တိုင်းအစိုးရအဖွဲ့ရံပုံငွေပါပြောတဲ့ ပုသိမ်ယာဉ်ထိန်း

ပုသိမ်မြို့မှာ ယာဉ်ထိန်း အဖွဲ့မှ ယာဉ်ထိန်းရဲတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး အတွက် အလုပ်မလုပ်ဘဲ ရံပုံငွေရဖို့ ဖမ်းဆီးခြင်းတွေပဲ ဆောင်ရွက် နေပါတယ်။ ယာဉ်မောင်းသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အမှန်တကယ် သိရှိလိုက်နာမှု ရှိစေရန် ပညာပေး ဖမ်းဆီး အရေးယူခြင်း မဟုတ်ဘဲ ပိုက်ဆံရဖို့ အတွက် လမ်းထောင့် အကွယ်တွေမှာ ခိုးကြောင် ခိုးဝှက် ဖမ်းဆီး နေကြပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပုသိမ် ယာဉ်ထိန်းရဲများ ပုံးကွယ် စောင့်ဆိုင်းနေစဉ်

တိုင်းအစိုးရအဖွဲ့ရံပုံငွေပါပြောတဲ့ ပုသိမ်ယာဉ်ထိန်း တိုင်းအစိုးရအဖွဲ့ရံပုံငွေပါပြောတဲ့ ပုသိမ်ယာဉ်ထိန်း Reviewed by သစ်ထူးလွင် on 01:45 Rating: 5

22 comments:

Anonymous said...

ဒါများအထူးအဆန်းလုပ်လို့ဗျာ။ဒဏ်ကြေးကနေပြည်တော်တစ်ဝက်ပဲ
ရှိတယ်။ယဉ်ထိန်းမကောင်းတာခြင်းပြိုင်ရင်လည်းရ
တယ်နော်၊အုပ်၊သဲ၊ကျောက်ကားတွေတနေ့အစီးပေါင်းများစွာကိုတစ်စီး၅၀၀မှ၁၀၀၀ပုံမှန်တောင်းတာများသူတို့ရသင့်တဲ့ပိုက်ဆံကို
တောင်းတဲ့အတိုင်းပဲ။တစ်ဖွဲ့ပေးပြီးလည်းကိုယ်သွားတဲ့
လမ်းကြောင်း၁၀ရှိ၁၀ဖွဲ့ပေးပဲ။လမ်းညွှန်အမှတ်အသားမထင်ရှားပဲဖမ်းတာလဲအတူတူပဲ။
ပြည်သူတွေယဉ်၊လမ်းစည်းကမ်းနားလည်အောင်ကူညီဖို့
ရည်ရွယ်ချက်ကမရှိတာကစကားထဲထည့်ပြောတာတောင်
တော်တော်လွန်နေပြီ။တရက်တရက်ယဉ်ထိန်းရုံးမှာလိုင်စင်ရွေးနေတဲ့လူအုပ်ကမသိရင်မျက်လည့်ပွဲအုံကြည့်နေတဲ့အတိုင်းပဲ။ရံပုံငွေကလည်းနေပြည်တော်နောက်တစ်မြို့တည်လို့ရနေ
ပြီ။အခုထိစည်ပင်ဥပဒေဆိုပြီးရိုက်တုံး။အမေစုပြောသလိုပြည်သူအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေ
မယ့်ဥပဒေကိုဖျက်ရမယ်ဆိုရင်ထိပ်ဆုံးဖျက်ရမယ့်ဥပဒေပါ
နေပြည်တော်ယဉ်ထိန်းလောက်မဆိုးရင်သတင်းလုပ်ပြီးမတင်ပါနဲ့ဗျာ။

Unknown said...

မှန်ကန်ကြောင်းထောက်ခန်ပါသည်။
ပုသိမ်မှအောင်ထွန်း။

KoKo Soe said...

သူအလုပ်သူလုပ်တာပဲအဖမ်းမခံချင်ရင်စည်းကမ်းလိုက်နာပြါ

Unknown said...

ဒီသတင်းကိုဖတ်နေတဲ့ ဦးမြင့်အောင်(နေပြည်တော်)ခင်ဗျား . ယာဉ်ထိန်းတွေအကြောင်းကို ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာသိမှရေးစေလို ပါတယ် ဆိုတဲ့အကြောင်းလေးထပ်ရေးလိုက်ပါဦး . ဒါမှ ပြည်သူတွေပိုသိမှာ

Unknown said...

`ရန်ကုန်ကယာဉ်ထိမ်းရဲလည်းအတူတူပါဘဲ အဲထူးခြားတာက ရန်ကုန်မှာရဲ
က ကုန်တင်ကားများကိုသာဖမ်းပါတယ် အနှေးယာဉ်နှင့်ဆိုင်ကယ်များကို
စီးချင်သလိုသာစီး လုံးဝဖမ်းဆီးအရေးယူခြင်းမရှိတော့ပါ။ရန်ကုန်မြို့ပေါ်တွင်
လိုင်စင်မဲ့ဆိုင်ကယ်များ(၃၀၀)ကျော်ခန့်ရှိမည်ဟုထင်ပါသည်။သူတို့ကိုယ်တိုင်
စီးနေကြသည်။

Numega said...

ဒါတွေက တော့ မြို့ကြီးများနဲ့အတူ ထူးမခြားနားပါ။
လကုန်ခါနီးဆို အမှုမပြည့်သေးလို့ ဆိုပြီး ပေးနေကြလူကိုတောင် ဖမ်းတတ်ပါတယ်။

Unknown said...

ကိုပီကယ်ဖမ်ချင်လဲပေါ်ပေါ်တင်တင်ဖမ်းကြပါဗျာ

Unknown said...

အဲ့ဒါ မြန်မာပြည်ကနယ်မြို့တိုင်းမှာ ဖြစ်နေကျတွေပဲ ယဉ်ထိန်းရဲလား မုဆိုးတွေလား မသိဘူး ခိုးကြောင်ခိုးဝှက်နဲ့ အမဲဖျက်ဖို့စောင့်နေကြတာ

Unknown said...

ပုသိမ်မှာတင်မဟုတ်ပါဘူးဗျာ .. ကျွန်တော်တို့ မနလေးမှာလဲ ယာဉ်ထိန်းရဲ+စည်ပင်ရဲတွေ ပေါင်းပြီး မလှိမ့်တပတ်ခွန် ဆိုပြီး အဲလေ..ဘီးလှိမ့်ခွန်ဆိုပြီး ကောက်ခံပါတယ် ..ပြီးတော့ယာဉ်စည်းကမ်းနဲ့မညီဘူးဆိုပြီး နေရာတင်ဒဏ်ရိုက်ပါတယ် ..ဒဏ်ကြေးကတော့ သူတို့ပါးစပ်ထဲကထွက်တဲ့နှုန်းအတိုင်းပါပဲ ..ဒါပေမဲ့
သူတို့က ပွင့်လင်းမြင်သာမှု့လို့တတွင်တွင်ပြောနေတဲ့ခေတ်ထဲမှာ သူတို့ကတော့ ပွင့်ပွင့်လင်းလင်းပါပဲ .. အစိုးရရံပုံငွေလို့ခေါင်းစဉ်မတပ်ပါဘူး .. အိမ်စရိတ်မလောက်လို့ပါတဲ့

Unknown said...

သူတို့ ကိုတော့ မပြောချင်တော့ဘူး ခဏခဏခံနေရလို့  ပတ်ပြေးနေရတယ် ပြီးတော့ သူတို့  ပဲချမ်းသာတာပဲလေ။ လစာကြောင့်ချမ်းသာတာလား? ဒါမှမဟုတ်? ပြောရတာလည်း ငရဲကြီးပါတယ် ပြောတော့ပါဘူး။

sexy said...

ရဲတွေကို ဘယ်လိုယုံရမလဲ ကြောက်တောင်ကြောက်လာပြီ

ဖိုးဖိုးကြီး said...

အော်---ယာဉ်ထိန်းရဲကြီးတွရယ်...တိုင်းအစိုးရအဖွဲ့အတွက်တကယ်ရန်ပုံငွေ
ရှာပေးရတယ်ဆိုရင်-ဒီပုသိမ်တိုင်းအဖွဲ့ကိုလွှတ်တော်ကိုတင်ပြပြီးတော့ တိုင်းတဖွဲ့လုံးကိုဖြုတ်ခိုင်းရမယ်။ရန်ပုံငွေရှာနေတဲ့ပုသိမ်ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ဖွဲ့လုံးကိုလည်းဖြုတ်ခိုင်းဖို့အဆိုတင်သွင်းရမယ်။ ဒီလူတွေအားလုံးပြုတ်သွားရင်ရန်ပုံငွေကိစ္စပြီးသွားလိမ့်မယ်။ တော်တော်ဆိုးနေကြတဲ့ရဲတွေဘဲ။ငါသာလူကြီးဆိုရင်ဒီအကျင့်ပျက်ဝန်ထမ်းမှန်သမျှကိုအထူးခုံရုံးတစ်ခုဖွဲ့ပြီး၊အမှု့စစ်ဆေးပြီး၊တကယ်လုပ်တဲ့အကျင့်ပျက်သူတွေကိုထောင်
ချခြင်း/တာဝန်မှရပ်စဲခြင်း/များပြုလုပ်သင့်ပါတယ်။

Unknown said...

မိရိုး ဖလာ အစွဲ အလမ်းတွေ ဖျောက်ပစ် ကြပါ ဒီနေရာ မှာ ငါ ဆို တာ အမြဲ တန်း မှန် မှာ လား ခေတ် စနစ် က ပြောင်း နေပါပြီ ။တိုင်းပြည် တိုတက် စေချင် ရင် အကြောင်း ပြ ချက် တွေ ခေါင်းစဉ် တပ်နေရင် ဟို နိုင် ငံ ကြီး ဖြစ်သွားပါလိမ့်မယ် ။

Unknown said...

ခေါင်းစဉ် မျိုးစုံ က ၁၂ လ ရာသီ မှာ ဘယ်လောက် ရှိ ပါ သလဲ လူကြီးမင်းများရယ်။

Anonymous said...

ယာဉ်ထိန်းတွေအားလုံး တာဝန်မှရပ်စဲလိုက်ဆိုတော့နောက်ထပ်ခန့်တဲ့လူကလည်းယာဉ်ထိန်းရဲ
ပြန်ဖြစ်လာမှာပါ စည်းကမ်းမရှိတဲ့ယာဉ်မောင်းတွေကြောင့်လဲပါတယ်၊
ပြောရရင်တော့ ၂ဖက်စလုံး မှာ(လူတချို့)စည်းကမ်းမရှိတာ၊

Anonymous said...

မန္တလေး ကယဉ်ထိန်း ဗိုလ်ကြီး မောင်စီုးငြိမ်း

ကပိုဆိုးပါတယ် မယုံမရှိပါနဲ ကိုယ်တွေပါ။

Unknown said...

ဒီသတင်းကိုဖတ်နေတဲ့ ဦးမြင့်အောင်(နေပြည်တော်)ခင်ဗျား . ယာဉ်ထိန်းတွေအကြောင်းကို ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာသိမှရေးစေလို ပါတယ် ဆိုတဲ့အကြောင်းလေးထပ်ရေးလိုက်ပါဦး . အောက်ကလင့်မှာတော့ စည်ပင်ကော၊ တရားရုံးကော၊ စစ်မှုထမ်းဟောင်းကော သရုပ်ဆောင်အားလုံးပါတယ်ခင်ဗျ . ဒါမှ ပြည်သူတွေပိုသိမှာ http://www.hotnewsweekly.com/archives/11527

Unknown said...

ယာဉ်ထိန်းရဲတွေ တာဝန်ထမ်းတာက သူ့အတွက်


နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်သူ ဖြစ်ပါစေ

Anonymous said...

ပုသိမ်တိုင်းအစိုးရအဖွဲ့လည်းသနားစရာပါလား

Unknown said...

ယဉ်ထိန်းဆိုတာဒဏ်ငွေရိုက်ခွင့်ရှိလို့လား

ဒဏ်ငွေရိုက်ရအောင်မင်းတို့ကတရား သူကြီး လား

ဘယ်ဥပဒေကခွင့်ပြုထားလဲ

ဘယ်သူကခွင့်ပြုမိန့်ပေးထားသလဲ

ဖြေကြည့်ပါဦး

ထင်ရာစိုင်းတဲ့ဥပဒေမဲ့လုပ်ရပ်တွေ ခေတ် ကုန်ပြီ

ပြည်သူကိုနှိပ်ကွပ်သော ဥပဒေမဲ့လုပိ ရပိများ ကို

တရားဥပဒေစိုးမိုးရေရရှိရန်ပူးပေါင်းတိုက်ပွဲ ဝင်ကြပါ

Mennyi Nyi said...

ဖမ်းတာကတော့ ဖမ်းကြပါဗျာ.......ချလန်တောင်းရင် မပေးပဲ..တရားရုံးသွားဆောင်ရမှာနော်...ဒီပိုက်ဆံက ကိုယ်တို့လည်းမရပါဘူးကွာ..လို့ ဗြောင်လိမ်တယ်လေ...တောင်းစားတယ်ဆိုလဲ တောင်းစားတယ်ပေါ့

Mennyi Nyi said...

ဖမ်းတာကတော့ ဖမ်းကြပါဗျာ.......ချလန်တောင်းရင် မပေးပဲ..တရားရုံးသွားဆောင်ရမှာနော်...ဒီပိုက်ဆံက ကိုယ်တို့လည်းမရပါဘူးကွာ..လို့ ဗြောင်လိမ်တယ်လေ...တောင်းစားတယ်ဆိုလဲ တောင်းစားတယ်ပေါ့

Powered by Blogger.