ ကျော်ပါတယ်။ စာရင်းအရဆိုရင်တော့ သိန်း ၁၁၀ ရှိပါတယ်။ ကျန်တဲ့ လက်ဆောင်ပစ္စည်းတွေကတော့ သပ်သပ်ပါခင်ဗျ။


အဓိကကတော့ ကျွန်တော်တို့ ငွေကူခြင်းက အဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ ပြည်ထောင်စုဖွား သွေးချင်း တွေရဲ့ လက်တွေ့ဘ၀တွေ ဒုက္ခသုက္ခတွေကို အတူမျှဝေ ခံစားဖို့ သွားခဲ့ကြတာပါ။ ပြီးတော့မှ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်မှုတွေ ကို ကျွန်တော်တို့ နားထောင်နိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ ဘာထပ်ပြီးတော့ ပေါင်းမိသွားပြီ လဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ နောက်နောင်ကို ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအတွက် နောက်နောင်ကို ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ငြိမ်းချမ်းသော ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်အောင် ကျွန်တော်တို့ ခြေလှမ်းတွေကို ဆက်ကြဦးမှာ ဖြစ်ပါတယ်။


ကျွန်တော်တို့ အခြေခံဖြစ်တဲ့ ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အားလုံးပေါင်းလိုက်ရင် ငြိမ်းချမ်းရေး၊ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ရေး၊ ဒီနှစ်ခုကို ပေါင်းစည်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီတော့ အဓိက ကတော့ မန္တလေး ခရီးစဉ်မှာ ကျွန်တော်တို့ ရရှိခဲ့တာက သာမန် မန္တလေးမြို့ခံတွေရဲ့ ကြိုဆိုခြင်းမျှ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေး၊ ဒီမိုကရေစီရေးကို လှုပ်ရှားနေခဲ့ကြတဲ့ မျိုးဆက် ဟောင်း၊ မျိုးဆက်သစ်တွေအားလုံး ပြန်လည်နိုးကြားလာပြီးတော့ ကျွန်တော်တို့နဲ့ လက်တွဲလာတာကို တန်ဖိုးရှိရှိ ကျွန်တော်တို့ ရလိုက်ပါတယ်။ မန္တလေးဆိုတာက စံအဖြစ် ကျွန်တော်တို့ ပြောတာပါ။ တခြားမြို့တွေမှာလည်း အလားတူပါပဲ။ ကာလအတန်ကြာ တိမ်မြုပ်သလို ဖုံးကွယ်သလို ဖြစ်နေရတဲ့ မျိုးဆက်ဟောင်းတွေရဲ့ နိုးကြွးတက်ကြွမှုနဲ့အတူ အားမာန်အသစ်တွေ ကျွန်တော်တို့ ပြန်ရတယ်။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကျွန်တော်တို့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ ပညာရေးဆိုင်ရာ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျန်းမာရေးတွေ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။  နောက်တစ်ခါ သွေးလှူရှင်တို့လိုပေါ့။ အလှူဒါန ပြုနေသူတွေ ရှိတယ်။ နောက်တစ်ခါ စာကြည့်အသင်းတွေ ရှိတယ်။ အဲတာတွေအားလုံးကို ပေါင်းစည်းလိုက်တဲ့ အခါမှာ လူ့အဖွဲ့အစည်း တစ်ခုဖြစ်သွားတယ်။ ဒါဟာ အရပ်ဘက် လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး လှုပ်ရှားနေကြတဲ့ လွှတ်တော်တွင်း နိုင်ငံရေးရယ်၊ ပြင်ပဖြစ်တဲ့ လွှတ်တော်ပြင်ပ တနည်းပြောမယ်ဆိုရင် လူထုနိုင်ငံရေးဖြစ်ပါတယ်။ အဲဒီအသင်းအဖွဲ့ ပရဟိတတွေ အားလုံးထဲမှာ အရေးတကြီး လိုအပ်နေတာက တရားမျှတရေးပါ။


တရားမျှတရေးကို ဗဟိုပြုပြီးတော့မှ အခွင့်အရေးအကြောင်းကို ပြောလို့ရမယ်။ ပညာရေး၊ ကျန်းမာရေး စသဖြင့် လှုပ်ရှားဆောင်ရွက် တဲ့အခါမှာ  တရားမျတမှု မရှိရင်၊ တရားမျတရေးနဲ့ မခုခံနိုင်ရင် ဖိနှိပ်ခံရမယ်၊ ဖျက်ဆီးခံရမယ်၊ ခြိမ်းခြောက်ခံရမယ်။ တရားမျှတရေး အတွက် ကျွန်တော်တို့ မေတ္တာရပ်ခံတဲ့ အခါမှာ ကျွန်တော်တို့ ရောက်တဲ့ မြို့တွေ ရွာတွေအသီးသီးမှာ ဥပဒေပညာနဲ့ ဘွဲ့ရထားတဲ့ ဥပဒေပညာရှင်တွေက အင်နဲ့ အားနဲ့ လာရောက် ပေါင်းတာကို တွေ့ရပါတယ်။ ဥပမာ မန္တလေးမြို့မှာ ဆိုရင်လည်း မန္တလေးမြို့ခံဖြစ်တဲ့ အထက်တန်းရှေ့နေတွေ၊ အခုဆိုရင် တရားရုံးချုပ် ရှေ့နေတွေ၊  မျိုးဆက်ဟောင်းတွေရော အားလုံးပေါင်းပြီးတော့ ကျွန်တော်တို့နဲ့ တစ်စုတစ်ဝေးထဲ လာတွေ့တယ်။ အင်နဲ့ အားနဲ့ပါ။ သူတို့ဆီက ကတိစကားတစ်ခုကို ရလိုက်တယ်။ နောက်နောင်ကို မန္တလေးတစ်ဝိုက် မန္တလေးဒေသမှာ တရားမဲ့စွာ အပြုအကျင့်လေးတွေရှိခဲ့ရင် အဲဒီဥပဒေပညာရှင်တွေက ကြံ့ကြံ့ခံပြီးတော့ ပြည်သူလူထုရှေ့က ရပ်တည် ပေးပါမယ်။ အထူးသဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖြစ်ပေါ်အောင် ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အားလုံးနဲ့အတူ အဲဒီ ဥပဒေပညာရှင်တွေက အတူရပ်ပေးမယ်။ ရပ်တည်တယ်ဆိုတဲ့ နေရာမှာ ခုနပြောတဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းလို့ ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးဟာ ဥပဒေပြင် နိုင်ငံရေး မဟုတ်ကြောင်း သိသာထင်ရှားအောင် ဥပဒေပညာရှင်တွေ ကိုယ်တိုင်က လက်ခံပေးဖို့ပါပဲ။ ဒါဟာ ဥပဒေအတွင်းမှာပဲ လုပ်တယ်ဆိုတာ တစ်ချက်။ နောက်တစ်ခါ ငြိမ်းချမ်းစွာ ဆောင်ရွက်တယ်ဆိုတာက တစ်ချက်၊  နောက်ဆုံးတစ်ချက်ကတော့ တရားရုံးတွေမှာ ရင်ဆိုင်ရတဲ့အခါ ခုန ရှေ့နေ ရှေ့ရပ်တွေက မူလဖြစ်တဲ့ သက်မွေးဝမ်းကျောင်းတင် မဟုတ်တော့ဘဲ စေ တနာ့ဝန်ထမ်းသဘောနဲ့ ၀င်ပြီးတော့ ဥပဒေအတွင်း ရင်ဆိုင်မှုတွေကို တရားရုံးတွေမှာပါ သူတို့ဝင်ပြီးတော့ လက်ခံဆောင်ရွက်ပေးဖို့ ကတိစကား ကျွန်တော်တို့ ရခဲ့ပါတယ်။


အဲဒီတော့ မေးစရာ ရှိတယ်။ အဲဒီ တရားရုံး အဆုံးအဖြတ်တွေမှာ ခုနကလို စေတနာ့ဝန်ထမ်းစိတ်နဲ့ တရားမျှတရေးဘက်က ၀င်ရပ်ပေးလို့ အဲဒီ အမှုတွေမှာ နိုင်မှာလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော်တို့က နောက်ဆုံး ဆုံးဖြတ်ချက်ကို ပဓာန မထားနိုင်သေးပါဘူး။ အဓိကက ဥပဒေပညာရှင်တွေက ပြည်သူတွေဘက် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီ၊ ရဲရဲတင်းတင်း ၀င်ရပ်ပေးလာပြီ ဆိုတာကို ပထမတစ်ချက် ရပါပြီ။ ဒုတိယအချက်က အများအာရုံစိုက်ခြင်းခံရတဲ့ တရားရုံးတွေ ဖြစ်လာပါလိမ့်မယ်။ အခု ကျွန်တော်တစ်ဆက်တည်း မီဒီယာ စာနယ်ဇင်းလောကက သတင်းမီဒီယာသမားတွေကို မေတ္တာရပ်ခံချင်တာက ပိုပြီးတော့ ပွင့်လင်းလာတဲ့ အခြေအနေ၊ ဖန်တီး နိုင်စွမ်းတွေ ရှိလာတဲ့ အခြေအနေမှာ တရားမျှတရေးဘက်က ဘယ်သူ့မျက်နှာမှ မလိုက်ဘဲနဲ့ တရားမျှတရေးတစ်ခုတည်းကိုပဲ မျက်နှာကြည့်ပြီးတော့  ရေးသားဖော်ထုတ်ပေးကြပါ။ အားလုံး ကျွန်တော်တို့ အတူအလုပ်လုပ်ရမယ့် အချိန်ရောက်လာပါပြီ။ ကျွန်တော်တို့ မျက်နှာကအစ ထောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ မှားယွင်းလည်း မှားယွင်းတဲ့အလျောက် မှန်တဲ့ဘက်ကသာ ရေးပေးကြပါ။ ရေးတယ်ဆိုတဲ့ နေရာမှာ ကျွန်တော်ပြောချင်တာက တရားရုံးတွေမှာ ထွက်ဆိုချက်တွေ၊ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကအစ ဒါတွေကို့ highlight  လုပ်ပြီးတော့ တင်ပေးနိုင်တဲ့ အခြေအနေကို ကြိုးစားကြည့်စေချင်တယ်။ ဒါမှသာလျင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေးဟာ၊ ဘယ်လောက်ရှိတယ်ဆိုတာကို မီဒီယာတွေက ပေတံနဲ့ တိုင်းပြသလိုပါပဲ။


ဒါမှသာလျှင် အုပ်ချုပ်ရေး အဆင့်ဆင့်မှာ မတရားလုပ်ချင်တဲ့သူတွေ အနည်းဆုံးတွန့်သွားအောင် မတရားလုပ်ခံရသူတွေ ပိုပြီး သတ္တရှိလာအောင် ကျွန်တော်တို့ ရည်ရွယ်ပါတယ်။ အဆုံးအဖြတ် အမိန့်စီရင်ချက်ချခြင်းဟာ  ဒီကနေ့ ကျွန်တော်တို့ လတ်တလော အားလုံးဖြစ်နိုင်မယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ တရားရုံးတွေမှာ ရင်ဆိုင်နေရတဲ့ အမှုသွား၊ အမှုလာတွေကို  သတင်းမီဒီယာတွေ ကနေပြီးတော့ ပိုမိုပြီးတော့ အရင်ထက် အားစိုက်ပေးကြဖို့ပါ။ ဒါမှ နောက်နောင်ကို သတင်းမီဒီယာသမားများဟာလည်း တရားမျှတတဲ့ လူ့ဘောင်ထဲမှာ အများနည်းတူ အခွင့်အရေး မှန်ကန်စွာ ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ အပြန်အလှန် လက်တွဲ ကြဖို့၊ အပြန်အလှန် ထိန်းကျောင်းကြဖို့ အချိန်ရောက်နေပြီလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။


ကျွန်တော် နားလည်ပါတယ်။ လက်ရှိ အခြေအနေမှာ နောက်ဆုံး အခြေအနေအရ ကျွန်တော်တို့ ပြောဆိုထားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ရေး၊ အစရှိသဖြင့် မျိုးဆက်သစ် မျိုးဆက်ဟောင်းများ အားလုံး ပေါင်းစည်းရေး၊ ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေး ဒီအချက်တွေ အားလုံးဟာ ကျွန်တော်တို့ ထွက်လာ ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်။ အခြား အခြားသော  နိုင်ငံရေး အင်အားစုတွေလည်း များစွာဆောင်ရွက်ခဲ့တာ ရှိပါတယ်။ အဲဒီ အသီးအပွင့်တွေနဲ့ နောက်ဆုံးအခြေအနေတွေကိုလည်း အားလုံးနားလည်ပြီးသား ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်သမ္မတအနေနဲ့ သူ့ရဲ့မိန့်ခွန်းမှာလည်း  အားလုံးမြည်းစမ်းပြီးတော့ တွေးခေါ်မြော်မြင်နိုင်လိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက်လည်း မေးခွန်းတွေရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီးသားပါ။
EMG

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်းရှိ ဓနိတောများကို လျော်ကြေး စတင်ပေးအပ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ဓနိတောများ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ဓနိတောများအား လျော်ကြေးငွေများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့(ယာယီ)မှ ပြုစုထားသော စာရင်းများအရ လျော်ကြေးငွေ ပေးအပ်ရန် သတ်မှတ်ထားသော စိုက်ပျိုးနိုင်သည့်မြေ (၃၅၈၄၇ ဧက)မှ ဓနိတော ၂၀၆ ဧကအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
''ဓနိတောအတွက် လျော်ကြေးပေးဖို့ ဆိုပြီးခေါ်တော့ လိုက်သွားခဲ့တာ ဟိုကိုရောက်တော့ လူနည်းနည်းပဲ ကျန်တော့တယ်။ အဓိကရွာတွေဖြစ်တဲ့ ထိန်ကြီး၊ မူဒူး၊ လဲရှောင်၊ ပရဒတ်၊ မယင်းကြီးရွာတွေက ဓနိတော ပိုင်ရှင်တွေကို ပေးတာလို့ သိရတယ်။ ကျွန်မတို့ မယင်းကြီးရွာက ငါးယောက်ရတယ်။ ကျွန်မရဲ့ ဓနိတောအတွက် ကျပ် ၁၃ သိန်းရခဲ့ပါတယ်။ တစ်ဧက မပြည့်လို့ပါ။ သူတို့ သတ်မှတ်ထားတာကတော့ ဖက် (အသက်ကယ်)လုပ်နေတဲ့ ဓနိတော တစ်ဧကကို ကျပ် ၁၅ သိန်း ဖက် မလုပ်တဲ့ ဓနိတောတစ်ဧကကို ကျပ် ၁၀သိန်း သတ်မှတ်ထားပါတယ်''ဟု မယင်းကြီးမှ ဒေသခံတစ်ဦးက ပြောကြားသည်။
ဓနိတောအတွက် လျော်ကြေး ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ပေးသော လျော်ကြေးငွေကို သဘောမတူ၍ လက်မှတ်မထိုးသူများလည်းရှိကြောင်း သိရသည်။
EMG
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်