ရမည်းသင်းမြို့ အရံမီးသတ်တပ်ဖွဲ့ ဝင် မွတ်ဆလင်များမှ ခရီးသွား ဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်

၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ် နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည် အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံမီးသတ် တပ်ဖွဲ့ ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြတားဆီးခဲ့ ကြောင်းသိရပါတယ်။

အဲဒီအချိန်မှာ ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင် ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များ အဓိကရုဏ်း ဖြစ်ပွါးမှုကြောင့် အခြေအနေ တင်းမာ နေချိန်လည်း ဖြစ်ပွါး နေချိန် လည်း ဖြစ်ပါတယ်။

အဆိုပါ အရံမီးသတ်မှ မွတ်စလင်များ တားဆီးထားတဲ့ ဆိုင်ကယ်ကို အမှောင်တွင်းပုံးနေကြသော အပေါင်းပါမွတ်စလင်များမှ ဝိုင်းဝန်းထွက်ရိုက်ကြပြီး ဓါးများဖြင့် ထိုးခုတ်သတ်ကြသဖြင့် ဦးခင်မောင်အေး နှင့် ဦးညိုစိမ့် တို့ က အော်ဟစ်အကူညီ တောင်းရာ ပတ်ဝန်ကျင်ရှိ ဗမာများ   မှ အချိန်မှီသွားရောက် ကူညီခဲ့သဖြင့် အသက်ဘေးမှ လွတ်ခဲ့ပေမယ့် ရမည်းသင်း ဆေးရုံတွင် အရေးပေါ်လူနာများအဖြစ် ကုသလျှက်ရှိကြောင်း မျက်မြင်သက်သေတဦးက Myanmar News Now ကိုပြောပါတယ်။

မွတ်စလင်များ ဓါးဖြင့်ထိုးခုတ်ခံထားရသည့် လူနာများ၏ ဓါတ်ပုံများကြည့်ရှုလိုရန် ဒီနေရာကို နှိပ်ပါ 
မှတ်ချက်။ ။ နှလုံးရောဂါ အခံရှိသူများ မကြည့်သင့်ပါ

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂နာရီမှာ မွတ်စလင်များ လက်ချက်ကြောင့် ဆေးရုံ တင်ထားရသော လူနာဦးညိုစိမ့်နှင့် ဦးခင်မောင်အေးတို့ အား ခရိုင်ရဲမှုးနှင့် အရာရှိ များက ဆေးရုံသို့ လာရောက် အားပေးပြီး လိုအပ်သည်များကို ကူညီပေးမည် ဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာတွင် ပါဝင်ကြသူများကို ဖမ်းစီးထားပြီး ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားပါတယ်။

ထိုလူနာများအားမြို့နယ် တာဝန်ရှိသူများမှ တစ်ဦးလျှင် ငါးသောင်းကျပ်စီ လာရောက်ကူညီ သွားကြောင်းလည်းသိရပါတယ်။  

ရမည်းသင်း မြို့ နယ် ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ ပြောပြချက်အရ ဒီညမှာ အရင်ညများထက် လုံခြုံရေး အင်အားနှစ်ဆ တိုးပြီးချထားမည်ဟု သိရပါတယ်။

By Myanmar News Now

မွတ်စလင်များ ဓါးဖြင့်ထိုးခုတ်ခံထားရသည့် လူနာများ

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်