The Independence ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ရှင်းလင်းဖြေကြားချက်




တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆက်ဆံရေး မည်သို့ ရှိပါသလဲဟု The Independence ဂျာနယ်မှ မေးမြန်းချက်




ကောင်းပါပြီ။ အဲတော့ တရုတ်နိုင်ငံ ကျွန်တော်တို့ နိုင်ငံတကာလို နယ်နိမိတ်ချင်း ထိပြီးသား ကီလိုမီတာ နှစ်ထောင်လောက် ဒါ ကျွန်တော်တို့ ဆက်စပ်နေပြီး ဖြစ်ပါတယ်။ အဲတော့ ဒီအစိုးရချင်းတင် မကပါဘူး လူလူချင်းလဲ နိစ္စဓူဝ ကျွန်တော်တို့သွားလာ ဆက်ဆံမှုတွေ ကျွန်တော်တို့ ရှိနေပါတယ်။ အဲတော့ ပြောကြမယ်ဆိုလို့ရှိရင်တော့ ဒါ အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံထဲမှာ ရင်းနှီးတဲ့ ကျွန်တော်တို့ အိမ်နီးနားနှစ်နိုင်ငံလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ် ဆိုလို့ရှိရင် ဒီကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ခုနကလို စီးပွားရေးတွေ ကျွန်တော်တို့ ပိတ်ဆို့ ထားတဲ့အချိန် ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို လှည့်ပြီးတော့ မကြည့်တဲ့အချိန် ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို အကူအညီ မပေးတဲ့အချိန်မှာ ကျွန်တော်တို့ကို စာနာပြီးတော့ ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ချေးငွေတွေ ကျွန်တော်တို့ ပေးတာတွေ Grant တွေ ကျွန်တော်တို့ ထုတ်ပေးတာတွေ Loan တွေ ဒါဟာ ကျွန်တော်တို့ တရုတ်နိုင်ငံကပဲ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်ဆိုတာ အားလုံးကျွန်တော်တို့ သိပါတယ်။ နော် ဒါအားလုံး ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။

နောက်တစ်ခုကလည်း ခုနကလို ကျွန်တော်တို့ ဒေသတွင်း ဒေသတွင်းမှာတော့ ထားလိုက်တော့ပေါ့နော် ဒေသတွင်းမှာတော့ ကျွန်တော်တို့ အာဆီယံ +  ၃ အနေနဲ့ပဲ သူကပါတယ်။ နိုင်ငံတကာ နယ်ပယ်မှာ  တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဘက်ကနေ အများကြီးရပ်တည်ပြီးတော့ ထောက်ခံ ပေးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမြဲတမ်း ထောက်ခံပေးနေတယ်။ သူ့ကြည့်တော့ ခုနကလို အခက်အခဲ အကြပ်အတည်း ကြုံတွေ့ လာတဲ့အခါမှာ သူရဲ့ ဗီရို အာဏာကိုပါ သုံးပြီးတော့မှ မြန်မာနိုင်ငံဘက်ကနေ ထောက်ခံပေးတာ အဲတော့ ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာ ဒါ ကျေးဇူးတရား ကျွန်တော်တို့ သိတတ်တဲ့ လူမျိုးကျွန်တော်တို့ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ကျေးဇူးတရား သိတတ်တယ်ဆိုရင်တော့ ဒါတွေဟာ ကျွန်တော်တို့ ကျေးဇူးတင်ရမယ့် ထုံးတမ်းတွေ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူမှ ဆေးဘို့ကြောဘို့ မလုပ်တဲ့အချိန် ဘယ်နိုင်ငံမှ အကူအညီမပေးတဲ့အချိန် ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန် ဘာဖြစ်ဖြစ် ကိုယ့်ကို ကူညီစောင့်ရှောက်ထားတာ တရုတ်မှတင် မဟုတ်ပါဘူး။ လူတိုင်း ဒီကျေးဇူးတရား တွေကို ကျွန်တော်တို့ ဒါ မမေ့ကောင်းပါဘူး။ နောက်တစ်ခုကတော့ ခုနကလို ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့ ရင်းနှီးမြှုပ်နှံချင်လို့ မရပါဘူး။ ဥပဒေတွေ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီမှာ ခုနကလို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆို တစ်အချက်က ကိုယ့် တိုင်းရင်းသားတွေ အကျိုးစီးပွားကို ကျွန်တော်တို့ ဒါ မထိခိုက်စေရပါဘူး။ ကိုယ့် တိုင်းရင်းသားတွေ အကျိုးစီးပွား၊ နောက်တစ်ခါ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ ဒါမထိခိုက်စေရပါဘူး။ အဲတော့ ကျွန်တော်တို့နိုင်ငံက စောစောကပြောသလို တရုတ်ချည်းပဲ ခုနကလို လွှမ်းမိုးသွားတာ။ အမေရိကန် ချည်းပဲ လာပြီးတော့ လွှမ်းမိုးသွားတာ ခုနကလို ဒီကျန်တဲ့ နိုင်ငံတွေပဲ လာပြီးတော့ လွှမ်းမိုးသွားတယ်ဆိုတာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ကိစ္စပါ။ ဒါမျိုးကျွန်တော်တို့ အဖြစ်မခံပါဘူး။ မူဝါဒကလဲ ဒီအတိုင်း ကျွန်တော်တို့ ချမှတ်ပါတယ်။ နောက်တစ်ချက်ကတော့ ခုနကလို အချုပ်အခြာ အာဏာ ၊ အချုပ်အခြာအာဏာကို ကျွန်တော်တို့ ဒါအထိပါး မခံပါဘူး။ အချုပ်အခြာအာဏာနဲ့ ဘာဆိုင်သလဲ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုရင် ဆိုင်ပါတယ်။အဲတော့ ဒီပါတီစုံ ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေးသမားဟာ ခုနကလို စီးပွားရေးသမားနဲ့ သူက ပေါင်းထားရပါတယ်။ ဘာကြောင့်လဲဆိုရင် သူမဲဆွယ်တဲ့အခါမှာ သူငွေလိုမယ်။ ငွေလိုတဲ့အခါမှာ ခုနလို စီးပွားရေးသမားဆီကနေပြီးတော့ ခုနကလို အကူအညီတွေ ရမယ်။ လှူငွေတွေရမယ်။ စသည်အားဖြင့် ဒါတွေကို ရယူရပါမယ်။

ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ပါဘူး။ အမေရိကန်လဲ ဒီအတိုင်းပါပဲ။ ကျန်တဲ့နိုင်ငံတွေလဲ ဒီအတိုင်းပါပဲ။ အဲတော့ ဒီလိုရယူပြီးတော့ ခုနလို မဲဆွယ်မယ်။ မဲဆွယ်တဲ့အခါ ရွေးကောက်ပွဲဝင်မယ်။ ဝင်တဲ့အခါမှာ ခုနကလို ဒီပါတီ အနိုင်ရတယ်။ ဒီပါတီအနိုင်ရတဲ့အတွက်ကြောင့် ခုနကလို အစိုးရဖွဲ့တယ်။ အစိုးရဖွဲ့တဲ့အခါမှာ ပြန်ပြီးတော့ ခုနကလို စောစောက ရယူထားတဲ့ စီးပွားရေးသမားကို သူက အခွင့်အလမ်းတွေ ပေးရပါမယ်။ အဲတော့ ဒီလို အခွင့်အလမ်းတွေ ပေးရင်းပေးရင်းနဲ့ စီးပွားရေးသမားက နိုင်ငံရေးသမားရဲ့ အပေါ်မှာ လွှမ်းမိုးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လာပြီးတော့ ခုနကလို ထိပါးနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ခုနကလို လာရောက်ပြီးတော့ ထိပါး နိုင်တာမျိုး ဒါတွေ ကျွန်တော်တို့ မဖြစ်စေရပါဘူး။ နောက်တစ်ခု ကတော့ ကျွန်တော်တို့ သဘာဝအရင်းအမြစ်တွေ နဲ့ သဘာဝ သယံဇာတတွေ သဘာဝ ပတ်ဝန်းကျင်တွေ အဲတော့ ဒါတွေက သားစဉ်မြေးဆက်ပါ ထုတ်ယူသုံးစွဲဘို့ အတွက် ကျွန်တော်တို့စဉ်စားပြီးတော့ ကျွန်တော်တို့ လုပ်သွားရမဲ့ဟာတွေ ဖြစ်ပါတယ်။ ရတိုင်း ခုနကလို အကုန်ထုတ်ပြီးတော့ သုံးလို့ ကျွန်တော်တို့ မဖြစ်ပါဘူး။ သားစဉ်မြေးဆက် အတွက်ပါ ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်ပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် သူရင်းနှီး မြှုပ်နှံချင်တိုင်း ရင်းနှီးမြှုပ်နှံလို့ ကျွန်တော်တို့ မရပါဘူး။ ဟုတ်လား ပါးစပ်နဲ့ ပြောပြီးတော့ ငါတော့ ဒီအလုပ် လာလုပ်မယ်ဆိုလို့ မရပါဘူး။ သေချာလုပ် ခုနက Proposal တင်ရတယ်။

ဒါတာ့ ရင်းနှီးမြှုပ်နှံလို့ ကောင်း၏ မကောင်း၏ ဒါကတော့ ကျွန်တော်တို့သူ့ဘက် ကိုယ်ဘက် နစ်နာဆုံးရှုံးမှုတွေ မပါလားပါလား ဒါတွေ ကျွန်တော်တို့ကြည့်ပါတယ်။ ဥပဒေ ရှုဒေါင့်ကနေ ကြည့်ရပါတယ်။ ဥပဒေ အကြံပေးတွေနဲ့ကြည့်ရပါတယ်။ ပြီးတော့မှသာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆိုတဲ့ ဒီကိစ္စမျိုးကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ ဒီလောက်ပဲ ကျွန်တော် ဖြေချင်ပါတယ်။
 
by Hmuu Zaw  (Facebook)
The Independence ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ရှင်းလင်းဖြေကြားချက် The Independence ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ရှင်းလင်းဖြေကြားချက် Reviewed by သစ်ထူးလွင် on 19:38 Rating: 5

5 comments:

shwe man thar said...

ကောင်းပါတယ်ဗျာ။ အခုတော့ တကမ္ဘာလုံးနဲ့  နိုင်း၇ှင်ပြီး

တကယ်အကျိုး၇ှိမဲ့လူကိုေ၇ွးပေါင်း၇တော့ မှာပေါ့။ ပိတ်ဆို့

ခံထား၇တုန်းကလက်ဝါးကြီးအုပ်အမြတ်ထုတ်ခဲ့တဲ့လူမျိုး

တွေလဲအခြားနိုင်ငံတွေနဲ့ ၇ှင်ပြိုင်လုပ်ပေါ့။ အကောင်းဆုံး

လူ၊ အကောင်းဆုံးဈေးကွက်ကိုမှကျုပ်တို့ ၇ဲ့ အကောင်း

ဆုံးသယံစာတတွေေ၇ာင်းမယ်လေ။ တ၇ုတ်၇ဲ့ကျေးဇူးက

တော့ သေတောင်မမေ့ ပါဘူး။သူဝင်အမြတ်ထုတ်သွား

တာတွေနဲ့ ကိုကြေလောက်ပါပြီ။ ၇ှဲ ၇ှဲ နီ ပါဘဲ။

Khant Zaw Hein said...

လူနဲစုပဲကျေးဇူးတင်တယ်လို့ပြောပါ၊ပြည်သူသန်6း0
လောက်ကျေးဇူးတင်တာမဟုတ်နိင်ပါဗျာ၊တရုတ်လုပ်တာဟာသူ့စီးပွါးရေးကြောင့်ပါ၊ကျေးဇူးတင်တာပြည်သူတွေဆွဲမထည့်သင့်ပါ၊နစ်၂၀အတွင်းတရုတ်ကပြည်သူတွေကိုပညာရေး၊ကျန်းမာရေးကောင်းအောင်လုပ်ပေးခဲ့လို့လား၊ကျန်းမာရေးဆိုးအောင်ပဲလုပ်ခဲ့တာဗျ၊မယ်လမင်းပါတဲ့နိ့မှုန့်တွေဆေးဝါးတွေအရည်အသွးကညံ့
လူတွေကျှန်းမာရေးထိခိုက်၊မြန်မာပြည်ကကျောက်စိမ်း၊ကျွန်းအကောင်းစားတွေယူသွားတာကျေးဇူးတင်ရအုန်းမလားဗျာ၊ကျွန်တော်လဲမြန်မာပြည်ဖွါးတရုတ်လူမျိုးပါ၊ဒါပေမဲ့မျက်ကန်းမျီုးချစ်တော့မဟုတ်ပါ

kwei said...

ဟဟ
သွားလေသူ စစ်အစိုးရက ကျေးဇူးတင်ရမှာလေ
ပြည်သူတွေက ကျေးဇူးတင်ရဦးမှာလား
သမ္မတကြီးရယ်
အေးလေ သူလဲပဲ ဒီပုတ်ထဲကပဲဟာ

ရာရာ said...

သမ္မတကြီးပြောခဲ့သလို အားလုံးက ဆေးဖေါ်ကြောဖက်မလုပ်ချင်ကြတဲ့အချိန်အခါ ဆိုတာက ဘာ့ကြောင့် ဆေးဖေါ်ကြောဖက်မလုပ်တာလဲဆိုတဲ့ မေးခွန်းရှိလာပါမယ်။ နောက်တစ်ခုထပ်ပေါ်လာတဲ့မေးခွန်းက ဘာ့ကြောင့် ပေါက်ဖေါ်ကြီးတို့က ဆေးဖေါ်ကြောဖက်လုပ်ရပါသလဲ ဆိုတာပါပဲ။ ပြည်သူတွေကို မတရားဖိနှိပ်ချူပ်ချယ်ပြီး လက်နက်အားကိုးနဲ့ ဗိုလ်ကျနေတဲ့ အစိုးရကိုတော့ လူ့အခွင့်အရေးကိုလေးစားတဲ့ဘယ်အစိုးရကမှလူရာသွင်းပြီး ဆက်ဆံနေမှာမဟုတ်ပါဘူး။ ပေါက်ဖေါ်ကြီးတို့က အကူအညီပေးတယ်ဆိုတာကလည်း မဟာဂရုဏာတော်ထားပြီး ကူညီတယ်လို့ သမ္မတကြီးကိုတိုင် ထင်မယ်မဟုတ်ပါဘူး..။ သူတို့အကူအညီတွေနဲ့ဘာတွေများ တိုးတက်ပြောင်းလွဲမှုတွေရှိခဲ့ပါသလဲခင်ဗျား။ ကီလိုမီတာနှစ်ထောင်လောက်နယ်စပ်ခြင်းဆက်နေတဲ့ ပေါက်ဖေါ်များအတွက်မြန်မာနိုင်ငံဟာ တစ်ကယ့် ကွန်ချက်ကြီးပါ။ မြန်မာနိုင်ငံဆင်းရဲနေသ၍ သူတို့ဆီက အရည်အသွေးမရှိတဲ့ ပို့ကုန်တွေနဲ့ အဆင်ပြေ အိုခေနေခဲ့ပါတယ်။ မြန်မာနိုင်ငံ ဆင်းရဲလေလေ၊ပစ္စည်းကောင်းကောင်းမသုံးနိုင်လေလေ၊ သူတို့ရဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေ လှိမ့်သွင်းပြီး အဆင်ပြေနေလေပါပဲ။ ဒါ့ကြောင့် သူတို့ဆီက ချေးငွေဆိုတာဟာ သမ္မတကြီး မိန့်ကြားသွားတဲ့ ကျွန်တော်တို့ကို စာနာပြီးတော့ ချေးတယ်ဆိုတဲ့ စကားကို သံသယဖြစ်မိပါတယ်။ ညာဖက်က တစ်လှည်းယူဖို့ ဘယ်ဖက်က တစ်ဆုပ်ကြဲပေးလိုက်ခြင်းသက်သက်ပါပဲ။ ဒါကို သမ္မတကြီးက အလွန်ကျေးဇူးတင်နေချင်တယ်ဆိုရင်လည်း တင်နိုင်ပါတယ်။ သူတို့ချေးငွေတွေအတွက်နဲ့ ကျွန်တော်တို့ပြည်သူတွေ ဘာမှအကျိုးခံစားမှုမရှိခဲ့တဲ့အတွက် ကျွန်တော်တို့ပြည်သူတွေကတော့ ဘယ်လိုမှကျေးဇူးမတင်နိုင်ပါဘူး။ ပြည်သူတွေနဲ့ ပေါက်ဖေါ်တွေကြားမှာလည်းဘာမှ ကျေးဇူးခံကျေးဇူးစားမရှိပါဘူး လို့ပဲ ပြောခွင့်ပြုပါခင်ဗျား။

Unknown said...

ဘယ်နိုင်ငံကမှ ဆေးဖေါ်ကြောဖက်မလုပ်တဲ့အခါမှာ၊ အပိုင်ပဲဆိုပြီး လုပ်သွားတာ၊ အဲဒီတုန်းက တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားသွားတဲ့သူတွေအများကြီး၊ သူ့ကြီးတော် ပိုင်တဲ့နို်င်ငံမို့လို့လား.....

Powered by Blogger.