အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး

အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးက တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လှစ်လျှူရှု့ပြီး အလုပ်သမားတစ်ဦးကို အနည်းဆုံး လစာငွေ ငါးသောင်းတစ်ထောင် သတ်မှတ်ကြောင်း မတ်လ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မူလလစာထက်တောင် နှစ်သောင်းကျော် နည်းသွားတာကြောင့် အလုပ်သမားတွေ မကျေနပ်ဖြစ်နေကြပါတယ်။ တရားမျှတမှုမရှိတဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ အဆင့်ဆင့် ဆက်လက် တိုင်ကြားသွားမယ်လို့ တိုင်ရီ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပြခဲ့ပါတယ်။
ဒီဗွီဘီ

ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအားလုံး( Macwill ဖုန်းများမပါ) ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ယခုလ ၁၄ရက်မှ စတင်ကာ ည၁၁နာရီ မှ နံနက် ၇နာရီအတွင်း ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ကျပ် ၅၀ မှ ၂၅ ကျပ်သို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7Day

ဦးဖြိုးဇေယျာသော် နေပြည်တော်မှာ ကြုံတွေနေရတဲ့ အခက်အခဲတွေနှင့်ပါတ်သတ်လို့ သတင်းစာရှင်းလင်းပွဲ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် (ခေါ်) ဇေယျာသော်က ရွေးကောက်ပွဲအကြိုကာလ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဒီကနေ့ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
 တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ အဲဒီရှင်းလင်းပွဲအတွင်း ဦးဖြိုးဇေယျာသော်က သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ကြော်ငြာဘုတ်တွေ ဓါးနဲ့ အလှီးခံရတဲ့ ကိစ္စအပါဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ခရီးစဉ်တွင်း ဟောပြောဖို့ နေရာအခက်ခဲတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ(ဘားမားဗီဂျေ)
 

ယူကေအခြေစိုက်Index အဖွဲ့ ကအနုပညာလွတ်လပ်ခွင့် ဆုပေးဖို့ မြန်မာဒါရိုက်တာ တဦးကို ဆန်ခါတင်ရွေးချယ်

ကမ္ဘာတ၀န်း စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်တွေကို အားပေးနေတဲ့  ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် Index အဖွဲ့ဟာ  မြန်မာနိုင်ငံက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ၂၀၁၂ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ဆုအတွက် ဆန်ခါတင်စာရင်းမှာ ထည့်သွင်း ရွေးချယ် လိုက်ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖြစ်မြောက်အောင် ဦးဆောင်စီစဉ် ကျင်းပခဲ့သူ တဦးအနေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာလို့ Index ဆုရွေးချယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရုပ်ရှင်ပွဲတော်အတွက် လွတ်လပ်ခွင့်အကြောင်း ရုပ်ရှင် ဇာတ်လမ်းတိုတွေ ဖန်တီးဖို့ မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၁၈၈ ကား ပြသခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာ ထောင်ချီတဲ့လူတွေဟာ လွတ်လပ်ခြင်း (အနုပညာ၊ အတွေး၊ လွတ်လပ်ခွင့်) ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဒီရုပ်ရှင်တွေကို ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။
Index အဖွဲ့ဟာ နှစ်စဉ်ပေးအပ်တဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆုကို  စာနယ်ဇင်းဆု၊ အနုပညာဆု၊ တီထွင်ကြံဆမှုဆု၊ ရှေ့ဆောင် လှုပ်ရှားမှုဆုဆိုပြီး အမျိုးအစား ၄ မျိုးခွဲပြီး ပေးအပ်မှာ ဖြစ်ပါတယ်။
အနုပညာ လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သူတွေနဲ့ ဖိနှိပ်မှု၊ တရားမမျှတမှု တွေကို  ဆန့်ကျင်တိုက်ပွဲဝင်တဲ့ အနုပညာရှင်တွေကို ချီးမြှင့်တဲ့ အနုပညာလွတ်လပ်ခွင့်ဆု အမျိုးအစား ဆန်ခါတင်စာရင်းမှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တရုတ်နိုင်ငံက နာမည်ကျော် အနုပညာရှင် အိုင်ဝေေ၀၊ ဆီးရီးယား ကာတွန်းဆရာ အလီဖာဇတ်နဲ့ ရုရှား အနုပညာရှင် ဗိုင်အိုနာတို့ ၄ ဦး ပါဝင်ပါတယ်။ ဆုရရှိသူတွေကိုတော့ လာမယ့် မတ်လ ၂၈ ရက်နေ့ လန်ဒန်မြို့မှာ အခမ်းအနားနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

ခွပ်ဒေါင်းမော်ကွန်း-NLD ပါတီစည်းရုံးရေး သီချင်းခွေ စတင်ဖြန့် ချီ (သီချင်းခွေအစအဆုံးနားဆင်နိုင်ပါတယ်)

ခွပ်ဒေါင်းမော်ကွန်း ဆိုတဲ့ သီချင်းလေးကို အားမာန် အပြည့်၊ တီးခတ်မှု သံစဉ် မြူးကြွစွာနဲ့ NLD-BG လူငယ်များက သီဆိုအသံသွင်းပြီး တနိုင်ငံလုံးကို ဒီကနေ့  မနက်က စပြီးဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။
 စုစုပေါင်း ငါးပုဒ်သာ ပါရှိပေမယ့် အနှစ်သာရ ရှိရှိ ညီညွတ်ရင်ကြားစေ့ရေးကို လှုံ့ဆော်မယ့် တေးသီချင်းတွေဖြစ်ပါတယ်။ သီချင်း အားလုံးအောက်မှာနားဆင်နိုင်ပါတယ်။
Download လုပ်လိုသူများ လုပ်နိုင်ပါတယ်။ 
Myanmar News Now

ခွပ်ဒေါင်းမော်ကွန်း

သူငယ်ချင်း ရေ

ခွပ်ဒေါင်းလာပြီ
ဒေါင်းအိုးဝေသံ                                                                                                                 
တို့ပြည်ထောင်စု ပြည်ထောင်စု

 

ဆိုင်ကယ်တိုက်မိပြီး GTC ကျောင်းသားသေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသော ဋ္ဌာနများကိုအရေးမယူလျှင် ငြိမ်းချမ်းသောနည်းဖြင့်ဆန္ဒဖော်ထုတ်မည်

မတ် ၂၊ ၂၀၁၂ (YPI)

 ပြီးခဲ့သည့်လ ၂၇ ရက်က ဆိုင်ကယ်တိုက်မှုကြောင့် GTC ပထမနှစ်ကျောင်းသား သေဆုံးမှုတွင် ကုသမှုခံယူရန်နောက်ကျ၍သေဆုံးရသည်ဟု GTC ကျောင်းသားများကစွပ်စွဲထားပြီး တာဝန်ရှိသောဋ္ဌာနများကို အရေးမယူပါက ၎င်းဋ္ဌာနများ၏အဆောက်အဦရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သွားမည်ဟု ကျောင်းသားများကပြောသည်။

GTC ပထမနှစ်ကျောင်းသားတစ်ဦးက “အခုကိစ္စက GTC ကျောင်းသားကသေတယ်၊ မိန်း(တက္ကသိုလ်)ထဲက ကျောင်းသားက အဖမ်းခံရတယ်။ အားလုံးနစ်နာခဲ့ကြတာမို့ ပါဝင်ပတ်သက်ခဲ့တဲ့စည်ပင်၊ ပုသိမ်ဆေးရုံနဲ့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေကို အရင်အရေးယူဖို့ပြောမယ်” ဟုပြောသည်။

“အရေးမယူခဲ့ဘူးဆိုရင် ကျွန်တော်တို့က အဲဒီဋ္ဌာနတွေရဲ့ အဆောက်အဦတွေရှေ့မှာ ငြိမ်းချမ်းစွာ ကိုယ့်ဆန္ဒတွေကိုထုတ်ဖေါ်ပြကြဖို့ လုပ်သွားမှာပါ” ဟု ၎င်းကပင်ဆက်ပြောသည်။

၎င်းနေ့နံနက်ပိုင်းတွင် ပုသိမ်စည်ပင်သာယာရေးမှ ဆိုင်ကယ်ဘီးခွန်စစ်ဆေးသည့်အဖွဲ့အားရှောင်ကွင်းနိုင်ရန် အရှိန်ပြင်းမောင်းနှင်လာသည့် ဘူမိဗေဒပထမနှစ်ကျောင်းသားမောင်းနှင်လာသည့်ဆိုင်ကယ်နှင့် GTC ပထမနှစ်ကျောင်းသားတို့ဝင်တိုက်မိခဲ့သည်။

အခင်းဖြစ်ပွားပြီးချိန်တွင် ပုသိမ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးနှင့် ၀န်ထမ်းတစ်ယောက်ရောက်ရှိလာပြီး ရဲအရေးပိုင်သည့်အမှုဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများရောက်ရှိလာသည်အထိစောင့်ဆိုင်းခိုင်းခြင်း၊ ၄၅ မိနစ်ကျော်ကြာမှ သက်ဆိုင်ရာအဖွဲ့အစည်းများရောက်ရှိလာခြင်း၊ ဆေးရုံတွင် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးနေချိန်ဖြစ်သည့်အတွက် စောင့်ဆိုင်းနေရခြင်းများကြောင့် ကုသချိန်နောက်ကျကာသေဆုံးခဲ့ရသည်ဟု GTC ကျောင်းသားများကပြောသည်။

GTC တတိယနှစ်ကျောင်းသားတစ်ဦးက “ ၄၅မိနစ်လောက်ကြာတော့ယာဉ်မှုစစ်တို့၊ ရဲတို့ရောက်လာပြီး ဓါတ်ပုံတွေဘာတွေရိုက်တယ်။ အဲ့ဒါတင်နာရီဝက်လောက်ရှိမယ်။ နောက်ပြီးကျောင်းသားနှစ်ယောက်ဖြစ်နေတဲ့အတွက် ဒီမှာပဲပြေလည်အောင်လုပ်ကြပြီး အနီးအနားကဆေးခန်းမှာပဲပြဖို့ပြောတယ်။ ကျောင်းသားတွေကသဘောမတူလို့ဆေးရုံရောက်တာ။ ၁၁ နာရီကျော်ကျော်လောက် ဆေးရုံးရောက်သွားတော့ဒါဏ်ရာတစ်ချက်တည်းပေမယ့် တော်တော်သွေးထွက်လွန်နေပြီ” ဟုအဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။

ဆိုင်ကယ်အတိုက်ခံရသော GTC ပထမနှစ်ကျောင်းသား မောင်ရဲစွမ်းအောင်မှာ နေ့လည် ၁၂ နာရီခန့်တွင် စတင်ဆေးကုသမှုခံယူခဲ့သော်လည်း သွေးထွက်လွန်နေခြင်း၊ ဦးခေါင်းအတွင်းပိုင်းထိ ထိခိုက်ခဲ့ခြင်းတို့ကြောင့် နေ့လည် ၁း၃၀ တွင် သေဆုံးခဲ့သည်။

၎င်းကိစ္စများနှင့်ပတ်သတ်၍ပုသိမ်မြို့ခံတစ်ဦးက “ကျွန်တော်ကတော့ကျောင်းသားတွေလုပ်ရပ်ကို သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ဆောင်မယ့်ကိစ္စတွေအားလုံးက ပုသိမ်မြို့နေလူထု တောက်လျှောက်ခံစားခဲ့ရတဲ့လူမှုဘ၀တွေကိုထင်ဟပ်နေလို့ပါ” ဟုပြောသည်။

သို့ရာတွင် ပုသိမ်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်နှစ်ခုကြားတွင် ပြဿနာဖြစ်မည်ကိုလည်း စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်းက ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် အသားလေလံဈေးသုံးဆမြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပြီး ပါဝင်ခဲ့သူအများစုကို ခေတ္တထိန်းသိမ်းထားခဲ့ပြီး နှစ်ရက်အကြာမှ အသည်ကြီးရဲစခန်းမှ အာမခံဖြင့်ပြန်လည်လွှတ်ပေးခဲ့သည်။

၎င်းကိစ္စဖြစ်ပွားပြီးနောက်ပိုင်းတွင် စည်ပင်ဘတ်ဂျက်လိုငွေကြောင့်ဟုဆိုကာ ဆိုင်ကယ်များအား တစ်စီးလျှင် ဘီးခွန် ၅၅၀၀ ကျပ်ကောက်ခံနေသည်ဟု ပုသိမ်မြို့ခံများကပြောသည်။

ကြံ့ခိုင်ရေးပါတီမှဝင်ရောက်အရွေးခံမည့် ဖြိုးကိုကိုတင့်ဆန်း သည် မိခင်အမည်မှန်ကို လိမ်လည်ထား

ဖြိုးကိုကိုတင့်ဆန်း

မကြာမီကာလတွင်ပြုလုပ်တော့ မည့်ကြားဖြတ်ရွေကောက်ပွဲတွင် မြောင်းမြမြို့ နယ် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက် အရွေ.ချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြိုးကိုကိုတင့်ဆန်းသည် ကိုယ်စားလှယ်လောင်းအဖြစ်အမည်စာရင်တင်သွင်းသည့်အခါတွင် ၎င်း ၏ မိခင်အရင်းအမည်မှန်ကို ချန်လှပ်ထားပြီး ဖခင်ဖြစ်သူ(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) ဦးတင့်ဆန်း၏ယခုလက်ရှိပေါင်းသင်းနေသည့်ဒုတိယမြောက်ဇနီး ဒေါ်ဌေးဌေးငြိမ်း အမည်အား ၎င်းမိခင်ဖြစ်သည်ဟုတင်သွင်းထားခဲ့သည်ဟုသိရပါသည်။
ယခု(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး)ဖြစ်နေသူ ဖြိုးကိုကိုတင့်ဆန်း၏ ဖခင် ဦးတင့်ဆန်းသည်  ပထမ အိမ်ထောင်ဖြစ်သော ဒေါ်မာမာအေး(ဘ)ဦးလွင်နှင့် သားသမီးသုံးယောက်ထွန်ကားခဲ့ပါသည်။ထိုးသားသမီးသုံးယောက်မှာ ဖြိုးကိုကိုတင့်ဆန်း ၊ စံကိုကိုတင့်ဆန်း နှင့် မိငြိမ်း တို့ ဖြစ်ကြသည်ဟု၎င်းမိသားစုနှင့်နီးစပ်သူများထံမှသိရပါသည်။ထို့ နောက် ဦးတင့်ဆန်းသည် ဇနီးသည်၏ အိမ်ထောင်ရေးဖောက်ပြန်မှု့ကြောင့် ဇနီးဖြစ်သူဒေါ်မာမာအေးနှင့်ကွာရှင်းခဲ့ပြီး တရပ်ထဲနေသူဖြစ်သည့် ဒေါ်ဌေးဌေးငြိမ်း( ဘ )ဦးကြင်ရှိန် နှင့်ဒုတိယအိမ်ထောင်ပြုခဲ့သည် ။ ဒေါ်ဌေးဌေးငြိမ်းနှင့်ပေါင်းသင်းခဲ့သည့်ကာလတလျှောက်တွင် ယခုချိန်ထိသားသမီးထွန်းကားခဲ့ခြင်းမရှိခဲ့ပေ။
ဖခင်ဖြစ်သူ ဦးတင့်ဆန်း

ထို့နောက် ဦးတင့်ဆန်း(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) သည်ပုသိမ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ACE ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ထူထောင်ခဲ့ပါသည်။နောက်ပိုင်းတွင် ထို့အချိန်က ဧရာဝတီတိုင်းမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်မြင့်အောင်နှင့် ရင်းနီးမှုရယူခဲ့ပြီး ပုသိမ်မြို့ရှိအားကစားကွင်းများကို ပြင်ဆင်ဆောက်လုပ်ခွင့်ရ ရှိလာခဲ့ပြီး ဦးတင့်ဆန်း ပိုင်ဆိုင်သော ACEဆောက်လုပ်ရေးလုပ်ငန်းမှာလည်း စတင်အောင်မြင်လာပါသည်။ ထို့ နောက် ACE ဆောင်လုပ်ရေးလုပ်ငန်းကို တိုးချဲ့ ပြီး ရန်ကုန်မြို့ သာကေတ သံလျှင်တံတား အဆင်းအနီးတွင် ACE ဆောက်လုပ်ရေးရုံးချုပ်ကိုတည်ထောင်ခဲံပြန်ပါသည်။ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်းတွင် ဒုတိယဇနီးဖြစ်သော ဒေါ်ဌေးဌေးငြိမ်း၏ အကိုရင်းဖြစ်သော ဒုဗိုလ်မှုးကြီး ကြည်ထွန်း၏ ဆက်သွယ်ပေးမှုဖြင့် ဗိုလ်ချုပ်ခင်ညွှန်နှင့် ထပ်မံရင်းနှီးခွင့်ရကာ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ ခွင့်ရခဲ့ပြန်သည် ။ နောက်ပိုင်းတွင် အခွင့်အရေးကို အမြဲ တမ်းအသုံးချရန်စောင့်စားနေသူ ဦးတင့်ဆန်း(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်ပါရင်းနှီးခဲ့ပြီး နေပြည်တော်ရှိဆောင်လုပ်ရေးများ ကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုချိန်ထိ နေပြည်တော်တွင် ACE ဆောက်လုပ်ရေး လုပ်ငန်းမှ နိုင်ငံတော်အဆောက်အဦး များကိုဆောင်လုပ်နေဆဲဖြစ်သည်။ ACE ဆောက်လုပ်ရေးမှ ဆောက်လုပ်ခဲ့သည် ထင်ရှားသည့်အဆောက်အဦးများမှာ ယခုလွှတ်တော်အဆောက်အအုံ ၊ လမ်းဆုံများရှိ ပန်းအ၀ိုင်းများနှင့် အခြားသောအဆောက်အဦး များစွာတို့ ဖြစ်သည် ။ ဦးတင့်ဆန်းသည် ၀န်ကြီးဖြစ်လာပြီးနောက်ပိုင်းတွင် ACE ဆောက်လုပ်ရေးနှင့် ၎င်းတည်ထောင်ထားခဲ့သော ဘောလုံးအသင်းတို့ အား သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းကို လွှဲပြောင်း လုပ်ကိုစေခဲ့သည် ။ မကြာသေးခင်ကာလမှ ဖြိုးကိုကိုတင့်ဆန်း သည် ဖခင်ဖြစ်သူ၏အရှိအ၀ါ ၊ သုံးမကုန်ဖြုန်းမကုန်ဖြစ်နေသည့် ငွေကြေးစည်းစိမ်များထဲ့မှ အချို့ အား နိုင်ငံတော်သို့  ရက်ရက်ရောရော လှုဒါန်းမှု့များကြောင့် အစိုးရမှ ချီးမြင့်သောဒေါက်တာဘွဲ့ ရရှိခဲ့သည်။ သို့ ပါသော်လည်း ဖြိုးကိုကိုတင့်ဆန်းသည် ဒေါက်တာဘွဲ့ ရရှိစေကာမှု ပညာရေးအနေဖြင့် ဆယ်တန်းအောင်မြင်ရန်အတွက် ငွေကြေးလဘ်ထိုးမှုပြုခဲ့ရသည်ဟုလည်း သိရပါသည်။

ဖြိုးကိုကိုတင့်ဆန်း

ယခုအချိန် ဖြိုးကိုကိုတင့်ဆန်း ၀င်ရောက်အရွေးချယ်ခံမည့်မြောင်းမြ မြို့ နယ် မဲဆန္ဒနယ်တွင် ကြံခိုင်ရေးစည်းရုံးရေးမှုးများမှ မဲဆွယ်ရာတွင်  ကြံ့ခိုင်ရေးပါတီသို့  မဲပေးသူများအား ငွေကျပ်သိန်းစီပေးမည် ဟူ၍လည်းကောင်း အိမ်ယာများဆောက် လုပ်ပေးမည်ဟူ၍လည်းကောင်း ၊ ကျေးရွာအလိုက်မဲအများဆုံးရရှိသည့် ကျေးရွာများကိုဆုငွေများချီးမြင့်သွားမည်ဟုလေသံလွှင့်စည်းရုံးနေသကဲ့သို့  မဲမပေးသူများအား ယခုလက်ရှိကြံ့ခိုင်ရေးပါတီမှ အတိုးနှုန်း ၂ကျပ်နှုန်း ဖြင့် ထုတ်ချေးပေးနေခြင်းအား ဆက်လက်ထုတ်မပေးတော့  ဟူ၍လည်း နောက်ကွယ်မှ တရားမ၀င်သောနည်းလမ်းများဖြင့် စည်းရုံးနေသည်ဟုလည်းသိရပါသည်။
by Myanmar Mediamm

အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာကို တိုက်ရိုက်ငွေကြေးအကူအညီပြန်ပေးဖို့ ပြင်

မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ဟာ ဆယ်စုနှစ် ၂ ခုကျော်လောက် မြန်မာနိုင်ငံကို ငွေကြေးအကူအညီ မပေးဘဲ ရပ်ဆိုင်းထားရာကနေ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ တိုက်ရိုက်ငွေကြေးကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အေဒီဘီဘဏ်ရဲ့အကြီးအကဲတဦးက ဘလွန်းဘဂ် စီးပွားရေး သတင်းဌာနနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က အေဒီဘီဌာနချုပ်ရုံးခန်းမှာ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။
အေဒီဘီ ဦးဆောင်ညွှန်ကြားရေးမှူး ရာဂျတ်နဂ်က အေဒီဘီအနေဖြင့် မြန်မာနိုင်ငံနဲ့  ပြန်လည်ဆက်ဆံဖို့ အသေအချာ တိုးမြှင့် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး လေ့လာစူးစမ်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဧရာမ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေးနဲ့ လူမှုရေးကဏ္ဍတွေမှာပါ အထောက်အပံ့တွေနဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ အတော်လေး လိုအပ်နေပါတယ်လို့ ပြောပါတယ်။
အေဒီဘီအနေနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ တရားဝင် စတင်လုပ်ဆောင်နိုင်ဖို့  ဘဏ်ရဲ့ အစုရှယ်ယာဝင်တွေဆီက ထောက်ခံမှုရဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံကို ကူညီဖို့ ကုလသမဂ္ဂနဲ့  ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းတဲ့အပေါ် ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆယ်စုနှစ်တွေနဲ့ချီ ရပ်ဆိုင်းထားတဲ့ အကူအညီတွေ ပြန်ပေးဖို့  ပြင်ဆင်နေချိန်မှာ ခုလို အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ကူညီဖို့ ဖြစ်လာတာပါ။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေးနယ်ပယ်သစ် ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်သွယ် ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်တော့မယ်လို့ မကြာသေးခင်ကမှ ကြေညာထားပါတယ်။ ချေးငွေသစ်တွေ ချပေးဖို့ကိုတော့ ကြွေးဟောင်းတွေ ပြန်ဆပ်ပြီးမှ ပေးမယ်လို့ ပြောကြားထားပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ကို ၁၉၆၆ ခုနှစ် ကတည်းက စတင်ထူထောင်ထားတာ ဖြစ်ပြီး အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးဖို့ တည်ထောင်ထားတာပါ။ အာရှနဲ့ပစိဖိတ်ဒေသက ၄၈ နိုင်ငံနဲ့ အပြင်ဘက်က ၁၉ နိုင်ငံ စုစုပေါင်း အဖွဲ့ဝင်နိုင်ငံ  ၆၇ နိုင်ငံ ရှိပါတယ်။ ဘဏ်ရဲ့ ရှယ်ယာအများစုကို အမေရိကန်နဲ့ ဂျပန်တို့က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ ၁၉၇၃ ခုနှစ်က အေဒီဘီ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး  ၁၉၈၆-၈၇ ခုနှစ်တွေတုန်းကတော့ မြန်မာကို ချေးငွေနဲ့နည်းပညာ အကူအညီတွေ ပေးခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်ခတ်နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ မြန်မာကို တိုက်ရိုက် ငွေကြေး ကူညီထောက်ပံ့မှုတွေ မပေးတော့ဘဲ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းမည်

မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ဟာ  အရေးပေါ်ညီလာခံတခု လာမယ့်ရက်တွေ အတွင်းမှာ ခေါ်ယူပြီးတော့၊ ဒီညီလာခံကနေ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ အဖွဲ့ခေါင်းဆောင် တဦးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ တခုတည်းသော စာပေဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး သက်ဆိုင်ရာလုပ်ငန်းတွေပေါ်ကို မူတည်ကာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်းနဲ့ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဆိုပြီး သီးခြား လွတ်လပ်တဲ့  စာပေဆိုင်ရာအဖွဲ့အစည်း ၃ ဖွဲ့ ပေါ်လာတော့မယ်လို့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းက တွဲဘက် အတွင်းရေးမှုး ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်)က ပြောပါတယ်။
“မတ်လ နောက်ဆုံး အပတ်လောက်မှာ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း အရေးပေါ် ညီလာခံလုပ်မယ်။ သတင်းစာထဲမှာလည်း ခေါ်ထားတယ်။ လောလောဆယ် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဆိုပြီး အသင်း ၃ ဖွဲ့ ပြောင်းလဲတည်ထောင်ရန် ရှိပါတယ်။ သီးခြား အသင်းတွေ ဖြစ်တဲ့အတွက် အဲဒီ အသင်းတခုချင်းစီရဲ့ ဖွဲစည်းပုံစည်းမျဉ်းတွေ ရေးဆွဲနေပါတယ်။”
အသစ်ဖွဲ့ စည်းမယ့် စာနယ်ဇင်းဆိုင်ရာ အသင်း ၃ သင်းမှာ  မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့က အမှုဆောင်တွေ ပြန်ပါလာမှာ မဟုတ်ဘဲ  ညီလာခံကနေ ရွေးချယ်ပြီး အမှုဆောင်သစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းသွားမယ်လို့ ဦးကိုကိုက ဆက်ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်ပြီး  ဌာနဆိုင်ရာတွေက အဆိုပြုထားတဲ့ ကိုယ်စားလှယ်တွေကို အမှုဆောင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားရတာပါ။
နောင် ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကိုတော့ အစိုးရကိုယ်စားလှယ်တွေ မပါဝင်ဘဲ လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်အောင် လုပ်ဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း စတုတ္ထမဏ္ဍိုင်တွေအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်း ဆောင်ရွက်သွားနိုင်စေဖို့        အမျိုးသားစာနယ်ဇင်းကောင်စီ(အစက)ကို ထူထောင်သွားမယ်လို့ မတ်လ ၁ ရက်နေ့က အစိုးရအဖွဲ့ ၁ နှစ်ပြည့် နိုင်ငံတော်အခြေပြု မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ 
ဒီဗွီဘီ

မန္တလေးမြို့လူထုပရိတ်သတ်ကြီးအတွက် NLDမှနှုတ်ခွန်းဆက်လွှာ


မတ်လ ၁ ရက်နေ့ ထုတ် 7Day News Journal အတွဲ(၁၀)၊ အမှတ်(၅၀)


7Day News Journal
အတွဲ(၁၀)၊ အမှတ်(၅၀)
10-50_web

တပ်နယ်တစ်ခုဖြစ်တဲ့ကလောမြို့မှာပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (ရုပ်/သံ)

ကလောမြို့မှာမိန့် ခွန်းပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် တပ်နယ်တစ်ခုဖြစ်တဲ့ ကလောမြို့မှာ ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောကြား လိုက်ပါတယ်။ (မတ်လ ၁ ရက်၊ ၂၀၁၂) ဒီဗွီဘီ

ပွဲခင်း ဇာတ်စင်ပေါ် ညောင်ကိုင်းကျိုးကျ၍ လူ၂၁ ဦးသေဆုံး


ပအိုဝ်းရိုးရာပွဲတော်တခုကိုတွေ့ ရစဉ်
ရှမ်းပြည်နယ်လင်းခေးခရိုင် မောက်မယ်မြို့ နယ် ဟိုနမ့်ကျေးရွာအုပ်စု လွိုင်ခွမ်ရွာ၌
ပအိုဝ်းရိုးရာပွဲကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ ည ၆ နာရီတွင် ကျင်းပရာ ဖေဖေါ်ဝါရီ ၂၉
ရက် နံနက် ၁ နာရီတွင် ပွဲခင်း ဇာတ်စင်ပေါ်သို့ ညောင်ပင်သစ်ကိုင်းအရင်းပိုင်းမှ
ကျိုးကျသဖြင့် ၄င်းနေရာ၌ လူ၁၆ ဦး ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦးမှာ
ဟိုနမ့်တိုက်နယ် ဆေးရုံတွင် ဆေးကုသစဉ် ၅ ဦး ထပ်မံသေဆုံးကြောင်း ယနေ့ 
ထုတ် ကြေးမုံသတင်းစာမှာဖော်ပြထားပါသည်။  
Myanmar News Now

ရှမ်းတိုင်းရင်းသားဝတ်စုံနှင့်လူထုခေါင်းဆောင် ရှမ်းပြည်ခရီးစဉ် စုစည်းရသမျှဓါတ်ပုံများ

ရှမ်းပြည်နယ်၊ ကလောမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးအတွက် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။

 ဟောပြောပွဲများသို့ လူထုပရိသတ် ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ ခရီးစဉ်မှာ နေ့ချင်းပြန်ဖြစ်ပြီး ရန်ကုန်မြို့မှ ဟဲဟိုး-အောင်ပန်း-ကလော မြို့များသို့ သွားရောက်ပြီး ဟဲဟိုးလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပခန်း ကိုကြီးကျော်


ပခန်း ကိုကြီးကျော် နတ်ပွဲနှင့် စီးပွားဖြစ်နေကြပုံ
ရေစကြိုမြို့နယ်၊ပခန်းငယ်ကျေးရွာနှင့်ဒါးလွယ်ခုတ် တစ်ဘက်ကမ်းရှိ ကူနီနတ်နန်းတွင် နှစ်စဉ်တပေါင်း လဆန်း ၁ ရက်နေ့မှ လပြည့်နေ့ထိ ကိုကြီးကျော်နတ်ပွဲကြီးကို နတ်ဒိုးသံတညံညံဖြင့် စည်ကားစွာ ကျင်းပကြ ပါသည်။ မြန်မာပြည်တ၀ှမ်းမှ ကိုကြီးကျော်ကို သက်ဝင်ယုံကြည်ကြသူ၊ အားကိုးကြသူ၊ ကြောက်ကြသူများနှင့်ပွဲတော်တွင်မူးရူးပျော်ရွှင်ချင်ကြသူများမှာ သည်ပွဲသို့မရောက် ရောက်အောင် လာကြသည်။ နတ်နန်းသို့တက်ပြိး နတ်ဆက်ကြသည်။ နတ်ကတော်ဟုခေါ် သည့်နတ်ဝင်သည်များ၏ နန်းခွဲများသို့သွားကာ နတ်မေးကြ၊နတ်ဆက် ငွေပေးကြသည်။ မိမိတို့လိုဘကိုမည် သို့ဖြည့်နိုင်မည် ဆိုသည်ကို ကိုကြီးကျော်အားအပူ ကပ်မေးမြန်းကြသည်။ မိမိတို့၏ ယုံကြည်မှုအခြေခံနှင့် ငွေကြေးသုံးနှီုင်မှု တို့ပေါ်တွင်မူတည်ပြီး သည်ပွဲတွင် ငွေများကို စွန့်ကျဲသွားကြလေသည်။
သည်ထဲတွင် ပျော်ရွှင်ချင်လို့၊ကုသိုလ်လုပ်ချင်လို့ဆိုပြီး သည်ပွဲကာလမှ ရောက်လာကြသော လမ်းဘေးက အလှူခံမဏ္ဍပ်များသို့လည်း ငွေများပေးလှူသွားတတ်ကြသည်။အချို့ကလည်း လမ်းဘေးမှာ “ပိုက်ဆံကျဲခဲ့ပါဗျို့” ဟုအော်နေသော ကလေး၊လူကြီးများကို သူတို့စီးလာသော ကားယာဉ်များပေါ်မှ ငွေစက္ကူများ ပစ်ပေးသွားကြသည်။သည်လိုနှင့် ကိုကြီးကျော်ပွဲကို မှီကာ နှစ်စဉ် ငွေရှာကောင်းနေကြသော နေရာများကား…..
၁။ အလှူခံပြီး စီးပွားဖြစ်ကြသည်။
ဆင်ဖြူရှင်တံတားမင်းရွာထိပ်မှ ကျောက်လှေကားကျေးရွာအထိ ပခုက္ကူ-မန္တလေး ကားလမ်းပေါ်တွင် အလှူခံမဏ္ဍပ်များ ပေါ်ပေါက်လာကြသည်။ တစ်ရွာလျှင်တစ်ခုအနည်းဆုံးထွက်သည်။ အချို့လမ်းနှင့် ဝေးသော အတွင်းကျသည့်ကျေးရွာများကလည်းမိမိတို့ရွာနှင့် အနီးကပ်ဆုံးဖြစ်သည့် လမ်းဘေးကို နေရာသပ်မှတ်၊ မဏ္ဍပ်ဆောက်ကာ အလှူခံကြသည်။ စုစုပေါင်း ထိုလမ်းအရှည် ၂၉မိုင်လောက်အတွင်းတွင် အလှူခံဌာနပေါင်း ၂၀ကျော်ရှိသည်။ အလှူခံမဏ္ဍပ်တစ်ခုလျှင် သက်ဆိုင်ရာသို့ ထွက်ခွင့်ကျပ်တစ်သောင်း ပေးယူရသည်။သူတို့၏၀င်ငွေကလည်းကြောက်ခမန်းလိလိပင်။နေ့စဉ် အနည်းဆုံးကျပ် ငါးသောင်းမှအများဆုံး ကျပ်လေးသိန်းခွဲထိ ရှိတတ်သည်ဟုသိရသည်။ပွဲတော်ကာလ ၁၅ ရက်တာမျှတွင် မဏ္ဍပ်အသီးသီး၏ စုစုပေါင်း ၀င်ငွေမှာ ကျပ် ၈သိန်းမှ သိန်း၂၀အထိရှိတတ်သည်ဟု ယင်းတို့ကို တာဝန်ခံပေးရသော မြို့ပေါ်မှ ပုဂ္ဂိုလ်တစ်ဦးကပြောပြပါသည်။ရေစကြိုမြို့နယ်အထဲက ဇီးတောကျေးရွာ ထိပ်က အလှူခံမဏ္ဍပ်သည် သည်နှစ်ပွဲစရက်များဖြစ်သည့်တပေါင်းလဆန်း ၄၊ရက်၊နှင့် ၅ရက်နေ့တို့ တွင်(စနေ၊တနင်္ဂနွေနေ့များမို့လူလည်းပိုလာသည်) ကျပ် ၃သိန်းခွဲနှင့် ၄သိန်းထိရရှိကြောင်းထိုရွာမှ အလှူခံသူတစ်ဦးကပြောပြပါသည်။သည်နှစ်ပွဲပြီးလျှင် ကျပ်သိန်း ၂၀ကျော်နိုင်သည်ဟုလည်း ထိုသူကခန့်မှန်းပါသေးသည်။
          ထိုသို့ လ၀က်ခန့် ကာလတိုကလေးတွင် ရယူရသောအခွင့်အရေးကောင်းမို့ ကိုကြီးကျော်ပွဲ တော်ကာလတွင် အလှူခံထွက်ချင်သူများသလို၊ သက်ဆိုင်ရာသို့ပေးရသည့် ခွင့်ပြုမိန့်ကျစေမည့် အလှူခံမဏ္ဍပ်ကြေးကလည်း ယခင်နှစ်က ကျပ် ၅၀၀၀ မှ ယခု ကျပ်၁၀၀၀၀(တစ်သောင်း) ထိမြင့်တက်သွားခြင်းဖြစ်သည်။
၂။ကူတို့ကူးခ၊ ကားအပ်ခ များဖြင့် သူတို့စီးပွားဖြစ်နေသည်။
 ကူနီနတ်နန်းရှိရာ ထန်းတောကျေးရွာသို့ ပခုက္ကူနှင့်ချင်းတွင်းတံတားဘက်မှလာကြသူများသည် ပခန်းကြီးမှ ပခန်းငယ်၊ထိုမှချစ်သူရွာဘေးမှာရှိသော ချင်းယားကူတို့ဖြင့် စက်လှေစီးပြီး ချင်းတွင်းမြစ်ကိုဖြတ်ကျော်ကြရသည်။စီးလာခဲ့သော ကားများကို ထိုဆိပ်ကမ်းဘေးမှာပင် ပတ်ကင်အပ်ခါထားခဲ့ရသည်။ကားအပ်ခက တစ်နေ့ကို ကားတစ်စင်းကျပ်သုံးထောင်မှ ခုနစ်ထောင်ဟုဆိုသည်။သိပ်တန်ဖိုးကြီးလျှင် သိပ်ပေးရတတ်ပါသေးသည်။သည်ကားပါကင်ကိုတော့ မြို့နယ် စစ်မှုထမ်းဟောင်းနှင့် ဒေသခံ အာဏာပိုင်တို့ပူးပေါင်းလုပ်ကြသည်ဟုသိရသည်။
လူကူးသည့် ကူတို့ကူးခသည် သာမန်အချိန်တွင် ကျပ် ၂၀၀ ဖြစ်သည်။ခုလိုပွဲတော်ရက်များတွင် လူတစ်ယောက်ကိုကျပ် ၅၀၀ ဖြစ်ပေသည်။နံနက် ၆ နာရီမှညနေ ၆နာရီထိသာ ကူးပေးသည်။ကျန်အချိန်မှာ သွားလာလိုလျှင် အထူးနှုန်း(တစ်ယောက်ကျပ် ၁၀၀၀အနည်းဆုံး)ပေးကြရသည်။
ယင်းကူတို့ကို ရေစကြိုမြို့နယ်စည်ပင်မှ လေလန်စနစ်ဖြင့် ပေးခြင်းဖြစ်သည်။ ကူတို့ဆိပ်ကမ်း ၆ခုတွင် မြို့နှင့်တစ်ဘက်ကမ်းက ဆင်ခြေယာရွာနှင့်ကူးသော ကူတို့ဆိပ်သည် လေလန်ခအများဆုံးဖြစ် သည်။ကျပ်သိန်း ၂၀၀ပတ်လည်ရှိခဲ့သည်။အနည်းဆုံးမှာ ကွေးဒေါင့်ရွာကူတို့ဆိပ်ဖြစ်သည်။တစ်နှစ်လုံးမှ ကျပ်ငါးသိန်းခန့်သာ။ ဒုတိယအများဆုံးမှာ ချင်းယားဆိပ်ခေါ် နတ်နန်းသို့ကူးသည့်ဆိပ်ဖြစ် သည်။ယခင်နှစ်များက ကျပ်သိန်း၁၀၀ကျော်သာရှိသော်လည်း ယခုနှစ်တွင်သိန်း ၂၄၀ ခန့်ထိမြင့်တက်သွား သည်ဟု ဗိုလ်မှူး(ငြိမ်း) မျိုးသန်းထွန်းက ပြောပါသည်။သူတို့က လေလန်ကျေးမြင့်ပေးရတော့ လူတစ်ဦးခြင်း၏ ကူးသန်းခကိုလည်းမြင့်တောင်းပေသည်။ သို့တောင်းလို့တိုင်တန်းပေသည့် အဆိုပါကူတို့ကို မောင်ပိုင်စီးပြီး ယူထားသူက သမ္မတရုံးဝန်ကြီး ဆင်ချောင်းရွာသား၊ ဦးမြင့်မောင်၏ညီတွေ ဖြစ်နေရာ မည်သူမျှ စောဒက မတက်ဝန့်ခဲ့ကြပေ။သူ့အမည်က ဦးလှစောမောင် ဟူ၏။တစ်နှစ်လုံးစာ သူတို့ချင်းယားကူတို့ဆိပ်က ၀င်ငွေသည် ကျပ်သိန်း ထောင်ဂဏန်း(မနှစ်က ကျပ်၁၄၀၀သိန်း) ရှိပါသည်တဲ့။
၃။ပစ္စည်းအချို့ကို မတရားဈေးတင်ရောင်းပြီး စီးပွားဖြစ်ကြသည်။
 ပွဲတော်ကာလတွင် လာကြသည့်လူအပေါင်းကို ဈေးရောင်းခြင်းဖြင့်လည်း စီးပွားရှာကြသည်။သာမန် ရိုးရာဓလေ့ အရ ရောင်းနေကျ၊ ဒေသထွက် ပစ္စည်းများ( သနပ်ခါး၊ တောင်း၊စကော၊ အိုး၊အင်၊ဖျင်ကြမ်းစ၊ဖျင်ကြမ်းထည်၊ ဇီးသီးခြောက်၊ငြုပ်သီးခြောက်….စသည်)တို့ကိုရောင်းချကြသည်က ရောင်းကောင်းသည့်နှစ်မှသာ စီးပွားဖြစ်နိုင်ကြပါသည်။
လမ်းကူးလာသည့် ကားများ၊ဆိုင်ကယ်များကို ၀ါးတားဂိတ်လုပ်ပြီး လမ်းကြေးတောင်းခြင်း၊ မဖြစ်မနေ ၀ယ်ုပါဟုပြောကာရဲဝတ်စုံဖြင့် ရေသန့်ဗူးတစ်ဗူးကို ကျပ်ငါးရာဖြင့် ရောင်းခြင်း၊ စသည့် မတရားငွေညှစ်ရှာကြသည်က အရုပ်ဆိုးဝါးလှပါသည်။ယင်းတို့ဖြင့်လည်း သည်ပွဲတွင်လွယ်လွယ် ငွေရှာကြပါသေးသည်။
၎။နန်းတက်၊နန်းဆက်ခ ဈေးတက်သွားသည်တဲ့။
ကိုကြီးကျော်ပွဲကိုလာလျှင် နတ်ပုံတော်များထားရှိရာ နန်းပေါ်သို့တက်ပြီး နတ်ဆက်ကြရသည်။ ကိုယ်တတ်နိုင်သည့်ဓနအင်အားပေါ်မူတည်ပြီး ပမာဏ ကွာခြားကြသော်လည်း နတ်နန်းထဲသို့ ဒုတ်ဒုတ်ထိဝင်ပြီး နတ်ထိမ်းထံလက်ရောက်ဆက်သလိုပါသည်။ ဆက်နေစဉ်မှာလည်း နတ်ဒိုးတီးသံများဖြင့် စည်စည်ကားကား ကလိုပါသည်။မြူးလိုပါသည် ဆိုပါက တစ်ခါနတ်နန်းတက်ခ(တစ်ပွဲစာ)သည် ကျပ် ခုနစ်သောင်း ၇၀၀၀၀/ ဟုဆိုပါသည်။နတ်ပုံဘေးမှာစောင့်နေသော အမျိုးသမီးသည် နတ်စာကို ခွဲဝေယူစားကြရသည့် နတ်မွေခံ(ရှေးကံကောင်းလို့အချောင်စားရသည်ဟုလည်းပြောကြသည်။) ဆွေစဉ်မျိုးဆက်မှဖြစ်သည်။ (၂၀၁၀ ခုရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည်ပင် ထိုအမျိုးထဲမှာပါနေပါသေးသည်။)သည်မျှမတတ်နိုင်ပါလျှင်ဘေးမှာရှိသော နတ်ထိန်းများထံသို့ ငွေငါးကျပ်မှ အစ မနည်းမများဆက်နိုင်ပါသည်။
                   ကဲ ကိုကြီးကျော်ခေါ် ဘဘကျော်ခေါ်  ဦးမင်းကျော်နတ်ပွဲကတော့ မကြာမီ (တပေါင်းလပြည့်နေ့)တွင် ဆွမ်းလောင်းပွဲနှင့် ပြီးဆုံးသွားပါတော့မည်။ သံဃာတော်တွေမှာတော့ ဘယ်မျှ လှူဘွယ်တန်းရာစုံလင်စွာ ရသည်မသိနိုင်သော်လည်း နတ်ပွဲကိုမှီပြီး စီးပွားရှာကြသူများကတော့ သူဌေးဖြစ်သူနှင့် နေ့တွက်ကိုက်သူနှင့်ပေါ့။
                   ဒေသခံ အချို့ကတော့ ကူတို့ကူးခရငွေများ(ပြီးခံသည့်နှစ်ကအမြတ်ငွေသည်ပင်ကျပ်သိန်း၁၀၀၀ နီးပါး) ကားအပ်ခ ရငွေများကို ထိုဒေသ၏ဖွံ့ဖြိုးရေးအတွက် ဥပမာ- မီးလင်းရေး၊ ကားလမ်းပေါက်ရေး(ရေစကြိုတောင်ဘက်ဒေသသည် ချင်းတွင်းမြစ်ရေ၀င်ရာဒေသမို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည်) ….. စသည်တို့တွင်သုံးပေးမည်ဆိုပါက လူအများအတွက် အကျိုးမည်မျှ ရှိလိုက်မည်နည်း။သို့မဟုတ်ဘဲ ကိုယ့်မိသားစုကောင်းစားရေးအတွက်ဘဲ သုံးနေပါက ကိုကြီးကျော်ရေ ကြာကြာကြည့်မနေပါနဲ့လို့လည်း ပြောနေကြပါသေးသည် ခင်ဗျား။
                 နတ်ဆက်ငွေများကို အများအတွက် နတ်ဆက်ငွေများကို သုံးချင်သည့်လူများ၏ ပြောကြားချက်များကိုလေးစားလျှက်……           

  ကေ၊အင်န်(ရေစကြို)


ကိုကြီးကျော်နတ်ပွဲတော်ကာလတွင် အလှူခံ၇ငွေ အများဆုံးရသည်ဟုနာမည်ကျော်သည့် ဇီးတော ရွာထိပ်က မန်ကျည်းပင်ရိပ် အလှူခံမဏ္ဍပ်မြင်ကွင်း                                      N Y S
   
   Myanamar News Now                      

တာမွေမြို့ နယ် NLD လူငယ်တဦးအား တာမွေရဲမှ ခေါ်ယူစစ်ဆေး

29.2.2012 ရက်နေ့ မွန်းလွဲ သုံးနာရီခွဲ အချိန်ခန့်တွင် တာမွေမြို့ နယ် ရဲစခန်းမှ နယ်ထိန်းရဲ ကြည်လင်း ဆိုသူမှ တာမွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်တဦးဖြစ်သည့် ကိုအေးမင်းအား မလွှကုန်းဌေးကြွယ် ( က ) ရပ်ကွပ်ရုံးသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်။ ခေါ်ယူစစ်ဆေး မေးမြန်းသည့်အကြောင်းရင်းမှာ 5000 ကျပ်တန်းဆင်းကဒ်များ ဖြစ်ပေါ်လာစေရေးအတွက် စတစ်ကာများဖြန့်ဝေ ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ယူစစ်ဆေးခဲ့သော်လည်း အမှန်တကယ် တွင် အဖွဲ့ ချုပ် လူငယ် ကိုအေးမင်းမှာ ဖြန့်ဝေခဲ့ခြင်းမရှိခဲ့ပေ။ ထို့ နောက် အခြားသော စစ်ဆေးမေးမြန်းမှု့များကို စစ်ဆေးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည်။
ကိုအေးမင်းသည် တာမွေမြို့ နယ် လူငယ်တဦးဖြစ်ပြီး မြို့ နယ်တာဝန်များကို ကျေပွန်စွာထမ်းရွက်နေသူတဦးဖြစ်သည်။ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် နိုင်ငံရေးတက်ကြွသူလူငယ်များကို အကြောင်းအမျိုးမျိုးပြကာ ခေါ်ယူစစ်ဆေးမှုများကို အာဏာပိုင်များ မှ ပြန်လည်ပြုလုပ်လာကြသည်။
 by Myanmar Mediamm

ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်၌ လူထုနှင့် တွေ့မည်


ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်အတွက် ဒေါင်းရုပ်ကြီးနှင့် လိုအပ်သည်များကို ပြင်ဆင်နေသော လုပ်သားများကိုတွေ့ရစဉ်။ သတင်းနှင့်ဓာတ်ပုံ - စည်သူလွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မန္တလေးမြို့ စည်းရုံးရေးခရီးစဉ်တွင်မြို့အရှေ့တောင်ဘက်စွန်းရှိ(ဆဆ/၉)၅၁လမ်း နှင့်
 အောင်ဇေယျလမ်းထောင့်ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ
မြေနေရာလွတ်၌မတ်လ၃ရက်တွင်မြို့နေလူထုနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှသိရသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်းရုံးရေး မူလခရီးစဉ်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ကို သတ်မှတ်ခဲ့ သော်လည်း လူထုနှင့် တွေ့ဆုံရန် နေရာ အခက်အခဲဖြစ်ခဲ့သောကြောင့် စည်းရုံးရေး ခရီးစဉ်ကို မတ်လ ၃ ရက်နေ့သို့ ပြောင်းရွှေ့ပြင်ဆင် သတ်မှတ် ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ စည်းရုံးရေးဆင်းရာတွင် မြို့နေပြည်သူ လူထုအား ဟောပြောရန်နေရာများကို စီစဉ်ပေးရန် ဆန္ဒ ရှိကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင် မပြေခဲ့မှုများလည်း ရှိခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်က တံတား ဦး လေယာဉ်ကွင်းကနေ ပုလိပ်၊ မြစ်ငယ်၊ ရန်ကုန်-မန္တလေးလမ်းတစ်လျှောက် လူထုကို နှုတ်ဆက်လာပြီး ၃၇ လမ်းရောက် ရင် အောက်ကိုဆင်းမယ်။ ၈၄ လမ်းရောက် တာနဲ့ ဈေးချိုဘက်ကိုသွားမယ်။ ဈေးချို ကနေ ၂၆ လမ်းအတိုင်းတက်သွားပြီး ၇၈ လမ်းသွားမယ်။ "၇၈ လမ်းကနေ သိပ္ပံလမ်း သွား မယ်။ သိပ္ပံလမ်းကနေပြီး ဟောပြော မဲ့ကွင်းကို သွားမယ်ဆိုပြီး အကြမ်းဖျင်း တော့စီစဉ်ထားတယ်။ ဟောမဲ့ကွင်းက လည်း လူဦးရေသောင်းနဲ့ ချီပြီးဆံ့ပါ တယ်။ မဟာမြတ်မုနိ ဘုရားကြီးကို ဖူးဖို့ လည်းရှိပါတယ်" ဟု ဦးသိန်းတန်က ဆက်လက် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဟောပြော မည့်ကွင်းကို မန္တလေးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များက မြေကွက်လပ်ရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ် လ ၃ ရက်နေ့တွင် မန္တလေးမြို့လူထုနှင့် တွေ့ဆုံပြီး ၄ ရက်နေ့၌ စစ်ကိုင်းသို့ စည်းရုံးရေး ဆင်းမည်ဖြစ်သည်။
မတ်လ ၅ ရက်နေ့တွင် တံတားဦး၊ နွားထိုးကြီး နှင့် မိတ္ထီလာမြို့များ၌ လူထုနဲ့ တွေ့ဆုံ မည်ဖြစ်ပြီး နေပြည်တော်သို့လည်း သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင် (မြန်မာ့တိုင်းမ်)

ခြစားမှုကို အရေးယူဖို့ လုပ်နိုင်အောင်တော့ လုံလောက်တဲ့လစာကို အရင်ပေးဖို့လို

ဒေါက်တာ နေဇင်လတ်
မြန်မာနိုင်ငံတွင် အစိုးရ၀န်ထမ်းများ အားလုံးကို လစာတိုးပေးခြင်းဖြင့် လာဘ် ပေးလာဘ်ယူခြင်းများ လျော့ပါးသွားစေ နိုင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့သည့် ဖေဖော်ဝါ ရီလ ဒုတိယပတ်အတွင်းက ပြောကြားခဲ့ ပြီးနောက် ထိုသို့လစာ တိုးရေးနှင့် ပတ်သက်ပြီး ၀န်ထမ်းအားလုံးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လွှတ်တော်တွင် တရားဝင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၀န်ထမ်းများ လစာတိုးပေးခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းခဲ့ သလား၊ ၀န်ထမ်းလစာတိုး ပေးပြီးနောက် ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်းတို့ကို မည်သို့ ကိုင်တွယ်သင့်သည်စသည်တို့ ကို စီးပွားရေးပညာရှင်နှင့် သမ္မတ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကို မေးမြန်းထားပါသည်။

* ၀န်ထမ်းတွေ လစာတိုးတဲ့အခါ နေ့စဉ်ကုန်ဈေးနှုန်းတွေ မတက် အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်မယ်ဆိုရင် အောင်မြင်မယ် လို့ ထင်ပါသလဲ။

ပညာရပ်ရှုထောင့်က ပြောရရင် အများကြီးပဲ။ သာမန်နားလည်အောင် ပြောရမယ်ဆိုရင်တော့ ငွေကြေးဖောင်း ပွမှုကို ထိန်းချုပ် နိုင်ရမယ်။ မလိုအပ် တဲ့ အပိုကုန်ကျငွေ (Transacational cost) တွေကို လျှော့ချနိုင်ရမယ်။ ထုတ်လုပ်မှုကုန်ကျငွေ (Production cost) ကျဆင်းရမယ်။ သယ်ယူပို့ဆောင်ရေး စရိတ် (Transportation cost) လျှော့ချ ရမယ်။ထပ်ပြောရရင် (Inventory cost, storage) စတာတွေလည်း ရှိသေးတယ်။ အဆင့်တိုင်းမှာ ကုန်ကျငွေလျှော့ချနိုင် ရေးကို လုပ်နိုင်မယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်း ပါလိမ့်မယ်။ ဒါက ပြည်တွင်း ထုတ်ကုန်ပိုင်းပေါ့။ ပြည်ပက သွင်းကုန်တွေအတွက်ကတော့ ကိုယ့်ငွေတန်ဖိုး သိပ်လျော့နေရင် ပစ္စည်းတန်ဖိုးကြီးလာလိမ့်မယ်။ ထိုက်သင့်တဲ့ ငွေကြေးတန်ဖိုး ရှိရမှာဖြစ်သလို အခွန်နဲ့ ပို့ဆောင်ရေး စရိတ် လျော့နည်းရင် ဈေးနှုန်းတွေ ရှိသင့် တာလောက်ပဲ ရှိနေမှာ ဖြစ်ပါတယ်။

* အခြေခံဝန်ထမ်းတွေ လစာတိုးရင် ခြစားမှုပပျောက်မယ်ဆိုတဲ့အတွက် ဒီနည်းလမ်းက ခေတ်အဆက်ဆက် အသုံးဝင်ခဲ့ပါ သလားရှင့်။

အဲဒါက အယူအဆပိုင်း (Conceptual) ပိုင်းအနေနဲ့ပါ။ လက်တွေ့မှာ သိပ်မမှန်ချင်ဘူး။ လစာဟာသုံးစွဲစရိတ် ကို လောက်ငစေတဲ့ တိုင်အောင် ယဉ်ကျေးမှုအဟောင်းထဲက မထွက်နိုင် သေးသူတွေ ရှိတယ်။ အစကတော့ စားဝတ်နေရေး ပြေလည်အောင်ပဲ၊ နောက်တော့ ကြီးပွားချမ်းသာရေးတွေ နောက်က လိုက်လာတယ်။ အလေ့ အကျင့်များသွားတော့ ရပိုင်ခွင့်တစ်ခု လိုဖြစ်လာပြီး ယဉ်ကျေးမှုအသွင် ဆောင်လာတယ်။ ခြစားမှုပပျောက်ရေး အတွက် လုံလောက်တဲ့ လစာပေးရမယ် ဆိုတာ မှန်ပေမယ့် အရေးယူ ဆောင်ရွက်မှု၊ စစ်ဆေးမှုတွေ မလုပ်ရင် ပျောက်နိုင်ဖို့ သိပ်မလွယ်လှသေးဘူး။ အရေးယူ ဆောင်ရွက်မှု လုပ်နိုင်အောင်တော့ လုံလောက်တဲ့ လစာကိုအရင်ပေးဖို့ တော့ လိုမှာဖြစ်ပါတယ်။

* နေ့စဉ်သုံးကုန်ဈေးနှုန်းတွေ မတက်အောင် အစိုးရကကော ဘာတွေလုပ် ပေးဖို့ လိုပါသလဲ။

အစိုးရက တစ်ခုချင်းတော့လိုက် ကြည့်နိုင်တဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် ထုတ်လုပ်မှုစရိတ်ကျဆင်းအောင်၊ ငွေကြေးဖောင်းပွ မှုနှုန်း လျော့နည်း အောင်၊ အခွန်အခတွေ သိပ်မမြင့်အောင် လုပ်ထားပေးရင် ဈေးနှုန်းကိုထိန်းသိမ်း သွားနိုင်ပါလိမ့်မယ်။

* မြန်မာနိုင်ငံမှာ ၀န်ထမ်းလစာ တိုးရင် ငွေဖောင်းပွမှု အမြဲတမ်းဖြစ်လေ့ရှိပါ သလား။

သီအိုရီအရ ပြောရရင်တော့ ငွေစက္ကူ ထပ်ပြီး ရိုက်နှိပ်ရမှာမို့ ထိုက်သင့်တဲ့ ဖောင်းပွမှုကတော့ ရှိလာပါလိမ့်မယ်။

* ဧပြီ ၁ ရက်နေ့ကစပြီး မြန်မာငွေလွဲ နှုန်းတွေကို ပြုပြင်ပြောင်းလဲဖွယ်ရှိ တယ်လို့ သတင်းထွက်နေတော့ ပြောင်းမယ် မပြောင်းဘူး ဆိုတာရဲ့ နောက်ကွယ်မှာ ဘယ်လိုအကျိုး ဆက် ဖြစ်လာနိုင်မယ်ဆိုတာ သိချင် ပါတယ်။

တစ်ဒေါ်လာခြောက်ကျပ်ကို ပြောင်းမယ်ဆိုတာက သတင်းမှားဖြစ်ပါလိမ့်မယ်။ ငွေလဲလှယ်မှုနှုန်းကွဲပြားနေတာကို စုစည်းပြီး လဲလှယ်နှုန်းတစ်မျိုးတည်းကို သတ်မှတ်ပြီး ဧပြီ ၁ ရက်နေ့မှာ စပြီး ကျင့်သုံးမှာသာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဘဏ်စနစ်အားကောင်း ရမှာဖြစ်ပါတယ်။ ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းပေါ်မှာ ဘဏ်တွေက လိုက်ပါ ကျင့်သုံးရမှာလည်း ဖြစ်ပါတယ်။ Exchange Rate Unification လုပ်တာတော့ လုပ်ရမှာပါ။ မပြောင်းလို့က မရပါဘူး။ မပြောင်းရင် ဖွံ့ဖြိုးရေးကိုသွားလို့ မရဘူး။ ကိန်းဂဏန်းအမှန်တွေကို ထုတ်ပြန်လို့ရမှာမဟုတ်ဘူး။ ကာလ ပေါက်ဈေးပေါ်မှာ နှုန်းရှင်နဲ့သွားကြ ပါလိမ့်မယ်။

* အက်ဖ်အီးစီ ယူနစ်ကိုကော ဒီနှစ်အတွင်း ပယ်ဖျက်မယ့်အလားအလာ ရှိပါသလား။

တရုတ်နိုင်ငံမှာလည်း အက်ဖ်အီးစီ ယူနစ်ကို ပယ်ဖျက်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေလဲနှုန်းတစ်ခုကို သတ်မှတ်နိုင်ဖို့ အက်ဖ်အီးစီကို ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။

ကျော်ဆုမွန် (မြန်မာ့တိုင်းမ်)

စပါးဈေးများအားတရားဝင်သတ်မှတ်ထားသော နှုန်းထားနှင့်အခြင်အတွယ်အတိုင်း ရောင်းချလို


စပါးခင်းအတွင်း ဓာတ်မြေဩဇာပက် ကြဲနေသည့် လယ်သမား တစ်ဦးကို ပဲခူးတိုင်း ဒေသကြီးအတွင်းတွေ့ရစဉ်။
ဓာတ်ပုံ- အေအက်ဖ်ပီ။
ဆန်စပါးအထူးပြုကုမ္ပဏီများမှ စပါး ၀ယ်ယူရာတွင် နိုင်ငံတော်မှ သတ်မှတ် ထားသောနှုန်းထားနှင့် အခြင်အတွယ် အတိုင်းသာ ၀ယ်ယူပေးရန် တောင်သူ များကတောင်းဆို လျက်ရှိသည်။
စိုက်ပျိုးစရိတ် ကြိုတင်ထုတ်ပေးနေ သော ကုမ္ပဏီအချို့မှာ စပါး ပေါ်လျှင် ကာလပေါက်ဈေးအတိုင်း တွက်ချက် ပေးမည်ဆိုသော်လည်း စပါးပေါ်သည့် အချိန်တွင် မူလပေါက်ဈေးထက်လျော့ ပေးခြင်း၊ အလေးချိန်ပိုမိုတောင်းခံ၍ ၀ယ်ယူမှုများ ရှိနေကြောင်းသိရသည်။
"မနှစ်က စပါးဈေးကဈေးကွက်မှာ တစ်တင်းကို ကျပ် ၃,၆၀၀ ပေါက် တယ်။ ကျွန်တော်တို့ဆီက၀ယ်တော့ ကြိုပေး ထားလို့ပြောပြီး ကျပ် ၃,၄၀၀ နဲ့ပဲ ၀ယ် တယ်။ ကြိုပေးထားပေမယ့် စပြီးကြိုတင် ငွေထုတ် ပေးကတည်းက အတိုးနှုန်းက ပါပြီးသားပါ။ ပေါက်ဈေးအတိုင်းမပေး တဲ့အပြင်အလေးချိန်ကိုပါ ပိုယူတော့ ကျွန်တော်တို့ဘယ်လိုဆက်ပြီး ရပ်တည် ရမလဲ" ဟုမော်လမြိုင်ကျွန်း မြို့နယ် ကျွဲခြံချောင်းဖျားကျေးရွာမှ ဦးတင့်လွင် က ပြောသည်။
ထို့ပြင် ကုန်သည်များအနေဖြင့် ကတ္တားဖြင့် ခြင်တွယ်ဝယ်ယူရာတွင် ယခင်အစိုးရလက်ထက်က စပါး တစ်တင်းလျှင် ၄၆ ပေါင် နှင့် တင်းတစ်ရာ လျှင် ကျပ် ၃၀၀,၀၀၀ ဖြင့် ၀ယ်ယူရန် သတ်မှတ်ထားသော်လည်း ကုမ္ပဏီများ မှ တင်းတစ်ရာလျှင် ကျပ် ၃၀၀,၀၀၀ အောက်လျော့သော ဈေးနှုန်းဖြင့်သာ ၀ယ်ယူသည့်အပြင် အခြင်အတွယ်ကိုမူ ပိုမိုခြင်တွယ်ကြောင်း သိရသည်။
"တစ်တင်းမှာ ၄၆ ပေါင်ရှိတယ်။စပါးတစ်အိတ်ကို နှစ်တင်းသတ်မှတ် ထားတယ်။ ဒါပေမယ့် သူတို့က တစ်အိတ် ကိုပေါင် ၁၁၀ ပြည့်မှဝယ်တာဆိုတော့ တရားဝင်ခိုးတာပါပဲ။ မရရင် မယူနိုင်ဘူး။ ဖုန်၊ သဲ၊ ခဲ ပါတဲ့အတွက်ဆိုပြီး ပြောတော့ လယ်သမားတွေက သိသိကြီးနဲ့ ၁၄ ပေါင် အခိုးခံလိုက်ရတာပါပဲ"ဟု ဦးတင့်လွင် က ပြောသည်။
တောင်သူလယ်သမားများသည် စပါး စိုက်ပျိုးရာတွင် ရာသီဥတုပြောင်းလဲမှု၊ မြေဆီလွှာအရည်အသွေးများ လျော့ နည်းလာမှုကြောင့် သွင်းအားစုဓာတ်မြေ ဩဇာများကို ဆတိုးသုံးစွဲလာသည့် အတွက် စပါးဈေးမတက်သော်လည်း စိုက်ပျိုးစရိတ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်လာကြောင်းသိရသည်။
သို့ဖြစ်၍ ကိုယ်ပိုင်ငွေအရင်းအနှီး ထည့်ဝင်နိုင် ခြင်းမရှိဘဲ အများစုမှာ ချေးငွေအပေါ်တွင်သာ အားထားနေရသည်။
စိုက်ပျိုးရေးဘဏ်မှ လယ်သမားများ အားတစ်ဧကလျှင် ယခင်ကနှစ်သောင်း နှုန်းသာချေးပေးရာမှ လက်ရှိတွင် လေးသောင်းနှုန်းခန့် တိုးမြှင့်ထုတ်ချေး ပေးလျက်ရှိသော်လည်း စရိတ်မကာမိ သဖြင့် ပြင်ပမှ ချေးနေရဆဲပင်ဖြစ် ကြောင်းသိရသည်။
စိုက်ပျိုးရေးဘဏ်မှ ချေးငွေများကို ငွေသားဖြင့်သာ ပြန်လည် ပေးချေရသော်လည်း ကုမ္ပဏီများမှ ချေးငွေရယူပါက စပါးကို ပင်ပြန်လည် ပေးသွင်းရကြောင်း သိရသည်။
"အရင်တုန်းကတော့ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်(စိုက်ပျိုးရေးဘဏ်) က တစ်ဧကကို လေးသောင်းနှုန်းနဲ့ တိုးချေးပေးပေမယ့် ကျွန်တော်တို့ လယ် တစ်ဧကကို အရင်းကအားလုံးပေါင်း ကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၁၈၀,၀၀၀ လောက်ရှိတယ်။ ကျပ် ၈၀,၀၀၀ ကတော့ ကိုယ်ပိုင်ပိုက်ဆံပေါ့။ တစ်သိန်းလောက် ကတော့ အပြင်က နေယူသုံးရတယ်။ အပြင်ကထပ်ပြီးယူရရင် ခုနစ်ကျပ်တိုး ကနေ နှစ်ဆယ်တိုးအထိပေးရတယ်။ နှစ်ဆယ်တိုးပေးရတဲ့အခါ တစ်လ နှစ်သောင်း။ လေးလဆိုတော့ ရှစ် သောင်း။ အားလုံးတစ်ဧကကို နှစ်သိန်း လေးသောင်းလောက် ဖြစ်သွားတယ်။ ရောင်းတော့ စပါးဈေးက တင်းတစ်ရာကို သုံးသိန်း။ တစ်ဧကကို တင်းတစ်ရာထွက် ဖို့ မလွယ်ဘူး။ အခုဆိုရင် ၇၀၊ ၈၀ ပဲ" ဟု ကျိုက်လတ်မြို့နယ်၊ ကညင်ကုန်း ကျေးရွာမှ ဦးတင်ဦးကပြောသည်။
ယခုလက်ရှိတွင်အစိုးရမှ စပါးတစ် တင်းလျှင် ၉၂ ပေါင်ဖြင့် ခြင်တွယ်ရန်၊ စပါးတင်း ၁၀၀ လျှင် ၃၀၀,၀၀၀ ဖြင့်ဝယ် ရန်သတ်မှတ် ထားရာ လယ်သမားက စပါးပေါ်ချိန်တွင် ယခုနှုန်းထားဖြင့် အမှန်တကယ် ရောင်းချခွင့်ရရန် မျှော်လင့်ထားသည်။
"အခြင်အတွယ် မမှန်တဲ့အခါ ကျွန်တော်တို့က ကုမ္ပဏီက တာဝန်ရှိတဲ့ သူကိုတိုင်ရင် သူကတော့ ရှေ့မှာ သူ့လူ တွေကို အဆင် ပြေအောင်လုပ်ပေး လိုက်လို့တော့ ပြောပါတယ်။ ဒါပေမယ့် နောက်တစ်ခါ သွားရောင်းရင်တော့ အဲဒီတိုင်တဲ့လူကိုမှတ်ထားပြီး အိတ် ကို ပါ ဖျောက်ပစ်လိုက်ရော"ဟု မော်လမြိုင် ကျွန်းမြို့နယ်၊သရက်ခေါင်းကျေးရွာမှ ကိုသန်းလှိုင်က ပြောသည်။
"အခု အရန်ဆန်ဝယ်ဖို့အတွက် တစ်တင်းကို ၄၆ ပေါင်ထက်မပိုဘဲ တင်း ၁၀၀ကို ကျပ် ၃၃၀,၀၀၀ နဲ့ ၀ယ်မယ်ပြော နေတယ်။ တကယ် ရရင်တော့ အကောင်း ဆုံးပဲ" ဟု ဘိုကလေးမြို့နယ်ကျောင်းစု ရွာမှ ဦးအုန်းကြွယ်က ပြောသည်။
အိအိတိုးလွင်  (မြန်မာ့တိုင်းမ်)

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် လေးမြို့နယ်တွင် ဟော ပြောမည်

ကလောမြို့ မှာ မိန့် ခွန်းပြောကြာနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ ရှိ လစ်လပ်နေသော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏ သီရိမြို့နယ်တို့တွင် မဲဆွယ် စည်းရုံးမှုများပြုလုပ်သွားမည်ဖြစ်သည်။ "၅ ရက်နေ့မှာ တံတားဦး၊ နွားထိုး ကြီးနဲ့ မိတ္ထီလာကနေ ညနေပိုင်းလောက် ကူးလာမယ်" ဟု ရမည်းသင်းခရိုင် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး ကော်မတီဝင် ဦးမျိုးတေဇာမောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ နေပြည်တော်တွင် ယခုလ ၅ ရက်နေ့ ညအိပ်မည်ဖြစ်ပြီး ၆ ရက်နေ့တွင် ဇမ္ဗူ သီရိမြို့၊ လက်ပံခါးလှကျေးရွာ၊ ဥတ္တရ သီရိမြို့၊ မင်းကုန်း ကျေးရွာ၊ ဒက္ခိဏသီရိ မြို့၊ ရန်အောင်မြင်ကျေးရွာနှင့် ပုဗ္ဗသီရိ မြို့၊ ကြည်တောင်ကန်ကျေးရွာများတွင် စည်းရုံးမဲဆွယ်မှုများပြုလုပ် သွားမည်ဖြစ် သည်ဟု ၎င်းက ပြောသည်။ မဲဆွယ်စည်းရုံးမည့်နေ့တွင် သီရိလေး မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လေးနယ်၌ ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီ ကိုယ်စား လှယ်လောင်း လေးဦးစလုံး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါဝင် မည်ဖြစ်သည်ဟု ပုဗ္ဗသီရိမြို့နယ်၊ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးဖြိုး ဇေယျာသော်(ခ) ဦးဇေယျာသော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ "အန်တီစုကို အခုလို အပြင်မှာ ပထမ ဦးဆုံးအကြိမ်တွေ့ရမှာမို့ စိတ်လှုပ်ရှား နေပါတယ်" ဟု ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါး လှကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ပထမနှစ်တက္ကသိုလ် ကျောင်းသူတစ်ဦး က ပြောသည်။ အင်န်အယ်လ်ဒီပါတီနှင့် ကြံ့ခိုင်ရေး ပါတီတို့သာ လစ်လပ်မဲဆန္ဒနယ်လေး နယ်စလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ပုဗ္ဗသီရိမြို့နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ဥတ္တရသီရိမြို့နယ် တို့တွင်သာ ပါဝင်ယှဉ်ပြိုင် မည်ဖြစ် သည်။ နေပြည်တော်သီရိလေးမြို့နယ်တွင် ပုဗ္ဗသီရိမြို့တွင် အင်န်အယ်လ်ဒီမှ ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်၊ ကြံ့ခိုင်ရေးပါတီမှ ဦးသာဌေး၊ ဇမ္ဗူသီရိ မြို့တွင် အင်န်အယ်လ်ဒီမှ ဒေါ်စန္ဒာမင်း၊ ကြံ့ခိုင်ရေးပါတီ ဦးဝင်းဌေး၊ ဥတ္တရသီရိမြို့ တွင် အင်န်အယ်လ်ဒီမှ ဦးနိုင်ငံလင်း၊ ကြံ့ခိုင်ရေးပါတီမှ ဦးလှသိန်းဆွေနှင့် ဒက္ခိဏသီရိမြို့တွင် အင်န်အယ်လ်ဒီမှ ဦးမင်းသူ၊ ကြံ့ခိုင်ရေးပါတီမှ ဦးမောင်ရှိန် တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် မဲဆန္ဒနယ် အားလုံးတွင် ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို အနိုင်ရရှိခဲ့သည်။ ၀င်းကိုကိုလတ် (မြန်မာ့တိုင်း)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမဆုံးအကြိမ်သမ္မတပြောကြား

မတ် ၁၊ ၂၀၁၂ (YPI)


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၎င်းမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတက တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်ပြီး “ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီး မိမိတို့ရဲ့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မည်ဟု ကြွေးကြော်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း အများဆန္ဒကိုရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းမည်ဟု ၎င်း၏ မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားလျှက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက သမ္မတ၏ ယခုကဲ့သို့သဘောထားကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ လွန်စွာခက်ခဲမည်မဟုတ်တော့ဟု သူမ၏အမြင်ကိုပြောသည်။

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးထွေးမြင့်ကမူ အများဆန္ဒဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ပြောကြားခြင်းအား ကြိုဆိုသော်လည်း ယခုလွှတ်တော်အနေဖြင့် ပြည်သူအများကို ကိုယ်စားပြုသည့် လွှတ်တော်ဟု ပြောရန်မဖြစ်နိုင်ကြောင်းပြောသည်။

၎င်းက “ အခုလွှတ်တော်ထဲမှာက ယူနီဖောင်းသာကွာတာ၊ စစ်သားနဲ့စစ်သားလူထွက်တွေပဲများနေတယ်။ အဲဒီ လွှတ်တော်ထဲက အများစုရဲ့ဆန္ဒက ပြည်သူအများစုရဲ့ဆန္ဒကို တကယ်ကိုယ်စားပြုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ” ဟု ပြောသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အများဆုံးရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးဌေးဦးကမူ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရန်မလိုအပ်ကြောင်းပြောခဲ့သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ယခင်စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် စစ်တပ်ကို လုပ်ပိုင်ခွင့်အလွန်အကျွံပေးထားသည့် အားနည်းချက်များစွာရှိကြောင်း ဝေဖန်မှုများရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ တွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟု ပါရှိပြီး ဥပဒေပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခြားပါတီများမှ ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းပါဝင်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းနီးပါးရှိသည်။

တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်

 မတ်လ၅ရက်နေ့မှစတင်ကာတန်ဖိုးနည်းGSMဖုန်းများကို ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သိရသည်။
“လာမယ့် မတ်လ ၅ ရက်နေ့ကစပြီး စတင်ချပေးသွားမှာပါ။ အရေအတွက် ကတော့ကျွန်တော်တို့လည်းအတိအကျမပြောနိုင်သေးပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖုန်းများအားကျပ်ငွေတစ်သိန်းရှစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချ ဖြစ်ကြောင်းနှင့် ဦးစွာ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ၅ ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းဖုန်းများကိုOne stopservice ဖြင့်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသော ဆိုင်များအနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ထားသော ပုဂ္ဂလိကကုမ္မဏီ ၂၃ ခုတွင် ချိန်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။
“သုံးသိန်းတန်းဖုန်းတွေကို ပြည်သူအများစုက မျှော်နေကြတာကြာပါပြီ။ အခုလို နှစ်သိန်းဝန်းကျင်နဲ့ ချပေးမယ်ဆိုတော့လည်း ဝမ်းသာရပါတယ်။ ဒါပေမယ့် အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကျပ် ၅ ထောင်တည်းနဲ့ ရောင်းချပေးမယ်ဆိုတော့ ပြည်သူတွေမှာ ဇဝေဇဝါနဲ့ ဝယ်ရမလို၊မဝယ်ဘဲထပ်စောင့်ရမလိုဖြစ်နေကြပါတယ်”ဟု အသေးစားစက်မှုလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်က ပြောသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို၀၉-၄၂နံပါတ်မျာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖုန်းများကို စတင်ရောင်းချပေးသည့်အချိန်မှ ခြောက်လအတွင်း MMS (Multiamedia Serfvice) စနစ်ကိုအသုံးပြုနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
GSM ဖုန်းပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

အစိုး​ရအဖွဲ့​တွင်း​မှာ ဂိုဏ်း​ကွဲမှုမရှိဟု သမ္မတရှင်း

အစိုး​ရအဖွဲ့​ အတွင်း​မှာ အမာဂိုဏ်း​နဲ့​ အ​ပျော့​ဂိုဏ်း​ဆိုပြီး​ ကွဲပြား​နေတာ မရှိဘူး​လို့​ သမ္မတ ဦး​သိန်း​စိန်က နိုင်ငံ​တော် အ​ခြေပြမိန့်​ခွန်း​မှာ ထည့်​ပြောသွား​ပါတယ်။
သမ္မတဦး ​ဆောင်တဲ့​ အစိုး​ရအဖွဲ့​၊​ တိုင်း​နဲ့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင်​တွေ၊​ တပ်မ​တော်​ခေါင်း​ဆောင်​တွေ၊​ လွှတ်​တော်နဲ့​ တရား​ရေး​မဏ္ဍိုင်က ပုဂ္ဂိုလ်​တွေ အား​လုံး​ဟာ အစိုး​ရအဖွဲ့​ရဲ့​ မူဝါဒကို ယုံကြည်စွာနဲ့​ ​ဆောင်ရွက်​နေကြတယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ပြောပါတယ်။
အစိုး​ရအဖွဲ့​ အတွင်း​မှာ ဂိုဏ်း​ကွဲ​နေတာမျိုး​ မဟုတ်ဘဲ လူတဦး​ချင်း​စီရဲ့​ ဗီဇ၊​ စရိုက်နဲ့​ အမူအကျင့်​တွေအ​ပေါ် မူတည်ပြီး​ စီမံခန့်​ခွဲမှုမှာ ကွာခြား​နေတာမျိုး​ ဖြစ်တယ်လို့​ ဦး​သိန်း​စိန်က အစိုး​ရအဖွဲ့​ တနှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောသွား​ပါတယ်။
အစိုး​ရအဖွဲ့​ အ​နေနဲ့​ တိုင်း​ပြည်ရဲ့​ ဂျီဒီပီ တိုး​တက်လာရုံသာမက၊​ ပြည်သူလူထုရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ မြင့်​မား​လာဖို့​ ရရှိခံစား​နေတဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လူမှုဖူလုံ​ရေး​နဲ့​ ပြည်သူ​ရေး​ရာ ဝန်​ဆောင်မှု​တွေ တိုး​တက်မြင့်​မား​လာဖို့​ရယ်၊​ ဖွံ့​ဖြိုး​တိုး​တက်မှု​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် မထိခိုက် မဆုံး​ရှုံး​စေဖို့​အထိ ရည်ရွယ်​ဆောင်ရွက်​နေတယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ပြောသွား​ပါတယ်။ 
ဒီဗွီဘီ

မြန်မာ့​နိုင်ငံ​ရေး​ပြောင်း​လဲမှုကို စစ်တပ်က ​ထောက်ခံဟု သမ္မတအကြံ​ပေး​ ​ပြောကြား

မြန်မာတပ်မ​ တော်ဟာ မြန်မာပြည်က နိုင်ငံ​ရေး​ပြုပြင်​ပြောင်း​လဲမှု​တွေ အ​ပေါ်မှာ အပြည့်​အဝ ​ထောက်ခံမှု ရှိတယ်လို့​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​လည်း​ဖြစ်၊​ အစိုး​ရအဖွဲ့​ရဲ့​ အတွင်း​လူလို့​ သိကြတဲ့​ ဦး​ကိုကိုလှိုင်က ​ပြောလိုက်ပါတယ်။
ဦးကိုကိုလှိုင်
ထိုင်း​သတင်း​ စာ တ​စောင်ဖြစ်တဲ့​ ​နေရှင်း​သတင်း​စာရဲ့​ အယ်ဒီတာချုပ်နဲ့​ ​မေး​မြန်း​တဲ့​အခါမှာ ဦး​ကိုကိုလှိုင်က ​ပြောလိုက်တာပါ။ အရင် စစ်အစိုး​ရအဖွဲ့​ရဲ့​ အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကလည်း​ လက်ရှိ နိုင်ငံ​ရေး​ အ​ခြေအ​နေသစ်​တွေကို ​နောက်ကွယ်က​နေ ကြိုး​ကိုင် ညွန်ကြား​တာမျိုး​ မရှိဘဲ၊​ လုံး​ဝအနား​ယူသွား​ပြီလို့​ ဦးကိုကိုလှိုင်က ​ပြောပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာ ​နေအိမ် အကျယ်ချုပ်ချခံခဲ့​ရသူ ဖြစ်တဲ့​အတွက် စစ်တပ်အ​ပေါ်မှာ အပြည့်​အဝ ယုံကြည်မှု မရှိ​သေး​တာကလည်း​ သဘာဝကျတယ်လို့​ အငြိမ်း​စား​ စစ်တပ်အရာရှိလည်း​ ဖြစ်တဲ့​ ဦး​ကိုကိုလှိုင်က ​ပြောပါတယ်။
လက်နက်ကိုင် သူပုန်ထမှု​တွေ သက်တမ်း​ရှည်ကြာ​နေတဲ့​ မြန်မာ့​နိုင်ငံမှာစစ်တပ်ရဲ့​ အခန်း​ကဏ္ဍဟာ အ​ရေး​ကြီး​တယ်လို့​လည်း​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ ဦး​ကိုကိုလှိုင်က ​ပြောကြား​ခဲ့​ပါတယ်။ 
ဒီဗွီဘီ

ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု

လက်ရှိပြည်သူ​ တွေ အကြား​မှာ စိတ်ဝင်စား​မှု အထူး​မြင့်​တက်​နေတဲ့​ ၅၀၀၀ တန် မိုလ်ဘိုင်း​ ဖုန်း​ကိစ္စကို ပြည်သူ့​ဆန္ဒလိုလား​ချက်နဲ့​အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​တွေရှာပြီး​ ​ဆောင်ရွက်သွား​မယ်လို့​ သမ္မတဦး​သိန်း​စိန်က ကတိပြုလိုက်ပါတယ်။
တန်ဖိုးနည်း ဆင်းကတ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုသည့် စတစ်ကာ
“လက်ရှိပြည်သူကြား ​မှာ စိတ်ဝင်စား​မှု အထူး​ပဲမြင့်​တက်​နေတဲ့​ မိုလ်ဘိုင်း​ဖုန်း​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​လော​လောဆယ်မှာ ကျ​နော်တို့​ တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေရပါတယ်။ ဒီလုပ်ငန်း​တွေ ပြီး​တာနဲ့​အမျှ ပြည်သူ​တွေရဲ့​ဆန္ဒကို ပြည့်​ဝ​အောင် နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​တွေနဲ့​ အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​များ​ကို ရှာ​ဖွေပြီး​ ​ဆောင်ရွက်​ပေး​သွား​မှာ ဖြစ်ပါတယ်။”
သမ္မတဦး​သိန်း​စိန်က ပြည်​ထောင်စုလွှတ်​တော်မှာ မတ် ၁ ရက်​နေ့​က အစိုး​ရသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောခဲ့​တာပါ။
အရင်ကလည်း​ မြစ်ဆုံစီမံကိန်း​ကို သူ့​အစိုး​ရ သက်တမ်း​အတွင်း​ ဆိုင်း​ငံ့​မယ် ဆိုပြီး​ ကတိ​ပေး​တဲ့​အတိုင်း​ အ​ကောင်အထည် ​ဖော်​နေတာ​ကြောင့်​ အခုမိုဘိုင်း​ဖုန်း​နဲ့​ ပတ်သက်ပြီး​ သမ္မတရဲ့​ ကတိစကား​ကိုလည်း​ အများ​က ကြိုဆိုလိုက်ပါတယ်။
ဒဂုံတက္ကသိုလ်က ​ကျောင်း​သူတဦး​ကလည်း​ ခုလို ဆိုပါတယ်။
“ငါး​ထောင်တန် ဖုန်း​ထွက်ရင်​တော့​ ဝမ်း​သာတာ​ပေါ့​။ လူတန်း​စား​မ​ရွေး​ ကိုင်​ဆောင် လို့​ရတာ​ပေါ့​။ ကိုင်​ဆောင်လို့​ရရင် ဘယ်​နေရာမှာမဆို အသုံး​ပြုလို့​ရတာ​ပေါ့​။ လုပ်ငန်း​ပဲဖြစ်ဖြစ်၊​ ​ကျောင်း​သူ​ကျောင်း​သား​ပဲဖြစ်ဖြစ် ကိစ္စ​လေး​ရှိရင် ဖုန်း​နဲ့​အလွယ်တကူ ဆက်သွယ်လို့​ ရတယ်ဆို​တော့​ ဝမ်း​သာတာ​ပေါ့​။”
ဖွံ့​ဖြိုး​ မှုနိမ့်​ကျတဲ့​ ချင်း​ပြည်နယ်က ဟား​ခါး​ ​ဒေသခံတဦး​ကို ​မေး​ကြည့်​ရာမှာ တဦး​နဲ့​တဦး​ ဆက်သွယ်​ရေး​ လွယ်ကူလျင်မြန်မှာဖြစ်လို့​ တကယ် ဖြစ်လာ​စေချင်တယ်လို့​ ​ပြောပါတယ်။
“​တော​ရော မြို့​ပါ တ​ယောက်နဲ့​တ​ယောက် ကိစ္စရှိရင်လည်း​ အ​ကြောင်း​ကြား​နိုင်မယ်။ ဆက်သွယ်နိုင်မယ်ဆို​တော့​ အများ​ကြီး​ အ​ထောက်အကူ ပြုတာ​ပေါ့​။ စီး​ပွား​ရေး​လုပ်ငန်း​က​တော့​ တရွာနဲ့​တရွာ ဒီ​လောက်ကြီး​ စီး​ပွား​ရေး​လုပ်ငန်း​ဆက်သွယ်တာမရှိ​တော့​ လူမှု​ရေး​မှာပဲ ပိုပြီး​အကျိုး​ပြုမယ်လို့​ ယူဆတယ်။”
စစ်အစိုး​ရ​ ခေတ်က တယ်လီဖုန်း​ဆင်း​ကတ်တခုကို ကျပ် သိန်း​ ၂၀ ​ကျော် အထိ​ပေး​ပြီး​ အစိုး​ရထံ ငှား​သုံး​နေရာက​နေ လက်ရှိမှာ ကျပ်​ငွေ ၅ သိန်း​ထိ ​လျော့​ကျလာပါတယ်။ ဒါ​ပေမယ့်​ ​ရွှေပြည် တံခွန်ကုမ္ပဏီက ဒီနှစ်ဆန်း​မှာ တယ်လီဖုန်း​ဆင်း​ကတ် တခုကို ကျပ်​ငွေ ၅၀၀၀ နဲ့​ ​ရောင်း​ပေး​မယ်ဆိုတဲ့​ သတင်း​ကြောင့်​ လူထုအကြား​မှာ အုတ်​အော်​သောင်း​တင်း​ ဖြစ်ခဲ့​ပါတယ်။ မြန်မာ့​ ဆက်သွယ်​ရေး​တာဝန်ရှိသူ​တွေက လက်ရှိတည်ဆဲဥပ​ဒေ​တွေအရ မဖြစ်နိုင်ဘူး​လို့​ ရှင်း​ လင်း​ခဲ့​ပါတယ်
၅၀၀၀ တန် ဆင်း​ကတ်ကိစ္စဟာ တအုံ​နွေး​နွေး​ ဖြစ်​နေပြီး​ လက်​တွေ့​ အ​ကောင်အထည် ​ပေါ်လာ​အောင် လူထုအကြား​ လှုံ့​ဆော်မှု​တွေ ရှိလာပါတယ်။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ကုန်​ဈေး​ နှုန်း​ကျဆင်း​ရေး​ အဖွဲ့​ခေါင်း​ဆောင် ကိုထင်​ကျော်တို့​ဟာ ၅၀၀၀ တန်ဆင်း​ကတ် သုံး​ခွင့်​ပေး​ပါလို့​ အစိုး​ရထံ ​တောင်း​ဆိုမှုကို ​ဈေး​တွေမှာ လူထုအကြား​ ပြုလုပ်ခဲ့​ပါတယ်။ ဒီလှုပ်ရှား​မှု​ကြောင့်​ ​ခေတ္တထိန်း​သိမ်း​ခံရပြီး​ ပြန်လွတ်တဲ့​ ကိုထင်​ကျော်က မိုလ်ဘိုင်း​ဖုန်း​ ဆင်း​ကတ်ကိစ္စကို အစိုး​ရက ပြည်သူလိုလား​ချက်နဲ့​အညီ အ​ကောင်အထည် ​ဖော်မယ်ဆိုတဲ့​ သမ္မတရဲ့​ ကတိစကား​ကို ကြိုဆိုလိုက်ပါတယ်။
“​ကျောင်း​သူ​ ကျောင်း​သား​ ရဟန်း​ရှင်လူ အား​လုံး​ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေ အပါအဝင် ကိုင်​ဆောင်နိုင်မယ့်​ ငါး​ထောင်ကျပ်တန် ဒီထက်နည်း​လည်း​ ကျ​နော်တို့​ ကြိုဆိုပါတယ်။ ကတိကဝတ်နဲ့​အညီ အမြန်ဆုံး​ ချမှတ်​ပေး​လိမ့်​မယ်လို့​ ​မျှော်လင့်​တယ်။ နိုင်ငံတိုင်း​ရဲ့​ သမ္မတ​တွေက ကိုယ်​ပြောတဲ့​စကား​ကို ကိုယ်တာဝန်ယူ​လေ့​ ရှိပါတယ်။ ကျ​နော်တို့​ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန်ကလည်း​ အဲဒီကတိကို တည်လိမ့်​မယ်လို့​ ကျ​နော်ထင်ပါတယ်။”
မန္တ​လေး​မြို့ ​မှာလည်း​ တန်ဖိုး​နည်း​ တယ်လီဖုန်း​တွေ အများ​လက်ဝယ် ကိုင်​ဆောင်နိုင် ​ရေး​အတွက် လူထုအကြား​ လှုံ့​ဆော်စတစ်ကာ ၁ သိန်း​ခွဲ​ကျော် ဖြန့်​ဝေ​နေကြတယ်လို့​ ဦး​စီး​လုပ် ​ဆောင် သူ​တွေက ​ပြောဆိုပြီး​ နိုင်ငံတဝှမ်း​ တတ်နိုင်သ​လောက် လုပ်ကိုင်ကြဖို့​ တိုက် တွန်း​ကြပါတယ်။
မြန်မာနိုင်ငံမှာ တယ်လီဖုန်း​ ဆင်း​ကတ်တခုကို သိန်း​ချီ​ဈေး​ပြောပြီး​ လူထုထံ​တောင်း​ ​နေ​ပေမယ့်​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံမှာ​တော့​ အခမဲ့​ဖြန့်​ချိပါတယ်။ 
ဒီဗွီဘီ

ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည် အား ကလောမြို့ မှာ တွေ့ ရစဉ်

ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း (၁)


မတ် ၁၊ ၂၀၁၂၊  ညနေ ၄း၅၅(YPI)


ကျွန်မတို့ ဧပြီလ ၁ ရက်မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်မတို့ရဲ့ကိုယ်စားလှယ် အောင်မြင်ဖို့ လာပြီးတော့ မဲဆွယ်တာပါ။ ကျွန်မတို့ကိုယ်စားလှယ်ကို မဲပေးကြပါ။ ကျွန်မတို့ဟာ မဲဘာဖြစ်လို့ ဒီလောက်တောင်လိုချင်လဲဆိုလို့ရှိရင် ကျွန်မတို့ ကိုယ်စားလှယ်များနိုင်သလောက် များများ လွှတ်တော်ထဲကိုဝင်ဖို့ပါ။ လွှတ်တော်ထဲကိုဝင်ပြီး ဘာလုပ်မလဲဆိုလို့ရှိရင် ပြည်သူရဲ့အသံကို ဒီနိုင်ငံတင်မက တစ်ကမ္ဘာလုံးကကြားပြီး တော့ ကျွန်မတို့ရဲ့ပြည်သူလူထုဟာ ဘာတွေလိုချင်လဲ ကျွန်မတို့ပြည်သူလူထုတွေတိုးတက်ရေးအတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကျွန်မတို့က ကြိုးစားမှာပါ။ ကျွန်မတို့ ဒီရွေးကောက်ပွဲမှာနိုင်လို့ အစိုးရဖြစ်လာမှာမဟုတ်ဘူး။ အားလုံးဒါကို သဘောပေါက်ပါတယ်နော်။ (ဟေးးးး)
*

ဒီမိုကရေစီမှာဆိုလို့ရှိရင် အာဏာခွဲဝေရေးဆိုတာရှိတယ်။ အဲဒါဘာလဲဆိုတာ အကြမ်းဖျဉ်းပြောရမယ်ဆိုလို့ရှိရင် အုပ်ချုပ်ရေးအာဏာရယ်၊ တရားစီရင်ရေးအာဏာရယ် နောက်ပြီးတော့ ဥပဒေပြုရေးအာဏာရယ် တရားရေးမဏ္ဍိုင်ရယ် ခွဲခြားထားတယ်။ အုပ်ချုပ်ရေးဆိုတာတော့ အစိုးရအဖွဲ့ပေါ့။ ဥပဒေပြုရေးဆိုတာတော့ လွှတ်တော်ပေါ့။ တရားရေးမဏ္ဍိုင်ကတော့ တရားသူကြီးတွေအခရာဖြစ်တဲ့ တရားရုံးတွေပေါ့။ ဒီလိုသုံးပိုင်းခွဲထားတယ်။ ဘာဖြစ်လို့ သုံးပိုင်းခွဲထားလဲဆိုတော့ အဖက်ဖက်ကနေပြည်သူရဲ့အကျိုးကိုထမ်းဆောင်နိုင်အောင်လို့။ လွှတ်တော်ရဲ့တာဝန်က ဘာလဲ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေကိုလုပ်ဖို့ပဲ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကျွန်မတို့ဘာလုပ်ပေးလို့ရလဲဆိုတော့ လွှတ်တော်အတွင်းကနေပြီးတော့ ပြည်သူလူထုကို မလိုအပ်ဘဲနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေဖယ်ရှားရေးအတွက် ကျွန်မတို့ ပထမလုပ်သွားရမယ်။ (ဟေးးးး)
*

နောက်တစ်ခုကတော့ ပြည်သူလူထုကို အကျိုးပြုမယ့် ပြည်သူလူထု ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို အထောက်အကူဖြစ်မယ့် ဥပဒေ အသစ်တွေပြဋ္ဌာန်းဖို့ ကြိုးစားရမယ်။ နှစ်မျိုးစလုံး ကြိုးစားရမယ်။ မလိုအပ်တဲ့ဥပဒေတွေဖယ်ရှားဖို့ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့။ ဒါဟာ ဥပဒေပြုအာဏာဖြစ်တဲ့ လွှတ်တော်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အဲဒီတာဝန်တွေကို ကျွန်မတို့ ထမ်းဆောင်သွားရမယ်။
*

အစိုးရကိုပြည်သူကထိန်းထားနိုင်ဖို့ ကျွန်မတို့ ဒီမိုကရေစီကိုလိုလားတာပါ။  ဒါကြောင့် ကျွန်မတို့ကလာပြီးတော့ ပြည်သူကို ပြည်သူ့ဆီက မဲဆန္ဒကိုတောင်းခံတယ်ဆိုတာ ပြည်သူတွေရဲ့ထိန်းချုပ်မှုကို ခံပါမယ်လို့ပြောတာနဲ့အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးမှ ကျွန်မတို့ ကိုယ်စားလှယ်က လုပ်ပိုင်ခွင့်ရှိမှာပါ။
*

အဲဒီတော့ မဲပေးတဲ့နေ့မှာ မမေ့နဲ့နော်။ တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ့်မဲဟာ အင်မတန်မှ အရေးကြီးတယ်။ မဲတစ်ကတ်ခြင်းတစ်ကတ်ခြင်းဟာ တန်ဖိုးဖြတ်မရဘူးဆိုတာ မမေ့ကြပါနဲ့။
*

အားလုံးသိတဲ့အတိုင်း ပင်လုံဆိုတာ ရှမ်းပြည်နယ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အခြေခံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရလာတာဟာ တိုင်းရင်းသားတွေအားလုံးတက်ညီလက်ညီလုပ်ဖို့ ပင်လုံအစည်းဝေးမှာ ဆုံးဖြတ်ချက်ချလိုက်တာက ရလာတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီမိုကရေစီရဖို့ဆိုရင် တိုင်းရင်းသားတွေ အားလုံး တက်ညီလက်ညီ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုတယ်လို့ ကျွန်မပြောပါရစေ။ (ဟေးးးး)
 *

ဝင်ပြိုင်မဲ့သူက ဒေါက်တာလည်းဖြစ်တယ် အမျိုးသမီးလည်းဖြစ်တယ် ကျွှန်မတို့က ပညာတတ်အမျိုးသမီးတွေကို အားပေးရမယ်။ ပညာတတ်အမျိုးသမီးတွေကို အားပေးမှ ကျွန်မတို့နိုင်ငံကတိုး တက်မယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် ဒီနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ တ၀က်ထက်နည်းနည်းပိုတယ်။ အမျိုသမီးအင်အားဟာ အင်မတန်မှ အရေးကြီးတယ်။ ပညာတတ်အမျိုးသမီးတွေရှိမှ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်။ …..
*

ကျွန်မတို့ဟာပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်အတွက်မဲပေးခိုင်းနေတာတော့ မဟုတ်ဘူး ။ ကျွန်မတို့စနစ်တခုအတွက်မဲပေးခိုင်းတာပါ။ ဒါကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘာလဲ ဘယ်စနစ်ကိုဦးတည်နေတာလဲဆိုတာပြည်သူတွေ အနေနဲ့ လေ့လာပါ။ ကျွန်မတို့ကို လေ့လာပါ၊ သုံးသပ်ပါ ။ ကျွန်မတို့ကို  သုံးသပ်တာကိုခံရဲပါတယ်။ ခံယူပါတယ်။ ပြည်သူတွေရဲ့ သုံးသပ်ချက်ကိုခံယူပါတယ်။ ကျွန်မတို့ အနှစ်နှစ်ဆယ်မှာ ဘာတွေလုပ်ခဲ့သလဲ ဘယ်လိုရပ်တည်ခဲ့သလဲ ဒီမိုကရေစီမူတွေအတွက်ဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာ အများပြည်သူသုံးသပ်လေ့လာပြီး အဖြေဖော်နိုင်ပါတယ်။

ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း (၂)


မတ် ၁၊ ၂၀၁၂၊  ညနေ ၅း၁၅(YPI)

အလုပ်လက်မဲ့ပညာတတ်တွေဟာ အင်မတန်နှမြောစရာကောင်းပါတယ်။ ပညာတတ်တွေက အလုပ်မရှိတဲ့အခါကျတော့ အရက်ဆိုင် ထိုင်တာတို့ လောင်းကစားလုပ်တာတို့ အဲဒါတွေဖြစ်သွားရော။ အဲဒါမျိုးတော့မလုပ်ကြပါနဲ့။ ကိုယ်ရဲ့အနာဂတ်အတွက် ကိုကြိုးစားကြပါ။ 
ကျွန်မတို့ ဒီမိုကရေစီအတွက်ရုန်းကန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အတွင်းမှာဆိုရင် ကန့်သတ်ထားတဲ့အချက်အမျိုးမျိုး ချုပ်ချယ်ချက်အမျိုးမျိုး ဖိနှိပ်ချက်တွေ အမျိုးမျိုးကြားထဲကနေ ကျွန်မတို့ ရုန်းကန်ပြီးတော့ လုပ်ရတယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့က အရင်ထက်စာရင် အခွင့်အရေးတွေ အများကြီး ရလာပါပြီ။ ဒီလိုအခွင့်အရေး ရအောင်လို့ လုပ်ပေးခဲ့တာတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။ ကျွန်မတို့ဟာ အားလုံး သွေးရင်း ညီအစ်ကိုတွေလို လက်တွဲ ပြီးတော့လုပ်ဆောင်ရပါမယ်။ ကျွန်မတို့ ဟာအခြား အဖွဲ့အစည်းတွေကို လည်းတိုက်ခိုက်ချင်တဲ့စိတ် မရှိပါဘူး။ ကျွန်မတို့ကိုမဲပေးပါလို့ ပြောတာဟာ အခြားအဖွဲ့ အစည်း တွေကိုမဲမပေးပါနဲ့လို့ ပြောတာနဲ့ အတူတူပါပဲ။ အဲဒါကတိုက်ခိုက်တာတော့မဟုတ်ပါဘူး ။ မဲကတစ်ပြားတည်းပဲရှိတယ်လေ တစ်ပါတီပဲပေးလို့ရတာလေ။ လက်တွေ့ ကျကျပြောတာပါ အဲဒီတော့ ကျွန်မတို့ကိုပဲပေးပါလို့ ပြောပါရစေကျွန်မတို့ အနေနဲ့မဲဆွယ်တဲ့ နေရာမှာလာဘ်ပေးပြီးတော့လည်း မဲမဆွယ်ဘူး။ ခြိမ်းခြောက်ပြီးတော့လည်း မဲမဆွယ်ဘူး။ လာဘ်ပေးပြီးတော့ မဲမဆွယ်ဘူးဆိုတာ ကျွန်မတို့ပြည်သူတွေကိုတာဝန်သိစိတ်ရှိစေချင်လို့ ကျွန်မတို့က ကျွန်မတို့ကိုမဲပေးပါ၊ ဟိုဟာ ကြီးဖြစ်စေရမယ် ဒီဟာကြီးဖြစ်စေရမယ်ဆိုပြီးတော့ ပြောရင် ပြည်သူတွေမှာ ဘာတာဝန်မှမရှိသလိုပဲ။ ကျွန်မတို့က မိုးပေါ်ကကျလာတဲ့ နတ်တွေမဟုတ်ဘူး။ ဖြစ်စေချင်သလိုဖြစ်မှာမဟုတ်ဘူး။ အဲတော့ အားလုံးက၀ိုင်းပြီးတော့ ရုန်းမှရမယ်။ အဲတော့ ကျွန်မတို့က ပြည်သူတွေကိုကတိက၀တ်တွေ လွယ်လွယ်ပေးပြီး တော့မစည်းရုံးဘူး ။ လာဘ်ထိုးဖို့ ဆိုတာကလည်းအဖွဲ့ချုပ်မှာ ပိုက်ဆံမှမရှိတာ။ ပြည်သူဆီကနေပြန်တောင်းနေရတာ ။ အဲတော့လာဘ်ပေးရင်းနဲ့လည်းမစည်းရုံးဘူး။ ပိုက်ဆံရှိရင်တောင် အဲဒီနည်းနဲ့ မစည်းရုံးဘူး ။ နောက်ပြီးကျွှန်မတို့က ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့လည်းမပြောဘူး။ ကျွန်မတို့ကိုမဲမပေးရင် ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့လည်းမပြောဘူး။ စဉ်းစားပါ ပြည်သူတွေကိုယ်တိုင်စဉ်းစားပါ ။ ကျွန်မတို့အဖွဲ့ကိုမလိုလားဘူးဆိုရင် ဘယ်အဖွဲ့ကိုလိုလားမလဲ။ အဲဒီလိုလားတဲ့ အဖွဲ့က နိုင်ငံအကျိုးအတွက်ဘယ်လောက်သယ်ပိုးနိုင်မလဲ သေသေချာချာစဉ်းစားပါ။ သေသေချာချာ စဉ်းစားပြီးတော့ ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ပါ။ ကျွန်မတို့ကနောက်ဆုံးတော့  ပြည်သူတွေဆုံးဖြတ်ချက်ကိုလက်ခံရမယ် ။ ရွေးကောက်ပွဲဆိုတာဒါပဲ။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် ပွဲလေးပဲ။
*
ကျွန်မ ခဏခဏ စောင်းပေးပြီး ပြောနေတာကတော့ ပညာရေးပ။ဲ ကျွန်မတို့ ရဲ့လူငယ်တွေ အဆင့်မြင့် ပညာတတ်ဖို့လိုတယ်။ ဒါပေမယ့် ဒါနဲ့အတူ အရေးကြီးတာ ဒီပညာတွေကိုမှန်မှန်ကန်ကန် သုံးနိုင်မဲ့ အလုပ်တွေ ကိုဖန်တီးပေးဖို့ လိုတယ်။ အလုပ်လက်မဲ့ပညာတတ်တွေဟာ အင်မတန်နှမြောစရာကောင်းပါတယ်။ ပညာတတ်တွေက အလုပ်မရှိတဲ့အခါကျတော့ အရက်ဆိုင် ထိုင်တာတို့ လောင်းကစားလုပ်တာတို့ အဲဒါတွေဖြစ်သွားရော။ အဲဒါမျိုးတော့မလုပ်ကြပါနဲ့။ ကိုယ်ရဲ့အနာဂတ်အတွက် ကိုကြိုးစားကြပါ။ လူတိုင်းလူတိုင်းကတော့ အနည်းဆုံးတော့ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ယူကြလိမ့်မယ် ။ အဲဒါကျတော့ဘယ်သူမှ လုပ်ပေးလို့မရဘူး လူငယ်တွေကို ကိုယ့်ရဲ့ဘ၀ကို မဖျက်စီး ကျပါနဲ့ ။ လူငယ်တွေဟာကိုယ့်ရဲ့ ဘ၀အတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာ ဒါ့ထက်ကြီးမားတဲ့ တာဝန်ရှိလို့ ပါ။ လူငယ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် တာဝန်ယူရမှာပါ။ လူငယ်တွေဟာ တာဝန်မယူလို့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်အခါမှာကျွန်မတို့လူကြီးတွေက တချိန်ချိန်မှာကွယ်ပျောက်သွားကြမှာပဲ။ လူငယ်တွေက တာဝန်ယူရမှာဆိုတာက ဒီနိုင်ငံကိုဆက်ပြီးတော့ အုပ်ချုပ်သွားအောင် ဒီနိုင်ငံကိုဖွံ့ဖြိုးသွားအောင်လုပ်ကြရမှာ။ ဒါကြောင့်လူငယ်တွေဟာ ကိုယ့်ရဲကဘ၀ကို အလဟာသ မဖြစ်ပါစေနဲ့။ ကိုယ့် ဖာသာကိုယ်တာဝန်ရှိတယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အတွက် တာဝန်ယူတယ်ဆိုရင် ကိုယ့်နိုင်ငံ အတွက်လည်းတာ ၀န်ယူနိုင်တယ်။ အဲဒီတာဝန်သိစိတ်တွေနဲ့ ဆက်ပြီးတော့သွားကြပါလို့ ကျွန်မတော့ မေတ္တာရပ်ခံချင်ပါတယ်။
*
အများသိကြမှာပေါ့နော်ဒီဆန်ရှင်ဆိုတဲ့ကိစ္စ။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေကဆင်းရဲတယ် စီးပွားရေးပိတ်ဆို့တာနဲ့ပတ်သတ်လို့ရှည်ရှည်ဝေးဝေးမပြောပါဘူး ။ အချို့လုပ်ငန်းတွေကိုထိခိုက်တာတော့ရှိပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့ နိုင်ငံရဲ့စီးပွားရေးပြသာနာဟာ ဒီဆန်ရှင် စီးပွားရေးပိတ်ဆို့မှုကြောင့် တခုတည်းမဟုတ်ဘူးဆိုတာ ကိုတော့ ပြည်သူတွေရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။  နောက်ပြီး ကျွန်မတို့ နိုင်ငံဟာ တကယ့်ကိုစစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်သွားတာ သေချာပြီးဆိုတာနဲ့ ဒီနိုင်ငံကို ကူညီပေးကြမယ့် ဖွံ့ဖြိုးရေးအတွက် ၀ိုင်းပြီး ကူညီပေးမဲ့အဖွဲ့ အစည်းတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကူညီနိုင်တဲ့ သူတွေကူညီချင်အောင်ကျွှန်မတို့က လုပ်ကြရပါမယ်။ ကူညီချင်အောင် မလုပ်ပြနိုင်ရင် ကူညီမှာမဟုတ်ဘူး။ ဒါကြောင့်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျွန်မတို့ သွားကြရမယ်။ ကျွန်မတို့ဟာ မှန်ကန်တဲ့စီးပွားရေးမူဝါဒေတွေကို ချမှတ်ရမယ်။ အဲဒါတွေကျတော့လွှတ်တော်လည်းပါလာမယ်၊ အစိုးရလည်းပါလာမယ်။ အဓိကကတော့ပြည်သူတွေလည်းပါလာရမယ်။ ပြည်သူတွေအနေနဲ့ဖြစ်သင့်ဖြစ် ထိုက်တာကို ထောက်ပြရမယ်။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်နေတာကိုလည်း ထောက်ပြရမယ်။
*
ကျွန်မအထဲမှာ နေတုန်းက ကျွန်မကိုမေးတယ်။ ပြည်သူတွေကိုဘာပြောမလဲ ဘာမှာမလဲပေါ။့ အဲဒီတုန်းက ပြည်သူတွေကလည်း ကြောက်နေကြတယ်လေ။ ကျွန်မကတော့ တစ်ခုပဲမှာလိုက်တယ်။ မမှန်ကန်တဲ့ကိစ္စကိုမှန်ကန်တယ်လို့မပြောပါနဲ့ မတရားတဲ့ကိစ္စကိုတရားတယ်လို့မပြောပါနဲ့။ မတရားတဲ့ကိစ္စကို တရားတယ်လို့မပြောပါနဲ့ အဲဒါနဲ့စပါ။ နောက်တစ်ဆင့်ကျမှ မှန်တဲ့ကိစ္စကို မှန်တယ်လို့ပြောရမယ်။ မှားတဲ့ကိစ္စကို မှားတယ်လို့ပြောရမယ်။ ပထမဦးဆုံးအဆင့်ဟာ သိပ်အမြင့်ကြီးမဟုတ်ဘူးနော်။ စပြီးတော့ထိန်းသိမ်းဖို့လိုတယ်။ မမှန်တာကို မှန်တယ်လို့မပြောပါနဲ့။ မတရားတာကို တရားတယ်လို့မပြောပါနဲ့။ ဒုတိယအဆင့်ကျရင်တော့ မမှန်တာကို မမှန်ဘူးပြောပြီးတော့ မှန်တာကို မှန်တယ်လို့ထောက်ခံရဲရမယ်။ အဆင့်ဆင့်တက်သွားရမယ်။ (လက်ခုပ်သံများ) ဒီလိုအဆင့်ဆင့်တက်သွားနိုင်မှ ဒီနိုင်ငံဟာတိုးတက်မယ်။ တိုးတက်တယ်။ ပြည်သူတွေက တိုးပြီးတော့ တက်မှ ဒီနိုင်ငံဟာတိုးတက်မှာလို့ ကျွန်မတို့ မှတ်ထားရမယ်။ (လက်ခုပ်သံများ)


ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း (၃)


မတ် ၁၊ ၂၀၁၂၊  ညနေ ၆း၀၀(YPI)

ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြောနိုင်တာတစ်ခုရှိတယ်။ ကျွန်မတို့ဟာ ပြည်သူတွေနဲ့ အတူပေါင်းပြီးတော့ တက်မယ့်နေရာမှာတော့ ပြည်သူတွေအနောက်ကနေပဲတက်မယ်လို့ပြောချင်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒမရှိဘဲနဲ့ တက်တဲ့အလုပ် ကျွန်မတို့လုံးဝမလုပ်ပါဘူး။ တိုးတဲ့နေရာမှာတော့ ရှေ့ကနေပြီး တိုးရရင်လည်း တိုးပေးမယ်။ နောက်ကနေပြီးတိုးရရင်လည်း တိုးပေးမယ်။ ဘေးကအတူလက်ချိတ်ပြီးတိုးရရင်လည်း တိုးပေးမယ်။ ကျွန်မတို့ ပြည်သူတွေဟာ တိုးတက်ဖို့အတွက် ဒီနိုင်ငံသာယာဖို့အတွက် အားလုံးတက်ညီလက်ညီနဲ့ လုပ်ဖို့လိုပါတယ်။ ညီညွတ်ရေးဟာအဓိကပဲ။
*

ကျွန်မနိဂုံးချုပ်စကားမပြောခင်တော့ ပြည်သူလူထုကို ကျေးဇူးတင်စကားပြောချင်ပါတယ်။ ဒါကျွန်မနေရာတိုင်းမှာပြောသွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအမြင်မှာ ကျေးဇူးတရားဆိုတာ တိရိစ္ဆာန်များမှာတောင်ရှိတယ်။ ကျွန်မသတိထားမိတယ်။ တိရိစ္ဆာန်များတောင်မှ ကျေးဇူးတရားဆိုတာသိတယ်။ အဲဒီတော့ လူဆိုတာပိုပြီးတော့သိရမယ်။ ကျွန်မတို့ဟာ ပြည်သူတွေရဲ့ကျေးဇူးကိုသိပါတယ်ဆိုတာ နည်းနည်းတော့ပြောချင်ပါတယ်။ ကျွန်မတို့ ရပ်တည်နိုင်ခဲ့တာ ပြည်သူလူထုရဲ့ထောက်ခံမှုကြောင့်ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ပေးထားတဲ့ဒေါက်ကြီးဟာ ပြည်သူပဲ။ ပြည်သူရဲ့ထောက်ခံမှုဟာ ကမ္ဘာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ ကျွန်မတို့ဟာ အခက်အခဲအမျိုးမျိုးကြားထဲကနေ ရပ်တည်နိုင်ခဲ့တယ်။ အဲဒီကျေးဇူးတွေကို ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်မတို့ အဆင့်ဆင့်လုပ်သွားမယ်အလုပ်တွေမှာလည်း ပြည်သူရဲ့ထောက်ခံမှုကိုပဲ အားကိုးပြီးတော့ လုပ်သွားရမှာပဲ။ ဒါကြောင့် ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ကျေးဇူးတွေကို ဘယ်လိုဆပ်မလဲဆိုရင်တော့ ပြည်သူတွေရဲ့အကျိုးကို ထမ်းဆောင်ခြင်းအားဖြင့်ပဲဆပ်ရပါမယ်။ အဲဒီလိုထမ်းဆောင်နိုင်ဖို့ဆိုတာလည်း ပြည်သူလူထုကတာဝန်ပေးမှဖြစ်မှာပါ။ ကျွန်မကို လမ်းမှာဆိုရင် ကျန်းမာပါစေလို့ဆုပေးကြတယ်။ ကျန်းမာပါစေဆိုတာ ပြောတဲ့စကားလေးကတော့ ရိုးရိုးလေးပါ။ လူဆိုတာ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ ဒီနိုင်ငံကိုအကျိုးပြုနိုင်မယ်။ ကျွန်မကို ကျန်းမာပါစေလို့ ဆုပေးလိုက်တဲ့ပြည်သူတွေဟာ ကျွန်မတို့ကို နိုင်ငံ့အကျိုးအတွက် လုပ်နိုင်ပါစေလို့ဆုပေးလိုက်တာနဲ့အတူတူပဲလို့ ကျွန်မကဒီလိုပဲ ယူဆပါတယ်။ (ဟေးးး) ပြည်သူတွေရဲ့ကျေးဇူးကိုသိသောအားဖြင့် ကျွန်မတို့အနေနဲ့ ကြိုးစားပြီးတော့ ပြည်သူတွေရဲ့အကျိုးကိုထမ်းဆောင်ပေးပါမယ်။ ကျွန်မတို့ကိုထမ်းဆောင်ခွင့်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။
*

ရှမ်းပြည်နယ်ဆိုတာ ပင်လုံမြေပါ။ ပင်လုံမြေဆိုတာ ကျွန်မတို့ရဲ့ ပြည်ထောင်စုပေါက်ဖွားခဲ့ရာမြေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံမှာ တိုင်းရင်းသားတွေအားလုံးကြားမှာ သွေးစည်းညီညွတ်မှုရှိဖို့ဆိုတာ ကျွန်မတို့အားလုံးကြိုးစားတဲ့နေရာမှာ ပြည်နယ်က ကျွန်မတို့တိုင်းရင်းသူတိုင်းရင်းသားတွေက ရှေ့တန်းကပါဝင်စေချင်ပါတယ်။ ပါဝင်မှ ကျွန်မတို့နိုင်ငံဟာ တစ်ကယ့်စစ်မှန်တဲ့ပြည်ထောင်စုတစ်ခုရဲ့ လက္ခဏာတွေနဲ့တူညီမှာပါ။
*

ပင်လုံစာချုပ်ဆိုတာ ၁၉၄၇ တုန်းက ချုပ်ခဲ့တဲ့စာချုပ်။ အဲဒီတုန်းက လွတ်လပ်ရေးမရသေးဘူး။ ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်း ဇန်န၀ါရီလမှာ ကျွန်မရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းပေါ့၊ ဖေဖေတို့အဖွဲ့ဟာ ဘိလပ်ကိုသွားခဲ့ပြီး အစိုးရနဲ့တွေ့ခဲ့တယ်။ အဲဒီတုန်းက မြန်မာနိုင်ငံဟာ အင်္ဂလိပ်အုပ်ချုပ်မှုအောင်မှာပဲရှိသေးတယ်။ လွတ်လပ်ရေးကိုသွားပြီးဆွေးနွေးတဲ့အခါမှာ ဗြိတိသျှအစိုးရက ဘယ်လိုပြောလဲဆိုတော့ တောင်တန်းဒေသတွေက ပြည်မက ဗမာတွေနဲ့ တွဲမလား မတွဲမလားဆိုတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်လို့ပြောလိုက်တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စည်းစည်းလုံးလုံးနဲ့ လွတ်လပ်ရေးရအောင်ယူဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညှိရတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီး ဘယ်လိုအဖြေရခဲ့လဲဆိုတော့ ဒီပင်လုံရဲ့အဓိကသဘောကဘာလဲဆိုတော့ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးအမြန်ရနိုင်တယ်ဆိုတာ ယုံကြည်တယ်ဆိုပြီးတော့ ဒီသဘောထားအရ ဒီနိုင်ငံအတွင်းမှာ တိုင်းရင်းသားအားလုံးဟာ တန်းတူညီတူမှုရရမယ်ဆိုတဲ့ သဘောထားကိုလည်း ခိုင်ခိုင်မာမာတည်ဆောက်ခဲ့တယ်။ အဲဒီတော့ အဲဒီဟာက အရေးကြီးဆုံးပဲ။
*

လွတ်လပ်ရေးကိုမြန်မြန်ဆန်ဆန်ရဖို့ အခုခေတ်က ပင်လုံစိတ်ဓာတ်ပေါ့။ ကျွန်မတို့ အားလုံးတွဲပြီးလုပ်မှ စစ်မှန်တဲ့ဒီမိုကရေစီမြန်မြန်ရနိုင်မယ်။ ဒီတော့ တန်းတူညီတူ ရှိမှုဆိုတာရှိရမယ်။ အဲဒီတုန်းက ဖေဖေတို့ ပြောခဲ့တာတော့ ကချင်တစ်မတ် ဗမာတစ်မတ် ပေါ့ နော်။ အဲဒါကတော့ ကချင်တမျိုးတည်းပြောခဲ့တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံး ညီညီမျှမျှပေါ့။ ဗမာလည်းတစ်မတ် ပအို့ဝ်လည်းတစ်မတ် ပလောင်လည်းတစ်မတ်ပေါ့နော်။ အာလုံးတန်းတူညီတူရှိရမယ်လို့ ပြောတာ။ ပြီးတော့ ပြည်နယ်တွေဟာကိုယ်ပိုင်အုပ်ချုပ်ဖို့ ကိုယ်ပိုင်ပြဌာန်းဖို့ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြထားရတယ်။ ဒါပဲနောက်ဆုံးကျတော့ အားလုံးညှိနှိုင်းပြီးတော့ တိုင်းရင်းသားအားလုံး သဘောတူညီနိုင်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုနဲ့ဒီနိုင်ငံကိုတည်ဆောက်ရမယ်။ ဒီတော့ အားလုံးညှိနှိုင်းရမယ်။ တည်ဆောက်ရမယ်။ ကျွန်မတို့အားလုံးဆွေးနွေးတိုင်ပင်ပြီးတော့ဖြေရှင်းရမယ်။ ကျည်ဆန်နဲ့ မဖြေရှင်းရဘူး၊ ဆွေးနွေးချက်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ စားပွဲဝိုင်းမှာ ထိုင်မယ်၊ စကားပြောမယ်ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို တော့သူငယ်ချင်းအချင်းချင်းတောင် ရန်ဖြစ်ရတယ်လေ။ ဒါကတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါပေမယ့်မဖြစ်မနေ အောင်မြင်အောင် လုပ်ရမယ့်ကိစ္စဖြစ်တယ်။
*

လူငယ်တွေ ရဲ့ အနားဂတ်ကို အလေးထားကြပါ သိချင်တဲ့စိတ်ရှိကြပါ စပ်စုတဲ့စိတ်ရှိကြပါ။ မသိတာတွေကိုမေးကြပါ။ တွေ့ဆုံဆွေးနွေးကြပါ။ မေးပိုင်ခွင့်ရှိတယ်နော်။ မေးကြပါ။ ပြည်သူတွေက မေးရမှာမကြောက်ပါနဲ့။ ပြည်သူတွေ ကမေးပိုင်ခွင့် ရှိတယ်။ အစိုးရဆိုတာ ဖြေရမဲ့တာဝန်ရှိတယ်။ နိုင်ငံရေးပါတီဆိုလည်းဒီအတိုင်းပဲ။ ပြည်သူတွေက မေးရင် နိုင်ငံရေးပါတီတွေက ဖြေရမယ်။ အဖြေကို ပြည်သူတွေကမကြိုက်လို့ရှိရင် ဒီအဖွဲ့အစည်းကိုလက်ခံမှာ မဟုတ်ဘူး။ ကိုယ့်အဖြေကိုပြည်သူကမကြိုက်လို့ လက်မခံတာဆိုရင် ကိုယ့်ရဲ့အပြစ်ပဲ။ ကိုယ့်ရဲ့အားနည်းချက်ပဲ။ ပြည်သူလူထုရဲ့အဆုံးအဖြတ်ကို ကျွန်မတို့က လက်ခံရမယ်။ ဒါကြောင့် ပြည်သူတွေက အရေးပါတယ်ဆိုတာ ကျွန်မတို့ ဘယ်တော့မှမမေ့ရဘူး။ ကိုယ့်ရဲ့တန်းဖိုးကို ကိုယ်မမေ့ရဘူး။ ကိုယ့်တန်းဖိုးကို ကိုယ်သိမှ တခြားသူတွေက ကိုယ့်ကိုတန်းဖိုးထားမယ်။ ပြည်သူတွေကကိုယ့်တန်းဖိုးကိုကိုသိမှ တခြားသူတွေကကိုယ့်ကိုတန်းဖိုးထားမယ်။ အစိုးရလုပ်သူများကလည်း ပြည်သူတွေကို တန်းဖိုးထားရပါမယ်။ အဲဒါကိုမမေ့ပါနဲ့လို့ အမြဲတမ်းသတိပေးနေပါတယ်။ ဒီနေ့ရှမ်းပြည်နယ်ကို ရောက်ရတာအင်မတန်မှကြည်နူးရပါတယ်။ ပြည်သူတွေရဲ့ အပြုံးကြောင့်ပါ။ ပြည်သူတွေကလိုလိုလားလား ရှိကြတာ။ အင်မတန်မှကိုကျေးဇူးတင်ပါတယ်။
*

ရှမ်းပြည်နယ်က တိုင်းရင်းသားတွေရဲ့ ဘာသာစကားကိုမတတ်တာ အင်မတန်မှ စိတ်မကောင်းပါဘူး။ တတ်ရင် အခုလိုအချိန်အခါမှာ ကျွန်မကရှမ်းလိုတစ်မျိုးပြောလိုက်၊ ပအို့ဝ်လို တစ်မျိုးပြောလိုက်၊ ပလောင်လို တစ်မျိုးပြောလိုက်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်မတတ်တာ ကတော့ ဗမာစကားတခုပဲရှိတယ်။ အဲဒါအတွက်ကျွန်မတောင်းပန်ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ဘာသာစကားတွေအားလုံးသင်ဖို့ ဆိုတာ ကျွန်မအတွက် အချိန်မရှိတော့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဘုံတခုကတော့ တိုင်းရင်းသားယဉ် ကျေးမှုနဲ့ ဘာသာစကားတွေကိုတတ်နိုင်သမျှအားပေးရမယ်၊ ဖွံဖြိုးအောင်လုပ်ရမယ်။ လူတိုင်း လူတိုင်းက ကိုယ့်ရဲ့ယဉ်ကျေးမှုကို ကိုယ်ထိန်းသိမ်းပိုင်ခွင့်ရှိရမယ်။ ကိုယ့်ဘာသာစကားကို ကိုယ့်ယဉ်ကျေးမှုကိုကိုကိုယ်ဂုဏ်ယူကြတယ်။ ကျွန်မတို့ဆိုရင် အင်မတန်မှလေးစားတယ်။ တန်းဖိုးထားတယ်။ ဒီနိုင်ငံမှာ ဘာသာစကားပေါင်းစုံရှိတယ်။ တိုင်းရင်းသားပေါင်းစုံရှိတယ်။ ကျွန်တို့ရဲ့ဓနဟာဆိုလို့ရှိရင် တစ်ကယ့် ရတနာတွေဟာ သဘာဝဓာတ်ငွေ့လည်းမဟုတ်ဘူး၊ ရေနံလည်းလည်းမဟုတ်ဘူး၊ ပတ္တမြားလည်းမဟုတ်ဘူး၊ နီလာလည်းမဟုတ်ဘူး၊ ပြည်သူတွေပဲဖြစ်ပါတယ်။ ကျွန်တို့ရဲ့ အဓိက ရတနာဖြစ်တဲ့ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ လိုရာဆန္ဒပြည့် ၀ကြပါစေကျွန်ဆုတောင်းမေတ္တာပို့ပါတယ်။

ကလောမြို့ မှာ အောင်ပွဲခံခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)

ရှမ်းပြည်နယ် ကလောမြို့ ခရီးစဉ်မှာ ကလောမြို့ ခံတွေက ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကို သောင်းနှင့်ချီတက်ရောက်နားထောင်အားပေးခဲ့ကြတဲ့ ဓါတ်ပုံတွေပါ။
Myanmar News Now ကို ဓါတ်ပုံတွေ ပေးပို့ လာတဲ့ ကလောမြို့ သားတဦးကို ကျေးဇူးအထူးတင်ပါတယ်။

ဓါတ်ပုံ-Myanmar News Now

NLD ကိုယ်စားလှယ်လောင်းဦးစောလှိုင် အား ကြံ့ဖွံ့ ပါတီမှ ကန့် ကွက်ထား

NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင် (ဓါတ်ပုံ-Myanmar News Now)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊ ဗန်းမောက်
အမျိုးသားလွှတ်တော် လစ်လပ်နေရာ မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်အား ပင်လည်ဘူးမြို့နယ်
ကြံဖွတ်ပါတီမှဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်မြ မှ
ကန့်ကွက်စာတင်ထားကြောင်းသိရပါသည်။


 ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ဦးစောလှိုင် သည်
၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူ့ဖခင်မှာ ၁၉၅၉ ခုနှစ်မှသာ
နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ယူရရှီခဲ့သော လူမျိုးခြားဖြစ်နေသောကြောင့်
ဟုသိရပါတယ်။


ထိုကန့်ကွက်စာကို ရွေးကောက်ပွဲကော်မရှင်မှ လက်ခံထားပါတယ်။
ယခုအချိန်ထိ ရွေးကောက်ပွဲဝင်ခွင့်မရရှိသေးပါ

  
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်သည် အင်းတော်မြို့နယ်တွင်နေထိုင်ပြီး
ဖခင်မှာ ဦးနသံသီး ဖြစ်ပါပြီး ဦးစောလှိုင်သည် ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ်လောင်းအဖြစ်
အင်းတော်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။


 သူသည် ၁၉၇၆မှိုင်းရာပြည့်ကျောင်းသား လှုပ်ရှားမှု မှစတင်ပြီး
ယခုအချိန်အထိပါဝင်လှုပ်ရှားခဲ့ပါ
တယ်။ ဒီပဲယင်းကိစ္စမှာရွှေဘိုထောင်မှာ
(၁)နှစ် အထိမ်းအသိမ်းခံရပါပြီး အဲ့ဒီနောက်တစ်ခါ ကသာထောင်မှာထောင်ချခံခဲရပါတယ်။
နောက်ဆုံးတစ်ခေါက်ကတော့ အီလက်ထရောနစ်ပုဒ်မဖြင့် (၁၄)နှစ်ထပ်မံကျခံရတာဖြစ်ပါတယ်။

 
၂၀၁၁ ခုနှစ်၊ သီတင်းကျွတ်မှာ လွတ်ငြိမ်းချမ်းသာခွင့်
ဖြင့်ပြန်လွတ်လာခဲ့ပါတယ်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ
လွတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်
ပါတယ်။

Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်