နင့်တို့ရေကို ခွေးတောင်မသောက်ဘူး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၆ ရွာမှ ရွာသူ ရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း။ 

အထက်ပါ တွေ့ဆုံ ညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲတွင် ကြေးနီ စီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို မိုက်ရိုင်းခက်ထန်သည့် စကားလုံး များကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရသည် ဟု သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်းနှင့် ဓါတ်ပုံ
Aung Nay Myo (Facebook)






နင့်တို့ရေကို ခွေးတောင်မသောက်ဘူး နင့်တို့ရေကို ခွေးတောင်မသောက်ဘူး Reviewed by သစ်ထူးလွင် on 20:45 Rating: 5

24 comments:

gold said...

အာဏာပိုင်များရှက်တတ်လျှင်နေဘို့မသင့်တော့ပါ။ယခင်ကလိုအာဏာပြလျင်မရတော့လို့ရပ်ကွက်လူမိုက်စတိုင်လုပ်နေရပြီလားပြည်သူကိုလေးစားသင့်ပါပြီ အချိန်မနှောင်းသေးပါ။

Maymyochit said...

လူကြီးဟာလူကြီးစကားပြောတာကောင်းတယ်
တွေ့ ဆုံဆွေးနွေးညှိနိုင်းဆိုပြီးတော့ရန်ပွဲနဲ့အဆုံးသတ်တာအကျိုးမရှိဘူး
လူကြီးဆန်တာအဆင့်ရှိရှိဖြေရှင်းတာပြေလည်အောင်ပြောဆိုဖြေရှင်းတတ်တာလူတယောက်
ရဲ့ကိုယ်ပိုင်အရည်အချင်းပါ။

Unknown said...

ပြည်သူက ကျွေးတဲ့ထမင်းကို စားနေကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေ ပြည်သူကိုလေးစားပါ လူသားခြင်း စာနာပြီးလူစိတ် မွေးကြပါ

lin said...

နင်တို့ရေကို ခွေးတောင်မသောက်ဘူးဆိုတော့ သူ့ကိုတိုက်တာ သူလဲမသောက်ဘူးလေ အဲဒီတော့ သူလဲ ဘာဖြစ်မလဲ ?????? အသက်ကြီးလို့ လူကြီးဖြစ်နေတာ သူတို့ခေါင်းထဲမှာ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ တဘို့တဲရှိတဲ့လူစားတွေ ဘာမှအထင်ကြီးစရာမရှိဘူး အလကား ဆန်ကုန်မြေလေး ကျက်သရေတုံးတွေ

than htut said...

အာဏာရှင်ဆန်ဆန်အပြုအမှုမျိုးနဲ့လူသားအချင်းချင်း တိုင်းရင်းသားအချင်းချင်းအပေါ်ဒီလိုရိုင်းပျစွာဆက်ဆံခြင်း ဟာစကောလောက်မှဇောက်မနက် အသိခေါက်ခက်အဝင် နက်တဲ့ လူစကားနားမလည်တိရစ္ဆာန်လည်နည်းလည်တတ်တဲ့မျိုးရိုးအဆင့်အတန်းမရှိသော ခေါင်းတစ်လုံးအရင်းခံပြီးသခင် အားရကျွန်ပါးဝနေတဲ့ ကျွန်မျိုးရိုးများရဲ့အပြုအမှုဘဲပေါ့ အေးအေးဆေးဆေးပေါ့ အဝှာခုန်လို့ဖုန်မထပါဘူး

ဇာမဏီ said...

ဗမာပြည်မှာ အသက် ၄၀ ကျော် ၅၀ အရွယ်တွေအားလုံးနီးပါးက ကြီးမိုက်ကြီးတွေပါ ... ဦးနေ၀င်း ခောတ်ကစပြီး ဦးသန်းရွှေခောတ် အထိ နှစ်ငါးဆယ်လောက် အပိတ်ခံထားရတဲ့ ဦးနှောက်တွေနဲ့ အသက်ရှင်နေခဲ့ကြရတဲ့ ကြီးမိုက်ကြီးတွေ မြန်မာပြည်မှာ အရမ်းကိုများပါတယ်။

MM said...

သူပြောတဲ့စကားအရဆိုရင်သူဟာလူမဟုတ်ပါ။

ူlay said...

မြင့်အောင် ဆိုတဲ့လူကိုအရေးယူပါ..လူကြီးမဟုတ်ပါ..လူချီးပါ
ပညာမရှိတဲ့သူတွေကို ရှေ့ တင်ပြီးနောက်ကကြိုးကိုင်တာတွေ
ရပ်သင့်ပြီ..

can said...

မလိမ်မိုးမလိမ္မာအရွယ်တွေဆိုတေါ့အပြောအဆိုပဲ့မှာပေါ့

than htut said...

ခွေးမသောက်လို့လူတွေသောက်ရတာပေါ့ခင်ဗျာ လူတွေ သောက်ကြတာကို လူမဟုတ်တဲ့သူကမသောက်ရဲပြန်တာ လဲမဆန်းဘူးပေါ့ အပြန်ပြန်အလှန်လှန်ပေါ့ ဟုတ်တယ် မဟုတ်လားဗျာ။

redfresh20@gmail.com said...

ဒီစကားကို ဒီပုဂ္ဂိုလ် အမှန်တကယ် ပြည်သူလူထုကို ပြောခဲ့တယ်ဆိုရင် တော်တော်မိုက်ရိုင်းပါတယ်။လူမဆန်ဘူး။ မြန်မာပြည်သားမှ ဟုတ်ရဲ့လား။

SITAGU MDY said...

ဒကာတော် မိလိန္ဒမင်းကြီး၊
အကျွနုပ်နှင့်ဆွေးနွေးရာတွင် ပညာရှင်ပီပီ (ပညာရှင်လို) ဆွေးနွေးမည်လော?
သို့တည်းမဟုတ် အာဏာရှင်ပုံစံ ဆွေးနွေးမည်လော?
ပညာရှင်ပီပီ ဆွေးနွေးပါက သင့်ဒကာတော်၏ မေးခွန်း ပြဿနာများကို ဖြေကြားဆွေးနွေးပါအံ။
အာဏာရှင်ပုံစံ လူပါးဝက သင့်ဒကာတော်၏ ပြဿနာတို့အား တစ်စုံတရာ ဖြေကြာမည်မဟုတ်။
(((((((((အရှင်နာဂသေန))))))))

redfresh20@gmail.com said...

ဒီပုဂ္ဂိုလ်အမှန်တကယ်ပြောခဲ့တယ်ဆိုရင် တော်တော်လေးရိုင်းစိုင်းတယ်။ လူမဆန်ဘူး။ မြန်မာပြည်မှာနေတာမှ ဟုတ်ရဲ့လား။

aristhteinwin said...

ကုန်းဘောင်ခေတ်က- မဟာဒန် ၀န်မင်းရဲ့  အပြုအမူတွေကို ရဟန်း ရှင်လူ ပြည်သူထုက မကြိုက်တော့ ရဟန်းတပါး (ဗန်းမော်ဆရာတော်ဖြစ်မည်ထင်၏)က မဟာဒန်ကို စာပစ်သတဲ့- ခွေးတိရိစ္ဆာန် မဟာဒါန် ရွှေပြည် နိဗ္ဗာန် ဝေးလတံ့- လို့ ရေးထားတာကိုးဗျ- အခုလဲ ကြေးနီ ကိစ္စ ဆွေနွေးရာမှာ မောက်မာလွန်းတဲ့ လူကလေး မောင်မြင့်အောင်- နိဗ္ဗာန် ရွှေပြည် ဝေးလတံ့-ဆိုတာထက် ပိုပြီးဆိုးသွားပြီ-

ငြိမ်းချမ်း said...

သမ္မတကြီးနောက်မှာဒီလိုလူတွေရှိနေလို့ ရှေ့ဆက်သွားရမည့်ခရီးက နှေးနေတာပါ။

Unknown said...

တာဝန် ခံတစ်ယောက်အ နေနဲ့ ခွေးတောင် မ သောက်ဘူးဆိုတဲ့

စကားလုံးကို(လံုးဝ)မ ပြောသင့်ပါ…ပြည်သူ ပြည်သား…

ရွာသူ ရွာသားများကို ဂရုမစိုက်ဘူး…မ လေးစားဘူးဆိုတာပြလိုက်သလိုပဲ

$$$$…ရဖို့ အရမ်း အတင့်ရဲနေပြီလို့ ယူဆတယ်ဗျာ…

သတိလေး …ဘာလေး ထားဦးမှပေါ့

Unknown said...

နင်တို့ရေကို ခွေးတောင်မသောက်ဖူးဆိုပြီး ဦးမြင့်အောင် ရေသောက်မသွားဘူးဆိုတော့ စဉ်းစားစရာပဲ။ အစည်းအဝေးတက်တယ်ဆိုတော့ ကျနော်က လူလို့ထင်မိတာ သူပြောမှ ရှင်းသွားတယ်။ ဟားဟားးးးးးး

Unknown said...

သူပြောတာရှင်းတယ်လေ သူ့ကိုယ်သူခွေးလို့ဝန်ခံထားတယ်လေ သူမှမသောက်တာ သူအသိဆုံးပေါ့

Unknown said...

သူမသောက်တဲ့ရေ သူသိတယ်လေ

redfresh20@gmail.com said...

ဒီစကားပြောတာမှန်တယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်တော်တော်ရိုင်းပါတယ်။ မြန်မာနိုင်ငံသားမှန်ရင် မရိုင်းသင့်ပါဘူး

aunglay said...

ဒီလိုလူကြီး ကိုဘယ်လိုလူကြီးတွေက တောင်ဝန်ပေးထားတာလဲ ဒါကဆွေးနွေးပွဲလို့ ပြောရမှာလား ဒါတွေကိုသိနေကြားနေရတဲ့လူကြီးတွေကို ဘာလုပ်နေကြတာလဲ ဒါဟာရှင်းနေတာပဲလေ ပြသနာတက်အောင်ဒီလူကြီးတွေကပဲ လုပ်နေတာဒီလိုပြသနာတွေ တက်လာတော့ရဲက မနိင်တော့ဘူးလေ အဲတော့စစ်အုပ်ချုပ်ရေးပြောင်းမယ်လေ ဒီကောင်တွေရဲ့ကြံက သိသာနေတယ် ဒါကိုကျနော် တို့သတိထားပြီတော့ တိုက်ပွဲဝင်ကြပါဗျာ

Unknown said...

မသွဲ့ သွဲ့ ဝင်း ဟာပုံပြင်ထဲကဗီလုံးငှက်မလေးလိုပါပဲ ဆက်တိုက်ပါ အင်အားကြီးမားသူနဲ့ ရပ်တည်ချက်မှန်ကန်သူတို့တိုက်ပွဲရဲ့အဖြေဟာ ပုံပြင်ထဲကအတိုင်းပဲဖြစ်ပါစေ ခင်ဗျားလိုမိန်းကလေးတစ်ယောက်လောက်တောင်မကျေပွန်နိုင်တဲ့ကိုယ့်ကိုကိုယ်လဲရှက်မိပါတယ်

www.thithtoolwin.com said...

ဦးပိုင်ဆိုတာတကယ့်မြေပိုင်ရှင်အစစ်မဟုတ်

မြန်မာပြည်သူ/သားများသာပိုင်ရှင်အစစ်

ဌါးရန်းသူနဲ့ပိုင်ရှင်ကြားမှာ (အရင်းလည်းမစိုက်ပိုင်ရှင်

လည်းမဟုတ်တဲ့ဦးပိုင်) ဘယ်သူတွေလဲ

ဖိုးဖိုးကြီး said...

ဦးမြင့်အောင်၏စကားသည်သူ့ရှူးသူပတ်သွားသည်။လာဆွေးနွေးသူက-ရေများမကောင်းတော့ကြောင်း၊ဒါကြောင့်ရေများတွင်အက်စစ်ဓါတ်များပျော်ဝင်နေသဖြင့်၎င်းနေရာအနီးတဝိုက်တွင်နေထိုင်သူများအားလုံးအခက်အခဲဖြစ်နေကြသဖြင့်သဖြင့်မယုံလျင်လိုက်သောက်ကြည့်ပါရန်ပြောဆိုဆွေးနွေးသည်ကို-တာဝန်ရှိသူ၏ဖြေကြားဆွေးနွေးပုံမှာ(နင့်တို့ရေကိုခွေးတောင်မသောက်ဘူး)ဆိုသည့်စကားလုံးသည်ရင့်သီးသော်လည်းမိမိစကားနှင့်မိမိပတ်သွားလေပြီ။ခွေးတောင်မသောက်သည့်ရေကို(လူ)တွေသောက်နေရသည့်အဖြစ်ဆိုးသည်
ဦးမြင့်အောင်ပြန်လည်ဖြေကြားသွားခဲ့လေသည်။မိမိတို့လုပ်ငန်းကြောင့်ပတ်
ဝန်းကျင်များတွင်နေထိုင်သူများအတွက်အခက်အခဲတွေ့နေကြရသည်။အစဉ်
ပြေအောင်ယဉ်ကျေးစွာဖြင့်ဆွေးနွေးရမည့်အစား၊ဒေါသထွက်ပြီးပြောဆိုသည့်အတွက်စကားအမှားများထွက်လာသည့်အတွက်ပိုမိုဖြေရှင်းရတော့မည်။

Powered by Blogger.