သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည်


မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် အကြမ်းဖက်ခံရသည့် သံဃာတော်များကို တွေ့ ရစဉ်။
မုံရွာ၊ နိုဝင်ဘာ ၃၀

လက်ပန်တောင်းတောင် ကြေးနီး စီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြနေကြသည့် ရဟန်း သံဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒေသခံ ရဟန် သံဃာတော်များကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မနက်ဖြန် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်၊ စနေနေ့တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ၊
တင်ဝင်းထွန်း ဓမ္မာရုံ၌ မွန်းလွဲ ၁နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

အဆိုပါ တောင်းပန်ပွဲသို့ တက်ရောက်ရန် မုံရွာမြို့ပေါ်ရှိ ရဟန်းသံဃာတော် အပါး ၁၀၀အထက် ရှိသော ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားပြီး မြို့မိမြို့ဖများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

The Voice Weekly
သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည် သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည် Reviewed by သစ်ထူးလွင် on 22:48 Rating: 5

14 comments:

win said...

ငရဲသွားရမှာကသွားရမှာပါဘဲ ကျေမသွားပါဘူး အရိပ်ကတော့လိုက်နေမှာပါဘဲ

Unknown said...

လုပ်တုန်းကလုပ်ခဲ့ပြီးတော့ ခုမှ ၃၀ရက်ည ၉:၄၅ မိနစ် တီဗွီမှာ တိုင်းဒုရဲမှူး သူရကိုကိုကတော့နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီပြုလုပ်ခဲ့ကြောင်း အောင်မြင်တဲ့လေသံနဲ့ပြောကြားသွားပါတယ်

begesic said...

ငရဲအိုးကြီးပွက်ပွက်ဆူနေလေပြီ

Anonymous said...

တောင်းပန်တိုင်းကျေအေးရမှာလားဗျာ။

Anonymous said...

မင်းသားခေါင်းစွပ်ထားတဲ့ စစ်အစိုးရသရုပ်ဟာ မကြာခဏပေါ်နေတာ အံသြစရာမဟုတ်ပါ။

Unknown said...

သမ္မတ ဦးသိန်းစိန် ကို သိပ်ပြီး သဘော တွေ့လှတာ တော့ မဟုတ်ပေမဲ့

ဒီဖြစ်ရပ်မှာ သမ္မတ နှုတ်ထွက် ပေးပါလို့ တော့ မတောင်းဆိုချင်ပါဘူး။

ဒါပေမဲ့ဘုန်းကြီးကို ခေါင်းခေါက်ရုံ ခေါက်တဲ့ ကိစ္စ မဟုတ်ဘဲ။

မီးလောင်တိုက် သွင်းသလို ဖြစ်ပါတယ်။

စဉ်းစားဆင်ခြင်ညဏ်နည်းပါးစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာကို

လုံးဝ ( လုံးဝ ) လက်မခံ နိုင်တာပါ။

ဒီမိုကရေစီခေတ် မှာ အကြောင်းအမျိုးမျိုးကြောင့်

ကိုယ်လဲ မကျေနပ်ရင် အချိန်မရွေး ဆန္ဒထွက်ပြဖို့ အဆင်သင့် ရှိတာကြောင့်ဒီလို မျိုး ဆန္ဒပြတဲ့ သူတွေကို အကြမ်းဖက် နှိမ်နင်းတာကို မူအရ ကို လက်မခံ သင့်ပါ။
သာမန် ထိုင်ကန်တော့ တာလောက်ကို လက်မခံသင့်ပါဘူး။
တာဝန်ရှိသူ ပြည်ထဲရေး ၀န်ကြီးအဆင့်။ ရဲချုပ်အဆင့် ။ အမိန့်ပေးသူ အဆင့်ဆင့်။လက်နက်ထုတ် သုံးသူ များအားလုံး လိုအပ်လျှင် နိုင်ငံတကာ ခုံရုံး အဆင့်ထိ စစ်ဆေးမေးမြန်းပြီး။
သေဒဏ်။သေမိန့်။ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် အမြန်ဆုံးပေးရန် တောင်းဆိုရပါမည်။

ဇာမဏီ said...

ဖုန်းကြီး ခေါင်းခေါက်ပြီး ဆောရီး လုပ်လို့ရလား

linnlinnhtay said...

အရင် အစိုးရကဘုန်းကြီးကိုသတ်ပြီး ၊ လက်ရှိအစိုးရကတော့ မီးနဲ့ပဲ ရှို့တာပါဆိုပြီး တောင်းပန်မှာလား မသိဘူးနော်။

kowakyi said...

တောင်းပန်လိုက်တာနဲ့ ပြီးသွားေ၇ာ လား အဲဒါဆိုရင် မင်းတို့ကို အဲလို ပြန်လုပ်ပြီး တောင်းပန်မယ်ဆိုရင် လက်ခံမှာလား ဘယ်သူက ခိုင်းတာလဲဆိုတာကို အမြန်ဆုံးဖော်ထုတ်ပီး ထိရောက်တဲ့ အရေးယူမှုတွေ
လုပ်ပေးမှ အားလုံးက ကျေနပ်နိုင်မှာ ဖြစ်ပါတယ်။

Unknown said...

တောင်းပန်တာနဲကြေနပ်ရမှာလား ဘုန်းကြီးခေါင်းခေါက်ပြီးမှကန်တော့ကန်တော့လာမလုပ်နဲ အခုက နာဇီဟတ်တလာလိုမီးလောင်တိုက်အသွင်းခံရတာမကြေနပ်နိုင်ဘူး တာဝန်ရှိတဲသူရာထူးကဆင်းပေးပါ။

khaingchohan said...

ဘုန်းကြီးခေါင်းခေါက်ပြီးရင် တောင်းပန်လို့ရတယ်လို့ မင်းတို့က ဘယ်သူက သင်ထားတုန်း။ ၂၀၁၃ ရွေးကောက်ပွဲကျရင် ဒီလိုပုံနဲ့ မဲရအုံးမယ်လို့ထင်သေးလား ကြံ့ဖွတ်အစိုးရရေ

iloveukalay said...

အော် အဲ.လိုလုပ်ချင်တာလုပ်ပြီးတော.တောင်းပန်တယ်ဆိုပြီးရောလား ဒါဆိုငါလည်းမင်းတို.ကိုမီးရှို.မယ်လေ ပြီးရင်တောင်းပန်မယ်ကန်တော.ပွဲနဲ.ကိုတောင်းပန်မှာနော်

Unknown said...

ခေါင်းခေါက်လိုက်၊တောင်းပန်လိုက်။

meme said...

မလုပ်ခင်က စဉ်းစာကြပါကွာ
အစိုးရကလုက်ချင်တာလုပ်ပြီးရင်တောင်းပန်ရုံနဲ့ ပြီးရောလား
ပြည်သူတွေမတရားခံနေရတာတွေတောင်းဆိုတာကြတော့ ဖမ်းဆီးထောင်ချတယ်..
တောင်းပန်ရုံနဲ့ ကျေနပ်ရမဲ့ပြသာနာမဟုတ်ပါဘူး
တာဝန်ရှိသူတွေကိုအရေးယူပေးစေချင်တယ်..
အောက်ချေကနေ အထက်ဝန်ကြီးအထိ..အပြစ်ရှိသူတွေကိုထုတ်ဖေါ်ကြေငြာအရေးယူပေးပါ

Powered by Blogger.