ကြံခင်း - မင်းဘူး ရထားလမ်း ပျက်စီးနေ

လမ်းကောင်းစဉ် အခါက တွေ့ ရပုံ

ရထားသံလမ်းပေါ်မှာ ခြုံများ ပေါက်ရောက်နေပုံ


ရထားလမ်းပေါ်မှာ ပိတ်ဆို့ နေမှုများအား ဖယ်ရှာနေစဉ်
ဧရာဝတီမြစ် အနောက်ဖက် ကမ်းရှိ ကြံခင်းမြို့ မှ မင်းဘူးမြို့ သို့ ဆက်သွယ် ဖောက်လုပ်ထားသော ရထားလမ်းသည် ယ္ခုအခါ ယိုယွင်း ပျက်စီးနေကြောင်း ဒေသခံများ က Myanmar News Now ကိုပြောပါတယ်။

လမ်းကောင်းစဉ် အခါက ခရီးသွား ပြည်သူများ အနေဖြင့် ခရီးသွားရာမှာ အဆင်ပြေ ချောမွေ့ ခဲ့ပြီး အချိန်ကုန်လဲ သက်သာခဲ့ပါတယ်။

နောက်ပိုင်းမှာ ရာသီဥတုကြောင့် လမ်းများ ပျက်စီးနေပြီ မကြာခဏ လမ်း ဖွင့်လိုက် ပိတ်လိုက် လုပ်နေရပါတယ်။ ရထား စက်ခေါင်း နှင့် တွဲများမှာလဲ မကြာခဏ ချော်ကြနေကြောင့် ဒေသခံများ က ပြောပါတယ်။

ယ္ခုအခါ ရထားသံလမ်းများမှာ ပြတ်တောက်၍ ရေ၀ပ်လျှက် မြေနိမ့်ဆင်းပြီး လမ်းများပျက်စီးကာ ခရီးသွားသည့် အခါ တစ်ခါတစ်ရံ ညအိပ်ရပြီး တစ်ခါတစ်ရံ ခရီးတစ်ဝက်ဖြင့် ပြန်လာ ခဲ့ရတယ်လို့ ဆိုပါတယ်။

RBE ကားများမှာလဲ ပျက်စီး၍ မကြာခဏ ရေပိုက်ပေါက်သည်နှင့် ကြုံနေရကြောင်းလည်း သိရပါတယ်။ ကျွမ်းကျင်သော လုပ်သားများနဲ့ သက်ဆိုင်ရာ အာဏာပိုင်များမှ လာရောက်စစ်ဆေးပြီး အမြန်ဆုံး ပြင်ဆင်ပေးစေလို ကြောင်း ဒေသခံများ က Myanmar News Now ကို ပြောပါတယ်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်