Myanmar Post ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ဖြေကြားချက်




နိုင်ငံတော်သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal မှ မေးမြန်းချက်။ 



သမ္မတလစာဘယ်လောက်ရလဲ မေးရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိန်းငါးဆယ် ရပါတယ်။ ကျွန်တော်သာ သိန်းငါးဆယ်ယူလိုက်ရင်တော့ ဒီနေ့ယူ မနက်ဖြန် ပြုတ်မယ် နဲ့တူတယ် ကြည့်ရတာ။ တိုင်းပြည်က ဒီလောက် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ အခါမှ ကျွန်တော်ဘယ်လိုလုပ် ယူရက်မလဲ။ အရင် နယက အစိုးရလက်ထက် ပေးနေတဲ့ လစာတွေ ရှိပါတယ်။ နိုင်ငံအကြီးအကဲက ကျွန်တော်ထင်တယ် ဆယ့်ငါးသိန်း ထင်တယ်။ ဆယ့်ငါးသိန်းပါပဲ။ ဆယ့်ငါးသိန်းနဲ့ သိန်းငါးဆယ်ဆိုရင် အင်မတန်မှ ကွာပါတယ်။ အဲဒီတော့ ဒါဆိုရင်ရပါပြီ ဟုတ်လား။

ကျွန်တော်ထင်ပါတယ် ကျွန်တော်ရတဲ့ ဆယ့်ငါးသိန်းက ကုမ္ပဏီတွေမှာ လုပ်နေတဲ့ လူလောက်တောင် မများဘူးမဟုတ်လား။ ဟုတ်တယ်မလား။

by Hmuu Zaw  (Facebook)
Myanmar Post ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ဖြေကြားချက် Myanmar Post ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ဖြေကြားချက် Reviewed by သစ်ထူးလွင် on 19:41 Rating: 5

10 comments:

tartee said...

သမ္မတကြီးနောက်မှာကျနော်တို့ ရှိနေပါတယ်

tartee said...

သမ္မတကြီးနောက်မှာကျနော်တို့ ရှိနေပါတယ်

pyilone said...

သမ္မတကြီးကိုပြောတာတော့မဟုတ်ပါဘူး။တစ်ချို့က တော့လစာကိုမမက်ပါ ဘူး။လစာကတစ်လတစ်ခါဆိုတော့နဲတယ်လေ။တစ်ဘဝစာ တစ်သက်စာ ဆယ်သက်စာမှကြိုက်ကြတယ်။ဒါကြောင့်မို့ ပိုင် ဆိုင် မှုတွေကိုချမပြရဲ။မ ကြေငြာရဲတာပေါ့။ကိုယ့်အ ကြောင်းကိုယ်သိကြတယ်နော်။ငြင်းရင်နူတတ်တယ်နော်ဟုတ်။

shwe man thar said...

သိန်း၅၀လဲယူပါ။ ဘာမှမပြောပါဘူး။ကျွန်တော်တို့ ကိုသာ

လမ်းကြောင်းမှန်ပေါ်သွားနိုင်အောင်သီးခံကူညီပေးပါ။

တကယ်သာသမ္မတကြီးစောင့်ေ၇ှာက်ကူညီပေးမယ်ဆို၇င်

ကျွန်တော်တို့ငတ်ပြတ်နေ၇င်လဲဒီသိန်း၅၀ လောက်က

သမ္မတကြီးယူနေ၇တဲ့ တာဝန်နဲ့စာ၇င်မပြောပလောက်ပါ။

အခုဆင်း၇ဲနေပေမဲ့လမ်းကြောင်းမှန်ပေါ်မှာသွားနေ၇လို့

တချိန်မှာကောင်းလာမယ်ဆိုပြီမျှေ်လင့် နေ၇တာကိုက

လောလောဆယ်အားလုံးနေပျေ်နေပါပြီ။

မြတ်ဖုန်းမို said...

သမ္မတ တစ်ယောက်ရဲ့ပြောစကားမှာ ဆယ့်ငါးသိန်းထင်တယ်၊ ဆယ့်ငါးသိန်းပါပဲ၊ ဒါဆိုရင်ရပါပြီ ဟုတ်တယ်မဟုတ်လား... ဆိုတာက သူ့ ရဲ့လစာကို မေးတဲ့ သူကို မကျေနပ်နေသလိုပဲ....
ဆယ့်ငါးသိန်းက ကုမ္မဏီလုပ်တဲ့လူလောက်မများဘူး.... ဆိုတာကလဲ လူကြီးတစ်ယောက်အနေနဲ့ ဆိုရင် နည်းနည်း နိမ့်တဲ့စကားတွေဖြစ်နေတယ်နော်။
စာတွေထဲမှာ ဖတ်နေရတာတော့ သမ္မတကြီးလက်ထက်မှာ အများကြီးပြောင်းလဲနေတယ်တဲ့။
မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

saw 00 said...

၁၅သိန်းနဲ့တကယ် လောက်ငှလို့လား

Unknown said...

( သိန်း၅၀လဲယူပါ။ ဘာမှမပြောပါဘူး။ကျွန်တော်တို့ ကိုသာ
လမ်းကြောင်းမှန်ပေါ်သွားနိုင်အောင်သီးခံကူညီပေးပါ။
တကယ်သာသမ္မတကြီးစောင့်ရှောက်ကူညီပေးမယ်ဆိုရင်
ကျွန်တော်တို့ငတ်ပြတ်နေရင်လဲဒီသိန်း၅၀ လောက်က
သမ္မတကြီးယူနေ၇တဲ့ တာဝန်နဲ့စာရင်မပြောပလောက်ပါ။
အခုဆင်းရဲနေပေမယ့် လမ်းကြောင်းမှန်ပေါ်မှာသွားနေရလို့
တချိန်မှာ ကောင်းလာမယ်ဆိုပြီမျှော်လင့် နေရတာကိုက
လောလောဆယ်အားလုံးနေပျော်နေပါပြီ။ ) မှန်လိုက်လေ။

ဖိုးဖိုးကြီး said...

မြန်မာပို့ဂျာနယ်သတင်းထောက်အနေနဲ့သမ္မတကြီး၏လစာကိုမမေးထိုက်ပါဘူး။သမ္မတကြီး၏လစာဘယ်လောက်ရရ၊မိမိနှင့်လည်းမသက်ဆိုင်ဘူး/ပြည်သူတွေနဲ့လည်းမသက်ဆိုင်ဘူး။သက်ဆိုင်တာကရှေ့ရှောက်ဒီမိုကရေစီစံနစ်အကြောင်းနှင့်အခြားနိုင်ငံရေးအကြောင်းတွေမေးစရာအများကြီးရှိပါတယ်။
သမ္မတကြီး၏ကိုယ်ရေးကိုယ်တာကိစ္စတွေကိုမေးမြန်းဖို့အတွက်၊သမ္မတကြီးကဖိတ်ခေါ်တာမဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပတ်သက်သည့်ကိစ္စမျိုးသာမေးထိုက်ပါတယ်။မြန်မာပို့ဂျာနယ်လစ်၏အယ်ဒီတာအနေနဲ့ကလည်းဒီလိုနိုင်ငံတော်သမ္မတ၏အင်တာဗျူးမှာမကျွမ်းကျင်သောသတင်းထောက်တွေကိုမလွှတ်သင့်ပါ။
အရေးကြီးသောမေးခွန်းနှင့်မသက်ဆိုင်သောမေးခွန်းဆိုတာရှိပါတယ်။တန်ဖိုး
ရှိသောမေးခွန်းကိုမေးမှပြည်သူတွေကိုသိအောင်ဖေါ်ပြပေးနိုင်မှာပေါ့။သမ္မတ
လစာမေးတော့ဘာအကျိုးရှိမှာလဲ။အရေးကြီးတဲ့နိုင်ငံရေးကိုမေးသင့်ပါတယ်။
တော်သေးတာပေါ့၊လစာတစ်ခုဘဲကိုမေးလို့။သမ္မတကြီးနေ့စဉ်ဘာဟင်းနဲ့
ထမင်းစားလဲ/ရေဘယ်နှစ်ခါသောက်လဲ/ရုံးဘယ်နှစ်ကြိမ်တက်လဲ/ဘယ်အ
ချိန်အိပ်လဲ စသည်ဖြင့်ပေါက်ကရတွေထပ်မမေးလို့တော်ပါသေးတယ်။ဒါကို
ပြည်သူတစ်ဦးတစ်ယောက်အနေနှင့်မြင်တာကိုတင်ပြတာပါ။မြန်မာပို့ဂျာနယ်
ကိုစော်ကားခြင်းမဟုတ်ပါ။သတင်းထောက်၏ညံ့ဖျင်းသောအတွေးအခေါ်ကို
ထောက်ပြခြင်းသာဖြစ်ပါတယ်။အခုဖေါ်ပြသည့်အထဲမှာမြန်မာပို့ဂျာနယ်အ
ပေါ်ပြစ်မှားပြောဆိုမှု့ဖြစ်သွားသည့်စကားအသုံးအနှုန်းများပါခဲ့ပါလျှင်ကြိုတင်
တောင်းပန်အပ်ပါသည်။သတင်းထောက်ကောင်းတစ်ယောက်မြန်မာပို့ဂျာနယ်
မှာရှိစေလိုသောဆန္ဒသာဖြစ်ပါသည်။

Unknown said...

ဖိုးဖိုးကြီးပြောတာမှန်တယ်။ လစာမေးပြီးဘာလုပ်မှာလဲ။ အရည်မရ အဖတ်မရ။

Unknown said...

အကောင်းမြင်ဝါဒထားသင့်ပါတယ်။ သူယူတဲ့လစာကိုမေးတဲ့သူကရော ဘာလုပ်စရာ ရှိလို့လဲ။ ကုမ္ပဏီမှာလုပ်တဲ့လူလောက်မရဘူးဆိုတာလဲဟုတ်နေတာဘဲ။ အဲဒီစကားက လူကြီတွေပြောရင် ဘာလို့နိမ့်သွားတာလဲ။ စာတွေဘဲဖတ်မနေပါနဲ့ ပြည်တွင်းပြည်ပက သတင်းတွေလဲကြည့်ပေါ့။ ကိုယ်ချင်းစာနိုင်ပါစေ။

Powered by Blogger.