တိုင်းတုန်၊ ပြည်တုန် စေတဲ့ နောက်ဆုံးရ ဖျာပုံခရီးစဉ် ဓါတ်ပုံများ
ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ ဧရာဝတိုင်း ဖျာပုံခရီးစဉ်ဟာ သဲကွင်းလို့ ခေါ်တဲ့ လယ်ကွင်းပြင်ကြီးတခုလုံး အနီရောင်လွှမ်းသွားတဲ့ တိုင်းတုန် ၊ ပြည်တုန် ၊ ရင်တုန်စရာမြင်ကွင်းပါ။
ဖျာပုံ ဘော်လုံးကွင်းကို အာဏာပိုင်တွေက ခွင့်မပြုလို့ သဲကွင်းကို လူထုအားနဲ့ ပြင်ဆင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုခဲ့ကြတာပါ။
 ဘောလုံးကွင် ခွင့်ပြုခဲ့ရင်တောင် ယနေ့ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲကို တက်ရောက်လာတဲ့ သောင်းနဲ့ ချီတဲ့ လူထုနေရာမလောက်နိုင်ဘူးလို့  ဖျာပုံမြို့ ခံတဦးက
 Myanmar News Now ကိုပြောပါတယ်။
သတင်း-ဓါတ်ပုံတွေကို ဆက်လက်ကြည့်ရှုကြပါခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်မည်
ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် ကို ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ ကတွေ့ မြင်ရစဉ်။ ဓါတ်ပုံ - လှိုင်ဘွားမောင်
 ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားသို့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်မည်။ 
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်  ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပါတီစည်းရုံးရေး နှင့် မဲအောင်နိုင်ရေး ခရီးစဉ်အဖြစ်
လာရောက်မည်ဟု မြစ်ကြီးနားမြို့ အန်အယ်လ်ဒီ တာဝန်ရှိသူက ပြောသည်။
 အဆိုပါခရီးစဉ်အတွင်း မိုးကောင်းမြို့ ကိုလည်း ၀င်ရောက်မည်ဟုသိရသည်။
တောင်ဒဂုံ နှင့် လှိုင်သာယာ မီးလောင်မှု
တောင်ဒဂုံ ၅၆ ရပ်ကွက် မီးလောင်မှု
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၂ (YPI)   ယနေ့ နေ့လယ် ၃ နာရီ ၁၅မိနစ်တွင် တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် စိန်ရတနာ(၃)လမ်း အိမ်အမှတ် ၁၉၃ (က) မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ စတင်လောင်ကျွှမ်းခဲ့ပြီး ၃နာရီ မီနစ်၄၀တွင်မီးငြိမ်းသွားခဲ့သည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ ၂၀ ရက်ကွက် မင်းရဲကျော်စွာ ၁ လမ်းတွင်လည်း မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၇ လုံးလောင်ကျွမ်းသွားသည်ဟု သိရသည်။ 
YPI
ကျိုက်ထော်ရွာ သားတွေ ဒေါ်စု ကို လှိုက်လှိုက်လှဲလှဲကြိုဆို (ဓါတ်ပုံ)
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း အတွင်းရှိ ကျိုက်ထော်၊ ဒေးဒရဲ၊ ဖျာပုံမြို့တွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း ကျိုက်ထော်ရွာသားတွေရဲ့ ကြိုဆိုပုံတွေကလည်း အံမခန်းစရာပါ။ ဘားမားဗီဂျေ ရဲ့ ဓါတ်ပုံတွေကို ဆက်လက်ကြည့်ရှုကြပါခင်ဗျား။
ဒေါ်စု ကျိုက်ထော်ရွာ လူထုဟောပြောပွဲ မိန့် ခွန်း(ရုပ်/သံ)
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း အတွင်းရှိ ကျိုက်ထော်၊ ဒေးဒရဲ၊ ဖျာပုံမြို့တွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သွားရောက်ခဲ့ပါတယ်။
ဘားမားဗီဂျေ
ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်/သံ)
ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း (ရုပ်/သံ)
၂၀၁၂ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁း၃၀ နာရီ ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းစကား ပြောခဲ့ပါတယ်။
ဒီဗွီဘီ
ဒေါ်စန္ဒာမင်း က ဇမ္ဗူသီရိမြို့ နယ် လက်ပံခါးလှကျေးရွာ ဒေသခံ များနှင့်တွေ့ ဆုံ
နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့ နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည့် NLD ပါတီဝင် ဒေါ်စန္ဒာမင်း က ဇမ္ဗူသီရိမြို့ နယ် လက်ပံခါးလှကျေးရွာ ဒေသခံ များအား " ကျွန်မလမ်းဖောက်ပေးမယ်၊ တံတားဆောက်ပေးမယ်လို့  မပြောချင်ဘူး ဒီနေရာမှာပြောရင် လည်း အဓိပ္ပာယ်မရှိဘူး အခုဒီနေရာမှာ တကယ်လိုအပ်တာတွေကို ကျွန်မလေ့လာမယ်။ အဲဒီ တံတားဆောက်မယ်၊ လမ်းဖောက်မယ်ဆိုတာ အစိုးရကိစ္စ ကျွန်မတို့ နဲ့ မဆိုင်ဘူး အစိုးရကိစ္စကို အစိုးရလုပ်လိမ့်မယ်။ ကျွန်မတို့ နဲ့ ဆိုင်တာကို ကျွန်မ တို့ လုပ်မယ်။ ကျွန်မတို့ က ဒေသတွင်း ပြည်သူတွေဘာတွေလိုအပ်လဲ၊ ဘာအခက် အခဲရှိသလဲ ဆိုတာကို လုပ်ပေးမယ်။ လွှတ်တော်ထဲရောက်သွားရင် ဒီမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို လွှတ်တော်ကိုတင်ပြပေးမယ်လို့ " ဒေါ်စန္ဒာမင်းမှ လက်ပံခါးလှကျေးရွာ စည်းရုံးရေးတွင်ပြောကြားသွားခဲ့ကြောင်း ပေါ်ပြူလာဂျာနယ် ဖေ့စ်ဘုတ် သတင်းအရသိရသည်။
ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ
ဧပြီ ၁ ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင် မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်တာပါ။ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက လာမယ့် ဘတ်ဂျက်နှစ်မှာ  တိုးပေးရင် အသုံးစရိတ်တက်ပြီး တိုင်းပြည်ဘဏ္ဍာ လိုငွေ ပြသွားနိုင်မယ်လို့ ပြောသွားတာပါ။
လက်တလော အစိုးရဆီမှာ နိုင်ငံတကာ အကြွေးက ဒေါ်လာ ၁၁ ဘီလီယံရှိပြီး အရန်ငွေကတော့ ၇ ဘီလီယံ ရှိတယ်လို့ ၀န်ကြီးက ပြောပါတယ်။  အနိမ့်ဆုံးလစာ ၂ သိန်း ၁ သောင်းကျပ်ရှိရင်  အစိုးရအနေနဲ့ ကျပ်ငွေ ၅၆၀၀.၃၅၄ ဘီလီယံ သုံးစွဲရမယ်လို့လည်း ၀န်ကြီး ဦးလှထွန်းက ပြောပါတယ်။
ဝန်ထမ်းတွေကို လက်ရှိရဲ့ နှစ်ဆ တိုးပေးလိုက်ရင် လိုငွေ ၁၂ ရာခိုင်နှုန်း တက်သွားနိုင်တယ်လို့ ၀န်ကြီးက သမ္မတ ကိုယ်စား ပြောသွားခဲ့တယ်လို့ လွှတ်တော် အစည်းအဝေးတက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
“၀န်ကြီးက အဲ့ဒီဘက်ကို ဇောင်းပေးပြီးကာမှ လစာတိုးပေးမယ်ဆိုရင် ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဈေးကွက်ကတဆင့် ငွေတိုက်စာချုပ်တွေ ရောင်းချရမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ လိုမယ်။ ၁၁ ဘီလီယံလောက် အကြွေးရှိတယ်။ ကိုယ်ပိုင်ငွေက ၇ ဘီလီယံ ကျော်ကျော်လောက်ပဲ ရှိမယ်။ နိုင်ငံတကာ အကူအညီတွေလည်း ထည့်တွက်ပါတယ်။ နောက် ငွေတိုက်စာချုပ်တို့ ရောင်းရင် နိုင်ငံတကာက ၀ယ်နိုင်မယ့် ရင်းနှီးမြှုပ်နှံနိုင်မယ့် မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေတွေကလည်း ထွက်ဖို့လိုတယ် ဆိုပြီး သေချာတော့ တွက်ပြပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီးလည်း တွက်ပြပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သမ္မတကြီး ကိုယ်စား တင်ပြပါတယ်လို့ သုံးနှုန်းပြောဆိုသွားပါတယ်။”
တကယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သူတင်သွင်းခဲ့တဲ့ အဆိုကို မရုပ်သိမ်းပေးရင် ပြည်ထောင်စုလွှတ်တော်အတွင်းမှာ မဲခွဲ ဆုံးဖြတ်ရမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
သူရ  ဦးရွှေမန်း တင်သွင်းတဲ့ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ လစာ မတိုးနိုင်ခဲ့ရင် ပြည်သူလူထုအတွင်းမှာ စစ်တမ်းကောက်သင့်တယ်လို့လည်း ဆိုပါတယ်။
“သမ္မတကြီးအပေါ်မှာ လူထုထောက်ခံမှု နှုန်းက အင်မတန် မြင့်မားပါတယ်။ ပထမဆုံး ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံအခြေပြု မိန့်ခွန်း ပြောတာရယ်၊ အစိုးရအဖွဲ့ပေါ်မှာ ပြောတဲ့ မိန့်ခွန်းတွေ အကုန်လုံးဟာ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေမှာ ပေးထားတဲ့ အခွင့်အရေး ရနိုင်အောင် ကာလတခုမှာ ကြိုးစားပြီး ဆောင်ရွက်မယ်။ နောက် အငြိမ်းစား လစာတွေကိုလည်း ပေးထားပြီးပြီ။ နိုင်ငံသူ နိုင်ငံသား ၀န်ထမ်းတွေရဲ့ သမ္မတကြီးအပေါ်မှာ ထောက်ခံမှု။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး တင်ပြတဲ့ ၂၀၁၂က ဧပြီကစပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေကို ဒီလို တိုးပေးသင့်တယ်။ လက်ရှိခံစားနေရတဲ့ နှုန်းထားတွေဟာ ၁၉၅၀ ကျော်ကလောက် တောင် မရှိဘူးပေါ့နော်။
“ဒီလို ဦးရွှေမန်းက တင်ပြတာကို သမ္မတကြီးက ၂၀၁၂၊ ၂၀၁၃ မှာ မလုပ်ပေးနိုင်ဘူးဆိုရင် သမ္မတကြီးဟာ လူထုစစ်တမ်း ပြန်ကောက်သင့်တယ်။ ဒါ နိုင်ငံရေးအားဖြင့် ပါလာပြီလေ။ ပြည်သူတွေရဲ့ ယုံကြည်မှု၊ ၀န်ထမ်းတွေရဲ့ ယုံကြည်မှုဟာ အစိုးရအဖွဲ့အပေါ်မှာ သက်ရောက်မှု ရှိမယ်။ အစိုးရအဖွဲ့ရဲ့ မောင်းနှင်အားဟာ ဗျူရိုကရက်ကိုး။ ၀န်ထမ်းမပါလို့ မရဘူး။ အုပ်ချုပ်စီမံခန့်ခွဲတဲ့ အဖွဲ့အစည်း မပါလို့ မရဘူး။ ကျနော်တို့ ပြန်သုံးသပ် သင့်တာက ၂၀၁၂၊ ၂၀၁၃မှာ ဦးရွှေမန်း ပြောသလို ၀န်ထမ်းတွေရဲ့ လစာနှုန်းထားကို တိုးသင့်တယ်။ မတိုးခင်လေးမှာ ၀န်ထမ်း အဖွဲ့အစည်းတခုလုံး၊ အစိုးရအဖွဲ့အစည်း တခုလုံးကို ပြန်လည် သုံးသပ်ရလိမ့်မယ်။”
ဝန်ကြီး ဦလှထွန်းက  နယ်ဝေး ၈၅ မြို့နယ်က အစိုးရ၀န်ထမ်း ၃၇၈၁၇ ဦးကို  လာမယ့် ဘဏ္ဍာရေးနှစ်မှာ ရှားပါးစရိတ် တိုးပေးမယ့် အကြောင်းကို ဒီနေ့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။  ဘယ်ဌာနက ၀န်ထမ်းတွေဆိုတာ ရည်ညွှန်းပြီး ပြောဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ရက်က  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ   သူရဦးရွှေမန်းက လာမယ့် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ အစိုးရ၀န်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ချီးမြှင့်ငွေ အပါအ၀င် အချက် ၆ ချက်ကို တင်သွင်းခဲ့တာပါ။ 
ဒီဗွီဘီ
ဒေါ်စု ဖျာပုံ မိန့် ခွန်းကောက်နှုတ်ချက်
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံလူထုအား မြို့တွင်း၌ မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ-ဥက္ကာကိုကို)
ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ လွတ်လွတ်လပ်လပ် စည်ရုံးခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလို လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ ဒီမိုကရေစီ လမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ ကတော့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့ပဲ လုပ်မှာပါ။ ဒီလိုကန့်သတ်ခြင်းဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေခြင်းကို အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မတို့ရဲ့ အဖွဲ့ကနေပြီးတော့ တရားဝင် ရွေးကောက်ပွဲကော်မရှင်ကို စာတင်ပြီးတော့ တိုင်ထားပါတယ်။
(ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့တွင်း၌ လူထုအား ပြောကြားခဲ့သည့် မိန့်ခွန်း မှ ကောက်နှုတ် ချက်။ မဲဆွယ်စည်းရုံးခြင်းနှင့် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ်ဘောလုံးကွင်းအား အသုံးပြုခွင့်ပိတ်ပင်ခဲ့ခြင်းအပေါ် သူမက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။)
7Day News Journal
အမေစု ကို နေပူပူမှာ မိုးလင်းထဲက စောင့်ကြိုနေတဲ့ ဖျာပုံပြည်သူတွေ (ဓါတ်ပုံ)
ဓါတ်ပုံ (Myanmar News Now)
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ပြီ
ဒေါ်အောင်ဆန်းစုကြည် ၃ နာရီ ၁၅ မိနစ်တွင် ဖျာပုံ မြို့ ၌ဟောပြောပွဲများ ကျင်းပပြီးစီးခဲ့ပြီး
ညနေ ၃ နာရီ ၃၀ မိနစ် တွင် ရေပေါ်ရှပ်ပြေးယာဉ်ဖြင့် ရန်ကုန် မြို့ သို့ ပြန်လည် ထွက်ခွာ
လာပြီဖြစ်ကြောင်း သိရသည်။
ဖျာပုံမှရန်ကုန်သို့ပြန်လည်ထွက်ခွာလာသည့်ရှပ်ပြေးယာဉ်
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံ သဲကွင်း၊ လူထုဟောပြောပွဲ (ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်
ဓါတ်ပုံ(မက်စင်ဂျာ)
ဒေါ်စု အား ဖျာပုံပြည်သူလူထု သိန်းနှင့်ချီကြိုဆို (ဓါတ်ပုံ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ဖျာပုံပြည်သူတွေ သဘောင်္ဆိပ်ကနေ မြို့ တွင်းလမ်းတလျှောက် ပြည့်ကျပ်နေအောင် ကြိုဆိုနှုတ်ဆက်နေကြသည်။ ဓါတ်ပုံ-မက်စင်ဂျာ
အဲကမ္ဘောဇ ဝမ်းဗိုက်နှင့် ဆင်းသက်ခဲ့ ရပုံ
အဲကမ္ဘောဇ လေယာဉ်ပြေးလမ်း အဆင်းတွင် ကွင်းလယ်ကနေ ဟိုက်ဒရောလစ် ဘီးစနစ်ပေါက်ပီး ဝမ်းဗိုက်နှင့် ဆင်းသက်ခဲ့ ရပုံ photo by Caution Point
သံတွဲ မြို့ မဇင်လေယာဉ်ကွင်းသို့ ၁၇.၂.၂၀၁၂ နေ့ နံ နက် ၁ဝနာရီခွဲခန့် အချိန် Air KBZ လေယာဉ် အဆင်းတွင်ဟိုက်ဒရောလစ် ဘီးစနစ်များချို့ယွင်း၍ကွင်းလယ်လောက်ကပင် ဝမ်းဗိုက်နှင့်ဆင်းသက်ခဲ့ ရသည်
နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂၇ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
ဒေါ်အောင်ဆန်းစုကြည် ကို စောင့်မျှော်နေကြသည့် ဖျာပုံ ပြည်သူများ (ဓါတ်ပုံ)
ဖျာပုံမြို့ ၅ ရပ်ကွက်၊ ဒုတိယလမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ကို စောင့်မျှော်နေကြသည့် ပြည်သူများ။
အဲကမ္ဘောဇ လေယာဉ် ပြေးလမ်းချော်ပြီး တောင်ပံကျိုး
Breaking News: Air Kanbawza flight derailed in Than Dwe airport
: February 17, 11:29 am
ကြားဖြတ်သတင်း၊ အဲကမ္ဘောဇ လေယာဉ် ပြေးလမ်းချော်ပြီး တောင်ပံကျိုး (YPI news)
ဖေဖေါ်ဝါရီ ၁၇၊ နံနက်၁၁နာရီ ခွဲ
ယနေ့နံနက်ပိုင်းက သံတွဲ (မဇင်)လေဆိပ်တွင် အဲကမ္ဘောဇ လေကြောင်းလိုင်းပိုင် လေယာဉ်ပြေးလမ်းချော်ကာ လေယာဉ်တောင်ပံ တဖက်ကျိုးသွားသည်ဟု သံတွဲမြို့မှ သတင်းပေးပို့သည်။ ထပ်မံသိရှိရသမျှ ဖေါ်ပြပေးသွားပါမည်။(YPI news)
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး မူးယစ်ရမ်းကားမှုကြောင့် ယာဉ်ကျောပိတ်ဆို့ မှုဖြစ်ပွါးခဲ့
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး အရက်သေစာမူးယစ်သောက်စားမှု
ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင်
၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွားခဲ့ . ... ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်
မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့
သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ်
ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့်
ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့်
လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း
တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရသည်။
လှမိုးအောင် (ဖေ့စ်ဘုတ်)
သရုပ်ဆောင်မင်းအုပ်စိုး မူးယစ်ရမ်းကားနေပုံ
မင်အုပ်စိုးကြောင့်မြေခခဲရတဲတာမွေရဲစခန်းက ရဲကားမှန်.....
ဒေါ်စု ကို ကြိုဆိုဖို့  ဖျာပုံမြို့ ခံတွေစောင့်ဆိုင်းနေပုံ (ဓါတ်ပုံ)
ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက်ခင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ ဖျာပုံမြို့ ခံတွေ လှုပ်ရှားသွားလာ စောင့်ဆိုင်းနေကြပုံ။ ဓါတ်ပုံ- မက်စင်ဂျာ
ရွှေည၀ါဆရာတော် ဆွမ်းခံထွက်ခြင်းအား တိုင်းသာသနာရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှဆွေးနွေးတားမြစ်
ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်မှ အပြီးအပိုင်ထွက်ခွါခြင်းမပြုမီ အနီးအနား ရပ်ကွက်များရှိ တကာတကာမများ နှုတ်ဆက် ဆွမ်းခံထွက်ရာတွင် နိုင်ငံရေး အင်အားစုများ လိုက်ပါထောက်ခံကြ သဖြင့် တိုင်းသာသနာရေးဥိးစီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးမှုး ရုံးမှ ဆရာတော်အား ဆွေးနွေး တားမြစ်ခဲ့သည်ဟု ရွှေည၀ါဆရာတော် ဦးပညာဝံသ က မိန့်ကြား သည်။
တိုင်းသာသနာရေးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ယင်းကဲ့သို့ တားမြစ်ခြင်းအပေါ် ဆရာတော်က
“ဘယ်ပါတီမှမဟုတ်ဘူး ခင်ဗျားတို့ပါလိုက်လို့ရတယ် လိုက်မလား။ ၈၈မှမဟုတ်ဘူး ၉၉ ပါလိုက်လိုက် ။ ကြံခိုင်ရေးပါ လိုက်လိုက် ကျုပ်က ဘုန်းကြီးဆိုတော့ တားလို့မရဘူး” ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း YPI သို့ မိန့်ကြားသည်။
ရွှေည၀ါဆရာတော်သည် သာဓုပရိယတ္တိကျောင်းတိုက်မှ ထွက်ခွါရမည့်  အထိမ်းအမှတ်အဖြစ် တကာ တကာမများထံ ယမန်နေ့ ကစ၍ ဆွမ်းခံရင်း နှုတ်ဆက်လျှက်ရှိရာ ရပ်ကွက်အသီးသီးသို့ ၁၉ ရက်နေ့ထိ လှည့်လည်သွားမည်ဖြစ်သည်။
ဒုတိယနေ့ ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ ဆွမ်းခံကြွချီရာတွင် သံဃာ အပါး ၇ ရာကျော်၊  သီလရှင် ကိုးဆယ်ကျော် နှင့် တကာတကာမ များ အားလုံးပေါင်း တစ်ထောင်ကျော် ပါဝင်လှည့်လည် ဆွမ်းခံခဲ့သည်။
ယနေ့ ဆွမ်းခံလှည့်လည်ရာတွင်  ကိုယ်တိုင်လိုက်ပါခဲ့သူ ဦးကိုကိုကြီး(စမ်းချောင်း) က “ပြောရမယ်ဆိုရင် အပြစ်မရှိအပြစ်ရှာတယ်လို့ ဒီလိုထင်တယ် ၊  နိုင်ငံရေးသမားတွေ အသုံးချတယ်ဆိုတာ၊ ဒါသက်သက်လုပ်တာ ၈၈ ကျောင်းသားဆိုတာ ဘယ်ပါတီနိုင်ငံရေးနဲ့မှ ပါတ်သက်တာမဟုတ်ဘူး အမျိုးသားနိုင်ငံရေးကိုကို လုပ်နေတာ လွပ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာ ဆည်းကပ်ခွင့် ဆိုတာရှိတယ် ”ဟု YPI သို့ပြောသည်။
အတူလိုက်ပါခဲ့သူအခြား ကျောင်းသားခေါင်းဆောင်တစ်ဦးက လည်း “ကျွန်တော်တို့ကျောင်းသားတွေဟာ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စောင့်ရှောက်ရမှာအပြည့်ရှိတယ် ။ကမ္ဘာ့အလယ်မှာ နိုင်ငံရေး လူမျိုးရေးအရဆိုရင် ကျောင်းသားတွေက ပါရမှာဘဲ။ ဒီလိုကိစ္စမျိုးတွေဟာ မဟနကိုပါထိခိုက်စေတယ်”ဟုဆိုသည်။
ဦးပညာဝံသ ကို  နှိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ  တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်စက်တင်ဘာလက  မန္တလေးတိုင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရုံးတွင် တရားချီးမြှင့်ခဲ့သည့် အချက်ကြောင့် ၄၇ ပါးစုံညီ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ က သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရန်နှင့် ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ခြင်း အစရှိသည့် အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ကို ဒီဇင်ဘာလတွင် ပေးအပ်ခဲ့သည်။ ၎င်းနောက် ဆရာတော် ကိုယ်တိုင် နှင့် ရပ်ကွက်နေဒါယိကာ ဒါယိကာမများကပါ လက်မှတ်ရေးထိုး အသနားခံစာတင်သော်လည်း ဆုံးဖြတ်ချက်ကို မပြင်ဆင်ပဲ ယခုလ ၁၉ ရက်နေ့ညနေ နောက်ဆုံးထား ထွက်ခွာပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ဆရာတော်သည် ယခုလာမည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ကျောင်းတိုက်မှ ထွက်ခွာပြီးနောက် မှော်ဘီမြို့ ခြံတခြံတွင် သီတင်သုံးမည်ဟု ဆရာတော်၏ မိန့်ကြားထားသည်။       ။
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၂ (YPI)
ဒေါ်စု ကို ကြိုဆိုဖို့  ဖျာပုံသားတွေ ပြင်ဆင်ထားပုံ (ဓါတ်ပုံ)
(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် ဖျာပုံမြို့သူမြို့သားများ၏ ညပိုင်းအချိန်အထိ ပြင်ဆင်ကြိုးပမ်းမှုများ။
ဓါတ်ပုံ-Bryan Adams
ဒေါ်စု ဖျာပုံပါတီစည်းရုံးခရီးစဉ် စတင်ထွက်ခွါ(ဓါတ်ပုံ)
ရေခရီးက လှေစီးပြီး ဒေါင်းအလံ တလူလူ လွှင့်လို့ .......... ဧရာဝတီရေ ..
အမေစု လာနေပြီ ။
၆ နာရီ ၄၀ ခန့်က ရှပ်ပြေးရေယာဉ် ဆိပ်သို့ အန်တီစုရောက်ရှိလာစဉ် ။
နှင်းတွေစိုနေတဲ့ ဆိပ်ခံဘောတံတားမှာ
ဓါတ်ပုံ (Ahbayah)
အန်တီစု လိုက်ပါသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှပ်ပြေးရေယာဉ် ကမ်းမှခွါစဉ် ။
၆း၅၀ ။
ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ(အသံဖိုင်)နှင့် ဇေကမ္ဘာကုမ္ပဏီကို တရားစွဲမည့် ဦးနေမျိုးဝေ နှင်မေးမြန်းခြင်း(အသံဖိုင်)
အမျိုးသားလွတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေ၏ မင်္ဂလာဒုံ စက်မှုဇုန်အပိုင်း ၄ မြေယာသိမ်းပြသာနာ သတင်းစာ ရှင်းလင်းပွဲကို ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲဟု ခေါင်းစဉ် တပ်ဖိတ်ကြားခဲ့ပြီး Orchid ဟိုတယ်တွင်ကျင်းပခဲ့ပုံ။
ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ(အသံဖိုင်)
14.2.2012 မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏
`မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးနှ
င့် ပတ်သက်သော ထောက်ထားဆင်ခြင်စရာများ
မေးမြန်းဆွေးနွေးခြင်း´ သတင်းစာရှင်းလင်းပွဲနှင့် အပြိုင် ဦးခင်ရွှေ၏
ဇေကမ္ဘာကုမ္ပဏီမှ `ရန်ကုန်စက်မှုဇုန် အပိုင်း(၄) နှင့်ပတ်သက်၍
သတင်းအမှန်များ ရှင်းလင်း တင်ပြပွဲ ပြုလုပ်သွားသည်။
ဇေကမ္ဘာကုမ္ပဏီကို လယ်သမားတွေဘက်ကနေ တရားစွဲမဲ့ ဦးနေမျိုးဝေ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ နှင့် မေးမြန်းခြင်း (အသံဖိုင်)
Myanmar News Now
အင်္ဂပူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရံပုံငွေဈေးရောင်းပွဲ နှင့် ဆိုင်းဘုတ်ဖွင့်ပွဲ
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့ မှာ ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရံပုံငွေဈေးရောင်းပွဲ ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ နံနက်(၇)နာရီကနေ(၁၁)နာရီအထိ ကံကော်လမ်း ဦးကိုကိုမြင့် နေအိမ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကို ဦးကိုကိုမြင့် (တိုင်းစည်းရုံးရေးအဖွဲ့ဝင် ၊ တိုင်းအောင်နိုင်ရေးဟောပြောရေးတာဝန်ခံ ၊ ဧရာဝတီတိုင်း ) ဦးလှိုင်မြင့်ထွန်း (တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ ခရိုင်အောင်နိုင်ရေးတာဝန်ခံ ၊ ဟင်္သာတခရိုင် ၊ ဧရာဝတီတိုင်း) အင်္ဂပူဒေသ ၊ ထူးကြီးဒေသ ၊ မဲဇလီကုန်းဒေသ ၊ ကွင်းကောက်ဒေသ ၊ ညောင်ကျိုးဒေသမှ ပါတီတာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ပြည်သူ 500ခန့်တက်ရောက်ခဲ့ပါတယ်။ အင်္ဂပူမြို့မှ သံဃာတော်များ ကြွရောက်ခဲ့ကြပြီး မေတ္တာပို့ ၊ ပရိတ်တရားများချီးမြှင့်ခဲ့ပါတယ်။  အခမ်းအနားမှာအဆို အက ဟောပြောပွဲများပါဝင်ခဲ့ပါတယ်...အိုးစည်ဝိုင်းများ ဦးရွှေရိုးအက များပါဝင်ခဲ့ပြီး အောင်အောင်မြင်မြင်ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း-ဓါတ်ပုံ Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်