Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ Reviewed by သစ်ထူးလွင် on 19:46 Rating: 5

63 comments:

hntruelove said...

အော် အေး မင်းကတော့ ထုတ်ဖော်လိုက်ပြီပေါ့ ဟုတ်လား
နဲနဲလေးတော့ နာလည်ပေးစေချင်တာကွာ မင်းတို့ သတင်းသမားတွေ

Maymyochit said...

သမ္မတကြီးမျက်ရည်ကျရတဲ့အထိ ဖိအားပေးမေးတာမျိုးတော့မလုပ်သင့်ပါဘူး
သတိထားဆင်ခြင်ကြပါအုံး။

Unknown said...

စိတ်မကောင်းစရာပဲ။ ကျွန်တော်တို့ကိုရှေ့ဆောင်ရမယ့်သူ ကိုယ်၌ကိုက နှောင်ကြိုးတွေတန်းလန်းနဲ့ မလွတ်မြောက်နိုင်သူတစ်ရောက်ဖြစ်နေပုံပါပဲ

Unknown said...

ငါတို့နိုင်ငံသမ္မတကအလုပ်တကယ်လုပ်ပါတယ်
မေးနေတဲ့လူတွေကတိုင်းပြည်အတွက်ဘာလုပ်ပြီးပြီလဲ
ကိုယ်မေးတဲ့မေးခွန်းအတွက်ဘာတာဝန်တွေယူထားလဲ
ဂျာနယ်လစ်ဆိုတာနိုင်ငံမှာအများကြီးပါ
သမ္မတကတစ်ယောက်တည်း
ကောင်းတာလုပ်ရင်ရောမြင်တတ်တဲ့ကြလား
နိုင်ငံလိုက်ကိုကအကောင်းမမြင်တတ်တဲ့လူမျိုးတွေစုနေတာ
မျက်ရည်ကျတာတောင်နည်းသေး

Aung Phone said...

မပြောခိုင်း ၊ သတင်းမလွှင့် ခိုင်းဘူးလဲ ပြောသေးတယ်....အင်တာနက်ပေါ်တင်မှ တော့ သိကုန်ပီပေါ့။။

said...

ဖြည်းဖြည်းလုပ်ကြပါ။ သန်း၆၀ရဲ့ ဆန္ဒကို တစ်ထိုင်တည်းနဲ့ တော့ ဖြည့်ဆည်းဖို့ ရန်ခက်တယ်။

Unknown said...

တကယ်..စိတ်မကောင်းစရာပဲလေ..။

my love said...

သမ္မတတစ်ယောက်ဖြစ်နေပြီး ဒီလောက်ကလေးတောင် ခံနိုင်ရည်မရှိဘူးလား ပြည်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုတောင် သမ္မတကို မမေးရဲအောင်ပါလား၊ အဲဒီ့လောက်အရည်အချင်း ခံနိုင်ရည် မရှိရင်လည်း သမ္မတလုပ်မနေပါနဲ့ဗျာ

ဖိုးသားလေး said...

မီဒီယာတွေက တဖက်သက် အမြင်နဲ့ မကြည့်ဖို့လို အပ်ပါလိမ့်မယ်။ အလျှော့ပေးထားပြီဆိုပေမဲ့ အလိုက်သိဖို့လိုအပ်ပါတယ်

Unknown said...

ဘေးကျပ်နံကျပ်ဖြစ်စေမယ့်။ on the sport ဖြေလို့မဖြစ်နိုင်မယ့် မေးခွန်းမျိုးတွေ ထိမ်းထိမ်းသိမ်းသိမ်းမေးစေချင်ပါတယ်

shwe man thar said...

ဒါဆို၇င်တော့သေခြာပြီ။ နောက်ကွယ်ကဘယ်သူုပြသနာ

၇ှာနေလဲမသိဘူး။ကြံ့ဖွတ်အစည်းအဝေးတက်ပြီးကတည်း

ကဒို့ သမ္မတနဲနဲတွေဝေလာတယ်။

အာသေ၀နာစဘာလာနံတဲ့ သမ္မတကြီးေ၇။ သတိထား။

ပြည်သူ့ချင်ဖတ်အုပ်စုကိုမလွဲသာလို့ဆက်သွယ်၇၇င်လဲ

မေးထူးခေါ် ပြောဘဲထားပါ။ ပြည်သူကတကယ်ကြည်ဖြူ

လို့ ပေးတဲ့မေတ္တာကိုသမ္မတကြီးနားလည်ပြီဘဲဗျာ။

ပြည်သူအားလုံး၇ဲ့ မျက်နှာကိုငဲ့ကွက်ပြီး၇ဲ၇ဲ၇င်ဆိုင်ပါ။

petriot said...

ဒီလိုကိစ္စကိုသမ္မတကြီးရဲ့ သိက္ခာကိုထောက်ပြီး ဘယ်သတင်းဌာနကမှမဖေါ်ပြသင့် ပါဘူး။ နှစ်ပေါင်း၅၀လောက်ပျက်စီးလာခဲ့တဲနိုင်ငံကိုပြန်ပြီးခေါင်းမော့လာအောင်အဓိကကူညီဆောင်ရွက်ခဲ့တဲ့သူဟာသူပါပဲ။ဘယ်သူတွေဘာပြောပြော ကျနော်သမ္မတကြီးကိုယုံကြည်တယ် ထောက်ခံတယ်။I think he deserves the highest novel prize.Do you?

nanda khit said...

မခံရပ်နိုင်တဲ့မေးခွန်း ဖြစ်သွားလို့ထင်ပါတယ် တော်တော်ချုပ်တီးထားရပုံပဲ who am i? ဆိုပြီးစဉ်းစားမိသွားလို့လား သို့လောသို့လော....

aungkokoko8@gmail.com said...

အလွန်အဖိုးတန်တဲ့မျက်ရည်ပဲမြေကြီးပေါ်မကျစေနဲ့နော်ဇာတ်မတိုက်ထားတဲ့မေးခွန်းမျိုးတွေမမေးသင့်ဘူးထင်တယ်မေးခွန်းတွေကိုစိတ်ထဲတကယ်စဉ်းစားပြီးဖြေကြည့်ဖို့ကြိုးစားတာထင်တယ်လုပ်လေ့လုပ်ထမရှိတတ်တဲ့ကိစ္စတွေဆိုတော့အခက်ခဲတွေ့ရတတ်ပါတယ်

Test said...

ချွေးသုတ်တာနေမှာပါဗျာ.... ဘာမှ မျက်ရည်ကျစရာ အကြောင်းမရှိဘူး.... Media သမားလား တားထားလို့ ရမှာ .... သတင်းမှန်သာ ဖေါ်ပြပေးစေချင်ပါတယ်

ဒဏ္ဏာရီထဲကမင်းသားငယ် said...

မိတ်ဆွေကိုတစ်သက်လုံး နိုင် စားလာတဲ့ အထက်အရာရှိဟာ အခုအချိန်မှာ အာဏာရော၊ လုပ်ပိုင် ခွင့်တွေရော ရှိနေ၊ ကြိုးတွေကို ကိုင်နေနိုင်သေးတယ် ဆိုပါစို့။ မိတ်ဆွေကို သူလုပ်ခဲ့တဲ့ကစ္စတွေကို ဘာလို့ မှားပါတယ်လို့ မပြော ရတာလဲ။ အမှန်ကို ဖော်ထုတ်ပါလား ပြောလာရင်ရော ဘယ်လိုဖြေမလဲ။ လူတိုင်းဟာ ကိုယ့်အသက်၊ ကိုယ့်အာဏာ ကိုမြတ်နိုးတဲ့သူတွေချည်းပါပဲ။ ဘေးကြပ်နံကြပ် ကြုံရင် ဒုက္ခရောက်တာပဲ။ ဒီမိုက ရေစီဆိုတာ အခုမှမြေကြီးထဲ အမြစ်တွယ်တာတောင် မခိုင်သေးဘူး။ ဘုရားမပွင့်ခင် အပင်ပေါက် ရင် ကံကောင်းမယ်။

Unknown said...

သမ္မတကြီး နောက်ကွယ်ကအခက်အခဲတွေ ကိုတော့မသိဘူး ဒီသတင်းဖတ်ပြီး ရင်ထဲမှာ အရမ်းစိတ်မကောင်း ဖြစ်မိတယ် အစိုးရခေါင်းဆောင်တယောက် အတွက်ဒီလိုခံစားရတာ ဒါပထမဆုံးပဲ သိရသလောက် ငွေကြေးပိုင်ဆိုင်မှုမှာလည်း တခြားဗိုလ်ချုပ်တွေထက် အများကြီးနိမ့်ကျတယ် တပ်မတော်သားအားလုံးကလည်း ချစ်ခင်လေးစားကြတယ် ပြည်သူတွေကလည်းချစ်ခင်လေးစားလာကြတယ် ဒေါ်စုလိုပုဂ္ဂိုလ်မျိုးတောင် သမ္မတကြီးကို လေးစားခင်မင်တဲ့စိတ်တွေ ပြောင်းသွားတာ သိသာပါတယ် စိတ်ကောင်းရှိတဲ့သူကို စိတ်မကောင်းစရာတွေ မကြုံစေချင်ပါဘူး မိဘရဲ့အခက်အခဲကိုမသိပဲ သားသမီးတွေက လိုချင်တာပူဆာကြတဲ့အခါ ဘယ်လိုဖြည့်ဆည်းပေးရမှန်းမသိလို့ စိတ်ဆင်းရဲရတဲ့ မိဘတယောက်လို့ပဲယူဆပါတယ်ဗျာ။

nyuntzawaung said...

ငါ့မိဘ ကိုမျက်ရည်ကျစေတဲ့ သူတွေ မင်းတို့သတင်းသမားတွေကရော နိုင်ငံ့အတွက်ဘာတွေလုပ်နေလို့လဲ? ဘာတွေလုပ်ခဲ့လို့လဲ?လာတွေလုပ်မှာလဲ?

Unknown said...

နိုင်ငံတော်သမ္မတကိုမေးတာကလည်းတရာခံမေးနည်းကားမေးနေတယ် မဖြစ်သင့်ပါဘူး

myanaunghnin said...

ငါတို့ သမ္မတကြီး သနားပါတယ် အသက်လဲကြီးနေပါပီ မိဘကို စိတ်ချမ်းသာအောင်ထားကျပါ မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်တဲ့ ဦးသန်းရွှေလို ဘုရင်မျိုးနဲ့ ပြန်တွေ့ချင်ကျလို့လား...

Unknown said...

ပြုပြင်ပြောင်းလဲရေးမလုပ်ပဲ ဦးသန်းရွှေလိုသာ ဆက်အုပ်ချုပ်နေလိုက်ရင် သာသာယာယာပဲ Billioner ကြီးတောင်ဖြစ်အုံးမယ် ဒီလိုမေးရဲတဲ့လူလည်းမရှိဘူး ရေးရဲတဲ့လူလည်းမရှိဘူး ကျနော်တောင်အရင်က ကိုယ့်နိုင်ငံကိုတော်တော်ချစ်တယ် အခုမချစ်တော့ဘူး စိတ်ကုန်သွားပြီ

min min said...

အခွင့်ရေးရတိုင်း ရတဲ့အခွင့်ရေးကို အပြည့်ဝအသုံးမချပါနဲ့ သတင်းသမားတို့ရေ... ငါတို့သမ္မတကြီး အသက်ကြီးနေပြီကွ... ငါတို့မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွဲရင် သူ့လောက်တိုင်းပြည်အပေါ် စေတနာထားပြီး လုပ်တတ်တဲ့သူဘယ်သူရှိလဲ...။ ဒါကြောင့် သူ့ကိုသိပ်ပြီး စိတ်ဆင်းရဲမပေးကြပါနဲ...။
တိုင်းပြည်ထူထောင်တယ်ဆိုတာ ဆယ်စုနှစ်တစ်ခုလောက်ကြာမှသိသာတာကွ... အခုလောလောဆယ်တော့ အခက်ခဲတွေရှိမှာပေါ့ ဒါကိုသတင်းသမားတွေနားလည်ထားစေချင်ပါတယ်။ မင်းတို့သတင်းသမားတွေ စစ်အစိုးရနဲ့ပဲတန်ပါတယ်....။

aung kyaw zawe said...

စိတ်ထဲတော့မကောင်းပါဘူး ပြည်သူတွေအတွက်ဝမ်းနည်းလို့လား
မေးခွန်က ဘာအတွက်ကြောင့်စိတ်ထိခိုက်တယ်ဆိုတာ မသိရပေမယ့်
ကိုယ့်ကျွန်ဘ၀က ကယ်တင်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်
နိုင်ငံတော်အတွက် စိတ်မကောင်းလို့ကျတယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအနေနဲ့စိတ်ကောင်းမှာတော့ မဟုတ်ပါ
ဘူးပြည်သူဘက်မှ သမတ္တကြီးရှိသလို
သမတ္တကြီးဘက်မှာလဲပြည်သူတွေရှိပါတယ် ရဲရဲဝင့်ဝင့် ရင်ဆိုင်လိုက်ပါ

နေထွန်းကျော် said...

မြန်မာလူမျိုးများအားလုံး.....ကိုယ့်ကိုကိုယ် တာဝန်ယူစိတ်တွေ ပိုရှိလာစေချင်ပါတယ်။

အာရက္ခနွယ်ဖွားရခိုင်သား said...

မျက်ရည်ကျအောင်ထိတော့မလုပ်သင့်ဘူထင်တယ်

အာရက္ခနွယ်ဖွားရခိုင်သား said...

သမ္မတကြီးမျက်ရည်ကျအောင်ထိတော့မမေးသင့်ဘူးထင်တယ်ဗျာ

Anonymous said...

သစ်ထူးလွင် အနေနဲ့ဒီကိစ္စကို ပြန်ဖြေရှင်းသင့်တယ်.. မဟုတ်မမှန်ဆိုရင်တောင်းပန်ပြီး ဟုတ်တယ်ဆိုရင်လဲသေချာဖြေရှင်းပါ...
မီဒီယာကျင့်ဝတ်ကိုလေးစားမှပေါ့...

http://www.facebook.com/hmuu.zaw.forum

အာရက္ခနွယ်ဖွားရခိုင်သား said...

သမ္မတကြီးမျက်ရည်ကျအောင်ထိတော့မလုပ်သင့်ဘူးထင်တယ်

myohtwe said...

ကိုယ်ချင်းစာ ပေးကြပါ.... ခင်ဗျားတို့ ၁၀ တန်းစာမေးပွဲဖြေတော့ ကိုယ်မသိတဲ့ မေးခွန်းကိုတွေ့ရင် ဘယ်လိုနေသလဲ....အခုကိစ္စက တစ်နိုင်ငံလုံးအတွက် လုပ်နေရတာနော်၊ လုပ်ရတဲ့ အချိန်ကလဲ ဘာမှ ရှိသေးတာမဟုတ်ပါဘူး.... အချိန်တွေကို စောင့်ကြည့်ပေးကြပါဗျာ...

အာရက္ခနွယ်ဖွားရခိုင်သား said...

သမ္မတကြီးမျက်ရည်ကျအောင်တော့မလုပ်ကြပါနဲ့

အာရက္ခနွယ်ဖွားရခိုင်သား said...

ဒါမျိုးတော့မလုပ်ကြပါနဲ့

myohtwe said...

ကိုယ်ချင်းစာစိတ်မွေးကြပါဗျာ... ခင်ဗျားတို့ ၁၀ တန်းဖြေတုန်းက ကိုယ်မရတဲ့ မေးခွန်းတွေ့ရင် ဘယ်လိုနေလဲ...
အခုကိစ္စက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ... တစ်ဦးတစ်ယောက်ထဲ လုပ်လို့ ပြီးတဲ့ ကိစ္စ မဟုတ်ပါဘူး၊ အားလုံးက စည်းလု့းညီညွတ်စွာ ၀ိုင်းဝန်း အကောင်အထည်ဖော်ကြရမှာဖြစ်ပါတယ်.... ဆောင်ရွက်ရတဲ့ အချိန် နည်းပါသေးတယ်။ အချိန်ပေးပြီး စောင့်ကြည့်ပေးကြပါဗျာ..

Unknown said...

သမ္မတကြီးကို ဘေးကျပ်နံကျပ်မလုပ်ကြပါနဲ့၊ နားလည်ပေးပါ၊ တချို့ကိစ္စတွေက ပြောလို့မဖြစ်တာတွေရှိတယ်၊ ကြံ့ဖွတ်ထဲမှာလဲ နောက်ကြောင်းပြန်လည်မဲ့သူတွေရှိနေတယ်၊ အရာရာ သမ္မတ တစ်ဦးတည်းနဲ့လုပ်လို့မရနိုင်တာတွေရှိတယ်...

မင်းမြတ်ကျော်ထင် said...

မီဒီယာ ဆိုတာ ကိုယ်မေးတဲ့ မေခွန်း ဘယ်အတိုင်းတာထိေ၇ာက်တယ်ဆိုတာ သိဖို့ လိုတယ် ။

Unknown said...

ခုတော့လဲအကောင်းထင်ကြပြန်ပြီ

Unknown said...

ဒီသတင်းကိုမတင်သင့်ပါဘူး သမ္မတကြီးက နှလုံးအားနည်းလို့ဖြစ်မှာပါ နှလုံးအားနည်းရင် တစ်ခါတစ်ရံငိုချင်သလိုမျိုးက ဖြစ်တက်ပါတယ်

Terrence Soe said...

ငါတို့သမ္မတကြီးကမျက်ရည်ဘဲကျကျ... မျက်ရည်ဘဲလည်လည်ဘာဖြစ်လဲ... သမ္မတလည်းလူဘဲ... သူ့အခွင့်အရေးနဲ့သူလုပ်တာ...ဒီသတင်းကိုတင်ထားတဲ့စည်းမရှိကမ်းမရှိဂျာနယ်လစ်ကမှလူမဟုတ်တာ... သမ္မတကြီးကိုဆက်လက်ထောက်ခံနေပါသည်... အဖေစိန်အခက်အခဲအားလုံးကိုရင်ဆိုင်ကျော်လွှားနိုင်ပါစေခင်ဗျား....

Unknown said...

နိုင်ငံခြားသတင်းထောက်တွေနဲ့တောင်ဘာမှမဖြစ်ပဲ ပြည်တွင်းသတင်းထောက်တွေနဲ့တွေမှဆိုတော့ တော်တော်ပြင်းတဲ့မေးခွန်းပဲ ကျွန်တော်တို့သမ္မတကိုလေးစားသောအားဖြင့် အရမ်းအရမ်းမလုပ်ကြပါနဲ့။

ရွှေကြီး said...

သမ္မတကြီး ရဲရဲဝံဝံ ပြတ်ပြတ်သားသားလုပ်ပါ

နောက်ကိုလှည့်မကြည့်ပါနဲ့

သမ္မတကြီး နောက်မှာပြည်သူတွေရှိတယ်

ပြည်သူနဲ့ အရင်လူ

ဘယ်သူ့ကိုယုံကြည်ပါလဲ

ရွှေကြီး said...

ပြည်သူ့သမ္မတကြီး

ကျန်းမာပါစေ

Joker said...

ငိုတာကော ဟုတ်လို့လား..ချွေးသုတ်နေတာ မဟုတ်ဘူးလား.. မျက်ရည်ကျအောင် photo shot နဲ့ လုပ်လို့ရပါတယ်..

Terrence Soe said...

ငါတို့သမ္မတကြီးအဖေစိန်ကမျက်ရည်ဘဲကျကျ...မျက်ရည်ဘဲလည်လည်...သူကတို့မြန်မာပြည်အတွက်စိတ်ရောကိုယ်ပါနှစ်နှစ်ကာကာနဲ့စေတနာထားပြီးလုပ်နေလို့ဒီလိုခံစားချက်မျိုးနဲ့ဖြစ်သွားတာ... တချို့သောမီဒီယာသမားများကလည်းမေးခွန်းများကိုမမေးမြန်းမှီရှေ့နောက်ချင့်ချိန်ဆင်ခြင်ပြီးမှအပြုသဘောဆောင်တဲ့မေးခွန်းများကိုသာမေးမြန်းသင့်ပါတယ်။ ချောင်ပိတ်မေးမြန်းခြင်းများလုံးဝမပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော်ဤနေရာသည်ရဲစခန်းလည်းမဟုတ်၊ တရားရုံးလည်းမဟုတ်၊ခင်ဗျားတို့မီဒီယာသမားများရဲ့နယ်မြေပိုင်နက်အိမ်လည်းမဟုတ်သောကြောင့်ပင်။ ဘယ်သူတွေဘာဘဲဖြစ်နေနေ အဖေစိန်ကိုဆက်လက်ခိုင်မြဲစွာထောက်ခံအားပေးနေပါတယ်ဗျာ... အခက်အခဲအားလုံးကိုကြံ့ကြံ့ခိုင်ရင်ဆိုင်ကျော်လွှားနိုင်ပါစေ... သမ္မတကြီးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ...

htoohtookyaw said...

လုံးဝမဖြစ်နိုင်ပါဘူး။ဒါလံကျုတ်ကြီးထင်တယ်။ဘယ်ကရတဲ့ဓာတ်ပုံနဲ့လျှောက်လုပ်ထားတာလဲ။မရှက်ဘူးလား။

Unknown said...

မှုးဇော်ကဖြေရှင်းလိုက်ပါပြီ။
မဟုတ်မှန်တဲ့သတင်းတွေ မတင်ကြပါနဲ့ဗျာ။

Unknown said...

သမ္မတကြီး ကျန်းမာပါစေ...စိတ်၏ ချမ်းသာခြင်း ၊ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းနေပါတယ်...သမ္မတကြီးအပေါ်မှာ နားလည်မှုအပြည့်ထားနိုင်ကြပါစေ...

shine said...

မေးတဲ့သတင်းထောက်ဆိုတဲ့သူ တိုင်းပြည်အတွက်ဘာလုပ်ခဲ့ပြီလဲ ပြန်ဆန်းစစ်သင့်တယ်။ဦးစီးချူပ်မပြောပါနဲ့ ခင်ဗျားတို့ တပ်ထဲမှာ အရာရှိဖြစ်အောင်ပဲ ကြိုးစားကြည့်ကြပါ။ အဆိုတောင်ရှိခဲ့ပြီးသားပဲလေ။ ဘာတဲ့။အမေးနွားကျောင်းသားတဲ့။ နွားကျောင်းသားလောက်တောင်အဆင့်ရှိပုံမပေါ်ပါဘူး။

Unknown said...

မေးတဲ့သူကကောဘယ်လောက်ခြောက်ပြစ်ကင်းနေလို့ လဲ လွတ်လပ်တယ်ဆိုပြီအနောက်နိုင်ငံတွေနဲ့ တူအောင် right တွေကိုသိပ်သုံးမနေနဲ့  ကိုယ်ကနိုင်ငံအပေါ်ဘယ်လောက်စေတနာတွေထားခဲ့ပြီလဲ တို့ president လောက်နိုင်ငံအပေါ်စေတနာတွေထားဖို့ စိတ်တွေဖြစ်ဖူးပြီပြီလား သိပပြီးထက်ပြမနေနဲ့ 

December said...

ကင်မရာ ဖလက်မီးကြောင့် သမ္မတကြီး မျက်စိကျိမ်းစပ်သွားလို့ မျက်မှန်ချွတ်ပြီး ကာလိုက်တဲ့ပုံပါ မဟုတ်မမှန်လုပ်ကြံပြီးမဖွပါနဲ့ ဦးမြတ်ခိုင်တို့နဲ့တောင် ရယ်ရယ်မောမောနဲ့ ပြောဆိုနေတာပါ။ ဒီသတင်းကို တင်တဲ့ လူက ကိုယ်တကယ်မသိဘဲ ရမ်းတင်တာလား လုပ်ကြံလီဆယ်တင်တာလား တော့ မသိပါဘူး။ ဓာတ်ပုံက အကြောင်းအရာမှားနေပါတယ်။

ဖိုးဖိုးကြီး said...

သမ္မတကြီးအပေါ်နားလည်မှု့ပေးကြပါ။ဂျာနယ်လစ်သမားတွေအပေါ်တောင်
သမ္မတကြီးကနားလည်မှု့ပေးလို့ဂျာနယ်သမားများနဲ့မီဒီယာသမားများကို
ဖိတ်ပြီးတော့သမ္မတကြီးရဲ့အမြင်ကိုသတင်းစာရှင်းလင်းပွဲလုပ်ပြီး/အမေး-အဖြေကိုတောင်လုပ်ပေးခဲ့တာဘဲ။
ပွင့်လင်းသောသမ္မတကြီးအပေါ်အခက်တွေ့အောင်မေးမိကြရင်၊၄င်းအမေးကို
ပြန်လည်ရုတ်သိမ်းသင့်ပါတယ်။သမ္မတကြီးကိုတဖက်တလမ်းနည်းလမ်းများနှင့်ဝိုင်းဝန်းကူညီပံ့ပိုးကြပါလို့အကြံပေးလိုပါတယ်။

ဖိုးပွကြီး said...

မီဒီယာတွေကတော်တော်လွန်နေပြီ.အဆင့်အတန်းရှိဘို့ကောင်းနေပြီ.
ဒီခေတ်အခြေအနေအရ နေရာပေးတာနဲ့ ကိုယ်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့
ခန့်ထားတဲ့သတင်းထောက်အများစုတွေက ၀ါသနာပါပြီးစိတ်ဝင်စားတာထက် သတင်းပုဒ်ရေများဘို့နဲ့ ထွက်ပေါက်မရှိတဲ့ မေးခွန်းမေးနိုင်ဘို့ ဘဲလုပ်နေတာကများနေတယ်.ဌာနဆိုင်ရာ နိုင်ငံတော်နေရာ လုပ်ငန်းတွေကို သွားရင် ဘောင်းဘီဖင်ကျပ်ကြီးဝတ်ပြီး "ဟုတ်ကဲ့ ...ရှင်.... ခင်ဗျာ" ဆိုတဲ့အသုံးနှန်းဝေးလို့
" ဆရာ လူကြီးမင်း" ဆိုတာသုံးရကောင်းမှန်းမသိ "ဟိုဦးလေးကြီး အစောကလူကြီးပြောသွားတာက ဘယ်လို".ဆိုပြီး အခေါ်အဝေါ်တောင် မသုံးနှုန်း တတ်အောင် ဆိုးဝါးနေလိုက်ကြတာ.
ဘာမှမပြောရသေးဘူး ဟုတ်ကဲ့ဆိုတာ ပြောမိယုံရှိသေး သတင်းတစ်ပုဒ် ဖန်းတီးပစ်လိုက်ပြီ.
ဘယ်လို့ယဉ်ကျေးတဲ့ အသုံးနှုန်းသုံးရမလဲ.မီဒီယာကျင့်ဝတ်ကဘာလဲ အေ၇းပေါ်သတင်းရယူရတာမဟုတ်ဘဲ ရှင်းလင်းပွဲလို အချိန်ရနေရာဆိုရင် ဘယ်လိုဝတ်စားသင့်သလဲ လူစိတ်ဝင်စားဖို့ထက် ကိုယ်ရယူပေးတဲ့သတင်းက ပြည်သူတွေကို အကျိုးပြုရဲ့လား . ????
နိုင်ငံတကာမှာမီဒီယာအလုပ်ကို စိတ်ဝင်စားလွန်းလို့ သက်စွန်ကြိုးပမ်းနဲ့ အနစ်နာခံပြီး အများအကျိုးပြု သတင်းထောက်တွေကို အားကျစေချင်ပါတယ်.
အယ်ဒီတာကြီးများ. ဂျာနယ်ထုတ်ဝေသူနာယက ကြီးများကလဲ ဂျာနယ် ၅မျိုးတစ်ပြိုင်တည်း ခွထိုင်ဖို့ အခွင်းရေးတွေနဲ့ သူဌေးဖြစ် သထက်ဖြစ်အောင်လုပ်ဖို့ ထက် ကိုယ်ခလေးတွေကို စီနီယာ ဂျုနီယာ တွဲပြီး အရည်သွေးပြည့်အောင်လုပ်ဖို့ လဲ စဉ်းစားပါအုံး
အာလုံးကစစ်အစိုးရကို မုန်းတာရယ် ဒီမိုကရေစီကိုတောင့်တာနေတာတွေကြောင့် မီဒီယာဆိုတာကို မျက်စိမှိတ်ထောက်ခံနေတာရောသိရဲ့လား ခေတ်ပြောင်းလာတာနဲ့အမျှ အရည်သွေးမပြည့်တဲ့ မီဒီယာတွေ မြောင်းထဲရောက်ကြပါစေ....

Unknown said...

သမတကြီး အတိုက်အခိုက် ဖိအားပေးမူတွေဟာ လူကြီးမင်းအတွက် အကောင်းဆုံးသောခွန်အားတွေဖြစ်လာမှာပါ ရဲရင့်တည်ငြိမ်စွာ ဖြတ်သန်းနိုင်ပါစေ

Unknown said...

( သမ္မတတစ်ယောက်ဖြစ်နေပြီး ဒီလောက်ကလေးတောင် ခံနိုင်ရည်မရှိဘူးလား ပြည်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုတောင် သမ္မတကို မမေးရဲအောင်ပါလား၊ အဲဒီ့လောက်အရည်အချင်း ခံနိုင်ရည် မရှိရင်လည်း သမ္မတလုပ်မနေပါနဲ့ဗျာ )
အပေါ်ကရေးတဲ့ကောင် အရူးဘဲ။ Comment တွေအများကြီးထဲမှာ မင်းတစ်ယောက်တည်း Negative View နဲ့ရေးတာတွေ့တယ်။
လူဟာလူဘဲကွ၊ ခံစားချက်ရှိတယ်၊ ဒီခေတ်မှာ သမ္မတလုပ်ရတာ ပျော်လို့လုပ်နေတယ်လို့ မင်းထင်လို့လား၊ တာဝန်ကျလာလို့ မလွှဲမရှောင်သာ လုပ်နေကြရတာ၊ ငါတို့တွေ ကံကြီးလို့ ဒီလိုအချိန်မှာ ဒီလိုစိတ်ထားကောင်းတဲ့သမ္မတ၊ တပ် ကော အရပ် ကကော လက်ခံနိုင်တဲ့ သမ္မတကိုရထားတာကွ၊ အကောင်းမြင်တတ်ပါ။ မင်းမပံ့ပိုးချင်နေပါ၊ ဖြုတ်ဦးနှောက်နဲ့ ၀င်မရှုပ်ပါနဲ့။

Myanmar said...

သမ္မတမျက်၇ည်ကျတာ မတွေ့ပါဘူး။ မျက်စိယားလို့ ပွတ်နေတာပါကွာ။ ချီးထုပ်တွေ လျှောက်ပြောနေတယ်။

Unknown said...

နိုင်ငံရေးအကြောင်းတော့ ကောင်းကောင်းနားမလည်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ကိုယ်တိုင်၊ ခင်ဗျားတို့ ကိုယ်တိုင်ကော စည်းကမ်းပြည့်ဝပိး လုံးဝပြည့်စုံနေတဲ့သူတွေလား ဆိုတာပြန်စဉ်းစားကြပါစို့။ ဘေးထိုင်ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူး ပြောနေမဲ့အစား လက်တွဲပီးလုပ်လိုက်ရင် ပိုမကောင်းဘူးလား။ ဒီမိုကရေစီ ဆိုတာ ဘာလည်း။ အစိုးရကိုယ်တိုင်ပဲ ဒီမိုကရေစီကိုကျင့်သုံးကြရမှာလား။ ပြည်သူတွေကကော ဒီမိုကရေစီကိုမကျင့်သုံးကျတော့ဘူးလား။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အရာကို အတူတကွကျင့်သုံးပီး ရှေ့ဆက်လျှောက်လှမ်းရမဲ့ ကျုပ်တို့ မြန်မာနိုင်ငံကြီးရဲ့ အရေးကို လက်တွဲဆောင်ရွက်သွားရင် မဖြစ်နိုင်စရာ မရှိဘူးလို့ထင်ပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ အလုပ်တွေက ဘယ်လောက်ခက်ခဲလည်းဆိုတာ အဖွဲ့အစည်းနဲ့ လုပ်ဖူးသူတိုင်းသိကြမှာပါပဲ။ တယောက်တည်းကောင်းနေရုံနဲ့ မရတဲ့အလုပ်။ တယောက်က ညာဘက်သွားရင် တယောက်ကဘယ်ဘက်ခွဲထွက်မယ့်သူရှိနေမယ့် အဖွဲ့အစည်းဆိုတော့ အားလုံးသေချာပေါက်ကောင်းနေဖို့တော့ ခဲယဉ်းပါတယ်။ အားလုံးစဉ်းစားဖို့က ခင်ဗျားတို့ ကျုပ်တို့ကကော စည်းကမ်းပြည့်ဝစွာနဲ့ နေထိုင်နေကြတာလားလို့ပါပဲ။ မည်သူ့ကိုမျှမရည်ရွယ်စွာဖြင့်.......

Anonymous said...

ပြည်သူတွေရဲ့ အခက်အခဲတိုင်းကို တတ်နိုင်သမျှ ဖြေရှင်းပေးနေတာပဲ။ အကုန်လုံးတော့ ဘယ်တတ်နိုင်မတုန်း။ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားမကြားဖူးဘူးလား။ သမ္မတကြီးက လူကွ။ ကျောင်းနေတုန်းက အတန်းခေါင်းဆောင်တောင် ဖြစ်ခဲ့ဖူးလို့လား။

Anonymous said...

comment ရေးနေကြတာ ဆရာတွေချည်းပဲဆိုတော့
ဘာမှ မပြောတာပဲ ကောင်းပါတယ်လေ
ဟက်....

Unknown said...

( ဘဲအုပ်က.တစ်ရာ နှစ်ရာ..မဗေဒါက.တစ်ပင်တည်း )

သမ္မတ ဆိုတာ.. လူသားတစ်ယောက်ပါ..ခင်ဗျားတို့ မီဒီယာသမားတွေက အများကြီး.. သမ္မတကြီးက တစ်ယောက်ထဲ..အများနဲ့တစ်ယောက်..အနှိင်ကျင့်တဲ့မေးခွန်းတွေနဲ့တော့..မနှိပ်စက်သင့်ပါဘူး..မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ စကားကြီး စကားကျယ် .စကားလုံးကြီးနဲ့..အခွင့်အရေးကို.. အသုံးချလွန်းတဲ့ လုပ်ရပ်မျိုးတော့.. စဉ်ချဉ်ကြပါအုံး..( မေးလိုက်ချင်ပါတယ်..ခင်ဗျားတို့ကော တိုင်းပြည်အတွက်.. ဘယ်လောက်များ .လုပ်ပြီးကြပြီလဲ..)သမ္မတကြီးသနားပါတယ်.." ဘဲအုပ်က တစ်ရာ နှစ်ရာ.. မဗေဒါက .. တစ်ပင်တည်း..တဲ့ " ဆရာဇော်ဂျီ ရဲ့.. ဗေဒါလမ်း..ကဗျာကို.. အားကျပြီးများ..ဒီလိုလုပ်လိုက်ကြတာလား.. စဉ်ချဉ်ကြပါအုံး ကိုကို မမ ..ဂျာနယ်လစ်တို့ရေ...

Unknown said...

ဂျာနယ်လစ်ကတော့ ဂျာနယ်လစ်ပါပဲ။ သမ္မတအဖို့ကတော့ မေးခွန်းမှန်သမျှ သစ်နေဦးမှာပဲ။ မေးသမျှ အကြေအလည်ဖြေပေးနိုင်ဖို့ ခက်ခဲလိမ့်ဦးမယ်။ ပြဿနာတွေက အရောင်စုံတယ်။ ဖိအားပေးလွန်းမှုတွေ သိပ်များသွားခဲ့ရင် အလားအလာမကောင်းတဲ့ဘက်ကို ရှေးရှုသွားနိုင်တယ်။ သူ့အလုပ်တွေ အများကြီးလုပ်နိုင်ဖို့ မျှော်လင့်ကြသူတွေထဲမှာ ဂျာနယ်လစ်တွေလည်း ပါတာပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မျှော်လင့်နေကြတာပဲ။ ဒီမျှော်လင့်ချက်တွေကို မသိချင်ယောင်ဆောင်နေမှာလည်း မဟုတ်လောက်ဘူး။ ဒီတော့ --- မီဒီယာသမားများ လူသားချင်းစာနာထောက်ထား ဆိုတဲ့ ဝေါဟာရလေးကို အားပါးတရကြီးပြောခဲ့ကြပြီး ဒီပုဂ္ဂိုလ်ကြီးမှ ရွေးပြီး ချန်မထားကြပါနဲ့လို့ တိုက်တွန်းပါရစေ။

Unknown said...

သမတ ကြီး အခုရေတွင်းတူး အခုရေကြည်သောက် လို့မရတာ ပြည်သူတွေ သဘောပေါက်အောင် ပြောဖို့လိုတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ အခုချက်ချင်းပြောင်း အခုချက်ချင်း ရနိုင်တာမဟုတ်ဘူးဆိုတာ ပြည်သူတွေသိ ဖို့လိုတယ်။

Unknown said...

ကျွန်တော်တော့ သမတ ကြီးကို အကောင်းမြင်ပေးပါတယ်ဗျာ။

Adam Wong Hpa said...

မြန်မာနိုင်ငံကြီး ပြန်လည်ဦးမော့လာဖို့ ခြေလှမ်းတွေစတင်ပေးခဲ့တဲ့ ဦးသိန်းစိန် ကို ကျွန်တော်တို့ ပြည်သူတွေအားလုံးက ချစ်ပါတယ်။ကျေးဇူးလည်း အရမ်းတင်ပါတယ်။ အရင်တုန်းကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးကို သင်ပုန်းချေပြီး အားလုံးအတူ လက်တွဲပြီး ဆောင်ရွက်ကြရအောင်ပါ

zawgyii said...

သမ္မတကြီး မျက်ရည်ကျတာ ဟုတ်မဟုတ် မသိပါ။ ပြည်သူတွေ ကျိတ်ပီး မျက်ရည်ကျခဲ့ရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်လို့ ၊ ပညာရေး ညံ့ဖျင်းခဲ့လို့ ဗဟုသုတ မပြည့်စုံလို့ မသေသင့်ပဲသေခဲ့ကြတာ၊ စစ်အာဏာရှင်အဆက်ဆက်မှာ ဖြစ်ခဲ့တာတွေ ငြင်းမရအောင် မြင်တွေ့နိုင်ပါတယ်။ ရှေ့ဆက်ပြီး ပြည်သူတွေ မျက်ရည်မကျရပါစေနဲ့လို့ ဆုတောင်းပါတယ်။

Unknown said...

အဆိုးထဲက အကောင်းဆုံး ဖြစ်အောင်ကြိုးစားနေသည်လို့ထင်ပါသည် နားလည်ခွင့်လွှတ်မြင်ပေးစေချင်သည်

Powered by Blogger.