ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့နယ် ခရီးစဉ် မိန့်ခွန်း (အသံဖိုင်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့နယ် ခရီးစဉ် မိန့်ခွန်း (အသံဖိုင်)


အသံဖိုင် - nickey.myanmar

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ(၁၁)ရက်နေ့ နံနက်(၉)နာရီ(၁၅)မိနစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သုံးခွမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးရန် အတွက် သုံးခွမြို့သို့ရောက်ရှိခဲ့သည်။

ဥက္ကဌအား အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူများ၊ အမေ့အိမ်ကျောင်းမှကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

အမေ့အိမ်ကျောင်းမှ ကျောင်းသား ကျောင်းသူများအား ဥက္ကဌက နှုတ်ဆက်စကား ပြောကြားပြီး အဖွဲ့ချုပ်မြို့နယ်ရုံးသို့ ဆက်လက် ထွက်ခွာ လာခဲ့သည်။ မြို့နယ်ရုံးတွင် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍မြို့ နယ် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့နောက်မြို့နယ်ရုံးသို့ရောက်ရှိလာသောပြည်သူများအားနှုတ် ဆက်စကားပြောကြားသည်။

နံနက်(၁၁)နာရီခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ရောက်ရှိပြီး အထွေ ထွေအုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးဌာန၊မြို့နယ်ရဲဌာန၊ တရားရေးဌာန၊ ဥပဒေရုံး၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန၊ ဆည်မြောင်းဌာန၊ဆောက်လုပ်ရေးဌာနများမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စများကို ဆွေး နွေးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

သုံးခွမြို့ မှာ မိန့် ခွန်း ပြောကြားနေစဉ်


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်