လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၁၁)


ယနေ့ နံနက် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ ခံများကို မိန့် ခွန်းပြော


ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ အတွင်းရှိ သပိတ် စခန်းများအား လူအင်အားသုံး ဖြိုခွင်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အာဏာပိုင်များ၊ ရဲမှူးများနှင့် တာဝန်ရှိသူများကို ၄င်းတည်းခိုရာ ဟိုတယ်၌ တွေ့ဆုံဆွေးနွေး လျက်ရှိသည်။

အဆိုပါ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းခဲ့သည့် အတွက် မိမိအနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း ယင်းပြဿနာကို ပြေလည်မှု ရသည်အထိ ဆောင်ရွက် ပေးသွားလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေ့လယ်ပိုင်းတွင် လက်ပန်းတောင်ကြေးနီ စီမံကိန်း အနီးရှိ ရွာလေးရွာမှ ပြည်သူလူထုများ၊ သပိတ်ခေါင်းဆောင် များ နှင့်လည်း တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်နှင့် ပတ်သက်၍ လည်း အစိုးရ တစ်ရပ်အနေဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထိုသို့ ခပ်လွယ်လွယ် မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

သတင်း-ဓါတ်ပုံ ။  ။ The Voice Weekly
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၁၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၁၁) Reviewed by သစ်ထူးလွင် on 11:48 Rating: 5

No comments:

Powered by Blogger.