သပိတ်ကျင်းမြို့ အနီး ငလျှင်ထပ်မံလှုပ်ခတ်

ယနေ့(ဒီဇင်ဘာ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် ၆၈ မိုင်အကွာ သပိတ်ကျင်းမြို့၏ မြောက်ဘက် ၅ မိုင်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မန္တလေး မြေငလျင် သတင်းဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျင်ငယ်မှာ သပိတ်ကျင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲ မြေငလျင်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သော သပိတ်ကျင်းမြေငလျင် လှုပ်အပြီး နောက်ဆက်တွဲမြေငလျင် လှုပ်ခဲ့သော အကြိမ်ရေ ၄၀ နီးပါးရှိပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ၂ မိနစ်ကျော်တွင်လည်း နေပြည်တော်အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

7Day News Journal


သပိတ်ကျင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်က တွေ့ ရပုံ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်