ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး

မြန်မာနိုင်ငံမှ ပြည်ပသို့ ပေးဆပ် ရန်ရှိသည့် ကြွေးမြီ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀၀ကျော် (၁၅ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။

ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ဒုဝန် ကြီးက မြန်မာနိုင်ငံ၏ ကြွေးမြီ တိုးရင်း စုစုပေါင်းမှာ ဒေါ်လာ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး ၏ မေးခွန်းကို ဖြေကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၃၁ ရက်က ကျင်းပခဲ့ သော အမျိုးသား လွှတ်တော်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများ သို့ ပေးဆပ်ရန်ရှိသော ကန်ဒေါ်လာ ၁၁၀၂၃ ဒသမ ၂၈၉ သန်း (ဒေါ် လာ ၁၁ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးကဖြေကြားခဲ့သည်။

ထို့ကြောင့် ပြည်ပသို့ ပေး ဆပ်ရမည့် ကြွေးမြီတိုးရင်း စုစု ပေါင်းမှာ ဆယ်လအတွင်း ဒေါ် လာသန်း ၄၀၀၀ ကျော် (၄ ဘီလီယံကျော်)တိုးလာခြင်းဖြစ်သည်။ ထို့အပြင် အစိုးရအနေဖြင့် ပြည်တွင်းကြွေးမြီ စုစုပေါင်း ကျပ် သန်းပေါင်း ၉ç၉၈၈ç၈၅၇ လည်း ပေးဆပ်ရန်ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ စက်တင်ဘာလကုန်အထိ လည်ပတ်သုံးစွဲနေသော ငွေပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဒသမ ၉၅ (ကျပ်ငွေ၆ဒသမ၂ ထရီလီယံခန့်)ရှိကြောင်း ဒုဝန်ကြီးကပြောကြားသည်။

ဦးမောင်တိုး၏ မေးခွန်းတွင်ပါဝင်သော နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးမည်မျှရှိကြောင်း မေးခွန်းကို စိစစ်ဆောင်ရွက် ဆဲဖြစ်ပြီး သီးခြား တင်ပြသွားမည်ဟု ဦးမောင်မောင်သိမ်း က ဖြေကြား ခဲ့သည်။

၂၀၁၂ဇန်န၀ါရီအထိ တစ် နိုင်ငံလုံး လည်ပတ်သုံးစွဲငွေ ကျပ် ၅၆၀၀ဘီလျံ(၅ဒသမ၆ထရီလီယံ) ကျော်ရှိခဲ့ သည်။

ထို့ ကြောင့် ကိုးလ၀န်းကျင်အတွင်း ၆၀၀ဘီလျံနီးပါး တိုးလာခြင်းလည်းဖြစ်သည်။

7Day News Journal

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးသို့ တက်ရောက် လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ဓာတ်ပုံ-သီဟ - 7Day News Journal

ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး Reviewed by သစ်ထူးလွင် on 17:46 Rating: 5

7 comments:

Unknown said...

အမှန်ပြောပါ

aggawan said...

မသိလို့ မေးပါရစေ .. အဲဒီ ပိုက်ဆံတွေက ဘယ်မှာ သွားသုံးကြတာလဲ ..

ဇာမဏီ said...

အကြွေးတွေနဲ့တိုင်းပြည် ..ကမ္ဘာကျော် သူဌေးကြီးများလည်း နေထိုင်သည် ။

touttout said...

`အို - တိုင်းပြည်အကြွေးတင်တာ အရေးလုပ်လို့၊ တို့ ရာထူးလက်ဝယ်ရှိတုံး စားလောက်သောက်လောက်အောင်တော့ ရအောင်လုပ်ထားမှ` အဲလိုစိတ်ဓာတ်မျိုးတွေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြပါသည်။ တို့ကတော့ ဒီလိုမဟုတ်ဘူး၊ အစိုးရတာဝန်ထမ်းကတဲက ရတဲ့လခနဲ့ပဲ နေလာတာ ဘာလာဘ်မှ မစားဘူး - ဆိုတဲ့ တိုင်းပြည်ခေါင်းဆောင်မျိုးကို တွေ့ချင် မြင်ချင်လိုက်တာ မြန်မာပြည်ကြီးရာ။အဲလို ခေါင်းဆောင်မျိုးအုပ်ချုပ်လို့ အကြွေးတင်ရင်လည်း အကြွေးတင်ရင် ပြည်သူတွေဆပ်ချင်မှာပါ။ အခုများဖြင့် ---။

Patriot said...

ဖျစ်ဖျစ်ညှစ်ညှစ် GAS ရောင်းစားလို့ တစ်လ ရငွေ = US$ သန်း 300
ပြည်ပမှ ချေးငွေ တစ်လ = US $ သန်း 400
အင်း မြတ်သွားတာ ဘာမှ မရှိပါလား
သူတို့လည်း ရှုံးတာပါပဲလေ။ သနားပါတယ်.

Patriot said...

၉လအတွင်း ၆၀၀ ဘီလီယံတိုး ဆိုပဲ
၁၀၀၀၀ တန်တွေ ၀န်ထမ်းတွေကို လစာပေးဖို့ ရိုက်ထုတ်နေရလို့ နေမှာပေါ့

aristhteinwin said...

`အို - တိုင်းပြည်အကြွေးတင်တာ အရေးလုပ်လို့၊ တို့ ရာထူးလက်ဝယ်ရှိတုံး စားလောက်သောက်လောက်အောင်တော့ ရအောင်လုပ်ထားမှ` အဲလိုစိတ်ဓာတ်မျိုးတွေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြပါသည်။ တို့ကတော့ ဒီလိုမဟုတ်ဘူး၊ အစိုးရတာဝန်ထမ်းကတဲက ရတဲ့လခနဲ့ပဲ နေလာတာ ဘာလာဘ်မှ မစားဘူး - ဆိုတဲ့ တိုင်းပြည်ခေါင်းဆောင်မျိုးကို တွေ့ချင် မြင်ချင်လိုက်တာ မြန်မာပြည်ကြီးရာ။အဲလို ခေါင်းဆောင်မျိုးအုပ်ချုပ်လို့ အကြွေးတင်ရင်လည်း အကြွေးတင်ရင် ပြည်သူတွေဆပ်ချင်မှာပါ။ အခုများဖြင့် ---။
ဘာမှ မပူပါနဲ့  ကိုယ့်လူရာ -ကိုယ့်လူမြင်ချင်တွေ့ ချင်တဲ့ ခေါင်းဆောင်မျိုး
ဘုရားပွဲတော် ပြီးရင် တွေ့ ရမှာပါ- မြင်ရ တွေ့ ရအောင် မသေနဲ့ ဦး ကျမ္မာရေးသာ ဂရုစိုက်-အဲ-အဲ- ဘုရားပွဲတော်ဆိုတာက- နောက်ပွင့်မည့် အရိမေတ္တယျ ဘုရားပွဲတော်- အမှတ်မှားနေဦးမယ်--

Powered by Blogger.