အစိုးရနှင့်ကေအိုင်အို ဆွေးနွေးပွဲအပစ်အခတ်ရပ်ရေး သဘောတူညီချက်မရရှိသေး

ဓါတ်ပုံ(kachinnet)
ရန်ကုန်- ဇန်န၀ါရီ ၁၉
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် KIO တို့ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့တွေ့ဆုံဆွေးနွေးမှု့ကို ရွှေလီမြို့တွင် ပြုလုပ်အပြီးတွင် အပစ်အခတ်ရပ်စဲရေးအတွက် တူညီမှု့မရရှိသေးဘဲ စစ်ရေးအရှိန်များကိုထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု့တည်ဆောက်ရန်ပြသနာဖြစ်ပွားနိုင်သောဒေသများရှိနှစ်ဘက်တပ်များကိစ္စအား  ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီမှု့ ရရှိခဲ့သည်။
အစိုးရနှင့် KIO အကြား နိုင်ငံရေးနည်းလမ်းဖြင့်သာဆက်လက်ဆွေးနွေးသွားရန် ၊ဆွေးနွေးသည့်အကြောင်း အရာများကိုပြည်သူများသိရှိစေရန် မှန်ကန်သောသတင်းများ ထုတ်ပြန်ပေးသွားရန် ၊စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့်ယုံကြည်မှု့တည်ဆောက်နိုင်ရန်အတွက် ပြသနာဖြစ်ပွားနိုင်သောဒေသများရှိ နှစ်ဖက်တပ်များကိစ္စအားညှိနှိုင်းဆောင်ရွက်သွားကြရန်တို့ကိုသာ သဘောတူညီမှု့ရရှိခဲ့ကြသည်။
ထိုအစည်းအဝေးကို ဇန်န၀ါရီ ၁၈၊၁၉တွင် ရွှေလီမြို့တွင် ကျင်းပခဲ့သည်။
7Day News Journal

အင်န်အယ်ဒီက နေပြည်တော်တွင် အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်း

လာမည့် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် သီရိလေးမြို့နယ်၌ လစ်လပ်နေသည့် ပြည်သူ့ လွှတ်တော်အမတ်လောင်း နေရာများတွင် ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယင်း လေးမြို့နယ်၌ ကြားဖြတ် အောင်နိုင်ရေးအဖွဲ့များကို ယခုလ ၁၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနဲ့ ဒက္ခိ ဏသီရိမြို့တွေမှာ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ငံရေးအဖွဲ့တွေကို အဖွဲ့ဝင် ၂၀ ၀န်းကျင်နဲ့ ဖွဲ့စည်းလိုက်ပါပြီ"ဟု ရမည်းသင်းခရိုင် အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုး တေဇာမောင်က ပြောသည်။
အဆိုပါ သီရိလေးမြို့နယ်ရွေး ကောက်ပွဲအောင်နိုင်ရေးကို အဖွဲ့ဝင် ၂၂ ဦးပါ ရမည်းသင်းခရိုင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်တိုင်းတွင် အနိုင်ရရှိခဲ့သော နေပြည်တော် ကောင်စီနယ်မြေတွင် ၎င်းပါတီကြီးနှစ်ခုသာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ဝင်းကိုကိုလတ် ( မြန်မာ့တိုင်းမ်)

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီ
နိုင်ငံရေးအင်အားစုများနှင့် ဖေဖော်ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့်
နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။
ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
drnaingaung
FDB တပ်ပေါင်းစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် (ဓါတ်ပုံ FDB)

FDB တပ်ပေါင်းစု အဖွဲ့ဝင် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးအင်အားစု-NDD ဒါရိုက်တာလည်း ဖြစ်သူ
ဒေါက်တာနိုင်အောင်က သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များကို အကြောင်းကြားထားပြီး ဇန်နဝါရီ တတိယပါတ် အတွင်း ဆွေးနွေးပြီးမှ တရားဝင်ပြန်ကြားမည်ဟု ဆိုသည်။

FDB တပ်ပေါင်းစုကို ၂ဝဝ၄ ခု နှစ်ဆန်းပိုင်းတွင် “ကောင်းမွန်သော အစိုးရ အုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုရရှိရေး တို့ကို အုတ်မြစ်ချနိုင်မည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတခု ပေါ်ထွန်း လာရေး” အတွက် ၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုအား စစ်တပ်က နှိမ်နင်းပြီးနောက် နယ်စပ်သို့ ထွက်လာသူများ ပါဝင်သည့် အဖွဲ့ ၇ ဖွဲ့ဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။

ဒေါက်တာကျော်ရင်လှိုင်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကိုလည်း တနေ့ထဲတွင် ဖုံးဆက်ကြောင်းကြားခြင်းဖြစ်ပြီး ပါတီအစည်းအဝေး ခေါ်ရန် စီစဉ်နေသည်ဟု သိရ သည်။

ဦးအောင်မိုးဇော်က “ဝန်ကြီးဦးအောင်မင်းလာတဲ့အချိန်မှာ တွေ့ဖို့ပေါ့ဗျာ။ ရက်အတိအကျတော့ နောက်မှ အကြောင်းကြားမယ်ပြောတယ်။ တွေ့တာတော့ ကောင်းပါတယ်။ အသေးစိတ်တော့ ကျနော်တို့ ဒီရက်ပိုင်း အတွင်း ဗဟိုကော်မတီ အစည်းအဝေး ထိုင်ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အကျိုးဆောင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ထိုင်းအခြေစိုက် ဦးညိုအုန်းမြင့်မှ တဆင့် ဖိတ်ကြားခဲ့သေးသည်။

“အကျိုးဆောင် ဦးလှမောင်ရွှေမှတဆင့် သူတို့နှစ်ဖွဲ့ကို ဝန်ကြီးက တရားဝင် တွေ့ချင်ပါတယ်။ နောက်လဆန်း မှာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ တွေ့ဖို့ အစီအစဉ်လုပ်ပေးပါဆိုပြီးတော့ ပြောတဲ့အတွက် ကျနော်က pass လုပ်ပေးတော့ ဦးအောင်မိုးဇော်တို့ဘာတို့ကလည်း လက်ခံပါတယ်” ဟု ဦးညိုအုန်းမြင့်က မဇ္ဈိမကိုပြောသည်။
Uaungmoezaw
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော် (ဓါတ်ပုံ FDB)

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကာလအတွင်း ပြည်တွင်း၌ ပေါက်ဖွားလာသည့် DPNS သည် ၁၉၉ဝ ခု ရွေးကောက်ပွဲ ကာလတွင် ပါတီဝင် တသိန်းခန့်ရှိပြီး ၁၉၉၁ ခု ဇန်နာဝါရီလတွင် ပါတီခေါင်းဆောင်တချို့ နယ်စပ်သို့ ထွက်ခွာ လာခဲ့ပြီးနောက် ဖျက်သိမ်းခံခဲ့ရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များက ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာကြရန် ဖိတ်ခေါ်
နေသော်လည်း နိုင်ငံရေးရည်မှန်းချက်ဖြင့် ရောက်နေသူများအတွက် တိကျသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

“အခုဟာက ခေါ်တယ်သာပြောတာလေ။ လက်တွေ့ကျကျ ဘယ်လိုအချက်အလက်တွေ၊ တိတိကျကျ သဘောထား
ရော၊ နှစ်ခုလုံး ဆောင်ရွက်တာ ကောင်းတယ်လို့ထင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပါပဲဗျာ လမ်းကြုံလို့ ပြောတာမျိုး မဖြစ်သင့်ဘူးလေ” ဟု ဦးအောင်မိုးဇော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလ ၁၂ ရက်နေ့ကလည်း ဦးလှမောင်ရွှေ ဆက်သွယ်ပေး၍ ဦးအောင်မင်းနှင့် မဲဆောက်မြို့တွင်
တွေ့ဆုံခဲ့ဖူးကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

ထိုစဉ်က ၎င်းအနေနှင့် ဦးအောင်မင်းအား အချက် လေးချက် ဆွေးနွေးခဲ့ရာ “မြန်မာပြည် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အားလုံးသဘောတူ
ဖော်ထုတ်သင့်ကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်ကြသည့် ကရင် KNU၊ ရှမ်း SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား စသည့် လက်နက်ကိုင် ၅ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူပြီးနောက် ဒီမိုကရေစီ အင်အားစုများကို ပထမဆုံးအကြိမ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံရန် စီစဉ်နေမှုတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ မွန်ပြည်သစ် ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PPLO၊ ဝ’ အမျိုးသားအဖွဲ့ တို့နှင့်လည်း အပစ်ရပ်ရေးကိစ္စများ
လည်း သီးသန့်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

ကိုဝိုင်း- ချင်းမိုင် (မဇ္ဈိမ) 

တရုတ်နိုင်ငံတွင် ​ကေအိုင်အိုနှင့်​ အစိုး​ရ ​တွေ့​ဆုံပွဲ ပြီး​ဆုံး

စစ်​ရေး​ အရှိန် ထိန်း​သိမ်း​သွား​နိုင်ဖို့​နဲ့​ ယုံကြည်မှုတည်​ဆောက်ဖို့​အတွက် ပြဿနာ ဖြစ်ပွား​နိုင်​ခြေရှိတဲ့​ ​ဒေသ​တွေမှာ နှစ်ဘက်တပ်​တွေရဲ့​ ကိစ္စကို ညှိနှိုင်း​ဆောင်ရွက်ကြမယ်လို့​ ​ကေအိုင်အိုနဲ့​ အစိုး​ရ ပူး​တွဲထုတ်ပြန်လိုက်ပါတယ်။
ကချင်လွတ်လပ်​ ရေး​အဖွဲ့​ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​တို့​ဟာ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ၂ ရက်ကြာ ပမာဏ​တွေ့​ဆုံပွဲကို ဒီက​နေ့​ အဆုံး​သတ်လိုက်ပြီး​ နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ဆက်လက်ညှိနှိုင်း​ ​ဆွေး​နွေး​ကြမယ်လို့​ ထုတ်ပြန်လိုက်ပါတယ်။
ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကို အများ​ပြည်သူ သိ​စေဖို့​ မှန်ကန်တဲ့​ သတင်း​တွေ ထုတ်ပြန်ဖို့​လည်း​ သ​ဘောတူခဲ့​ကြပါတယ်။
ဒီက​နေ့​ မနက် နှစ်ဘက် ကိုယ်စား​လှယ်​တွေ ​ဆွေး​နွေး​ချိန်မှာ ​ကေအိုင်​အေတပ် တပ်ရင်း​ ၈ ကို မြန်မာ့​တပ်မ​တော်က ဝင်​ရောက် ပစ်ခတ်တယ်ဆိုတဲ့​ ​ရှေ့​တန်း​ စစ်သတင်း​ရပ်ကွက်က ​ပြောပါတယ်။
နှစ်ဘက် ကိုယ်စား​လှယ်​တွေဟာ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ မ​နေ့​ကနဲ့​ ဒီက​နေ့​ နှစ်ရက်ဆက်တိုက်​တွေ့​ဆုံခဲ့​ကြတာပါ။
ဒီ​ဆွေး​နွေး​ ပွဲနဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုဘက်က ကနဦး​ သ​ဘောထား​ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေ ပင်လုံမှာ သ​ဘောတူခဲ့​တဲ့​ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ့်​ကြမ္မာ ကိုယ်ပြဋ္ဌာန်း​ခွင့်​ရဖို့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လိုလား​တယ်ဆိုတာကို ​ဖော်ပြခဲ့​ပါတယ်။
စစ်အစိုး​ရ​ ခေတ်က နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ စီမံချက်ကို ​ကေအိုင်အိုက ငြင်း​ဆန်အပြီး​မှာ မနှစ် နှစ်လယ်ကစလို့​နှစ်ဘက် ပြန်တိုက်​နေကြပြီး​ ဒုက္ခသည် ၆၀,၀၀၀ ​လောက် အိုး​အိမ်ပစ်ပြီး​ ထွက်​ပြေး​နေကြပါတယ်။
ကေအိုင်အိုဟာ အရင် စစ်အစိုး​ရလက်ထက်က အပစ်ရပ်ခဲ့​ပေမယ့်​ မနှစ်ဇူလိုင်ကစလို့​ နယ်ခြား​စောင့်​တပ် မ​ပြောင်း​ဖို့​ ငြင်း​ဆန်ရာက တိုက်ပွဲ​တွေ အကြီး​အကျယ်ဖြစ်ပြီး​ ဒုက္ခသည်​တွေ တိုး​လာခဲ့​ပါတယ်။
ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​လ ၁၈ ရက်​နေ့​ က အစိုး​ရရဲ့​ အ​ကြောင်း​ပြန်စာမှာ ​ကေအိုင်အို လိုလား​တောင်း​ဆိုတဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​မှု လုပ်မယ်လို့​ ပါရှိအပြီး​ အခု ​ဆွေး​နွေး​ပွဲ ဖြစ်​ပေါ်ခဲ့​တာပါ။
ပြည် ​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​မှာ ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်ကြည်၊​ ဦး​အုန်း​မြင့်​၊​ ဗိုလ်မှူး​ကြီး​သန်း​အောင်၊​ ဦး​ခင်ထိန်နန်၊​ ဗိုလ်မှူး​ကြီး​မြင့်​ဆွေ (မပခ တိုင်း​)၊​ ဗိုလ်ချုပ် ​ဇော်ဝင်း​၊​ ဦး​ထွန်း​သိန်း​နဲ့​ ဦး​ထွန်း​ထွန်း​ စသူတို့​ ပါဝင်တယ်လို့​ အစည်း​အ​ဝေး​ရောက်​နေသူ တဦး​က ​ပြောပါတယ်။
ကေအိုင်အိုဘက်က ဦး​လဖိုင်လ၊​ ဦး​ဇော်လွမ်း​ဂမ်၊​ ဦး​လဇိန်ဂျီး​နောင်၊​ ဦး​လဖိုင်​ကျော်၊​ ဗိုလ်မှူး​ကြီး​ ​ဇော်​တောင်နဲ့​ ဦး​မရာ ​နော်ထွဲတို့​ ပါဝင်ပါတယ်။ 

အေးနိုင် (ဒီဗွီဘီ)

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ကြေညာချက်နှစ်ခု ထုတ်ပြန်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီ​နေ့​ရက်စွဲနဲ့​ ​ကြေညာချက်နှစ်ခု ထုတ်ပြန်ခဲ့​ပါတယ်။
တခုက အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ အတွင်း​ရေး​မှူး​အဖွဲ့​ တာဝန်​ပေး​လိုက်တာဖြစ်ပြီး​၊​ ​နောက်တခုက ပါတီဝင်​လျှောက်လွှာ​တွေနဲ့​ ပတ်သက်တဲ့​ ​ကြေညာချက်​တွေ ဖြစ်ပါတယ်။
ဗဟိုအလုပ်အမှု​ ဆောင်အဖွဲ့​မှာ ဦး​ဉာဏ်ဝင်း​၊​ ဦး​အုန်း​ကြိုင်နဲ့​ ဦး​ဟံသာမြင့်​တို့​ ၃ ဦး​ကို အတွင်း​ရေး​မှူး​ အဖွဲ့​ဝင်​တွေအဖြစ် တာဝန်​ပေး​လိုက်တဲ့​အ​ပေါ် အဖွဲ့​ဝင်တဦး​ဖြစ်တဲ့​ ဦး​ဉာဏ်ဝင်း​က ခုလို ​ပြောပါတယ်။
“ကျ​နော်တို့​ နဂိုကတည်း​က ဖွဲ့​စည်း​ပုံမှာ အတွင်း​ရေး​မှူး​ အဖွဲ့​ ပါ ပါတယ်။ အရင်တခါ စီအီး​စီ ဖွဲ့​တဲ့​အခါမှာ ကျ​နော်တို့​ အတွင်း​ရေး​မှူး​ မပါသွား​သေး​ဘူး​။ အဲဒါ ဖွဲ့​စည်း​ပုံနဲ့​အညီ အခု ထပ်ပြီး​တော့​ အတွင်း​ရေး​မှူး​ ၃ ​ယောက် ဒီ​နေ့​ ဆုံး​ဖြတ်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ အား​လုံး​ ​ထောက်ပံ့​ပေး​ဖို့​ပေါ့​ဗျာ အဓိက က​တော့​။”
ပါတီဝင်​လျှောက်လွှာ​တွေရဲ့​ ​ကြေညာချက်နဲ့​ ပတ်သက်ပြီး​လည်း​ ဦး​ဉာဏ်ဝင်း​က ခုလို ​ပြောပါတယ်။
“​လျှောက်လွှာ​ တွေ ကိစ္စကို မြို့​နယ်​တွေမှာ သူတို့​ စိစစ်တယ် ဘာညာ ဒီလိုလုပ်ရင် ကျ​နော်တို့​က ဒီမိုက​ရေစီ ပါတီဆိုတာ စိစစ်ဖို့​ မလိုဘူး​။ ဝင်ချင်တဲ့​လူ ဝင်ခွင့်​ပေး​မယ်။ ဝင်ဖို့​ မသင့်​တဲ့​ လူကို​တော့​ ကျ​နော်တို့​ တမျိုး​စဉ်း​စား​မယ် ဒါပဲ။ အများ​ကို​တော့​ ဝင်ခွင့်​ပေး​မယ်။ အဲဒီ​တော့​ ​အောက်​ခြေမှာ အယူအဆ​တွေ လွဲမှာစိုး​လို့​ အား​လုံး​ကို လက်ခံပြီး​တော့​ ကျ​နော်တို့​ဆီ တင်​ပေး​ဖို့​ ကျ​နော်တို့​ အဲဒီလို ထုတ်လိုက်တာပါ။”
အဲ့​ဒီ​ ကြေညာချက်မှာပဲ အဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​တွေ နယ်​မြေကွင်း​ဆင်း​ကြတဲ့​အခါ ဗဟို​အောင်နိုင်​ရေး​ အဖွဲ့​ရဲ့​ ခွင့်​ပြုချက်နဲ့​ အခြား​ပါတီ၊​ အဖွဲ့​အစည်း​တွေနဲ့​ ပါဝင် ​ဆောင်ရွက်ကြဖို့​ ဆိုတဲ့​အချက်လည်း​ ပါဝင်ပါတယ်။
ဒီအချက်ဟာ ဆက်သွယ်တာကို တား​မြစ်တာမဟုတ်ဘဲ ​အောင်နိုင်​ရေး​အဖွဲ့​ရဲ့​ သ​ဘောတူညီချက်နဲ့​လုပ်ဖို့​ ​ပြောတာလို့​ ဦး​ဉာဏ်ဝင်း​က ရှင်း​ပြပါတယ်။
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ၄၈ ဦး​စလုံး​ရဲ့​ နာမည်စာရင်း​ကို ထုတ်ပြန်ခဲ့​ပြီး​ ဖြစ်ပါတယ်။ 

ရွှေအောင် (ဒီဗွီဘီ)

မိုဘိုင်းဖုန်း အားလုံး ကြိုတင် ငွေပေးချေကတ် စနစ်ကို ပြောင်းလဲတော့မည်

မြန်မာ့ဆက်သွယ်ရေး ငွေစာရင်းဌာနသို့ လူကိုယ်တိုင် သွားရောက်၍ ဖုန်းဘီလ်ပေးဆောင်နေရသည့် မိုဘိုင်းဖုန်း အားလုံးတို့သည် ကြိုတင် ငွေပေးချေကတ် စနစ်ကို ပြောင်းလဲ အသုံးပြုရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရသိရှိရသည်။
“Postpaid စနစ်နဲ့ အသုံးပြုလိုလား၊ Prepaid စနစ်နဲ့ အသုံးပြု လိုလားဆိုတာ မိုဘိုင်းဖုန်း အသုံးပြုသူတွေကို အခု စစ်တမ်းကောက် နေတယ်။ ကွန်ရက်တည်ဆောက်ဖို့အတွက် Prepaid စနစ်အသုံး ပြုလိုသူ အရေအတွက်ကို သိမှဖြစ်မှာဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
အဆိုပါ ကြိုတင် ငွေပေးချေကတ် စနစ်ကို အသုံးမပြုလိုပါက အွန်လိုင်းတယ်လီဖုန်း ဘီလ်ပေးဆောင်သည့် စနစ်ကိုသာ ဆက်လက် အသုံးပြုရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
လက်ရှိအချိန်တွင် ငွေစာရင်းဌာနသို့ သွားရောက် ဘီလ်ဆောင် နေရသည့် မိုဘိုင်းဖုန်းအားလုံးထံမှ ဘီလ်စနစ်အတွက် အသုံးပြုလိုသည့် စစ်တမ်းကို SMS စနစ်ဖြင့် ကောက်ယူလျက် ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်တို့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း၍ အွန်လိုင်းတယ်လီဖုန်း ဘီလ်စနစ်ကို ရတနာပုံဝက်ဘ်ပေါ်တယ်မှ တစ်ဆင့် ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုကို ကြိုတင် ငွေပေးချေကတ် စနစ်အသုံးမပြုလိုသည့် မိုဘိုင်းဖုန်းပိုင်ရှင်များ ဆက်လက်အသုံးပြုရမည် ဖြစ်ပြီး အွန်လိုင်းတယ်လီဖုန်း ဘီလ်စနစ်အတွက် အွန်လိုင်းဘဏ် အကောင့်များလည်း ဖွင့်လှစ်ရမည် ဖြစ်သည်။
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများသည် မိုဘိုင်းဖုန်း အားလုံးကို ကြိုတင် ငွေပေးချေကတ် စနစ်သို့ ပြောင်းလဲရန်နှင့် အော်တိုကြိုးဖုန်းများကို ကြိုတင်ငွေပေးချေကတ် စနစ်ပြောင်းလဲသွားမည်ဟု ၂၀၁၁ ခုနှစ်မှ စတင် ပြောဆိုခဲ့သော်လည်း တိကျစွာ ပြောင်းလဲ အသုံးပြုရမည့် နေ့ရက်ကိုမူ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။

ယခုနှစ် မကုန်ခင်၌ အော်တိုကြိုးဖုန်းများကို ကြိုတင်ငွေပေးချေသည့် ကတ်စနစ်သို့ ပြောင်းလဲသွားရန် အစီအစဉ်ရှိကြောင်း ပထမဆင့် ပြောင်းလဲမှုတွင် ဂဏန်းခုနှစ်လုံး ပါဝင်သည့် အော်တိုကြိုးဖုန်းများကို စမ်းသပ်အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး အခြားသော အော်တိုကြိုးဖုန်းများအတွက် ကြိုတင်ငွေပေးချေကတ် စနစ်အသုံးပြုနိုင်ခြင်းမှာ အချိန်ဆက်လက် ကြာမြင့်နိုင်ကြောင်း အော်တိုကြိုးဖုန်း မှသိရှိရသည်။

ဥာဏ်ဥာဏ်(ရွှေမြစ်မခ)

နိုင်ငံ့ကိစ္စများကို အမျိုးသမီး နှင့် လူငယ်များ ဦးဆောင်ပြီး လုပ်ဆောင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့

၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၉ရက်နေ့ နံနက် ၉နာရီဝန်းကျင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ကျင်းပသော Shoe Gallery အလှူငွေ သိန်း၁၀၀ လှူဒါန်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့ကိစ္စများကို အမျိုးသမီးများ လူငယ်များ ဦးဆောင် လုပ်စေချင်ကြောင်း ပြောကြားခဲ့သည်။
ဒီလိုလုပ်ငန်းတွေကို ကျွန်မအားပေးချင်ပါတယ်။ အထူးသဖြင့် ကျွန်မ အင်မတန်မှ သဘောကျသွားတာက ဦးဆောင်ပြီးလုပ်တဲ့ဟာက လူငယ်လဲဖြစ်တယ် အမျိုးသမီးလဲဖြစ်တယ် ဒီလိုအမျိုးသမီးတွေ လူငယ်တွေကနေပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ကိစ္စတွေကို ဦးဆောင်ပြီးလုပ်သွားတာ မြင်ချင်တယ် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 Shoe  Galleryမှ  အလှူငွေ သိန်း ၁၀၀ ကျပ် လှူဒါန်းပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ နှစ်သစ်တွင် အလှူဒါနပြုလုပ်လိုခြင်းနှင့် လိုအပ်သော နေရာများကို ထောက်ပံ့လိုခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
လှူရတဲ့ရည်ရွယ်ချက်က လူတိုင်းလူတိုင်း လိုအပ်တဲ့နေရာတွေကို  လှူစေချင်တဲ့ဆန္ဒနဲ့ပဲလုပ်တာပါ။ နှစ်သစ်ကို အလှူလေးနဲ့ကြိုဆိုမဲ့ အစီအစဉ်လေးလဲရှိတယ် ဒါပေမဲ့လဲ နှစ်စဉ်နှစ်တိုင်းလဲ လုပ်ဖို့အစီအစဉ်ရှိတယ် ဒါပေမဲ့ ကျွန်မတို့လုပ်တဲ့အလှူတိုင်းဟာ ခမ်းခမ်းနားနားဖြစ်ချင်မှ ဖြစ်မယ် ဒါပေမဲ့ လိုအပ်တဲ့နေရာတွေမှာ လှူသွားမှာပါ။ဟု Shoe Gallery မှမန်နေဂျင်း ဒါရိုက်တာ မမေမျိုးသူက ပြောသည်။
Shoe Gallery ၀န်းထမ်းများနှင့်  customer များစုပေါင်း၍ ပြုလုပ်သော အလှူငွေ သိန်း ၁၀၀ ကျပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပညာရေးရံပုံငွေအတွက် သိန်း (၅၀) ကျပ် သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးအတွက် သိန်း ၃၀ ကျပ် လပြည့်ဝန်းဖောင်ဒေးရှင်း မိဘမဲ့ဂေဟာအတွက် ၁၀ သိန်း ကျပ် ဗန်းမော်ကက်သလစ် သာသနာအဖွဲ့(ကချင်ဒုက္ခသည်များ ကူညီထောက်ပံ့ပေးရေးအဖွဲ့)အတွက် ၁၀သိန်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဦးကျော်စိုး ဒေါ်ယမင်းအေးမောင် မိသားစုမှ ငါးသိန်းကျပ် ဦးစိုးဝင်း ဒေါ်အေးအေးသင်းမိသားစုမှ တစ်သိန်းကျပ် မဂျွန်ဝင့်ခန့်မှ သုံးသောင်းကျပ် စုစုပေါင်း ခြောက်သိန်းသုံးသောင်းကျပ်ကို  အန်အယ်လ်ဒီပါတီ ရံပုံငွေအဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
 ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စိတ်ကျန်းမာရေးဆေးရုံ နှင့် မဖြူဖြူသင်း၏ သုခရိပ်မြုံသို့ သိန်း ၂၀ ကျော် လှူဒါန်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် စိတ်ကျန်းမာရေး ဆေးရုံ ဂီရိလေဘေးဒဏ်သင့်ပြည်သူများ နှင့် အိတ်ခ်ျအိုင်ဗွီလူနာများအား ကာကွယ် စောင့်ရှောက်ရေးဂေဟာသို့ သိန်း ၅၀ခန့် လှူဒါန်းခြင်းသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ကျင်းပပြုလုပ်သော Shoe Galleryမှ လှူဒါန်းငွေ သိန်း ၁၀၀ ကို အလှူငွေ လိုအပ်နေသော သက်ဆိုင်ရာ ဌာနများကို ပေးအပ်ခြင်းသည် တတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(ရွှေမြစ်မခ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအား ကားဖြင့်ဝင်တိုက်ခြင်း

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအား ကားဖြင့်ဝင်တိုက်ပုံ ဓါတ်ပုံ - Kyaw Kyaw Htun (via Thwe) ဖေ့စ်ဘုတ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအား ကားဖြင့်ဝင်တိုက်ခြင်း မှာ မတော်တဆလား တမင်ရည်ရွယ်ချက်နှင့်တိုက်လားဆိုတာမသိရသေးပါ။

ဖားကန့်ဒေသအား လူဦးရေသိန်းချီ၍ စွန့်ခွာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများနှင့် ဆက်စပ်ကာ လူဦးရေများပြားစွာ ရောက်ရှိနေထိုင်နေရာမှ ယခုအခါတွင် ဦးရေသိန်းချီကာ စွန့်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ “တစ်ရက်ကို သောင်းဂဏန်းလောက် ပြန်ဆင်းကြတယ်။ ပထမပတ်ကတည်းက စဆင်းကြတာပါ။ နယ်မြေ အနေအထားကြောင့် နေလို့ မဖြစ်တော့တဲ့အတွက် ပြန်ကြတာ။
ဖားကန့်မှာက လူဦးရေငါးသိန်း လောက်ရှိမယ်လို့ မှန်းကြတယ်။ ဒီအထဲကမှ အခုတော့ သိန်းချီထွက် သွားကြတာပေါ့”ဟု ဖားကန့်မြို့နယ် မှဒေသခံတစ်ဦးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့ကပြောကြားသည်။
နိုင်ငံတစ်ဝန်း ကျောက်မျက်ရတနာ လုပ်ကွက်များ စုစုပေါင်း ၂၂၂၄၄ ကွက် ချမှတ်ထားသည့် အနက် ကချင်ပြည်နယ်၌လုပ်ကွက် အများဆုံးတည်ရှိနေကာ လုံးခင်း-ဖားကန့်နယ်မြေတွင် ကျောက်စိမ်း လုပ်ကွက်ပေါင်း ၇၅၃၅ ကွက် တည်ရှိနေသည်။ ဖားကန့်ဒေသသို့ မြန်မာနိုင်ငံဒေသ အသီးသီးမှ ရွှေ့ပြောင်း လုပ်သားများပြားစွာ ရောက်ရှိ နေထိုင်လျက်ရှိကာ လက်ရှိတွင် အချို့ သာ ဆက်လက်နေထိုင်နေကြသည်။
ရွှေ့ပြောင်း လုပ်သားများသည် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ ဖားကန့်-ဝှေခါ- အင်းတော်ကြီး -မိုးညှင်းလမ်းပိုင်းအတိုင်း ဆိုင်ကယ် ကယ်ရီများဖြင့်လည်းကောင်း၊ ဖားကန့်-ဆယ်ဇင်း-ဟုမ္မလင်း လမ်းပိုင်းအတိုင်း စက်တပ်ရေယာဉ်ငယ်များဖြင့် လည်းကောင်း နေရပ် သို့ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
EMG

ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည်

ဓါတ်ပုံ(YPI)
ရွှေညဝါဆရာတော် ဦးပညာသီဟကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ "၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။

By: သစ်ထူးလွင်

The Lady 2011 (Movie) (ရုပ်/သံ)


The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ပြောပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်မည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို
ဒီရုပ်ရှင်ဟာ နိုင်ငံရေးအကျပ်အတည်း နောက်ခံ မယုံနိုင်စရာ အချစ်ဇာတ်လမ်း တခုဖြစ်ကြောင်း၊ ပိုပြီးအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်လမ်းဟာ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်လို့ လူအတော်များများက မေ့ပျောက်သွားတာ၊ နားလည် သဘောမပေါက်တာတွေ ရှိကြောင်း၊ ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးက ဆိုပါတယ်။


အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးဟာ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုယ်တိုင် တွေ့ခဲ့ သူ ဖြစ်ပါတယ်။ 

မှတ်ချက်။ ။ The Lady ရုပ်ရှင်အား မြန်မာပြည်တွင်းမှပါ ကြည့်ရှုနိုင်အောင် 
The Lady ရုပ်ရှင်မှ စိတ်ဝင်စားစရာ အခန်းများကို ဆက်စပ်တင်ပြပေးလိုက်ပါတယ်။ 

By: သစ်ထူးလွင်


ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး

တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးနှင့် အရှည်ကြာဆုံးဆင်နွှဲသော တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၂၃ ရက်တွင် စတင်ဆင်နွှဲကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအတွက် အလှည့်ကျသည်မှာ တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။
ကမ္ဘာကိုလည်နေသော လအပေါ် အခြေပြုတွက်ချက်သည့် တရုတ် Lunar ပြက္ခဒိန်၏ ပထမဆုံးလ၏ ပထမဆုံးနေ့မှာ ဇန်န၀ါရီလ ၂၃ ရက် ဖြစ်သည်။ သို့သော် တရုတ်နက္ခတ်ဗေဒ ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သော Tiger month ၏ ပထမဆုံးနေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ကြောင်း သိရသည်။ ယင်းပထမဆုံးလကို နွေဦးစတင်ခြင်း (Start of Spring) ဟု ခေါ်ဆိုပြီး တရုတ်စံတော်ချိန်အရ နဂါးနှစ်မှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၆ နာရီ၊ ၂၃ မိနစ်တွင် စတင်ကြောင်း ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် (Start of Spring) မတိုင်မီ ဇန်န၀ါရီလတွင် မွေးဖွားသူများမှာ နဂါးနှစ်ဖွားများ မဟုတ်ဘဲ ယုန်နှစ်ဖွားများသာဖြစ်ကြောင်း သတ်မှတ်ထားသည်။
တရုတ်နှစ်သစ်ကူးနှင့်ဆိုင်သော ဒဏ္ဍာရီလာပုံပြင်များအနက် Nian ဟုခေါ်သော ရုပ်ဆိုးသည့် မှင်စာပုံပြင်မှာ ထင်ရှားသည်။ ယင်းပုံပြင်တွင် Nian ၏ ရန်မှလွတ်ရန် ရွာသားများက တောင်ပေါ်သို့ထွက်ပြေးရန် ပြင်ဆင်နေစဉ် သူဖုန်းစားတစ်ဦး ရောက်လာခဲ့သည်ဟု ဆိုသည်။ ယင်းသူဖုန်းစားကို ကယ်တင်ရန် မတတ်နိုင်သည့်အဆုံး တွင် ရွာတွင် တစ်ယောက်တည်းထား ခဲ့ရသည်။ ရွာသားများပြန်လာသောအခါ သူဖုန်းစားသည် စက္ကူနီများကို တံခါးများတွင်ချိတ်ဆွဲခြင်း၊ အ၀တ်နီများကို ၀တ်ဆင်ခြင်း၊ မီးရှူးမီးပန်းများကို ပစ်ဖောက်ခြင်းဖြင့် Nian ကို ပင်လယ်သို့ထွက်ပြေးအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နှစ်သစ်ကူးနေ့မှာ အများအားဖြင့် ဂရီဂိုရီယန်ပြက္ခဒိန်အရ ဇန်န၀ါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၂၀ရက်အကြား ကျရောက်လေ့ရှိသည်။ နှစ်သစ်ကူးပွဲအတွက် နှစ်မကုန်မီ နောက်ဆုံးလ၏ ၈ ရက်နေ့မှစတင်၍ ပြင်ဆင်သဖြင့် သီတင်းပတ်သုံးပတ်ခန့် အချိန်ယူသည်။ နှစ်သစ်ကူးပွဲကိုမူ နှစ်သစ်၏ ပထမဆုံးလ ၁၅ ရက်အထိ ဆင်နွှဲသဖြင့် ပြင်ဆင်ချိန်နှင့်ပေါင်းပါက တစ်လကျော်ခန့် ကြာမြင့်ကြောင်း သိရသည်။
နှစ်သစ်ကူးတွင် တစ်ဦးနှင့်တစ်ဦး ကံကောင်းပါစေဟု အဓိပ္ပာယ်ရသော Kung Hei Fat Choy စကား ဖြင့် ဆုတောင်းပေးသလို မင်္ဂလာနှစ်သစ်ပါဟု အဓိပ္ပာယ်ရသည့် Kung Hall Sun Hei စကားများဖြင့် နှုတ်ဆက်လေ့ ရှိသည်။ အသက်ကြီးသူများ၊ အိမ်ထောင်ရှိသူများက ၎င်းတို့၏ ကလေးများ၊ ငယ်ရွယ်သူ ဆွေမျိုးများကို စာအိတ်နီများထဲတွင် ပိုက်ဆံများထည့်ပြီး (Hong Bao) ပေးသော ဓလေ့ရှိသည်။ ယင်းအိတ်များကို အိပ်ရာအောက် တွင် ထားအိပ်ပါက အိပ်မက် ဆိုးများမမက်ဘဲ ကောင်းမွန်စွာ အိပ်စက်နိုင်ကြောင်းလည်း အယူရှိသည်။
ခြင်္သေ့အကများ၊ နဂါးအကများဖြင့် လှည့်လည်ကပြ ဖျော်ဖြေလေ့ရှိပြီး မီးရှူးမီးပန်းများကိုလည်း ကျယ်လောင်စွာ ဖောက်လေ့ရှိသည်။ ယင်းကဲ့သို့ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းဖြင့် ပြီးခဲ့သောနှစ်က ကံမကောင်းမှုများ၊ ၀မ်းနည်းစရာအဖြစ်များလွင့်စင်ကာ လာမည့်နှစ်တွင် ကံကောင်းခြင်း၊ တိုးတက်ခြင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု အယူအဆရှိသည်။
တရုတ်ပြက္ခဒိန်တွင် Ying နှင့် Yang ဟုခေါ်သော Heavenly Stem နှစ်ခုကို သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေစသည့် ဓာတ်ငါးမျိုးနှင့်ပေါင်းစပ်ရာ ဇာတာခွင်အရ Ying Wood ၊ Yang Wood ၊ Ying Fire ၊ Yang Fire စသည့်ဖြင့် Stem ၁၀ ခု ရှိသည်။ ထို့ပြင် ရာသီခွင်သင်္ကေတများအဖြစ် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ၀က် စသော တိရစ္ဆာန် ၁၂ မျိုးကို Earthly Branch အဖြစ် သတ်မှတ်ထားသည်။
Yang မှာ မဂဏန်း (၁၊ ၃၊ ၅) ဖြစ်ပြီး အဖိုကိုယ်စားပြုသည်။ Ying မှာ စုံဂဏန်း (၂၊ ၄၊ ၆)ဖြစ်ပြီး အမကိုယ်စားပြုသည်။ Yang အစုတွင် ကြွက်၊ ကျား၊ နဂါး၊ မြင်း၊ မျောက် နှင့်ခွေးတို့ပါဝင်ပြီး Ying အစုတွင် နွား၊ ယုန်၊ မြွေ၊ သိုး၊ ကြက်နှင့် ၀က်တို့ ပါဝင်သည်။
ယင်းရာသီခွင်သင်္ကေတ တိရစ္ဆာန်များနှင့်ပတ်သက်၍ ကောင်းကင်ဘုံမ Jade Emperor သည်  ၎င်းကိုလာတွေ့ရန် တိရစ္ဆာန်အားလုံးအား ဖိတ်ကြားခဲ့သည်ဟု ပုံပြင်တစ်ခုတွင် ဆိုထားသည်။ သို့သော် တိရစ္ဆာန် ၁၂ ကောင်သာ လာရောက်တွေ့ဆုံခဲ့ပြီး ယင်းတိရစ္ဆာန်များကို လတစ်လချင်းစီအလိုက် သတ်မှတ်ပေးခဲ့ကြောင်း ဆိုထားသည်။ အခြားပုံပြင်တစ်ခုတွင်မူ ဗုဒ္ဓက တရုတ်နိုင်ငံကို ပြန်လည်ကွပ်ကဲ စီမံရန်အတွက်ဆွေးနွေးရန် တိရစ္ဆာန်များအား ဖိတ်ကြားခဲ့ကြောင်း၊ လာ ရောက်သောတိရစ္ဆာန် ၁၂ ကောင်၏ စိတ်နေသဘောထားများအတိုင်း လ ၁၂ လတွင် မွေးဖွားသူများတွင် ထင်ဟပ်စေရမည်ဟု သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်ဒဏ္ဍာရီလာ ပုံပြင်များအရ တရုတ်နဂါးသည် ကောင်းကင်မှလာကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းကင်ဘုံရှိသည်ဟု လက်ခံထားပြီး တစ်နည်းအားဖြင့် ကောင်းကင်ဘုံမှ အခွင့်အာဏာအဖြစ် မှတ်ယူကြသည်။
တရုတ်ဧကရာဇ်သည် ကောင်းကင်ဘုံမှလာသူဖြစ်သဖြင့် နဂါးများကို အမိန့်ပေး ညွှန်ကြားနိုင်ကြောင်း ဆိုထားသည်။
တရုတ်တွင် နဂါးမှာ အောင်မြင်မှုအရှိဆုံး အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခံရပြီး ဘုရင်များသည် နဂါးရုပ်ပါသော တော်ဝင်ဝတ်စုံများ ၀တ်ဆင်လေ့ရှိသည်။ နဂါး၏ သားကိုးကောင် အကြောင်းကို မင်မင်းဆက် (အေဒီ ၁၃၆၈-၁၆၄၄) အထိ သိရှိသူနည်းပါးပြီး နဂါးကိုးကောင်အကြောင်းနှင့် ပတ်သက်၍ ပုံပြင်တစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
မင်မင်းဆက်၏ ပထမဆုံးဘုရင်အား ကူညီပေးရန် ကောင်းကင်ဘုံရှိ နဂါးမင်းသည် ၎င်း၏သားကိုးကောင်ကို စေလွှတ်ခဲ့သည်။ အကူအညီပေး လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နဂါးကိုးကောင်သည် ကောင်းကင်ဘုံသို့ ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် ဘုရင်က ဆက်လက်ကူညီစေချင်သည်။ နဂါး ကိုးကောင်မှာ လက်မခံသဖြင့် ဘုရင်က မတားဆီးနိုင်ခဲ့ပေ။ ယင်းအတွက်ဘုရင်က နဂါးကိုးကောင်အနက် အစွမ်းရှိဆုံး နံပါတ်ခြောက်နဂါးကို မှော်ကျောက်တိုင်ယူလာရန် တစ်ဖက်လှည့်ဖြင့် ခိုင်းစေခဲ့သည်။ ယင်းမှော်ကျောက်တိုင်မှာ တစ္ဆေ၊သရဲ၊ မကောင်း ဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်းရှိသည်။ နံပါတ်ခြောက်နဂါးမှာ ယင်းကျောက်တိုင်အောက်မှ မရုန်းထွက်နိုင် သဖြင့် ကျန်နဂါးများမှာလည်း နံပါတ်ခြောက် နဂါးမပါသဖြင့် ကောင်းကင်ဘုံသို့ ပြန်၍မရခဲ့ပေ။ သို့သော် နဂါးကိုးကောင်သည် ဘုရင်ကို ကူညီခြင်းမပြုတော့သလို နဂါးအဖြစ် မနေထိုင်တော့ဘဲ မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်းမှစ၍ နဂါးကိုးကောင်သည် တရုတ်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းပုံပြင်တွင် ဖော်ပြထားသည်။
တည်ငြိမ်သည့် သွင်ပြင်လက္ခဏာရှိသော ယုန်နှစ်ဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ယုန်လက္ခဏာနှင့်ဆန့်ကျင့်ဘက်အဖြစ် ကမ္ဘာတစ်ဝန်းတွင် အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် အာဏာရှင်အချို့ ပြုတ်ကျမှု၊ ဥရောပဘဏ္ဍာရေးကြွေးမြီ အကျပ်အတည်းဆိုးရွားမှု၊ အာရှဒေသရှိ နိုင်ငံအချို့တွင် ပြင်းထန်သော သဘာဝကပ်ဘေးတို့ ကြုံတွေ့ခဲ့သည်။ ရဲရင့်တက်ကြွသောပင်ကိုယ်ဗီဇရှိသည့် နဂါးနှစ်ဖြစ်သော ယခုနှစ်တွင်မူ အံ့သြမှင်သက်ရလောက်သည့် ကောင်းမွန်သော၊ဆိုးရွားသော မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်မည်ဆိုခြင်းကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
Written by အောင်သိန်းဝင်း    
EMG

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းနိုင်

b42_14
ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့က ဒိန်းမတ်ပါလီမန်တွင် တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို အားပေးတိုက်တွန်းရန်အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းသွားရန် ဥရောပသမဂ္ဂက စဉ်းစားနေကြောင်း ဥရောပ သံတမန်များက ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်သည် မြန်မာနိုင်ငံသို့ မကြာမီလာ ရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံကို ကူညီပေးရန်အတွက်လည်း စဉ်းစားနေကြောင်း သူ၏ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အဖွဲ့ဝင် ၂၇ နိုင်ငံရှိသော ဥရောပသမဂ္ဂသည် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဘရက်ဆဲလ်၌ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်မည်ဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ဖေဖော်ဝါရီလတွင် ပိတ်ဆို့အရေးယူမှုများ စတင်ရုပ်သိမ်းရန် စဉ်းစားထားမှုကို ကြေညာသွားဖွယ်ရှိသည်။ ဧပြီလလယ်တွင် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ သုံးသပ်မှုများကို ဆောင်ရွက်သွားရန်ရှိသော်လည်း အချို့နိုင်ငံများက ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုကြောင်း ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးတိုက်တွန်းရန်အတွက် ဥရောပသမဂ္ဂအတွင်း ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း ဗြိတိန်နှင့် နောဒစ်နိုင်ငံအချို့က ဧပြီလ ရွေးကောက်ပွဲများကို စောင့်ကြည့်လိုသော်လည်း  ပြင်သစ်၊ ဂျာမနီအပါအ၀င် အခြားဥရောပနိုင်ငံများက ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို အားပေးရန်အတွက် လျင်လျင်မြန်မြန် ဆောင်ရွက်လိုကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားခဲ့သည်။
ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံကို ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများကို ယမန်နှစ်က တစ်နှစ် သက်တမ်းတိုးထားခဲ့သော်လည်း မကြာသေးခင်က ခရီးသွားလာမှုနှင့် ဘဏ္ဍာရေးထိန်းချုပ်ထားမှုများကို ဖယ်ရှားပေးခဲ့သည်။ ဥရောပ သမဂ္ဂသည် အကူအညီပေးရေးအစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးလုပ်ငန်းများတွင် ကူညီရန်အတွက် ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။
Ref:AFP
EMG

SNLD ပါတီ မှတ်ပုံပြန်တင်ရေး မကြာမီ ဆုံးဖြတ်မည်

၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက လွှတ်တော် ကိုယ်စားလှယ် ဒုတိယ အများဆုံး ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက ပါတီ မှတ်ပုံပြန်တင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စတွေကို ဒီရက်ပိုင်း အတွင်း ဆုံးဖြတ်မယ်လို့ SNLD ပါတီက ပြောပါတယ်။
RFA (Shan TV)
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်လာပြီး နောက်ပိုင်း တွေ့ရစဉ်။
ဒီလို ဆုံးဖြတ်နိုင်ဖို့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို ရက်ပိုင်း အတွင်း ပြုလုပ်မှာ ဖြစ်ပြီး SNLDပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာပြီးနောက် အခုလို ဆုံးဖြတ်ကြတာလို့ SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။ “ကျွန်တော့် တစ်ယောက်တည်း သဘောအရ ဆိုရင်တော့ အခုသွားနေတဲ့လမ်းကြောင်း အကုန်လုံးက ရွေးလမ်း ဘာမှ သိပ်မရှိဘူး။ တရားဝင် နိုင်ငံရေးပါတီ တစ်ခု အဖြစ် လျှောက်ထားပြီး ရပ်တည်မှသာလျှင် လှုပ်ရှားလို့ရမယ်လေ။ အဲဒါကြောင့်မို့ အားလုံးရဲ့ဆန္ဒကို သိရအောင် နက်ဖြန် သန်ဘက်ခါလောက်ကို စီအီးစီ အစည်းအဝေး စတင်မှာ ဖြစ်ပါတယ်။ စီအီးစီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့မှ မှတ်ပုံတင် ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စတွေကို ကျွန်တော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဒီအတောတွင်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လာရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဦးခွန်ထွန်းဦးကို ဒီကနေ့လာရောက် ကမ်းလှမ်းခဲ့ပေမယ့် ဦးခွန်ထွန်းဦး ကတော့ မိမိတို့ SNLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ကိုသာ လိုက်နာ ဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

RFA

ဒေါ်မြင့်​မြင့်​အေး​ တသီး​ပုဂ္ဂလ ဝင်ပြိုင်မည်

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ မိတ္ထီလာမြို့​နယ် အတွင်း​ရေး​မှူး​ဟောင်း​ ​ဒေါ်မြင့်​မြင့်​အေး​ဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တသီး​ပုဂ္ဂလအဖြစ် ဝင်​ရောက်ယှဉ်ပြိုင်မယ်လို့​ ​ပြောပါတယ်။
မိတ္ထီလာမြို့​ နယ် အဖွဲ့​ချုပ်ဝင်​တွေက​တော့​ သူ့​ကို အန်အယ်လ်ဒီလှုပ်ရှား​မှု တ​လျှောက်လုံး​ လုပ်လာတဲ့​အ​ပေါ် ​ရွေး​ကောက်ပွဲ ဝင်​စေချင်တယ်လို့​ ဆန္ဒပြုတာ​ကြောင့်​ တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်​ရောက်ဖို့​ ဆုံး​ဖြတ်တာလို့​ ​ဒေါ်မြင့်​မြင့်​အေး​က ​ပြောပါတယ်။
ဒေါ်မြင့်မြင့်အေး
“မိတ္ထီလာမြို့ ​နယ်အတွက် ဗိုလ်ကြီး​ဝင်း​ထိန်က ဒီဇင်ဘာ ၁၈ ရက်​နေ့​မှာ တရား​ဝင် ဝင်လိုက်တဲ့​အခါမှာ ဒီ​အောက်​ခြေမှာ တကယ် တရား​ဝင်လုပ်​နေတာက မြို့​နယ်အဆင့်​၊​ ခရိုင်အဆင့်​ ပူး​တွဲပြီး​တော့​ လုပ်​နေတဲ့​ စည်း​တွေချည်း​ပဲ ဥက္ကဋ္ဌ​တွေ၊​ အတွင်း​ရေး​မှူး​တွေ အကုန်လုံး​နဲ့​ လုပ်​နေတဲ့​ လူ​တွေက လက်မခံနိုင်ကြဘူး​ပေါ့​။
“ဘာလို့​လဲဆို ​တော့​ သာစည်မှာ ရှိတဲ့​ပွဲဖြစ်​စေ နိုင်ငံ​ရေး​အခမ်း​အနား​တွေ အား​လုံး​ကို ကျမတို့​ကပဲ ဦး​ဆောင်ပြီး​ လုပ်​ပေး​တဲ့​အခါမှာ ​အောက်​ခြေလူနဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေ ကျမတို့​ တ​လျှောက်လုံး​ လုပ်​ပေး​နေတဲ့​ အခါမှာ မိတ္ထီလာမြို့​နယ်၊​ မိတ္ထီလာခရိုင်ရဲ့​ ကိစ္စကို ​ဒေါ်မြင့်​မြင့်​အေး​ကသာလျှင် ဦး​ဆောင်လုပ်​ပေး​နိုင်မယ်လို့​ သူတို့​က ယုံကြည်ပြီး​တော့​ ၁၉ ရက် နဲ့​ ၂၀ အစည်း​အ​ဝေး​ခေါ်ပြီး​ ၂၁ ရက်​နေ့​မှာ ရန်ကုန် ဗဟိုရုံး​ချုပ်အထိ​တောင် သွား​ပြီး​တော့​ လက်မှတ်​ပေါင်း​ ၄၀၀၀ နီး​ပါး​နဲ့​ လကုန်ပြီး​ ၁ ရက်​နေ့​မှာ စာတင်ခဲ့​တယ်​ပေါ့​။ လူထုသ​ဘောထား​နဲ့​။
“အဲဒီ အချိန်မှာ ဗဟိုကလည်း​ပဲ ၂ ရက်​နေ့​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​ ဆိုပြီး​ ​အောက်​ခြေသ​ဘောထား​ တင်ပြတဲ့​ တဦး​ချင်း​စီ တင်ပါဆိုတဲ့​အခါမှာ ၁၁ ရက်​နေ့​ ဗဟိုကချမှတ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီ​အောင် မြို့​နယ်အဆင့်​ရော၊​ ခရိုင်အဆင့်​ရော ​ဒေါ်မြင့်​မြင့်​အေး​ကို အဆိုပြုပါတယ်ဆိုတာ စာကို တရား​ဝင် ပို့​ခဲ့​တယ်။ သို့​သော်လည်း​ပဲ ၁၂ ရက်​နေ့​မှာ ဗိုလ်ကြီး​ဝင်း​ထိန်ကိုပဲ ချ​ပေး​တယ်ဆိုတာ ​ပေါ်​ပေါက်လာတဲ့​အခါမှာ ကျမက ​အောက်​ခြေ ပြည်သူလူထုရဲ့​ သ​ဘောဆန္ဒကို လိုက်​လျောတဲ့​အ​နေနဲ့​ လူထုရဲ့​သ​ဘောထား​ကို မလွန်ဆန်နိုင်ဘဲနဲ့​ ကျမ ​ရွေး​ကောက်ပွဲ ဝင်တဲ့​အခါမှာ တသီး​ပုဂ္ဂလ ဖြစ်သွား​မယ်ဆိုလည်း​ ဝင်မယ်ဆိုတဲ့​ သ​ဘောပါ။”
သူ့​အ​နေနဲ့​ အန်အယ်လ်ဒီကထွက်ပြီး​ ​ရွေး​ကောက်ပွဲဝင်တယ်လို့​ မယူဆဘူး​လို့​လည်း​ ဆိုပါတယ်။
“ဘာလို့​လဲ ဆို​တော့​ အန်အယ်လ်ဒီ ဟာ ကျမတို့​ ပါတီဝင် လူအား​လုံး​နဲ့​ သက်ဆိုင်တဲ့​ ကိစ္စ​လေ။ အန်အယ်လ်ဒီ ကို အစအဆုံး​ ပြန်ပြီး​ ​လျှောက်လွှာတင်ဆိုတာကလည်း​ပဲ အခုအချိန်အခါမှာ ​ရွေး​ကောက်ပွဲ ကိစ္စက အ​ရေး​ကြီး​နေ​သေး​တယ်။ ဘာလို့​လဲဆို​တော့​ အထက်က ချ​ပေး​လိုက်တဲ့​ လူထက် ပြည်သူလူထုရဲ့​ ​တောင်း​ဆိုမှု​နောက်ကို မမှိတ်မသုန် လိုက်ရတဲ့​ သ​ဘောနဲ့​ ကျမတို့​က ​ရွေး​ကောက်ပွဲ ဝင်ရတာပါ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ထုတ်ပြန်ခဲ့​တဲ့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​မှာ အန်အယ်ဒီ ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က မိတ္ထီလာမြို့​နယ်မှာ ဝင်​ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ​ကြောင့်​ ​ဒေါ်မြင့်​မြင့်​အေး​က တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်ပြိုင်မယ်ဆိုရင်​တော့​ ဦး​ဝင်း​ထိန်နဲ့​ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တသီး​ပုဂ္ဂလ ဝင်ပြိုင်မှာ ဖြစ်​ပေမယ့်​ အန်အယ်လ်ဒီရဲ့​ မူဝါဒအတိုင်း​သာ ဆက်လက် ရပ်တည်မှာ ဖြစ်သလို မကြာခင် ရက်ပိုင်း​အတွင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ဆီ ကိုယ်စား​လှယ်​လောင်း​အဖြစ် မှတ်ပုံတင်မှာ ဖြစ်တယ်လို့​ ​ဒေါ်မြင့်​မြင့်​အေး​က ​ပြောပါတယ်။ ​ရွေး​ကောက်ပွဲအတွက် ကုန်ကျစရိတ် အား​လုံး​ မိမိဘာသာ အကုန်ကျခံမှာ ဖြစ်​ကြောင်း​လည်း​ ​ပြောပါတယ်။
ဧရာဝတီတိုင်း​ မြန်​အောင်မြို့​နယ်မှာလည်း​ မြန်​အောင်မြို့​နယ် အဖွဲ့​ချုပ်ဝင်​တွေက ​ရှေ့​နေ ဦး​ခင်​မောင်လတ်ကို ​ရွေး​ချယ်ပြီး​ အဖွဲ့​ချုပ် ရုံး​ချုပ်ကို တင်ထား​ပေမယ့်​ ဗဟို​ကော်မတီဝင်က ဦး​ကျော်မြင့်​ကို ချ​ပေး​တာ​ကြောင့်​ ပါတီဝင်​တွေ မ​ကျေနပ်ဘူး​လို့​ မြန်​အောင်မြို့​နယ် အဖွဲ့​ချုပ်ဝင်တဦး​က ​ပြောပါတယ်။
“ဟင်္သာတခရိုင် မြန်​အောင်မြို့​နယ်မှာ ကျ​နော်တို့​ အဲဒီမှာ ကိုယ်စား​လှယ်​လောင်း​ ၄ ​ယောက်ကို လျှို့​ဝှက်မဲ စနစ်နဲ့​ ​ရွေး​လိုက်တဲ့​အခါကျ​တော့​ ၄၄ မဲနဲ့​ နိုင်တဲ့​ ​ရှေ့​နေ ဦး​ခင်​မောင်လတ်ကို ကျ​နော်တို့​က ရုံး​ချုပ်ကို ၁၁ ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​တော့​ တင်လိုက်တယ်။ ပြန်ချ​ပေး​တော့​ ဦး​ကျော်မြင့်​ဆိုတဲ့​လူ။ မြန်​အောင်မြို့​နယ်က လူ​တွေက လူတိုင်း​မသိဘူး​။ သူ့​ကို ပြန်ချ​ပေး​တဲ့​ အခါကျ​တော့​ ပါတီဝင်​တွေ အများ​စု မ​ကျေနပ်ဘူး​ပေါ့​။ ကျ​နော်တို့​ ကိုယ့်​ကိုယ်စား​လှယ် ကိုယ်အား​ကိုး​တဲ့​လူ ကိုယ်​ရွေး​ချင်တာ​ပေါ့​။ ပါတီဝင်​တွေ အကုန်လုံး​က ဒီမိုက​ရေစီ နည်း​ကျကျ ​ရွေး​လိုက်တဲ့​ ကိုယ်စား​လှယ်​တွေ။ ဗဟိုက​နေပြီး​တော့​ ဗဟိုဦး​စီး​ဆန်တဲ့​ စနစ်မျိုး​နဲ့​ ​ရွေး​ချလိုက်တာက​တော့​ တသီး​ပုဂ္ဂလ ​ထောင်မယ်ဆိုရင် ကြား​ဖြတ် လစ်လပ်​နေရာမှာ အင်အား​ နည်း​သွား​နိုင်တယ်ဗျာ။”
မြို့​နယ်ပါတီဝင်​တွေ ​ပြောဆိုလာတဲ့​အ​ပေါ် အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က အခုလို ရှင်း​ပြပါတယ်။
“ကျ​နော်တို့​ က နဂိုကတည်း​က ကျ​နော်တို့​ သူတို့​ကို ​သေချာ​ပြောပါတယ်။ မြို့​နယ်က လျာထား​ပေး​ပါ။ တိုင်း​နဲ့​ ပြည်နယ်ကလည်း​ လျာထား​ပေး​ပါ။ ပြီး​ရင် ဗဟိုက​နေပြီး​တော့​ အဲဒါကို စိစစ်ပြီး​တော့​ ဗဟိုကလည်း​ လျာထား​ခွင့်​ရှိတယ်။ အဲ့​ဒါကိုမှ ဗဟိုက ဆုံး​ဖြတ်​ပေး​မယ်လို့​ နဂိုကတည်း​က ​ပြောထား​ပြီး​သား​။ နဂိုကတည်း​က ​အောက်​ခြေက ​ရွေး​လိုက်တဲ့​လူကို ဗဟိုက လက်ခံပြီး​တော့​ အတည်ပြုရမယ်လို့​ ​ပြောထား​ပြီး​သား​။ အဲဒီ​တော့​ ကျ​နော်တို့​ ဘာမှ ထူး​ထူး​ခြား​ခြား​ ​ဖြေရှင်း​နေစရာ မရှိပါဘူး​။ မြို့​နယ်က မြို့​နယ်အ​နေနဲ့​ ​ရွေး​တာ​ပေါ့​။ တိုင်း​ကျ​တော့​ တိုင်း​အ​နေနဲ့​ ​ရွေး​တာ​ပေါ့​။ ဗဟိုကျ​တော့​ ဒါ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ သွား​မယ့်​ ခရီး​တာကြီး​ တခုလုံး​ အတွက် ချိန်ဆပြီး​တော့​ လူကြီး​တွေက ​ရွေး​တာ​ပေါ့​။ အဲဒါပဲ ကျ​နော် ​ပြောစရာရှိပါတယ် တခြား​ ဘာမှ ​ပြောစရာ မရှိပါဘူး​။” 
ဒီဗွီဘီ

ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ )

ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များရဲ့ ပုံရိပ်တွေပါ...။ အမှန်တရားအတွက် ပြတ်ပြတ်သားသား ရပ်တည်ကြမယ့် ကျွန်တော်တို့ရဲ့ နောင်တော်များပါ။

ဓာတ်ပုံ ဒီမိုဝေယံ.

အစိုးရနှင့် ကေအိုင်အို ရွှေလီမြို့ ဆွေးနွေးပွဲနှင့် ကေအိုင်အို ဘက်မှတင်ပြချက်များ

ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တို့ တရုတိနိုင်ငံ ရွှေလီမြို့ တွင် ယနေ့ နေ့ လည်(၁း၁၅)နာရီခန့် မှ စတင်ကာ တွေ့ ဆုံဆွေးနွေးနေပြီဖြစ်သည်။
Myen Mung Asuya Dat Kasa Hpung hte KIO Dat Kasa Hpung ni gaw 2012 ning, January (18) ya shani hkying 1:15 pm ten kawn Miwa Gumsan Mungdan, Shweli Mare hta hkrum zup bawngban hpawng galaw hpang wa sai.
Myen Mung Asuya Dat Kasa Hpung ni hpe U Aung Taung woi awn ai rai nna KIO Dat Kasa Hpung ni hpe Sara Kaba Sumlut Gam woi awn ai lam chye lu ai.
KIO Dat Kasa Hpung Ningbaw Sara Kaba Sumlut Gam kawn KIO a ra sharawng ai lam gaw jet ai munghpawm lam hte madu a kam maka hpe madu tek jum lu ai lam re hpe tsun sanglang ai hte tang shawn laika hpe ap ya sai lam chye lu ai.
 
kachinnet.net

သက်ကြီးရွယ်အို တစ်ထောင်ကျော်ကို အိမ်တိုင်ရာရောက် စောင့်ရှောက်ပေး

အိမ်တိုင်ရာရောက်သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးစီမံကိန်းအရ သက်ကြီးရွယ်အိုဦးရေ တစ်ထောင်ကျော်ကို အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးလျက်ရှိသည်။

National YMCAs၊ World Vision၊ Global Vision၊ HelpAge International၊ Caritas Thailand၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ် ယာန်အသင်းချုပ်တို့မှ စောင့်ရှောက်ပေးလျက်ရှိသည်ဟု သိရသည်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

EMG

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှု ကြီးထွားနေကြောင်း နိုင်/ကျဉ်းဟောင်းများပြော

မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုကြီးထွားလျက်ရှိကြောင်း မကြာမီက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးချစ်ကိုလင်းက “အကျဉ်းထောင်တိုင်းမှာ လာဘ်ပေးလာဘ်ယူမှုရှိတယ်။ ကျွန်တော့်အထင်ပြောရရင် လာဘ်ပေးလာဘ်ယူမှု အကြီးမားဆုံးနေရာက အကျဉ်းထောင်တွေပဲဖြစ်မယ်” ဟုပြောသည်။

၎င်းကထပ်မံပြီး အကျဉ်းသားများအနေဖြင့် လာဘ်ပေးရာတွင် အကျဉ်းထောင်ဝန်ထမ်းများ သာမက အခွင့်အရေးပေးခံထားရသော အကျဉ်းသားများကိုပါ လာဘ်ပေးနေရကြောင်း၊ အကျဉ်းထောင် အောက်ခြေ ၀န်ထမ်းများမှစကာ ထောင်ပိုင်အထိ လာဘ်ပေးလာဘ်ယူမှု မကင်းကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။

“ထောင်ထဲမှာ နေရာကောင်းလိုချင်ရင် လာဘ်ပေးရတယ်။ လိုင်းကြေးပေးရတယ်။ ပင်ပင်ပန်းပန် မလုပ်ချင်ရင် လာဘ်ပေးရတယ်။ နောက်ဆုံး ရဲဘက်စခန်း မလိုက်ချင်ရင်တောင် လာဘ်ပေးပြီးလုပ်လို့ရတယ်၊ မပေးနိုင်တဲ့သူကတော့ ပေးနိုင်တဲ့သူတွေအစား သွားပေတော့ပဲ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလ ၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းနိုင်ဦးက လည်း လက်ရှိတွင် အကျဉ်းထောင်များနှိုက် လာဘ်ပေးရသည့် နှုန်းထားများ ပိုမိုမြင့်မားလာကြောင်း၊ လာဘ်ပေးရာတွင် ကော်ဖီမစ်အထုတ်သေးတစ်ထုတ်နှစ်ထုတ်မှစပြီး ငွေသိန်းဂဏန်းအထိ ပြုလုပ်ကြကြောင်း ပြောကြားသည်။

“အရင်က ရေချိုးရင် လူတစ်ယောက်ကို ကော်ဖီမစ် သုံးထုပ်နှုန်းနဲ့ ရေကန်ဘုတ်ကိုင်ကိုပေးရတယ်။ အခု တစ်လ သုံးထောင်ပေးရတယ်။ ဘာလို့လဲမေးကြည့်တော့ ထောင်ပိုင်ကိုပိုက်ဆံပိုပေးရလို့ဆိုပြီးပြောတယ် ” ဟု ၎င်းကဆိုသည်။

ယခုလ ၁၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းမြင့်အောင်ကလည်း အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုပြုရာတွင် နိုင်ငံရေးအကျဉ်းသားများထက် သာမာန်အကျဉ်းသားများအပေါ်တွင် ပိုမိုပြုလုပ်ကြောင်း ပြောကြားသည်။

ယခုလ ၁၃ ရက်နေ့က သာယာဝတီ အကျဉ်းထောင်ရှေ့ မြင်ကွင်း

“ သာမာန်အကျဉ်းသားတွေက အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုဒဏ်ကို တော်တော်ခံရတယ်။ ကျန်းမာရေးပိုင်း၊ လူမှုရေးပိုင်းတွေအစ စားဝတ်နေရေးအဆုံး သူတို့တွေမှာ လိုအပ်ချက်တွေရှိနေတယ်။ ထောင်အခေါ် ဘောင်ချာအပ်ရတာ (ပိုက်ဆံပေးရတာ) ကို ၀န်ထမ်းတင်မက အကျဉ်းသားအချင်းချင်းပါ အပ်နေရတယ် ”ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားခဲ့ပြီး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင်များအတွင်း လာရောက် လေ့လာမှုကိုလည်း အပြသဘောပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်လိုက်ကြသည်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်တွင် အကျဉ်းထောင်တွင်းရှိ ပြဿနာများမှာ အကျဉ်းသားဦးရေက အဆမတန်များပြားသည့် အချက်ကြောင့်ဟု ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် စုစုပေါင်း အကျဉ်းထောင် ၄၂ ထောင်ရှိသည်။

လက်ရှိအစိုးရမှ ဖွဲ့စည်းပေးထားသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမူ မြစ်ကြီးနား အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်များသို့ သွားရောက်လေ့လာအပြီးတွင် အကောင်းမြင်သော သဘောထားများကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောထားထုတ်ပြန်ချက်များမှာ အကျဉ်းသားများ၏ လက်တွေ့ဘ၀နှင့် ကွာခြားမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။       ။

ဇန်န၀ါရီ ၁၈၊ ၂၀၁၂ (YPI)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်