မြောက်ဦးမြို့ နယ်မှာ ဘင်္ဂါလီများနှင့် ရခိုင်များ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေ

ပန်းမြောင်း ကျေးရွာအနီး သရက်အုပ် ဘင်္ဂလီကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် (တစ်ရွာလုံး)မီးလောင်သွားပြီဖြစ်ကြောင်း ထိုရွာမှ ဘင်္ဂလီများသည် မြောက်ဦး မြို့နယ် ပရိန်ကျေးရွာ (ချောင်းတစ်ဘက်ကမ်း)သို့ ထွက်သွားကြ ပြီး ယင်းတွင် ပရိန်ရခိုင်ကျေးရွာအား မီးရှို့ရန် ကြိုးစားလျက်ရှိကြောင်းသိရှိ ရပါသည်။

သရက်အုပ်တွင် ဘင်္ဂလီများကိုယ့်အိမ်ကို မီးရှို့လိုက်ရာမှ ရွာလုံးကျွတ်သို့ ကူးစက်သွားရခြင်းဖြစ်ကြောင်းသိရသည်။

မီးသတ်ကားသွားလို့မရသည့်နေရာဖြစ်နေခြင်းကြောင့် ပိုဆိုးသွားရခြင်းဖြစ်ပါ သည်။

၁၁း၃၀ အချိန်

မြောက်ဦးမြို့နယ် ပရိန်ဘက်တွင် ပြဿနာရှုပ်ထွေးနေသေးကြောင်းနှင့် ထိခိုက် ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။

မီးလောင်မှု၊ တုတ်၊ဓါးချင်း တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်းနှင့် လုံခြုံရေးမှ တင်းကြပ်စွာ ကြားဝင်ဖြေရှင်းပေးနေရကြောင်းနှင့် နှစ်ဘက်ခိုက်တိုက်မှု ကို ရပ်တန့်အောင် ဆောင်ရွက်ပေးနေရကြောင်းလည်းသိရသည်။

၁၁း၄၅ အချိန်

ပရိန် ဘင်္ဂလီရွာတွင် အိမ်ခြေ ၄၈၀ ခန့်ရှိကြောင်းနှင့် ထက်ဝက်ကျော်မီး လောင်သွားပြီဖြစ်ကြောင်းသိရသည်။

ရခိုင် ၂ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဘင်္ဂလီများက မည်မျှ ဒဏ်ရာရသည်ကို မသိရှိရသေးပါ။
နှစ်ဘက်လုံးတွင် ဒဏ်ရာရရှိနေကြောင်းနှင့် ၀င်ရောက်သတင်းယူ၇န်ခက် ခဲ့နေကြောင်းလည်းသိရသည်။

၁၂း၀၀ အချိန်သတင်း
--------------------
ရခိုင်သား ၂ ဦးကျဆုံးခဲ့ပြီး ဘင်္ဂလီများဘက်မှလည်း ကျဆုံးမှုများရှိကြောင်း သိရသည်။ အခြေအနေကို ထိန်းရန်ကြိုးစာလျက်ရှိကြောင်းနှင့် မီးမှာဆက် လက်လောင်နေဆဲဖြစ်ကြောင်း လည်းသိရသည်။

ပရိန်ရွာတွင် အိမ်ခြေ ၃၀ ခန့်သာမီးလောင်နေခြင်းဖြစ်ပြီးဆက်လက် လောင် နေဆဲဖြစ်ကြောင်း ၄၈၀ အနက် ထက်ဝက်ခန့်လောင်ခြင်း မဟုတ်ကြောင်း နှင့် အိမ်ခြေအရေအတွက် သတင်းများအား အတည်ပြုရန် ခက်ခဲနေသေး ကြောင်း လည်း သိရှိရပါသည်။

၁၂း၄၅ အချိန်
--------------
မြောက်ဦးမြို့နယ် ၊ပရိန်ဘင်္ဂလီရွာနှင့် ပရိန်ကုန်းရခိုင်ရွာတို့ တစ်ဘက်နှင့်တစ်ဘက် အပြန် အလှန် တုတ်၊ ဓါး၊ လေးကွ၊ စရှိသော ရရာလက်နက်များကိုင်ဆောင်ကာ တိုက်ခိုက်နေကြဆဲဖြစ်ကြောင်းနှင့် ရခိုင်ဘက်မှ ၃ ဦးသေဆုံးနေပြီဖြစ် ကြောာင်းလည်းသိရသည်။

ဘင်္ဂလီဘက်မှ ကျဆုံးမှုကို အတည်မပြုနိုင်သေးပါ။ မီးမှာလည်းဆက်တိုက်လောင်နေကြောင်းသိရသည်။

၁း၀၅ အချိန်
-----------
ပရိန်ဘင်္ဂလီရွာမီးလောင်မှုမှာ ဆက်တိုက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းနှင့် မင်းပြားမှ စစ်သားအမြောက်အများ မြောက်ဦး ပရိန်သို့ ဆင်းလာနေပြီ ဖြစ်ကြောင်းနှင့် အဓိကရုန်းကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းလည်းသိရ သည်။

သတင်းအတိကျ ရယူနိုင်ခြင်းမရှိသေးသဖြင့် အသေးစိတ်ကို ဖော်ပြရန် လောလောဆယ် မဖြစ်နိုင်သေးပါ။
သတင်းများကိုရနိုင်သလောက်စုစည်းတင်ပြခြင်းသာ ဖြစ်ပြီး ဆက်လက်တင်ပြ သွားပါမည်။

မီးကိုလည်း ငြိမ်းသတ်ဖို့ ကြိုးစားနေကြကြောင်းနှင့် တိုက်ခိုက်မှုများကိုလည်း ရပ်တန့်၇န် ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။

Rakhine Straight Views


မြောက်ဦးမြို့ နယ်မှာ ဘင်္ဂါလီများနှင့် ရခိုင်များ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေ မြောက်ဦးမြို့ နယ်မှာ ဘင်္ဂါလီများနှင့် ရခိုင်များ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေ Reviewed by သစ်ထူးလွင် on 13:43 Rating: 5

1 comment:

Kierra said...

နိုင်ငံသားမဟုတ်တဲ့ကောင်တွေက နိုင်ငံသားတွေကို ရန်စသလားဟ။

Powered by Blogger.