မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်

ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ထက်ကြီးသော ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင် ဆင်နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်း ပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁ဝဝ ထုတ်ယူနိုင်မည်ဟု သိရသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တာဆန်း ရေကာတာကို ကန့်ကွက်ကြောင်း ရေးသားထားသည့် အစီရင်ခံစာ စာအုပ် မျက်နှာဖုံး

မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည် မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည် Reviewed by သစ်ထူးလွင် on 13:12 Rating: 5

17 comments:

Justicelovermyanmar said...

လာပြန်ပြီတစ်ခု၊ ဘယ်တုန်းကသဘောတူလို့ ဘယ်လိုလုပ်ကြဦးမှာလည်း။ ဒါလား ပွင့်လင်းထင်သာ ရှိတာ။ တိုင်းပြည်ရဲ့ သယံဇာတ ရေအား၊ မြေနေရာတွေကို သူ့အမေလင် ပစ္စည်းတွေများ မှတ်နေလားမသိဘူး။ လုပ်နေကြပုံက။

ဖိုးဖိုးကြီး said...

***ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ထက်ကြီးသော ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင် ဆင်နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။***
ဒီတခါတော့ ဧရာဝတီမြစ်လိုတော့ပြသနာမရှာသင့်တော့ပါ။ အစိုးရဘာလုပ်လုပ်အပြစ်ဘဲတင်တတ်ကြသူများဟာ-သံလွင်မြစ်ကိစ္စတော့ ဝင်မပါသင့်ဟုယူဆပါသည်။ ဝင်ပါသူ/အပြစ်လိုက်တင်သူသည်နိုင်ငံတော်၏
ဖွံ့ဖြိုးတိုးတက်မှု့ကိုနှောင့်နေအောင်-နှောင့်ယှက်သူအဖြစ်အပြစ်ပေးခံရနိုင်
ဖွယ်ရှိမည်။

Zeus said...

ဆောက်မယ်ဆိုလဲ environmental accessments တွေလဲစဉ်းစားကြပါဦး။ တိုင်းပြည်ရောင်းစားတာမျိုးတော့မဖြစ်ပါစေနဲ့။

Unknown said...

ဒါလည်း တရုတ်ကုမ္ပဏီပဲလား

သေသေချာချာ ချပြသင့်တယ်နော်

Unknown said...

လျှပ်စစ်မီးတွေအပြည့်ရတော့မှာပေါ့နော်ဝမ်းသာစရာဘဲ။

Unknown said...

လာပြန်ပြီလားတရုတ်နဲ့ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာ..။တရားအားထုတ်ပြီး
တရုပ်အားထားနေတုန်းဘဲလား။ကြာရင်မြန်မာနိုင်ငံက တရုပ်ရဲ့လောင်းရိပ်မိ
တော့မယ်။ကျနော်တို့မြန်မာတွေက ပညာမရှိဥာဏ်မရှိတွေလား။တရုပ်ကိုဘဲ
မှီခိုနေကြရတာလား။တရုပ်ကပေးမှကျွေးမှစားရတော့မဲ့ ဘ၀လား..။မြန်မာ့
နည်းမြန်မာ့ဟန်နဲ့တိုးတက်အောင်ကြိုးစားကြပါအုံး။မြန်မာနိုင်ငံမှာလဲ အသိ
ပညာရှင် အတတ်ပညာရှင်အင်ဂျင်နီယာတွေအများကြီးပါ။မြန်မာ့အင်အား
သည်မြန်မာနိုင်ငံထဲမှာရှိပါသည်။မြန်မာပညာရှင်များလည်း ညံ့ဖျင်းကြသူ
များမဟုတ်ကြပါ..။ကိုယ့်မြန်မာအချင်းချင်းယုံကြည်အားထားမှူလည်ရှိစေ
ချင်ပါသည်။

Unknown said...

ရေအားမှာဝေစားမယ်တိုင်းပြည်ကိုရောင်းမစားရုံတမယ်ပါပဲလုပ်ချင်တာသာလုပ်ကြတော့

ရေဖြန်းကိရိယာများ said...

I remember zaw min.sayar gyi dog zaw min is smile

KoKo Soe said...

မြန်မာများကန့်ကွက်တာပဲတတ်တယ်အကောင်မပြောတတ်ဘူးဒီအကျင့်တွေပြင်သင့်ပြီမီးကိုတော့အပြည့်အဝလိုချင်တဟ်မလား

Unknown said...

မီးကလဲလိုတယ်ကွ ခေတ်မီချင်ရင်စွမ်းအင်လိုတာပဲ ရေကာတာ တစ်ခုမှာ ကျိုးရှိသလိုအပြစ်လဲရှိတယ် ခေတ်မမီတော့မမှီလို့  လုပ်တော့လဲလုပ်ပြန်ပြီနဲ့ အစိုးရကိုအရူးမလင်လုပ်ရသလိုမဖြစ်စေနဲ့လေ မီးမလင်းတော့လဲမင်းတို့ပဲဖယောင်းတိုင်ထွန်းကြ အပြစ်ပြောကြဦးမယ် တို့မှာပညာတတ်အင်အားကနဲ အရင်းအနှီးကမရှိ လောလောဆည်တော့ပြင်ပအားယူရဦးမှာ သဘောပေါက် ဗိုလ်ချုပ်တောင်ဒီနည်းကျင့်သုံးခဲ့တာပဲ တရုပ်ကသူတို့နိုင်ငံဘက်ကသံလွင်မြစ်မှာ ရေကာတာ(၁၃)ခု
ဆောက်လို့ကန့်ကွက်ခဲ့တာမြန်မာပါကွ တာဆန်းရောရောက်ဖူးကြရဲ့လားပျက်စီးစရာ Environment ကများများမကျန်တော့ဘူး လုပ်တာကလဲတောင်တွေကြားမှာ နောက်ပြီးစိုက်စရာမြေနုလွင် ပြင်လဲသိပ်မရှိတဲ့မြစ်လေ မြန်မာနိုင်ငံအတွက်ရေရှည်အကျိုးရှိ
မှာပါ တို့ရဲ့သားမြေးစဉ်ဆက်အတွက်ရော အခုတစ်ကမ္ဘာလုံး
အော်နေကြတဲ့ Sustainable Development ဆိုတာကြီးမှာ အရေးကြီးတာမီးပါကွ လိုတာကတရုပ်ကလုပ်လုပ် အမေရိကန် ကလုပ်လုပ် မြန်မာ့မြေပေါ်လုပ်ရင် Output ကိုမျှမျှတတ(တို့အ တွက်မြစ်ဆုံလိုမဟုတ်ပဲများများလေးပေါ့)ရစေချင်တယ် ကဲမောပြီ ပြောရလွယ်တယ် လုပ်ရခက်တယ်ကွာ ဒါ Nuclear မှမဟုတ်တာ အားပေးကြစမ်းပါ

komglin said...

မြန်မာအင်ဂျင်နီယာတွေရဲ့ပင်ကို အရည်အချင်းကိုမယုံတာမဟုတ်ဖူး။ ကိုယ်တိုင်ချမှတ်ခဲ့တဲ့ပညာရေးပေါ်လစီနဲ့ အရည်အချင်းထက် အရေအတွက်ဦးစားပေးခဲ့တဲ့ ကိုယ့်လုပ်ရပ်ကိုယ်မယုံတာဖြစ်မှာပါ။

user said...

မည်သည့်လုပ်ငန်းမဆို အကောင်းနှင့်အဆိုး ဒွန်တွဲနေမြဲဖြစ်သည်။အကောင်းဘက်အားသာ၍ ယင်းအကောင်းသည် ပြည်သူများအကျိုးပိုမိုဖြစ်ထွန်းစေမည်ဆိုလျင် လက်ခံအားပေးသင့်ပါသည်။

Maymyochit said...

သံလွင်မြစ်ကြီးပေါ်မှာဆောက်မယ်ဆိုအင်မတန်ကောင်းပါတယ်
တိုင်းပြည်ဖွင့်ဖြိုးတိုးတက်လာမယ်ပြည်သူလူထုအတွက်လည်းအမှန်တကယ်
အကျိုးရှိမှာပါ ဘယ်နစ်အတွင်းပြီးအောင်ဆောက်ရမယ်ဆိုတဲ့အချက်တော့
ထည့် ချုပ်ဆိုသင့်ပါတယ်။

Bill said...

၂၀၁၅........... မတိုင်ခင်လုပ်ချင်တာလုပ်နေကြတာပေါ့လေ.......မျိုးချစ်စိတ်ဆိုတဲ့မင်းတို့တဖွ
ဖွပြောနေတာတွေ ဘယ်သွားထားကြပြီလဲ............

Unknown said...

တရုပ်က အလကားဆောက်ပေးမှာလား.... အကျိုးမရှိဘဲ တရုပ်က လုပ်မှာလား.... သူ့နိုင်ငံက စွမ်းအင်တွေ အများကြီးလိုနေတာ.... တရုပ်က အကျိုးမ၇ှိရင် လုပ်မှာမဟုတ်ဘူး၊ အိမ်နီးချင်းကောင်းပီသမှု မရှိဘူး။

Unknown said...

ဒီစီမံကိန်းပြီးလို့ မီးတွေကခုလိုဘဲဖြစ်နေမယ်ဆိုရင်တော့ ဖယောင်းတိုင်စက်
ရုံဘဲဆောက်ပါလို့ပြောပရစေ စီမံကိန်းပြီးရင် ဘယ်လောက်ဝပ်ထွက်မယ်ဘာညာသိတ်မပြောပါနဲ့ တရုတ်ကြီးကိုပေးရမှာရှိသေးတယ်လေ ဒါပေမဲလူတွေကလည်းနေရာတိုင်းကန့်
နေတာတော့မကောင်းဘူးပေါ့ လျှပ်စစ်ကလည်းအရေးကြီးတယ်လေ။

Unknown said...

ရေအားလျှပ်စစ်စီမံကိန်းကို သံလွင်မြစ်မှာဆောက်ရန်ပြင်ဆင်နေ တယ်ဆိုတော့ နောင်လာနောက်သားများ ရရှိခံစားရမည့် အကျိုးဆက်များကို စီမံကိန်းမစခင် အများသိရှိအောင် ကျွမ်းကျင်ပညာရှင်များ၏ ထောက်ခံချက်ပေးမှုကို တရားဝင်ထုတ်ပြန်ပေးသင့်ပါသည်။

Powered by Blogger.