ရဲသုံးဦး လူသတ်မှုကျူးလွန်

ရန်ကုန်၊ နိုဝင်ဘာ၃၀။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အောင်ကြွေပြား စက်ရုံရှိ အလုပ်သမား တစ်ဦးအား ယမန်နေ့ ည ကိုးနာရီခန့်တွင် လှော်ကား ရဲစခန်းမှ ရဲသုံးဦးက ရိုက်နှက်သောကြောင့် သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သော ရှေ့နေတစ်ဦးဖြစ်သူ ကိုသူဇော်က မြန်မာ့ခေတ်သို့ ယနေ့ နံနက်တွင် ပြောကြားသည်။

သေဆုံးသူမှာ အောင်ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ အလုပ်အမှုဆောင် ကိုဇေယျာမင်းဖြစ်ပြီး ရိုက်နှက်သူများမှာ
လှော်ကားရဲစခန်းမှ ရဲတပ်သားပြည့်ဖြိုး အပါအ၀င် (၃)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လှော်ကားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အထက်သို့ တင်ပြဦးမည်ဟု ပြော ကြားသည်။

အထက်ပါသတင်းနှင့် ပတ်သက်၍ မြန်မာ့ခေတ် မီဒီယာဂရုမှ ဆက်လက် ဖော်ပြသွားပါမည်။

အောင်သိုက် (မြန်မာ့ခေတ်)


ရဲသုံးဦး လူသတ်မှုကျူးလွန် ရဲသုံးဦး လူသတ်မှုကျူးလွန် Reviewed by သစ်ထူးလွင် on 12:50 Rating: 5

4 comments:

Unknown said...

ရဲ ရဲ့လုပ်ပိုင်ခွင့်ထဲမှာ လူသတ်တာ မပါဘူးထင်တယ်။

win said...

အာဏာအားကိုး အဖွဲ့အစည်းအားကိုးလူးကြီးအားကိုး လူးကြီးကလဲကိုယ့်လူကိုယ်ဖေးမ ပြည်သူကတော့ အနိုင်ကျင့်ခံရတဲ့ ဘက်ကပါဘဲ ဒီပုံစံမျိုးဆိုရင် ဘယ်တော့မှပြည်သူတွေရဲ့ရင်ထဲကအော့ကျောလန်တဲ့စိတ်ဓါတ်တွေပျောက်မှာမဟုတ်ပါဘူး ရဲတပ်ဖွဲ့လဲ ဓါးပြဂိုဏ်းအဆင့်ကတက်လာမှာမဟုတ်ပါဘူးပ

begesic said...

ပညာမဲ့သောလုပ်ရပ် ရပ်တန်းကရပ်

Anonymous said...

မန္တလေးမှာတော့ မယားငယ်ကိုငွေပေးသတ်ခိုင်းတဲ့ မူးယစ်ကဝန်ထမ်းကိုဒီနေ့ဘဲသေဒဏ်အမိန့် ကိုခရိုင် တရားချမှတ် လိုက်ပါပြီ။မမိုက်ကြနဲ့တော့နော်။လိမ်လိမ်မာမာနေကျနော်။ မင်းတို့ အလှည်ရောက်လာမယ်။

Powered by Blogger.