လမ်းဖျက်စီးမှာလား?လမ်း ပြင်မှာလား? မေးလို့မရပါ

မြင်းခြံမြို့ လမ်းမတော် အမှတ် ၆ လမ်းဘေး ၀ဲယာကို မြေကော်စက်များနှင့်
ထိုးပြီး ထော်လာဂျီ များပေါ် မြေများ သယ်တင် သွားတဲ့ ဟာကို ပြည်သူများက
စိတ်ဝင်တစားနဲ့ လမ်းပြင် မလို့လားလို့ တာဝန်နဲ့
ယူနီဖေါင်းဝတ် S.A.Eကိုမေးတော့ ပြင်မယ် မပြင်ဘူး မဖြေပါ။

မြို့မိမြို့ဖ တစ်ဦးက တိုင်းဒေသကြီး ၀န်ကြီးကို တိုင်ကြားလို့
လမ်းကဘေးထက် နိမ့်အောင် လုပ်နေတာလို့ ဖြေပါတယ်။ အမှတ်
၆ လမ်းမတော်နေ ပြည်သူတစ်ဦးက ပုံနဲ့တစ်ကွ ပြောပြလို့ သိရှိရပါတယ်။

မနေ့က(၁၉-၁၀-၂၀၂၁)က စတင်လုပ်ဆောင်နေတာပါ အခု ထိကော်လို့
သယ်လို့ မပြီးသေးပါဘူး။ ဆိုးဆိုးဝါးဝါးကို လမ်းပျက်အောင် ထိုးနေတာပါ။

အဲဒီလမ်းဟာ နှစ်ပေါင်း ၃၅နှစ်ကြာ မပြုပြင်သော လမ်းဖြစ်သည်ဟု
လမ်းမတော် နေပြည်သူများ ကပြောကြားပါတယ်။

By Myanmar News Now


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်