လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၁၀)

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ ပြည်သူ့ ဆေးရုံသို့ လာရောက်တွေ့ဆုံ

လက်ပံတောင်း တောင် သပိတ် စခန်းအား အင်အားသုံး ဖြိုခွင်းစဉ် ဒဏ်ရာရရှိသော ရဟန်း သံဃာများအား ဒေါ်အောင်ဆန်းစုကြည်မှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့သည့် သံဃာတော် တစ်ပါးက မိန့်ကြားသည်။

နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်း တောင် သပိတ် စခန်းအား အင်အားသုံး ဖြိုခွင်းစဉ် ဒဏ်ရာ ရရှိသော ရဟန်း သံဃာများအား ဒေါ်အောင်ဆန်းစုကြည်က မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ လာရောက် တွေ့ဆုံ အားပေး စကားပြောကြား။

သတင်း-ဓါတ်ပုံ ။ Messenger News Journal






လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၁၀) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၁၀) Reviewed by သစ်ထူးလွင် on 09:30 Rating: 5

1 comment:

Ko Ko said...

မြန်မာနိုင်ငံမှာ ဘာပဲလုပ်လုပ် EIA. SIA တို့ မရှိခဲ့ဘူး။ အခုဒီဖြစ်ရပ်ကလဲ ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားရေးထိခိုက်မှု၊ အစိုးရရဲ့ ပွင့်လင်းမှု မရှိတာတွေကစတာပဲ။ တယုတ်တွေကလဲ သူတို့ရဲ့ လူဦးရေ သန်း၁၃၀၀ ကျော်အတွက် ငါတို့နိုင်ငံကို ဘာလို့ ဒီလောက်ယုတ်မာနေတာလဲ။ အိမ်နီးချင်းကောင်းတွေဆိုရင်ဒီလို မဖြစ်သင့်ဘူး။ လုပ်ရက်သူတွေရေ ခင်ဗျားတို့လဲ ၀ဠ်ကြီးတယ်ဗျာ။ နောင်ဘ၀မှာ လူပြန်မဖြစ်ပါစေနဲ့၊ လူပြန်ဖြစ်ရင်လဲ ဘုရားပွင့်တဲ့အချိန်နဲ့လွဲပါစေ။

Powered by Blogger.