မောင်တော၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ မြေပုံမြို့နယ်များမှ ထွက်ပြေးလာသည့် ဘင်္ဂါလီများကို မောင်တောတွင်လက်ခံထားမည်ဖြစ်ကြောင်း မောင်တောခရိုင် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူဦးမြင့်သန်းက 7day News မောင်တောသတင်းထောက်သို့ပြောကြားသည်။
'' ဒီနေ့ပဲ မောင်တောင်မြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာမှာရောက်နေတဲ့ ဘင်္ဂါလီဦးရေ ၆၀၀၀ လောက်ကို လက်ခံဖို့ အဲဒီကိုသွားပါမယ်။ ထွက်ပြေးလာတဲ့ ဘင်္ဂါလီဦးရေအားလုံးပေါင်း ၃၀၀၀၀ လောက်ကို လက်ခံသွားမှာဖြစ်ပါတယ်'' ဟုဦးမြင့်သန်းကပြောသည်။
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှထွက်ပြေးလာသည့် ဘင်္ဂါလီများကို မောင်တောတွင်လက်ခံထားမည်ဖြစ်သည့်အတွက် မောင်တောဒေသခံများ စိုးရိမ်မကင်းဖြစ်နေကြပြီး၊ အချို့မှာမောင်တောမြို့မှ အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားခြင်း၊ ကျေးလက်ဒေသများတွင် နေထိုင်သည့်တိုင်းရင်းသားများမှာ မြို့ပေါ်သို့ရွှေ့ပြောင်းနေခြင်းများရှိလာကြောင်း သိရသည်။
by 7Day News Journal
ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ထွက်ပြေး လာသည့် ဘင်္ဂါလီများကို မောင်တောတွင် လက်ခံ ထားမည်ဟုဆို
Browse › Home ›
မြန်မာ့သတင်း
» ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ထွက်ပြေး လာသည့် ဘင်္ဂါလီများကို မောင်တောတွင် လက်ခံ ထားမည်ဟုဆို
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။






