ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့ ရန်ကုန်တိုင်း သုံးခွမြို့ နယ်သို့ ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်ခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည် အား မြို့ ခံပြည်သူတွေအပြင် သုံးခွမြို့ နယ်အတွင်းရှိကျေးရွာ(၆၄)ရွာက
ပြည်သူတွေကလည်း မြို့ လုံးကျွတ်၊ ရွာလုံးကျွတ် ပူးပေါင်းကြိုဆို ထောက်ခံအားပေးခဲ့ကြပုံတွေကို
ပြည်သူတွေ ရင်တသိမ့်သိမ့်ခံစားကြည့်ရှုနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ၂၆.၂.၂၀၁၂ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ သုံးခွမြို့ ဘောလုံးကွင်းကို အသုံးပြုခွင့်မရသောကြောင့် ပဲတီစိမ်းများစိုက်ပျိုးထားသော လယ်ကွင်းပြင်ကြီးထဲတွင် လူထုဟောပြောပွဲပြုလုပ်ခဲ့သည်။ ဟောပြောပွဲကို ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင်ခဲ့ပြီး ၆ နာရီ ၁၆ မိနစ်တွင်ပြီးဆုံးခဲ့သည်။
““မဲထည့်တဲ့နေ့မှာ ငါတို့ဟာ ဒီနိုင်ငံရဲ့ အစိုးရကို စိုးမိုးနိုင်တဲ့နေ့လို့ သဘောထားပြီး မဲထည့်ပါ””
““သိပ်ပြီး ကတိတွေပေးတဲ့ အဖွဲ့ဆို ယုံကိုမယုံပါနဲ့။ ချော့ပြီးမဲတောင်း၊ ခြောက်ပြီး မဲတောင်းလို့ရှိရင်လည်းမကြောက်ပါနဲ့။ ခြောက်ရင်ကြောက်ချင်ယောင်ဆောင်လိုက်ပါ။
ပြီးသွားတာပေါ့။ သိပ်ပြီး အားတွေမသုံးစေချင်ပါဘူး”” ဟု
ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ၂၆.၂.၂၀၁၂ ညနေပိုင်းတွင် သုံးခွမြို့ပြင်
လယ်ကွင်းအတွင်း လူထု နှစ်သောင်းကျော်အား ပြောကြားခဲ့သည်။
 |
သုံးခွမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူက ယခင် အန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးလွင်ရဲ့ သမီးဖြစ်သူ ဒေါ်စုစုလွင်ပါ။ ဒေါ်စုစုလွင်ကို မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဟောပြောချက်ထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
သုံးခွ၊ ရန်ကုန်တိုင်း
|
--------------------------------------------------------
သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI)
ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။
(၁)
“ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။
ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ”
(၂ )
“ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်”
(၃)
“ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လိုပ ကျွန်မ လုံးဝမဲမပေးခဲ့ပါဘူး၊ ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲက ကျွန်မတသက်လုံးမှာ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရတဲ့ အကြိမ်ဖြစ်ပါတယ် ”
(၄)
“ ကျွန်မ သတိပေးမယ်နော် သိပ်ပြီး ကတိပေးတဲ့ အဖွဲ့တွေဆို မဲမပေးနဲ့၊ ဒါလေး လုပ်ပေးမယ်၊ ဟိုဟာလေး လုပ်ပေးမယ် ချော့ပြီးတောင်းတာပေါ့နော်၊
ချော့ပြီးတောင်းတာက သိပ်မဆိုးသေးဘူး ခြောက်ပြီးတောင်းတာ တော်တော်ဆိုးတယ်နော်၊ မဲပေးလို့ရှိရင် လုံးဝမကြောက်ပါနဲ့၊ မဲပေးတဲ့အခါ ဘယ်ပုံးထဲကိုထည့်တယ်ဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ပါဘူး၊ ခြောက်ရင်လည်း ကြောက်ချင်ယောင် ဆောင်လိုက်၊ မဲပေးတဲ့အခါ ဒေါ်စုစုလွင်ကိုပဲ မဲပေးပါ ”
YPI
 |
| ယနေ့ သုံးခွမြို့ ကို ပါတီစည်းရုံးရေးခရီးသွားရောက်ခဲ့စဉ်တွေ့ ရပုံ |
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI)
လာမည့် မတ်လဆန်း ၃၊ ၄ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့
စည်းရုံးရေး ခရီးစဉ် အဖြစ်လာရောက်သည့်အခါ ခမ်းနားစွာကြိုဆိုရန်
အန်အယ်လ်ဒီပါတီ ထောက်ခံသူများနှင့် မန္တလေးမြို့ခံများ၊က
စီစဉ်လျှက်ရှိကြသည်ဟု မန္တလေးမြိ့မှ သတင်းထောက် တဦးကပြောသည်။
၎င်းက “ထားဝယ်ထက်သာအောင် ကြိုဖို့ပြင်ဆင်နေကြတယ်။ သင်္ကြန်ခါ
မြို့မတေးဂီတအဖွဲ့က ငွေငန်းနဲ့ အလှပြယာဉ်ထွက်သလို အခုခွပ်ဒေါင်းရုပ်
နဲ့ကြိုဖို့ပြင်နေကြတယ်။
ဟောပြောမယ့်နေရာကတော့ ၅၁ လမ်းနဲ့ ၅၂ လမ်းကြားက မြေကွက်လပ်မှာ ဖြစ်မယ်။ လူ ၇ သောင်းလောက်ဆန့်မယ်လို့ ခန့်မှန်းထားတယ်” ဟုပြောသည်။
မန္တလေးလူထုကဗိုလ်ချုပ်အောင်ဆန်းပုံ
ပါသည့် တီရှပ်၊ အန်အလ်လ်ဒီအလံ၊ စသည်တို့ကို ၀ယ်ယူလျှက်ရှိရာ
ရောင်းမလောက်အောင် ဖြစ်နေသည်ဟုလည်း မန္တလေးအန်အယ်လ်ဒီပါတီ တာဝန်ရှိသူများက
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၎
ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊
မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ
မြို့သို့ဆက်လက်သွားရောက်မည်ဟု သိရှိရသည်။
YPI
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်
စည်းရုံးရေးခရီးစဉ်က ပြန်ရောက်လာပြီးနောက် ရန်ကုန်တိုင်း သုံးခွမြို့ကို
ဒီကနေ့ မွန်းလွဲပိုင်းက စည်းရုံးရေးခရီး သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသည့် သုံးခွမြို့ခံများ (photo-nldfacebook)
ဒီခရီးစဉ်မှာ
သုံးခွမြို့ ဘောလုံးကွင်းအနီးမှာ ပရိတ်သတ်တွေကို
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ မဲဆွယ်
မိန့်ခွန်း ပြောကြားခဲ့ပြီး မြို့ခံလူထုတွေနဲ့ အနီးအနားကျေးရွာတွေက
ရဟန်းရှင်လူ ထောင်ပေါင်းများစွာက သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို
မြို့ခံတွေက မွန်းလွဲပိုင်းကတည်းက စောင့်နေကြပြီး သုံးခွမြို့ကို ညနေ ၎
နာရီလောက်မှ ရောက်ရှိလာတယ်လို့ သုံးခွမြို့ခံ အမျိုးသမီးကြီးတဦးက
ပြောပါတယ်။
“မြင်လိုက်ရပါတယ်။
လက်တွေလည်း ပြလိုက်ရပါတယ်။ နောက်ကလည်း ကားတန်းကြီးက
မြင်မကောင်းရှူမကောင်းပဲ၊ ရှေ့က သွားထားတဲ့ကားတွေကလည်း မြင်
မကောင်းရှုမကောင်း၊ လူတွေက တလမ်းလုံး ပြည့်ကျပ်နေတာပဲ။ သူလည်း
ပျော်ပျော်ရွှင်ရွှင်ပဲ တမြို့လုံးကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ၊
နဂိုကတည်းကလည်း လေးစားချစ်ခင်နေတာပဲ ၀မ်းသာပါတယ်။ အောင်မြင် စေချင်ပါတယ်။
သူတို့က ကိုယ်ကျိုးစွန့်ပြီး လုပ်ထားတဲ့သူတွေ ဆိုတော့ အန်တီတို့အနေနဲ့
သူတို့လိုလူတွေ အောင်မြင်သွားရင် ၀မ်းသာရတာပေါ့”
အလားတူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်မိန့်ခွန်း သွားရောက် နားထောင်ခဲ့တဲ့
သုံးခွမြို့ခံ လူငယ်တဦးကလည်း “ဒေါ်စုစုလွင်ကိုမဲပေးပါ။
မှန်မှန်ကန်ကန်ခြစ်ပါ။ သူတို့က ကျန်းမာရေးနဲ့ပညာရေးကို တိုးတက်အောင်
လုပ်ပါ့မယ်တဲ့။ အဲ့လိုမျိုးတွေ ပြောတယ်။ လူကတော် တော်များတာမှ ရေတွက်လို့
မရအောင်ပဲ။ သုံးခွဘောလုံးကွင်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့အချိန်မှာ
ဘောလုံးကွင်းကြီးလည်း အပြည့်ပဲ။ သုံးခွမြို့အထွက်မှာ လူတွေကကို မစဲသေးတာ။
လူတွေမှ အများကြီးပဲ ကျမတော့ ရေတွက်လို့တောင် မရဘူး။ ၀မ်းသာတာပေါ့။”
ရန်ကုန်တိုင်း
သုံးခွမြို့နယ်ဟာ လာမယ့် ဧပြီလ တရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ
ကျင်းပမယ့် ပြည်သူ့လွှတ်တော် လစ်လပ် မဲဆန္ဒနယ်တခုဖြစ်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စုစုလွင်က ကြံ့ခိုင်ရေးပါတီက
ဦးအောင်ကျော်မင်းနဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဦးကြည်သန်းတို့နဲ့
ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
၂၄.၂.၂၀၁၂
သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ
အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော
ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက်
ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်း သူ
မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin
department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန်
ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။
တကယ်တမ်းတွင်
ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ
၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ
ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း
သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။
ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး
ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍
အမှတ်အသား ပြုလုပ်သွားပါသည်။ ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို
၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့
သတင်းပို့ရုံးတက်ရမည်ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ
ဝန်းထမ်းအားလုံးမှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ ၂၅.၂.၂၀၁၂
စနေနေ့မနက် ၈ နာရီတွင် သွားရောက် သတင်းပို့ခဲ့ကြပါသည်။ ထိုသို့
သတင်းပို့ရာတွင် ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင်
ရောက်ရှိမလာသေးသောအချိန်အတွင်း ပထမဦးစားပေးရွေးချယ်ခံရသော
ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ
"မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"
ဆိုသော
ခြိမ်းခြောက်အရိပ်ပြစကားများ ပြောကြားခဲ့ပြီးနောက် ဆိုလာစက်ရုံရှိ
လက်ရှိလုပ်ငန်းစဉ်များအား အပိုင်းနှစ်ပိုင်း ရှိကြောင်း ပြောပါသည်။
ထိုနှစ်ပိုင်းမှာ Installation and Production ပိုင်း ဖြစ်ပါသည်။
Installation ပိုင်းမှာ GSM Tour တိုင်များကို solar plate
များလိုက်လံတပ်ဆင်ခြင်းဖြစ်ပြီး Production ပိုင်းမှာ ဖုန်း solar circuit
များကို ခဲတို့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ပြောင်းရွှေ့ခံရသော
ရတနာပုံဝဘ်ပေါ်တယ် ဝန်ထမ်းများမှ ယောကျာ်းလေးများကို "မင်းကားမောင်းတတ်သလား"
ဟူသော မိမိပညာအရည်အချင်းနှင့် သက်ဆိုင်ခြင်း မရှိသော မေးခွန်းကို
မေးခဲ့ပါသည်။ဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းများ၏ ပညာအရည်အချင်းမှာ BE(IT) နှင့်
B.C.Sc (Hons:) များသာ ဖြစ်ပါသည်။ မနက် ၁၀ နာရီအချိန်တွင်
ရတနာပုံဌာနကြီးမှူး ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) ၏ ရုံးခန်းတွင်
တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ ပြောကြားသော စကားများတွင် သူ၏
အုပ်ချုပ်မှုအာဏာသည် မည်မျှကြီးမားကြောင်းပြောကြားပြီး
"နင်တို့
ကြပ်ကြပ် သတိထား၊ လူပါးမဝနဲ့ င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား
လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
ဆိုသော
ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ မိမိတို့
မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်များကို ပြောကြားရာ
"အဲဒါတွေ
င့ါကို လာမပြောနဲ့ ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့"
ဟု ပြောပြီး ဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး
"နင့်ဘွဲ့က
ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား ဒီနိုင်ငံက
ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
မြန်မာနိုင်ငံက
ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်းရှိရင် ဒီရှေ့မှာ
ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"
ခြိမ်းခြောက်ပြောဆိုပါသည်။
ထို့နောက် ဝက်ဘ်ပေါ်တယ် ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးမြန်းရာ
"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။
ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး ဗိုလ်ကြီးဦးဇော်လွင်ဦးမှ
"နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ
"တတ်ဖို့်
မလိုဘူး၊ နပ်ဖို့လိုတယ် တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁၀ တန်းအောင်ဖို့ မလိုဘူး၊
အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။
ထို့နောက်
ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့်
တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ
ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို မျက်နှာကြီးပါသည်ဟု
ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး ဖြေဆိုသင့်သည်မှာ
"ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်"
လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ဝန်ထမ်းများမှ
မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်
"မလိုဘူး။
မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး
မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ လူညီရင် ဤ ကျွဲဖတ်ကြပေါ့ စနေနေ့
ရုံးဖွင့်တယ်ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု
ပြောပါသည်။
ထို့နောက် ဝန်ထမ်းများမှာ
မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင် ရတနာပုံ
ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး)
ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး
လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့
အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော
ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။
ပြောင်းရွှေ့ခံဝန်ထမ်းများမှာ
မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊
မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ
ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး
ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ယခုကဲ့သို့ အများပြည်သူ သိစေရန်
လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
by Min Ye Kyaw Swar
အဆိုပါသတင်းနှင့် ပါတ်သတ်၍ တခြား ရတနာပုံ Web Portal ဝန်ထမ်းများ ကလည်း Myanmar News Now ကို အတည်ပြုပြောဆိုကြပါတယ်။
 |
သုံးခွမြို့က ဒေသခံပြည်သူတွေကလဲ အလံတစ်လွင့်လွှင့် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
|
 |
ဒေါ်အောင်ဆန်းစုကြည်၏ သုံးခွခရီးစဉ်ကို ကြိုဆိုရန်ပြင်ဆင်ထားသော ပုလဲ ရွာ အ၀င်တစ်နေရာ(ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
|
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ YPI
ယနေ့မွန်းလွဲပိုင်း ၃ နာရီ ၀န်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့သို့ သွားရောက်မည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး မှ သိရှိရသည်။
သတင်းနှင့် သတင်းဓါတ်ပုံများအား ဆက်လက်ဖေါ်ပြပေးသွားပါမည်။ YPI
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့
မအူဆီဆိုင်တန်းတွင်
လောင်စာဆီတင်မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ၄နာရီ
၁၅ မိနစ် အချိန်၌ မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများကို အတင်အချလုပ်ရာမှ
မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းမှတဆင့် ဓာတ်ဆီဆိုင်များကိုပါ
မီးကူးဆက်လောင်ကျွမ်းကာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း
ဒေခံများကပြောကြားသည်။
လောင်စာဆီများတင်ဆောင်ထားသောမော်တော်ယာဉ်တစ်စီးသည်
မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများအတင်အချလုပ်နေရာမှ
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ်သည်
မီးလောင်မှုဖြစ်ပွားနေစဉ် အဝေးသို့မောင်းထွက်ပြေးသွားကြောင်း၊ အခြားသော
လောင်စာဆီတင်ယာဉ်တစ်စီးသည်လဲ မီးလောင်ခံရမည်ကို စိုးရိမ်သဖြင့်
မောင်းနှင်ထွက်ပြေးရာမှ ကားလမ်းမဘေးရှိရေမြောင်ထဲသို့ထိုးကျသွားကြောင်း၊
မီးစတင်လောင်ကျွမ်းခံခဲ့ရသော လောင်စာဆီတင်မော်တော်ယာဉ်ကို
မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်ငြိမ်းသတ်ရာ ၄ နာရီ မိနစ် ၅၀ အချိန်တွင်
မီးညွန့်ကျိုးသွားခဲ့ကြောင်း မုံရွာမီးသတ်ဌာနမှ စုံစမ်းသိရှိရသည်။
“လူနှစ်ယောက်ဒဏ်ရာရလို့
ဆေးရုံတော့တင်ထားရတယ်။ ယာဉ်မောင်ကတော့ ထွက်ပြေးနေတယ်” ဟု
အခင်ဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူ မျက်မြင်တွေ့ရှိသူ
ဒေသခံတစ်ဦးကပြောကြားသည်။
The Express Times
The Express Times
-----------------------------------------------------------------------
 |
| ဒေါ်အောင်ဆန်းစုကြည် တောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်အမည်စရင်းတင်သွင်းစဉ် |
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိလစ်လပ်မဲဆန္ဒနယ်ထဲမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာရန်ကျန်ရှိသည့် ကော့မှူးမြို့ နယ်မှကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့်ကိုယ် စားလှယ်လောင်း အမည်စာရင်း ကို မကြာမီရက်ပိုင်း အတွင်း ကြေညာ သွားမည်ဖြစ်ကြောင်းသိရသည်။
''ဦးတင်ရီက အယူခံလွှာကို(၂၂)ရက်နေ့နေ့လည်မှာ တိုင်းကော်မရှင်ကို လာတင်သွားတယ်။ တိုင်းကော်မရှင်အနေနဲ့တော့ ခရိုင် ကော်မရှင်မှာ မူလကကန့်ကွက်တဲ့ အကြောင်းအရာပေါ်မူတည်ပြီးဆုံး ဖြတ်သွား မှာပါ။၂၈ ရက်နေ့မှာဆုံး ဖြတ်ချက်ချသွားမယ်။ အဲ့ဒီနောက်ပိုင်းမှာ အမြန်ဆုံး ကော့မှူးမဲဆန္ဒနယ် အတွက် အမည်စာရင်းပုံစံ(၁၀) ကပ်သွားမယ်'' ဟုရန်ကုန်တိုင်း ဒေသ ကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကို ကဆိုသည်။
ကော့မှူးမြို့နယ် မဲဆန္ဒ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံ ကြမည့်ကိုယ်စားလှယ်လောင်းအမည် စာရင်းကို ယှဉ်ပြိုင်အရွေးခံကြမည့် ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့်ကိုက်ညီမှုမရှိသဖြင့် အနောက် ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ပလပ်လိုက်သည်။ထိုသို့ပ လပ်လိုက်မှု အပေါ်အဆိုပါကန့်ကွက် ခဲ့သည့် ကိုယ်စားလှယ် လောင်းမှ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ ကအယူခံလွှာတင်ပို့ခဲ့ကြောင်းသိရ သည်။ထို့ကြောင့် ဖေဖော်ဝါရီ(၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လစ်လပ် မဲဆန္ဒနယ် (၅)ခုမှ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့်ကိုယ်စား လှယ်လောင်း အမည်များကို သက် ဆိုင်ရာမြို့နယ်နှင့်ရပ်ကွက်၊ကျေးရွာ အုပ်စုများတွင်ကြေညာပေးခဲ့သော် လည်းကော့မှူးမြို့နယ်တွင်ဝင်ရောက် ယှဉ်ပြိုင်နိုင် သည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကို ကန့် ကွက်သည့်ကိစ္စမပြီး ပျက်သေးသည့် အတွက်အဆိုပါ မဲဆန္ဒနယ်အားတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှဆုံးဖြတ်ချက်ချပြီးသည့်ဖေ ဖော်ဝါရီ(၂၈)ရက်နေ့နောက်ပိုင်း တွင် အမြန်ဆုံး ကြေညာပေး မည်ဖြစ် ကြောင်းသိရသည်။
''ကန့်ကွက်လွှာတွေမပြီး မချင်းတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းမထွက်သေးတဲ့အ တွက်တော့ အဲ့ဒီနေရာမှာပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေရော၊ တခြားကိုယ်စားလှယ် လောင်းပါစည်းရုံးရေး အတွက် နောက်ကျသွားတာ ပေါ့။ဒါကြောင့်(၂၈)ရက်နေ့ဆုံး ဖြတ်ချက်ချပြီးတာနဲ့ အမြန်ဆုံးကြေညာ ပေးမှာပါ'' ဟုကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့် ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်ခဲ့သည့် ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှ ဇန်န ဝါရီ(၁၁)ရက် နေ့က ပလပ် လိုက်ကြောင်း သိရသည်။ကော့မှူးမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့် ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါကော့မှူးမြို့နယ် တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဦးစိုးမင်းတို့က ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
ရန်ကုန်တိုင်းမ်
ကြားဖြတ်ရွေးကောက်ပွဲ အတွက် လစ်လပ်မဲဆန္ဒနယ် တစ်ခု ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် သုံးနာရီခန့်တွင် NLD ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့ နေရာတစ်ခုနှင့် တစ်ခု မနီးမဝေးတွင် တစ်ချိန်တည်း၌ မဲဆွယ်ကြရာ ပါတီနှစ်ခုစလုံးတွင် ပရိတ်သတ် ရာဂဏန်းကျော် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
The Voice Weekly
””ပုသိမ်မြို့မှာ အစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိကအဖွဲအစည်းတွေမှာအဂတိလိုက်စားမှုရှိနေ””
ဒီဖေါ်ပြချက်ဟာ လူတစ်ယောက်က မနာလိုဖြစ်လို့ တမင် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်းတွေပါ ကျွန်တော်က ပုသိမ်မှာနေပြီး ကိုယ်တိုင် ကွန်ပျူတာပညာရှင်အသင်းရဲ့ အခမဲ့သင်ပေးတဲ့ ဂျပန်အင်ဂျင်နီယာစာမေးပွဲသင်တန်းတွေကို တက်ပြီး ဖြေဘူးတဲ့သူပါ အသင်းမှာရှိတဲ့ ဆရာတွေ ဆရာမတွေ အဓိက ကတော့ ဆရာ ဦးမောင်ဦး တီချယ် ဒေါ်မြတ်မြတ်မိုး အပါ ဆရာအားလုံးဟာ စေတနာနဲ့သင်ပေးကြတာ သင်တန်းသားတွေက ငွေကြေးဘာမှ မကုန်တဲ့အပြင် စာအုပ်တွေဖတ်ဖို့ဌားပေးတယ် မေးခွန်းဟောင်းတွေဆိုလဲ လေ့လာဖို့ ebook လုပ်ပြီး free ပေးတာ စာမေးပွဲဖြေတော့ အထက(၁)မှာ ဖြေရတာ အဲဒီ စာမေးပွဲတွေကို အမြဲတမ်း လိုလို အထက(၁)မှာပဲစစ်တယ် တခါတော့ ကွန်ပျူတာတက္ကသိုလ်(အခု စက်မှုအထက)မှာ စစ်တယ် ကျွန်တော် အဲဒီမှာ ဖြေဘူးတယ် တီချယ်တို့က ကျောင်းသားတွေ အပေါ် စေတနာကောင်းတယ် အရမ်းပင်ပန်းခံပြီးသင်ပေးရတာ စာမေးပွဲက အောင်ဖို့ ခက်တယ် စာတွေက ကွန်ပျူတာ တက္ကသိုလ် ဘွဲ့တစ်ခုစာလောက်များတာ သင်တန်းကြေးမပေးရဘူး စာမေးပွဲကြေးက ရန်ကုန်အသင်းချုပ်ကိုသွင်းရတာ တီချယ် တို့ က ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲအကြောင်း ပုသိမ်က တက္ကသိုလ်တွေမှာ တစ်နှစ်ကို တခါ နှစ်ခါ အမြဲတမ်းဟောပြောပွဲလာလုပ်လို့ စာမေးပွဲဖြေတဲ့သူများတာ AIBI ကျောင်းသားတွေကို ရွေးသင်တာ မဟုတ်ဘူး ကျွန်တော်ဆို MCC မှာ တက်နေရင်း ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲသင်တန်းတက်ခဲ့တာ
ပြီးတော့ နိုင်ငံခြားပညာတော်သင် စာမေးပွဲဆိုတာ ပုသိမ်မှာစစ်တာ မဟုတ်ဘူးဗျ အင်တာနက်ဂျာနယ် နက်ဂိုက်ဂျာနယ်တွေမှာ သတင်းဖေါ်ပြပေးထားတာ တပြည်လုံးက ဖြေဖို့ အရည်အချင်းမှီရင် အသင်းချုပ်ကိုလျှောက်ရတာ ပုသိမ်မှာဖြေလို့ရတာမျိုး ပုသိမ်မှာရွေးတာမဟုတ်ဘူး တပြည်လုံးကလာဖြေတဲ့သူက အများကြီး၊ စာမေးပွဲ အဆင့်ဆင့်ဖြေရတာ နိုင်ငံခြားကစစ်ပြီး ကြိုက်မှ ခေါ်တာဗျ ခု ပုသိမ်က ပါတယ် ဆိုတဲ့ ကျောင်းသားတွေက ကွန်ပျူတာတက္ကသိုလ်မှာတုန်းက စာတော်တဲ့သူတွေဗျ Roll 1 to 5 တွေဗျ မာစတာဘွဲ့ရတွေလေ၊သူတို့တော်လို့သူတို့ရတာပါ ။ဒီအတင်းအဖျင်းရေးပို့လိုက်တဲ့သူက ဒါတွေမသိဘူးဆိုတော့ ကွန်ပျူတာပညာရှင်အသင်းဝင်ကျောင်းသားမဟုတ်တာသေချာတယ် ဂျပန်အင်ဂျင်နီယာစာမေးပွဲ ကိုပဲ ပုသိမ်မှာ စစ်တာ ဒီစာမေးပွဲကိုလည်း ရန်ကုန်အသင်းချုပ်က ဆရာမကြီးတွေ က မေးခွန်း ကို ကိုယ်တိုင်ယူလာပြီး ပုသိမ်နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမတွေ ရှေ့မှာဖေါက်ပြီး စာမေးပွဲစစ်တာ ကွန်ပျူတာအသင်းရော တက္ကသိုလ် ဆရာမတွေရော စာမေးပွဲစောင့်တာ အရမ်းခက်တဲ့စာမေးပွဲဗျ အောင်ချက် တပြည်လုံးမှာ ၅ % ၁၀% လောက်ပဲ နိုင်ငံခြားမှာကို က ဒီလောက်ပဲအောင်တာ ကူးချလို့ ရတာမဟုတ်ဘူး Unseen တွေ၊
ဒါကို ဒီလူ မသိပဲ ဖေါလိုက်တာ၊ ကျွန်တော်လဲ ဖြေတုန်းပဲ အောင်သေးဘူး၊ ဒါပေမယ့် တချိန်တော့ အောင်ရမယ် ကြိုးစားဆဲပါ
တီချယ်တို့ ဆရာ တို့က လှူလဲလှူတယ် ကျွန်တော်တို့ကျောင်းကိုလဲ ကွန်ပျူတာတွေ ပျက်နေလို့ လှူထားသေးတယ် တခြားကျောင်းတွေမှာလဲ လှူတယ်ဗျ တီချယ်တို့ က စေတနာကောင်းတယ် လူချစ်လူခင် လဲများတယ် ပြီးတော့ AIBI ဆိုတာ ပုသိမ်မှာ လူအများဆုံးကျောင်းဗျ ခုချက်ချင်းသင်တန်း တက်ချင်လို့ နေရာမရနိုင်ဘူး၊လူအမြဲပြည့်နေတာ တစ်လလောက် ကြိုစာရင်းပေးမှ နေရာရတာ လူတိုင်းသိကြတယ်
ဒီလောက်အောင်မြင်နေလို့ မနာလိုဖြစ်တဲ့လူက တမင်ဖန်တီးရေးထားတာ တီချယ်တို့က ပညာရှင်စစ်စစ်တွေဗျ နိုင်ငံရေးသမားမဟုတ်ဘူး နိုင်ငံရေးစကားမပြောဘူး တွေ့ရင် စာကြိုးစားဖို့ပဲ ဒီလောက် သဘောထားဖြူတဲ့ ဆရာဆရာမတွေကို စောကားလိုက်တာ ကျောင်းသား မဖြစ်နိုင်ဘူး ကျွန်တော် ထင်တယ် မအောင်မြင်တဲ့ လုပ်ငန်းတစ်ခု၊ ကျောင်းတကျောင်းလည်းဖြစ်နိုင်တယ် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး မနာလိုတာ သက်သက်ပဲ အစ်ကိုတို့ သတင်းအမှန်တွေကို အသင်းရဲ့ Website နဲ့ Facebook တွေ မှာ ဖတ်ကြည့်ရင် လူတိုင်းသိပါတယ်ဗျာ ဒါကြောင့် အစ်ကိုတို့ ဆိုက်မှာ ဒီလို လူကို အသရေဖျက်အောင်တမင်ဖန်တီးထားတဲ့ စာမျိုးတွေကို မတင်သင့်ပါဘူး ကွန်ပျူတာပညာရှင်အသင်းဝင်တွေ ဖတ်မိရင် အစ်ကိုတို့ ဆိုက်အပေါ်မှာ ဘယ်လိုမြင်မလဲ ကျောင်းသားကျောင်းသူတိုင်းက အားကျ အတုယူလေးစားရတဲ့သူတွေကို စောကားတိုက်ခိုက်တာတွေကို ကျွန်တော်တို့ မခံချင်ပါဘူး ဒီ Post ကို ဖျက်လိုက်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ် တီချယ်တို့ ဆရာတို့ သိရင်လဲ မကောင်းပါဘူး ပြီတော့ ဒါဟာ အဖွဲ့အစည်းကနေတောင် တရားစွဲလို့ရတဲ့ဟာမျိုးပဲ ဒါကြောင့် အစ်ကိုတို့ ဒီလိုမျိုး ပုဂ္ဂိုလ်ရေးမနာလိုတိုက်ခိုက်တာတွေကို သတင်းလို့ တလွဲအသုံးချမခံရအောင် ဒီ post ကို အပြီးဖျက်ပစ်ဖို့ ဖြစ်နိုင်ရင် ဒီလို နောက်နောင် ရေးပို့လာရင် အ၀င်မခံစေဖို့Block တောင်လုပ်သင့်ပြီဗျာ
ဒီအီမေးလ်ကို လည်းသိချင်မိတယ်။
Pathein Thar Group
ပုသိမ်မြို့ မှာ အစိုးရဌာနတွေတင်မကဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းထဲမှာ အဂတိလိုက်စားမှုတွေဖြစ်နေ
ကိုပြန်လည်ဖတ်ရှုလိုပါက-အောက်ပါ link ကိုနှိပ်ပါ။
http://www.thithtoolwin.com/2012/02/blog-post_1438.html
၂၅ဖေဖေါ်ဝါရီ၂၀၁၂စနေ။ ။ မန္တလေး မင်းကိုနိုင်မိန့် ခွန်းနှင့် မစိုးရိမ် တိုက်သစ် ဆရာတော် ဘုရားကြီး၏ သြ၀ါဒ။ (ရုပ်/သံ) ဒီဗွီဘီ
အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်() ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
မဲဆွယ်စည်းရုံးရေးတွင် လုံခြုံရေးနှင့်ပတ်သက်၍
သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးနှင့်
ရဲစခန်းမှ တာဝန်ရှိသူများက မလိုလားအပ်သောအနှောက်အယှက်များ မရှိစေရေးအတွက်
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဲဆွယ်ခွင့်မရှိသေး
´ဒေါ်စုက
မဲဆွယ်ခရီးစဉ်တော်တော်များများသွားပြီးပြီ။ သူအနေနဲ့က ကော့မှူးမှာ
တရာဝင်ကိုယ်စားလှယ်မဖြစ်သေးတော့ သူ့အနေနဲ့ မဲဆွယ်စည်းရုံးခွင့်မရှိသေးဘူး။
ပါတီကိုယ်စားပြုပဲ စည်းရုံးလို့ရတယ်။ စည်းရုံးရေးသွားတဲ့အခါ
နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်မြို့နယ်မှာ စုဝေးဟောပြောခွင့်ပေးဖို့
သက်ဆိုင်ရာမြို့နယ်ကော်မရှင်ကို ခွင့်တောင်းရတယ်။ ကော်မရှင်ရဲ့ အဓိကအလုပ်က
နှစ်ခုရှိတယ်။ ခွင့်ပြုခြင်း၊ မပြုခြင်းနဲ့ ခွင့်ပြုလိုက်ပြီဆိုရင်
လုံခြုံရေးပေါ့။ လုံခြုံရေးကိစ္စကိုလည်း ဆောင်ရွက်ပေးရပါတယ်´ဟု
ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကိုကိုက ပြောသည်။
အကြောင်းကြားပေး
သက်ဆိုင်ရာကော်မရှင်က
မဲဆွယ်စည်းရုံးခွင့်ကို တရားဝင်ခွင့်ပြုပြီးလျှင် ခွင့်ပြုကြောင်းအကြောင်းကြားစာနှင့်
ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်အချိန်၊ ဘယ်နေရာ၌ ဟောပြောမည် စသည်တို့ကို
သက်ဆိုင်ရာမြို့နယ်မှူး ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို
မိတ္တူပေးပို့ရမည်။ မလိုလားအပ်သော အနှောက်အယှက်များ မရှိစေရေးအတွက် လုံခြုံရေးကို
တာဝန်ယူဆောင်ရွက်ပေးရန် ညွှန်ကြးထားကြောင်း သိရသည်။
Favourite News Journal
ဧည့်စာရင်း
တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည်
ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က
ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက်
ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း
မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင်
အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း
ကြေးအဖြစ်သော် လည်းကောင်း ငွေ ကြေးကောက်ခံ မှုများ ရှိခဲ့ကြောင်းသိရသည်။
ယခင်က မြို့နယ်၊ ရပ်ကွက်၊
ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင် ကောက်ခံမှုငွေကြေးမှာ ကွဲ
ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ တိုင်ကြားလျှင် ကျပ် ၂၀ဝမှ
၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း စုံစမ်းသိရသည်။ ”အခုအချိန်ထိ ဧည့်စာရင်းတိုင်
ရင် စာရွက်စာတမ်းကြေး၊ ရန်ပုံငွေဆိုပြီး တောင် ပြောပြီးမတောင်းတော့ဘူး။ စာ
ရင်းသွင်းပြီးတာနဲ့ ၅၀၀ ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ” ဟု
တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက သူ အမြဲကြုံတွေ့နေရသည်ကို ပြောသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်
ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ် များ သုံးစွဲနိုင်ရန်
နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေပမာဏကို
ခွဲဝေသတ်မှတ်လျာထား ရမည်ဖြစ်ကာ ရန်ပုံငွေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးက ညွှန်ကြား ချက်များနှင့်အညီ မြို့နယ်အုပ် ချုပ်ရေးမှူးထံသို့
တင်ပြတောင်းခံပြီး စနစ် တကျသုံးစွဲရမည်ဟု အခန်း ၁၃ ပုဒ်မ ၂၉၊ ၃ဝတွင်
ဖော်ပြပါရှိသည်။
ရန်ကုန်တိုင်းမ်
 |
| မန္တလေးဈေးချို |
ယခုနှစ်မန္တလေးဈေးချို
ဈေးပွဲတော်ကို ဈေးသူဈေးသားအများစုက ငွေစာရင်းဆိုင်ရာ
ရိုသားပွင့်လင်းသောစာရင်းထုတ်ပြန်မှုမရှိခြင်းနှင့် ဈေးလုံခြုံရေးအပြည့်အဝ
မပေးနိုင်ခြင်းတို့ကြောင့် ဈေးပွဲတော်လုပ်ရန်ဆန္ဒမရှိကြောင်း ဈေးသူ ဈေးသားများက ထုတ်ပြန်ပြောဆိုသည်။
မန္တလေးဈေးချိုဈေးပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းသင်္ကြန်နီးလျှင်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်ကျင်းပရန်အတွက်အစည်းအဝေး ခေါ်ယူရာ ဈေးသူဈေးသားအများစုမှာ မလုပ်လိုကြောင်း ငြင်းဆန်ပြောဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးပွဲတော်ပြုလုပ်ချိန်တွင်သက်ဆိုင်ရာအဖွဲ့အစည်းအများအနေဖြင့်လုံခြုံရေးအပြည့်အဝ
မပေးနိုင်မှုကြောင့်ခိုးဆိုးလုယက်မှုများ၊ဖေါက်ထွင်းမှုများဖြစ်လေ့ဖြစ်ထရှိပြီး၊
ဈေးချိုပွဲတော်အတွက်
ရရှိသောငွေကြေးများကိုလည်းစာရင်းထုတ်ပြန်ကြေငြာပေးခြင်းမရှိကြောင်း
ဈေးသမားများကပြောသည်။
“ သက်ဆိုင်ရာတွေက သန့်ရှင်းရေးနဲ့ပတ်သတ်ပြီး တာဝန်မယူနိုင်ဘူး ၊
လုံးခြုံရးလဲမပေးနိုင်ဘူး ၊ ခဏခဏ ပြသနာ တက်တယ်
ခါးပိုင်နှိုက်တာခိုးတာဝှက်တာ၊ညဆိုလဲလုံခြုံရေးမရှိဘူးရှိတဲ့လူကလဲလုံခြုံရေးမပေးနိုင်ဘူး။ဆိုင်ဖေါက်ထွင်းမှုတွေ
ခဏခဏဖြစ်တယ်၊ ဖြစ်ရင်တာဝန်ယူမဖြေရှင်းပေးနိုင်ဘူး၊
နောက်ငွေစာရင်းရှင်းတမ်းလည်း
ထုတ်မပေးကြဘူး”ဟုမန္တလေးဈေးချိုတွင်ဖိနပ်ရောင်းသူတစ်ဦးက ပြောသည်။
ထို့ပြင်
ဈေးပွဲတော်တွင် ဖွင့်လှစ်ရောင်းချသောဆိုင်ခန်းများမှ
ရာဂဏန်းခန့်ရှိကြောင်း၊၈၄လမ်းပေါ်ရှိဆိုင်ခန်းများမှာ
ဈေးနှုန်းအမြင့်ဆုံးဖြစ်သည်ဟုသိရပြီး
ဈေးပွဲတော်လုပ်ခဲ့သည့်အကြိမ်တိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက ငွေ စာရင်းရှင်းတမ်းထုတ်ပြန်ခြင်းမရှိသည့်အတွက် ကျေနပ်မှုမရှိကြောင်း ဈေးသူဈေးသားတစ်ဦးကပြောသည်။
“ ၈၄လမ်းပေါ်ဆိုရင် နှစ်သိန်း နှစ်သိန်းခွဲ ၊ ၂၆လမ်းပေါ်ဆိုရင် တစ်သိန်းခွဲ
နှစ်သိန်းအစားစားပေါ့၊အဲဒီကရတဲ့ပိုက်ဆံကိုဘယ်လိုပြန်သုံးလဲဆိုတာတော့
မသိဘူး ၊ ရတဲ့ပိုက်ဆံကများတော့ နှစ်တိုင်းလုပ်ချင်တာ နေမှာပေါ့ ၊
စာရင်းရှင်းတန်းထုတ်ပြန်တာတို့ဘာတို့တော့မကြားဘူးပါဘူး အဲဒါကြောင့်လည်း မလုပ်ချင်ကြဘူး`ဟု အဆိုပါ ဈေးချိုသားတဦးက ပြောသည်။
ဈးပွဲတော်ကျင်းပခြင်းကြောင့်
လာရောက်ဖွင့်လှစ်သောဆိုင်များမှာ နယ်လှည့်ဈေးရောင်းသမား
အများစုဖြစ်ပြီးဈေးပတ်ဝန်းကျင်တွင် အခင်း သွားခြင်းများ ၊
ဖောက်ထွင်းမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါကိစ္စအတွက်
မည်သူကမျှတာဝန်ယူမှုမရှိဘူးဟုဈေးချိုတွင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
“ ဈေးပွဲတော်လုပ်မလားလို့
ဈေးထဲကလူဆယ်ဦးမေးရင်ရှစ်ဦးလောက်ကမလုပ်ချင်ဘူး ၊ဘာလု့လဲဆိုရင်
ဈေးချိုဆိုတာလူတန်းစားမျိုးစုံမှီခိုနေကြတာဖြစ်တဲ့အတွက်
အစစအရာရာမီးရေးထင်းရေးကအစစိုးရိမ်ရတယ်။ နောက်ပြီး ဈေးလာရောင်းတဲ့သူတွေမှာဈေးရောင်းတဲ့လူအစစ်ပါသလို ၊ မသမာသူတွေလဲ ပါတယ်။ မနက်မနက်ကြရင်
သူတို့စွန့်သွားတဲ့ မစင်တွေအညစ်အကျေးတွေက နံဟောင်နေတာပဲ အဲလိုဖြစ်တာနှစ်တိုင်းပဲ၊ညအိပ်တော့အဲဒီမှာအိပ်ကျတာဆိုတော့ ဈေးပတ်ပတ်လည်က
မြောင်းထဲမှာ ကိစ္စ ရှင်းလိုက်ကျတယ်” ဟု၎င်းကပြောသည်။
မင်းမင်းလတ်- မန္တလေး (မြစ်မခ)
အများပြည်သူ အသုံးပြုနိုင်သည့် ပီစီအိုဖုန်းကို မည်သူမဆိုလျှောက်ထားနိုင်ပြီး မည်သည့်နေရာတွင်မဆို ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
“ဖုန်းခေါ်ဆိုခတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို တာဝန်ယူနိုင်မယ့် သူတစ်ဦး လိုအပ်ပါတယ်။ ကျေးရွာလူကြီးမှ မဟုတ်ပါဘူး။ အာမခံပေးနိုင်မယ့် မည်သူမဆို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပြည့်စုံရင် ချထားပေးသွားမှာပါ။ PCO အသုံးမပြုနိုင်တဲ့ နေရာတွေဆိုရင်တော့ မိုဘိုင်းဖုန်းကို ချထားပေးမှာပါ။ အဓိကတော့ဖုန်း အသုံးပြုမှု မတွင်ကျယ်သေးတဲ့ ဒေသတွေအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
ကျေးရွာများမှ ဖုန်းအသုံးပြုခွင့် လျှေက်ထားရာတွင် မိမိအသုံးပြုမည့် PCO ဖုန်း (ကြိုးဖုန်း) သို့မဟုတ် မိုဘိုင်းဖုန်းတန်ဖိုးအပေါ်မူတည်၍ စပေါ်ငွေတင်ရမည်ဖြစ်ပြီးဖုန်းအတွက်ကနဦးတပ်ဆင်ခ ကောက်ခံသွားမည်မဟုတ်ပေ။ စပေါ်ငွေတင်ရာ တွင်လည်း ဖုန်းတန်ဖိုး၏ သုံးပုံတစ်ပုံခန့်သာ တင်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဖုန်းခေါ်ဆိုခနှုန်းထားက တော့ လက်ရှိ ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ ပေးသွင်းရမှာပါ။ ကျေးလက်ဒေသဆိုပြီး ပိုပြီးကောက်ခံမှာမဟုတ်ပါဘူး။ အသုံးပြုခွင့်လျှောက်ထားတဲ့အခါမှာလည်း ကြိုးဖုန်းလိုင်းရှိတဲ့ ဒေသကတော့ အချိန်တိုအတွင်းဖုန်းအသုံးပြုနိုင်မှာပါ။ ကြိုးဖုန်းလိုင်းလည်းမရှိဘူးဆိုရင်တော့ မိုဘိုင်းဖုန်းချထားပေးရမယ့်အတွက် အချိန်အနည်းငယ်ကြာမှာပါ။အတတ်နိုင်ဆုံးအချိန်တိုအတွင်း ပေးနိုင်အောင် တော့ ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။
သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ဖုန်းလျှောက်ထားရမည်ဖြစ်ပြီး ဖုန်းတပ်ဆင်မှုကို မြို့နယ်ဆက်သွယ်ရေးရုံးများမှ ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း မိုဘိုင်းဖုန်းသန်း ၃၀ ချထားပေးရာတွင် ကျေးလက်ဒေသများပါ ပါဝင်ပြီး အင်တာနက်သုံးစွဲခွင့်ကိုလည်းငါးနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရှိရသည်။
တပ်မတော်အစိုးရလက်ထပ်တွင် အမျာသုံးပီစီအိုဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများကသာ တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း
ဦးတင်ရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက် အယူခံလွှာ
တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ဖြေရှင်းချက်ပေးမယ့်စာကို
တနင်္လာနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က
ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက
ကြိုဆိုနှုတ်ဆက်စဉ်။
ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်ရုံးမှာ ဖေဖော်ဝါရီ
၁၁ ရက်နေ့က ကန့်ကွက်ခဲ့တာပါ။ အဲဒီ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က
ပယ်ချပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အယူခံလွှာကို ရန်ကုန်တိုင်း
ကော်မရှင်ရုံးမှာ ထပ်တင်ခဲ့ပါတယ်။
ရန်ကုန် တောင်ပိုင်းခရိုင်
ရွေးကောက်ပွဲ ကော်မရှင်ရုံးကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲပုဒ်မ (၂၈-က) အရ
ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံခဲ့ကြောင်း အကြောင်းပြပြီး ညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်လွှာကို
ပယ်ချခဲ့တာဖြစ်ပါတယ်။
RFA
တရုတ်-မြန်မာနယ်စပ်မူဆယ် မြို့တွင် အထူးစီးပွားရေးဇုန် Special Economic
Zone တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် ယင်းအကြောင်းအရာများနှင့်ပတ်သက်၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတစိုင်းမောက်ခမ်းက
လားရှိုးခရီးစဉ်အတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
''မူဆယ်မှာ
အထူးစီးပွားရေးဇုန် တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသမ္မတရဲ့
လားရှိုးခရီးစဉ်အတွင်းမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်က
ဒီဆင်းရဲမွဲတေမှုကိုလျော့ချဖို့အတွက် စပြီးလုပ်တဲ့သဘောပါ။
စီးပွားရေးဇုန်နဲ့အတူ အများပိုင်ကုမ္ပဏီတွေလည်း ဖွဲ့စည်းခွင့်ပေးမယ်လို့
ပြောတယ်။ အများပိုင်ကုမ္ပဏီတွေရှိခြင်းအားဖြင့် အစုရှယ်ယာ
ရောင်းလို့ရတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တိုးနှုန်းတွေထက်
မြင့်အောင်တော့ပေးမယ်ဆိုရင် ရှယ်ယာတွေရောင်းလို့ရပါတယ်။ ၂၀၁၅ AFTA အမီ
လုပ်သွားဖို့ စီစဉ်နေတာပါ။ ၂၀၁၅ ခုနှစ်မှာ Asean Economic Community နဲ့
Asean Free trade Area အကောင်အထည်ပေါ်လာရင် ကျွန်တော်တို့ အခုလို တရုတ်ကို
ကုန်ကြမ်းရောင်းနေရုံနဲ့တော့ မရတော့ပါဘူး။ ဒီအတွက် ပြင်ဆင်တာပါ'' ဟု
မူဆယ်နမ့်ခမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိအခြေအနေတွင်မူ တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင်
ဒေသ၌နေထိုင်သူများတွင် မြန်မာ လူမျိုး ၅၀ ရာခိုင်နှုန်းဝန်းကျင်ရှိ
ကြောင်းနှင့်ရွှေလီမြို့တွင် ၂၅ ရာခိုင် နှုန်းရှိနေကြောင်းနှင့် ထိုသူများ
မူဆယ်နယ်စပ်သို့ပြန်လာနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းဖွင့်ပေး
ရန်ဦးစွာလိုအပ်နေကြောင်း သုံးသပ် မှုများလည်းရှိသည်။
''အခု SE Z
နဲ့ပတ်သက်ပြီး အ ဆိုတင်သွင်းကြတယ်။ အခုဆိုရင်
ကုန်သည်တွေကသူတို့ရဲ့ကုန်ပစ္စည်းတွေကို မူဆယ်မှာမထားနိုင်တော့ ကြယ်ခေါင်မှာ
သွားထားရတယ်။ အဲဒီမှာ ရဲကအမျိုးမျိုးညစ်တာလည်း ရှိတယ်။ ဖြစ်နေတာက မူဆယ်မှာက
လိုင်စင်လျောက်ပြီး ပစ္စည်းတွေပဲ ထားခွင့်ရှိတယ်။ ဒီတော့ ဟိုဘက်မှာရှိနေတဲ့
ထမင်းဆိုင်တွေကအစ အလုပ်သမားတွေ၊ ကုန်လှောင်ရုံတွေ ဒီဘက်ကို
အရင်ပြန်ရောက်ဖို့ လိုတယ်။ ဒါတွေကို အရင်စနစ်တကျ ပြန်စိစစ်သင့်တယ်ထင်တယ်။
လော လောဆယ်မှာ မြန်မာဘက်ကရောင်းတဲ့ပစ္စည်းတွေကို တရုတ်ဘက်က
အချိုအချောင်နဲ့ရနေတဲ့ အနေအထားမျိုးကြောင့်ယူတာပါ။ အခုဆို
ဆန်တင်ပို့ခွင့်ရတယ်။ ပြောင်းတင်ပို့ခွင့်ရတယ်။ ဒါပေမဲ့ သူတို့ဘက်က
ခွင့်မပြုတော့ မှောင်ခိုလမ်းကြောင်း ကတင်ပို့ရတယ်။ ဈေးနှိမ်ခံရတယ်။
တကယ်လို့များ Value added လုပ်ရောင်းမယ်ဆိုရင် သူတို့ ယူပါဦးမလား
စိုးရိမ်စရာရှိတယ်''ဟု နယ်စပ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိအနေအထားတွင် တရုတ်ဘက်သို့ ကုန်ကြမ်းပစ္စည်း သာ
တင်ပို့ရောင်းချနေရသောအနေအထားမှ Value added တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်၍
ရောင်းချရန် စီစဉ်နေမှုအပေါ် တခြားတစ်ဘက်မှလည်း အဆင်ပြေနိုင်ကြောင်း
သုံးသပ်သည်။ ''တရုတ်ဘက်က ၀ယ်၊ မ၀ယ်တွေးပြီး ဘာမှမလုပ်ဘဲနေလို့ မရဘူး။
အခုအချိန်မှာ ကျွန်တော်တို့ ဆီကပဲ နှမ်းတွေဝယ်။ ဂိုထောင်ထဲပြန် ထည့်ပြီး
Value added လုပ်ပြီး သူတို့က ပြန်ထုတ်နေတာပဲ။ ကျွန်တော်တို့မှာ နည်းပညာနဲ့
အရင်းအနှီးပဲလိုတယ်။ သူဝယ်ပါ့မလားဆိုပြီး စိုးရိမ်စရာတော့မလိုပါဘူး'' ဟု
လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
EMG
အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများအား
ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ပြန်လည်တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊
ကပ်စေးနှဲဖြင့်ပြုလုပ်သော မုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာနှင့်
တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက် ရှိတွင်
ကန့်သတ်ထားသည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ
တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။
တင်သွင်းခွင့် ကန့်သတ်ထားသော ကုန်စည် ၁၅ မျိုးမှ ယခင်ကလည်း အချိုမှုန့်၊
အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွတ်ဗူးများ(အသားနှင့်သီးနှံ)နှင့်
ခေါက်ဆွဲခြောက်အမျိုးမျိုးအား တင်သွင်းခွင့်ကန့်သတ်ထားရာမှ
ပြန်လည်တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါကျန် ရှိနေသည့် အရက်၊
ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားသည့် ကုန်စည်များကို တင်သွင်းခွင့်ပြုရန်
ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
''ကန့်သတ်ကုန် ၁၅ မျိုးမှာ
အချိုမှုန့်အပါအ၀င် ၅ မျိုးကို ခွင့်ပြုပေးခဲ့ပြီးပါပြီ။ ထပ်ပြီးတော့
ကန့်သတ်ထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င် ကန့်သတ်ကုန် ၈ မျိုးကို
ဈေးကွက်လိုအပ်ချက်အရ နောက်ပိုင်းမှာ ပြင်ဆင်ခွင့်ပြုသွားဖို့ ရှိပါတယ်။
ခွင့်ပြုဖို့ရှိကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတာပါ''ဟု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့ပါသည်။
အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င် ကန့်သတ်ထားသော ကုန်စည်များမှာအမည်အရသာ
ကန့်သတ်ထားသည်ဟု ပါရှိသော်လည်း ဈေးကွက်အတွင်း၌မူ တရားမ၀င် ၀င်ရောက်ကာ
တရားဝင်နီးပါး ရောင်းချနေသည့်အတွက် နိုင်ငံတော်မှ အခွန်ရရှိမှု
နစ်နာခြင်းသာဖြစ်ပေါ်နေကြောင်းကိုလည်း သွင်းကုန်လုပ်ငန်းရှင်များက
ထောက်ပြခဲ့ကြပါသည်။
''ပထမတစ်ကြိမ်တုန်းက အချို မှုန့်အပါအ၀င် ကန့်သတ်ထားတဲ့ ကုန်စည် ၅
မျိုးတင်သွင်းခွင့်ပေးတယ်။ အခု အရက်၊ ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားတဲ့
ကုန်စည် ၈ မျိုးကို ဈေးကွက်လိုအပ်ချက်အရ ခွင့်ပြုဖို့ရှိတယ်လို့
ထုတ်ပြန်ထားတာပါ။ အချို့မှုန့်အပါအ၀င် ကန့်သတ်ကုန် ၅ မျိုးကလည်း
ကန့်သတ်ထားတာပဲရှိတယ်။ အခွန်မဲ့ မှောင်ခိုဝင်ပြီး တရားဝင်ရောင်းနေတာပဲ။
ဒီလိုပဲ အရက်၊ ဘီယာ၊ စီး ကရက်လည်း တရားမ၀င်သွင်းပြီး တရားဝင်ဆိုင်တွေမှာ
ရောင်းနေတာပဲ။ ဒီတော့ တကယ်တမ်း နိုင်ငံတော်က အခွန်မရတာပဲရှိတယ်။ ကျန်တာက
ဘာမှမထူးဘူးလေ။ အခုလိုခွင့်ပြုဖို့ ပြင်ဆင်တာကမှ
နိုင်ငံတော်အခွန်ရဦးမယ်''ဟု စားသောက်ကုန်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက
သုံးသပ်ပြောကြားခဲ့သည်။
EMG
 |
| အခေါက်ရွှေ |
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ
တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနစ်သိန်းငါးသောင်းအထက်သို့ စတင်ရောက်ရှိကာ
အရောင်းအ၀ယ်ပြုနေကြောင်း သတင်းရရှိပါသည်။
ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေဈေးနှုန်းမှာ
ဇန်န၀ါရီလ ဒုတိယပတ်မှစတင်၍ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအထက်သို့
စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဇန်န၀ါရီလ ၁၁ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်း
နှစ်သောင်းအထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်း
သုံးသောင်းအထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍
ကျပ်ခုနစ်သိန်း လေးသောင်းအထက်သို့ လည်းကောင်း
ဈေးနှုန်းအသီးသီးရောက်ရှိခဲ့ကြကာ အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍လည်း အခေါက် ရွှေဈေးနှုန်းမှာ
တစ်ကျပ်သားလျင် ကျပ်ခုနစ်သိန်းငါးသောင်းအထက်သို့
ထပ်မံဈေးနှုန်းတက်ကာရောက်ရှိခဲ့ပြီး ယင်းနေ့နံနက်ပိုင်းတွင် အခေါက်ရွှေ
တစ်ကျပ်သား ကျပ်ခုနစ်သိန်း ငါးသောင်း လေးထောင့်ငါးရာကျပ်ဖြင့် ဈေးကွက်၌
ရွှေဈေးနှုန်းစတင်ဖွင့်ခဲ့ရာမှ ညနေပိုင်းတွင်မူ
ကျပ်ခုနစ်သိန်းရှစ်ထောင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄
ရက်နေ့တွင်လည်း ယင်းဈေးနှုန်းဖြင့်ပင် ဆက်လက်အရောင်းအ၀ယ်များ
ပြုလုပ်ခဲ့ကြသည်။
အလားတူ နိုင်ငံတကာဈေးကွက်တွင်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က
နယူးယောက်ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၃၄ ဒသမ ၁၀
သာရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ရွှေတစ်အောင်စလျင် အမေရိကန်
ဒေါ်လာ ၁၇၀၀ အထက်သို့ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်မူ
ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၀ ဒသမ ၁၀ ဖြစ်ပေါ်ခဲ့သည်။
ပြည်တွင်း၌ ယခုကဲ့သို့အခေါက် ရွှေတစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်း
ငါးသောင်းအထက် ရောက်ရှိခဲ့သည့်အပေါ် ရွှေလုပ်ငန်းရှင်များက နိုင်ငံတကာ
ရွှေဈေးနှုန်းများမြင့်တက်ခြင်းကြောင့် သက်ရောက်ခြင်းဖြစ်ကြောင်း
သုံးသပ်ပါသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင်
ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း
ငါးသောင်းရှစ်ထောင်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း
တစ်သောင်းဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
EMG
အင်းလေးကန်တစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်
အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ်
ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန်
မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ပညာရှင်များထံမှ သိရှိရသည်။
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း
ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။
အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့
အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင်
မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့
မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက
တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ
သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။
ရေအရည်အသွေးကျဆင်းရ ခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်း များမှာ
ပိုးသတ်ဆေးများအလွန်အ ကျွံသုံးစွဲလာခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု
များပြားလာခြင်း၊ ရေမှော်၊ ဗေဒါ၊ဒိုက်စသည်များ ဖွံ့ဖြိုးလာခြင်း၊
ရေခြံ(floating gardens) အဟောင်းများ စနစ်တကျ မဖယ်ရှားနိုင်ခြင်း၊
ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများ၏ စွန့်ပစ်ပစ္စည်းများ
ပေါများလာခြင်း၊ မိလ္လာစနစ်များ ခေတ်မမီခြင်းနှင့် လက်ရက်ကန်းများတွင်
အသုံးပြုသော ဆိုးဆေး(Dye)များအား
ကန်အတွင်းစွန့်ပစ်ခြင်းများကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
''အင်းလေးဝန်းကျင်က ဒေသခံတွေမှာ သဘာဝနဲ့မကိုက်ညီတဲ့ အသက်မွေးမှုတွေ
ရှိနေတယ်။ စားဝတ်နေရေးက ခေတ်နဲ့လိုက်လျောညီထွေရှိအောင် မလုပ်တာလည်းပါတယ်။
ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ခရမ်းချဉ်သီးအတွက် ဓာတ် မြေသြဇာတွေ
အသုံးများလာတယ်။ အမှိုက်တွေ စည်းကမ်းမဲ့ပစ်တယ်။ စတဲ့အကြောင်းအရာတွေကြောင့်
ရေအရည်အသွေး ကျကျလာတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဒီရေတွေကို ဒေသခံတွေ
သောက်သုံးနေတာဟာ သက်ရောက်မှုတွေ လာနိုင်တယ်။ ဒါကြောင့် ဒီရေတွေကို
သောက်သုံးရေအဖြစ် မသုံးသင့်တဲ့အခြေအနေမှာ ရှိနေပါတယ်''ဟုလည်း UNDP
မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်းလေးကန်သည် ၁၉၃၄ ခုနှစ်
မြေတိုင်းမြေပုံများအရ ကန်အကျယ်အ၀န်းမှာ ၁၀၄ စတုရန်းမိုင်၊ ၂၀၀၅ ခုနှစ်တွင်
၈၇ ဒသမ ၅၄ စတု ရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတု
ရန်းမိုင်သာရှိတော့ကြောင်း ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှရရှိသော
သတင်းများအရ သိရှိရသည်။
အင်းလေးကန်အတွင်း ရေ၀င်ချောင်း စုစုပေါင်း ၂၉ ချောင်းရှိကာ
အဓိကစီးဝင်သည့်ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊
ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာစုစုပေါင်း ၁၄၂၂
စတုရန်းမိုင်ရှိကြောင်းလည်း သိရှိရသည်။

EMG
၁၉၉၀
ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ ချုပ် (အက်စ်အန်အယ်လ်ဒီ ) ပါတီဟာ မကြာခင်
သီတင်းပတ်အတွင်းမှာ ပါတီမှတ်ပုံတင် ပြန်လည် လျှာက်ထားတော့မယ်လို့ ပါတီက
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပါတီ
ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ကျနော်တို့
ပါတီတည်ထောင်လိုသူများကတော့ ၁၅ ယောက် အဆင်သင့်ရှိနေပါပြီ။ ကျနော်တို့
ရှေ့လထဲမှာ အပြီးတင်မှာပါ။ တကယ်လို့  ဒီကြားထဲမှာ တစုံတရာ အခက်အခဲ
မရှိရင်တော့ ပထမပတ်ထဲမှာတင်ဖြစ်ဖို့ ရှိပါတယ်။ မှတ်ပုံတင်တယ်ဆိုတာကတော့
တခြားကျနော်တို့ မှာ ရွေးစရာလမ်းလည်းမရှိဘူးလေ။
နိုင်ငံရေးလုပ်မယ်ဆိုရင် တရားဝင်မှတ်ပုံ တင်ထားတဲ့ အဖွဲ့အစည်းကသာလျှင်
လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားမျိုးကို ရောက်နေတဲ့အခါကျတော့ ကျနော်တို့က
မှတ်ပုံတင်ကို တင်ရမယ့် အနေအထားမျိုးမို့ လုပ်တာပါ”လို့ ဒီဗွီဘီကို
ပြောပါတယ်။
လာမယ့်
ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့
အချိန်မမှီတော့တဲ့အတွက် ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်
အင်အားစုတွေအားလုံးကို ကူညီအားပေး ၀န်းရံသွားမယ်လို့လည်း အက်စ်အန်အယ်လ်ဒီ
ပါတီက ပြောပါတယ်။

ခွန် ထွန်း ဦး
ဦးခွန်ထွန်းဦး
ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်နေရာ
ဒုတိယ အများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့
ပါတီခေါင်းဆောင်တွေ အကျဉ်းကျခံထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
လက်မခံတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ အတူ ရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့ပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့
ပါတီခေါင်းဆောင်တွေ ပြီးခဲ့တဲ့လကမှ ပြန်လွတ်လာပြီး မဟာမိတ်
အန်အယ်လ်ဒီပါတီကလည်း ပါတီမှတ်ပုံပြန်တင်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့
ပြင်နေချိန်မှာ အက်စ်အန်အယ်လ်ဒီ ပါတီကလည်း ပါတီမှတ်ပုံတင်
ပြန်လျှောက်ထားဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့
အက်စ်အန်အယ်လ်ဒီ အပါအ၀င် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေက
ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က ဦးခွန်ထွန်းဦး နေအိမ်မှာ လက်ရှိ
နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ
အက်စ်အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ခေါင်းဆောင်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့က
ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်၊ ဗိုလ်ချုပ်ကိုင်ဖနဲ့
ဥရောပမြန်မာရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ စသူတို့ ပါဝင်
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ
ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ရှေ့ဆက် လက်တွဲ လုပ်ဆောင်သွားရမယ့် အနေအထား၊
ငြိမ်းချမ်းရေး ယူထားကြတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း
(အက်စ်အက်စ်ပီပီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အာစီအက်စ်အက်စ်နဲ့
အသွင်ပြောင်းထားတဲ့ ရှမ်းပြည်သူ့စစ်အဖွဲ့တွေ အားလုံး တစုတစည်းတည်း ဘယ်လို
တူညီတဲ့ရည်မှန်းချက်တခု ထားပြီး အလုပ် ဆက်လုပ်မလဲ ဆိုတဲ့ကိစ္စတွေ
ဆွေးနွေးကြတယ်လို့ ဦးစိုင်းလိတ်က ပြောကြားခဲ့ပါတယ်။
ဒီဗွီဘီ
မြန်မာအစိုးရအနေနဲ့
ပထမဦးစားပေး တာဝန်အဖြစ် လာမယ့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲကို
လွတ်လပ်တရားမျှတမှုရှိစွာ ကျင်းပပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

Vijay Nambiar (Photo: UNIC/Yangon)
ပြီးခဲ့တဲ့
သီတင်းပတ်အတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်
ဗီဂျေးနမ်ဘီးယာက နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာခရီးစဉ်နဲ့
ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။
မစ္စတာ
ဗီဂျေးနမ်ဘီးယာက မြန်မာအစိုးရ ဦးစားပေးလုပ်ရမယ့် အချက် ၃ ချက်ကို
တိုက်တွန်း ပြောကြားခဲ့ရာမှာ ကြားဖြတ်ရွေးကောက်ပွဲကို
လွတ်လပ်တရားမျှတမှုရှိဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့ ပထမ
ဦးစားပေးလုပ်ဆောင်ဖို့ လိုတဲ့ အကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ အစိုးရရဲ့
ဒီမိုကရေစီ ဖော်ဆောင်နေမှုကို အများက ယုံကြည်လက်ခံမှုရဖို့  အရေးပါတဲ့
စမ်းသပ်မှုဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာအစိုးရ
နောက်ထပ် ဦးစားပေးလုပ်ရမယ့် အလုပ်တွေကတော့ အစိုးရနဲ့  တိုင်းရင်းသား
လက်နက်ကိုင်တွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ကိစ္စနဲ့ 
မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေ အမြန်ဆုံး
ဖန်တီးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တွေ ဖြစ်တယ်လို့
ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့
လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပဲရှိသေးပြီး ငြိမ်းချမ်းရေးနဲ့
တည်ငြိမ်မှုရဖို့နဲ့ ကာလရှည်ကြာကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို
ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဆက်လုပ်ရဦးမယ်လို့လည်း ကုလသမဂ္ဂအရာရှိက
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီဗွီဘီ
ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီး (ရုပ်/သံ) ရိုက်တာ
 |
| မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့်ကွင်း |
ဒီနေ့မနက် အမေစု ဟောပြောမဲ့နေရာကို သွားကြည့်ခဲ့တယ်။
အဲဒီကွင်းကိုတော့ စည်ပင်က ရှင်းလင်းနေတာတယ်ဗျ..
လမ်းကတော့ ဖုန်တထောင်ထောင်နဲ့ ၀င်ရလာရမယ့်လမ်းပါ။
ကွင်းဘေး ပတ်ပတ်လည်ကတော့ ကျုးကျော်တဲ လေးတွေများပါတယ်။
အဲဒီကွင်းကိုလာရင် ကြံခိုင်ရေး က တည်ဆောက်ထားတဲ့ အောင်ဇေယျာ တံတားလေးကို
ကျော်ပြီး ၀င်လာရပါတယ် :)... အဲဒီကွင်းကို သွားကြည့်လိုသူများ သိပ္ပံလမ်း အတိုင်း လာပါ..
၅၆ လမ်း ရောက်ရင် ညာဘက်ကွေ့ပြီး..တောင်ဘက်ကို တည့်တည်မောင်းလာရင်
( ၅ မိနစ်) လောက်မောင်းလာရင် လမ်းရှေဘက်မှာ လဲ့လဲ့ ဆိုတဲ့ အလှပြင်ဆိုင်ကိုတွေ့ရင်
အောင်ဇေယျာ လမ်းရောက်ပြီး...အဲဒါဆို အရှေဘက် တည့်တည့် တာ မောင်းခဲ့ပါ.
စည်ပင်တွေ ကော SB တွေပါ လှုပ်လှုပ် ကွင်းထဲမှာ နဲ့ ရှိနေပါလိမ့်မယ် ;) အဲဒါကတော့ အမေ စု မန်းလေးမှာဟောပြောမယ့် ကွင်းကိုရောက်ပါပြီး။
Swar Lay
- facebook
ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့် နေ့၊
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီ၏ အနောက်မုခ်တွင်
ရှိသော ပြည်သူ့ရင်ပြင် ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါသည်။အဆိုပါ
ပွဲတော်တွင် ဈေးရောင်းသူများကို
အခကြေးငွေယူပြီး ဆိုင်ခန်းများ ရောင်းချပေးနေသည့် ရွှေတိဂုံဂေါပက အဖွဲ့က
စီစဉ်ပေးသော လျှပ်စစ်မီး မှာ ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း
စသည့် အခက်အခဲများ ရှိနေပါသည်။ သို့သော် ဈေးရောင်းချ နေရသူများသည်
ဆိုင်ခန်းခ ပေးရသည့် အပြင် လျှပ်စစ်မီးခ ကိုလည်း သပ်သပ်စီ
ထပ်မံပေးဆောင်ရပြီး မီးပုံမှန် မရရှိသည့်အတွက် တပိုင်တနိုင် မီးစက်များ
ဖွင့်ကာ ဈေးရောင်းချနေရသဖြင့် အဆင်မပြေမှုများ တွေ့ကြုံနေရပါသည်။
ဘားမားဗီဂျေ
 |
ပျော်ဘွယ်NLDအဖွဲ့ ဝင်တွေကို
ရွာတန်းရဲစခန်းမှ အရာရှိများက မှတ်တမ်းယူနေပုံပါ
|
 |
ရွှေည၀ါဆရာတော်
|
ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ ထီးတော်တင်ပွဲသို့ ရွှေည၀ါဆရာတော်
နှင့် အတူ ဒါယကာ ၊ ဒါယိကာမများ(200)ခန့် ဖေဖော်ဝါ၇ီလ (25) ၇က်နေ့ မနက်
(6) နာ၇ီခန့် က ရောက်ရှိလာကြောင်းသိရပါတယ်။
ရွှေည၀ါဆရာတော်ကို ပျော်ဘွယ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှအဖွဲ့ဝင်(၅၀) ကားနှစ်စီးနှင့် မနက်(11)နာရီခန့်ကသွားရောက်ဖူးမြော် ဂါရ၀ပြုခဲ့တယ်။
NLD အဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွာတန်းရဲစခန်းမှ အရာရှိများက
လာရောက်စောင့်ဆိုင်း မှတ်တမ်းယူခဲ့ကြပါတယ်။
အဆိုပါ အရာရှိနှင့်စကားပြောနေပုံကို ဓါတ်ပုံရိုက်တော့ အရာရှိက ``ဓါတ်ပုံမရိုက်ပါနှင့် ``
လို့ ပြန်လည်ပြောကြားကြောင်း ပျော်ဘွယ် NLD က Myanmar News Now
ကိုပြောပါတယ်။
ထီးတင်ပွဲမှာ ပြန်တော်ပြန် သီးလေးသီးအဖွဲ့ဝင်များက ကပြဖျော်ဖြေမှာဖြစ်ပါတယ်။
မနက်ဖြန် ထီးတော်တင်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ လည်းလာရောက်မည်ဖြစ်
ကြောင်း ရွှေည၀ါဆရာတော်မှ ပြောကြားပါချက်ကို လည်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။