ထိုင်းဝန်ကြီးချုပ်ယဉ်လတ် နုတ်ထွက်ရန် ဘန်ကောက်မြိုတွင် စုရုံးဆန္ဒပြ
Browse › Home ›
နိုင်ငံတကာသတင်း
» ထိုင်းဝန်ကြီးချုပ်ယဉ်လတ် နုတ်ထွက်ရန် ဘန်ကောက်မြိုတွင် စုရုံးဆန္ဒပြ
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ယဉ်လတ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် စုရုးဆန္ဒပြမှုများ ဘန်ကောက်မြို့၌ ယနေ့ စတင်ပြုလုပ်ကြသည်။
ဆန္ဒပြပွဲများ ပိုမိုအရှိန်ကောင်း ပြန့်နှံ့လာမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိပြီး ရဲတပ်ဖွဲ့ ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းကြောင်း သိရသည်။
ယနေ့နံနက် ဘန်ကောက်စံတော်ချိန် ၉း၀၀ နာရီအချိန်ခန့်တွင် ဆန္ဒပြသူ ၁၀,၀၀၀ နီးပါး စုရုံးကာ ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်တွင် ရဲတပ်ဖွဲ့ဝင် အများအပြားကိုလည်း အသင့်ချထားသည်။
ကုလသမဂ္ဂရုံး အဆောက်အအုံအနီးမှ အတားအဆီးများကို ဖယ်ရှားရန်ကြိုးပမ်းသော ဆန္ဒပြလူအုပ်အတွင်းသို့ ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ၁၀ ကြိမ်မျှ ပစ်ခတ်ခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ ဆန္ဒပြသူ ဒါဇင်နှင့်ချီ၍ ရဲတပ်ဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။














