စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အား ရာထူးမှပယ်ဖျက်ပေးရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင် ပြုမိန့် မရသေး

စစ်ကိုင်းတိုင်း-အောက်တိုဘာ၂၀

စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး အား လက်ရှိရာထူးမှ ပယ်ဖျက်ပေးရန်နှင့် ယခု ထီးချိုင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအား နှုတ်ထွက်ပေးရန် အတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ခွင့်ပြုချက်တောင်း ခံထားခြင်းကို ခွင့်ပြုမိန့် ပေးမထား သေးကြောင်း ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ရက်နေ့တွင် လူအင်အား ၁၀၀၀ ၀န်းကျင်ဖြင့် အထက်ပါ အကြောင်းအရာများ အတွက် စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့်တင် ထားခြင်းဖြစ်ပြီး ဦးဆောင် ပြုလုပ်သူမှာ ဦးစိန်လှ ဖြစ်ကြောင်းသိရသည်။

“ပုံစံ(၈)ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့် ခွင့်ပြုမိန့် ပေးမထားပါဘူး။ ပထမနှစ်ကြိမ် ပြတုန်းကလည်း အဲ့ဒီလိုပါပဲ။ ပထမတစ်ကြိမ် တင်တယ်မရဘူး၊ ဒုတိယတစ်ကြိမ် တင်တယ်မရဘူး။ နောက် သုံးကြိမ်မြောက်ကျ တော့ ရသွားတယ်။ အခုလည်း စာထပ်တင် မယ်ဆိုရင် ရနိုင်ပါတယ် “ဟု ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက တယ်လီဖုန်းဖြင့် မေးမြန်းခြင်းကို ပြန်လည် ဖြေကြားသည်။

စစ်ကိုင်း ထီးချိုင့်မြို့နယ်၊ မောင်းတော ကျေးရွာတွင် ဆန္ဒထုတ်ဖော်မှု ယခင်က နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပထမအ ကြိမ်တွင် ဂရိတ်ဝေါလ် သကြားစက်ရုံ မရွှေ့ပြောင်းရေး အတွက် မောင်းကုန်းရွာ သစ်တောရုံးရှေ့မှ ဦးကြည်တိုက်တန်းအထိ ဒေသခံတောင်သူများ အလုပ်သမားများစုစုပေါင်း ၃၀၀ခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိ ယအကြိမ်အဖြစ် သြဂုတ်လ ၂၁ရက်နေ့တွင် နီကယ်စက်ရုံနှင့် ဂရိတ်ဝေါလ် သကြားစက်ရုံများ ပြောင်းရွှေ့ရေးအ တွက် လူ ၁၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဖိုးလပြည် - Popular Myanmar News Journal


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်