အောင်ပန်းမြို့ ၌ မိုးပြာဝါဒ ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြ

ရှမ်းပြည်နယ် အောင်ပန်းမြို့  ၊မြို့မ ပြင်သာကျောင်းတိုက် အတွင်း၌ ယနေ့(၄.၁၀.၂၀၁၂)သောကြာနေ့ တွင် မိုးပြာဝါဒဆန့်ကျင်သူ(၃၀၀)ခန့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ ပါသည်။ ဆန္ဒ ထုတ်ဖော်ပွဲကို (၅.၁၀.၂၀၁၂)နေ့တွင် ပြုလုပ်ရန် သက်ဆိုင်ရာသို့ တင်ပြသော်လည်း ခွင့်မပြုခဲ့ ကြောင်းသိရပါသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







အောင်ပန်းမြို့ ၌ မိုးပြာဝါဒ ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြ အောင်ပန်းမြို့ ၌ မိုးပြာဝါဒ ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြ Reviewed by သစ်ထူးလွင် on 20:17 Rating: 5

31 comments:

Anonymous said...

ဒီကိစ္စဟာ ခုလိုဆန္ဒပြလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး.... ဒီမိုကရေစီ နိုင်ငံတိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်အလက်တွေကို လိုက်နာဖို့ သဘောတူထားတဲ့ နိုင်ငံတိုင်းဟာ ဘယ်လောက်ပဲ ကိုးကွယ်သူ အင်အားတွေ ခြားနားပါစေ... လူနည်းစု ရဲ့ ယုံကြည်ကိုးကွယ်မှုကို ဖျက်ပေးရမယ်ဆိုတဲ့ ရပ်တည်ချက်မျိုး လုံးဝမရှိပါဘူး။ နိုင်ငံတော်ဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်ကို အလေးထားရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့သက်ဆိုင်ရာက အထက်ပါ ဆန္ဒပြပွဲကို လက်မခံတာပဲဖြစ်ပါတယ်။ အထက်ပါ ဆန္ဒပြသူတွေကို ခွင့်ပြုချက်မရှိပဲ ပြုလုပ်တဲ့အတွက် ဘယ်လို အရေးယူ ဆောင်ရွက်မလဲ စောင့်ကြည့်ချင်ပါသေးတယ်။ ထေရ၀ါဒအတွင်း ဂိုဏ်း ၉ ဂိုဏ်းထဲက ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းပေါ်မှာ ကိုးကွယ်သူတွေ ငြိုငြင်ကြလို့ ဆန္ဒဖော်ထုတ်ပြီး ဖယ်ရှားတာမျိုးဆို ပြောစရာမရှိပေမယ့်... မိုးပြာဟာ သီးခြား ဘာသာတစ်ခုဖြစ်ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာ အတွင်းကမဟုတ်ပဲနဲ့ ခုလို ပြုလုပ်တာဟာ အဆီအငေါ်လုံးဝမတည့်ပါဘူး.... နောက်တစ်ခုက ဆန္ဒထုတ်ဖော်ပွဲလို့သာ အမည်ခံထားပေမယ့် တကယ်က ဖိအားပေးပွဲလဲ ဖြစ်နေနိုင်ပါတယ်.... လူသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ကြပါစေ.... လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ကြဖို့လဲ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်းလိုပါတယ်.....

Anonymous said...

လွတ်လပ်စွာဖေါ်ထုပ်ခွင့်ုကိုလေးစားပါတယ် တစ်ခြားနည်းလမ်းရှိရင်အရင်စဉ်းစားစေခြင်ပါတယ် ဘောလုံးပွဲရပ်သွားလို့ဆန္နထုပ်ဖေါ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။

Unknown said...

အယူဝါဒ တစ်ခုကို ဃဂနဏ မသိပဲနဲ့ အန္တရာယ်ကင်းလောက်တယ် နံမည်ကြီးလောက်တယ်ထင်ပြီး ခေါင်းဆောင်တဲ့သူကခေါင်းဆောင် နောက်ကလိုကတဲ့သူကကုသိုလ်ရလောက်တယ်ထင်ပြီး အပျော်လိုက်အော်ပြီး လူနည်းစုကိုနို်င်ထက်ဆီးနင်းလုပ်ဖို့ အကြံနဲ့စလိုက်တဲ့ပွဲပါပဲ။သူတို့လိုချင်တဲ့ တကယ့်ရလဒ်က ရခိုင်ဘင်္ဂလီအရေးအခင်းဖြစ်အောင်လုပ်ပြီးတိုင်းပြည်ဆူအောင်လုပ်တာမရလို့ တော်လှန်ရေးကောင်စီခေတ်ကလို ဘာသာရေး အရေးအခင်းနဲ့ဆို တိုင်ပြည်ဆူမလားလို့လုပကြည့်နေတာပါ။ဘယ်သူတွေအကျိုးအမြတ်ရမယ်ဆိုတာပြည်သူတွေသိမှာပါ။ပြည်သူတွေသတိရှိကြပါ။မိုးပြာဘုန်းကြီးဟာစစ်အစိုးရအဆက်ဆက် မဟနကထောင်ချခိုင်းထားလို့ အခုထိထောင်ထဲမှာပါ။ဗုဒ္ဓဘာသာဖြစ်ပြီးထောင်ထဲကလူတစ်ယောက်ကိုနိုင်ထက်စီးနင်းပြုနေကြခြင်းဟာ အမှန်တရားနဲ့အဝေးကြီးပါ။ မေတ္တာသုတ်ရွတ်နေကြတဲ့ ဗုဒ္ဓဘာသာတွေပါ။

Unknown said...

ဗုဒ္ဓဝါဒကိုဒွိဟဖြစ်စေသောဝါဒအား အစွမ်းကုန်ဆန့်ကျင်ရပါမည်။

Unknown said...

ထေရဝါဒဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းစေသော်။

Unknown said...

ထေရဝါဒဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းစေသော်။

Unknown said...

ထောက်ခံတယ်ဗျာ
ထေရဗုဒ္ဓဘာသာကိုထိကပါးဖျက်ဆီး တာ ကို လက် ပိုက် မ ကြည့်နိုင်ဘူး

ဒါပေမဲ့ဗုဒ္ဓဘာသာဝင်များခင်ဗျား

ကျွန်တော်တို့တိုက်ခိုက်မှုဟာဗုဒ္ဓ ဘာ သာ ကို


စော်ကားတိုက်ခိုက်မှုကြောင့်ကန့် ကွက်ရ

ခြင်းဖြစ်ပါတယ်နိုင်ငံရေးရောထွေးမသွားစေ လို ပါ





ငြိမ်းချမ်းရေး said...

သက်ဆိုင်ရာက ခွင့်မပြုပဲနဲ့ ဆန္ဒပြကြတာဟာ မြို့ရွာဆူပူအောင်ဆောင်ရွက်သလိုဖြစ်နေပါတယ်။

မိုးပြာဟုအစွပ်စွဲခံရသော ဒေါ်နွဲ့နွဲ့ဌေးတို့သည် အောင်ပန်းမြို့တွင် အနေအထိုင် ရိုးသားကြပြီး ဆူပူဆန္ဒပြသူ ဦးထွန်းမြင့်နှင့် အပေါင်းအပါတို့သည် ဘာကိစ္စပဲဖြစ်ဖြစ် အမြဲတမ်း ပြဿနာရှာတတ်သူများသာ ဖြစ်ကြပါသည်။

ထိုပြဿနာရှာသူ တချို့ကြောင့် အောင်ပန်းမြို့မှ ဗုဒ္ဓဘာသာဝင်များမှာ ဘာသာရေးစိတ်ဆင်းရဲမှု စိတ်မကောင်းမှုများ ဖြစ်နေရပါသည်။

ယခုလဲ ဦးထွန်းမြင့်နှင့် အပေါင်းအပါတို့ ပြဿနာရှာမှုကြောင့် ဘာသာရေးဆူပူမှုများကို သက်ဆိုင်ရာမှ အချိန်မီ ထိန်းသိမ်းသင့်ပါသည်။

Unknown said...

ဒါက လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့မဆိုင်ပါဘူး
ဘာ သာသနာကိုဖျက်ဆီးတာဖြစ်ပါတယ်
ဒါကို အရေးမယူရင် သာသနာကွယ်ပျောက်နိုင်တဲ့အတွက်
စုပေါင်းကာကွယ်သင့်ပါတယ်

true said...

ထောက်ခံတယ်။မိုးပြာဝါဒဆိုတာမရှိသင့်ပါ။ဗုဒ္ဓသာသနာ
ကိုညှိနွမ်းစေသောဂိုဏ်းဖြစ်တယ်။ထေရ၀ါဒဗုဒ္ဓသာနာကို ကာကွယ်ပါ။မိုးပြာဂိုဏ်း၊၀ါဒနှင့်ဆက်စပ်သမျှတမျိုးသား
လုံးနှိမ်နင်းကျ။

Anonymous said...

သာသနာကွယ်ပျောက်ပုံသည် မည်သို့နည်း။
လေ့လာကြစေလိုသည်။
ဤသို့သော သာသနာဖျက်ဂိုဏ်းများကို စောစီးစွာ နှိမ်နင်းမှသာလျှင် သာသနာအဓွန့်ရှည်မည်ဖြစ်ကြောင်း
ပိဋကတ်တော်လာ အကြောင်းတရားများစွာက သက်သေပြလျက် ရှိပါသည်။

kan said...

လွတ်လတ်စွာ ပြောဆိုခွင့် ၊ ကိုးကွယ်ခွင့်ကတော့မှန်ပါတယ်။ သူတစ်ပါး စည်းရုံးခွင့်တော့ ဘယ်ရမလဲ။ကိုယ်ပိုင်လွတ်လတ်ခွင့်နဲ့ လွတ်လတ်တယ်ဆိုပြီး လူတကာခေါ်အိပ်လို့ ရပ်ကွက်က မောင်းထုတ်တာ ခံရမှာပေါ့။ လူထုက ၊ လူထုအများကိုယ်စားပြု ပုဂ္ဂိုလ်တွေက လက်မခံရင် ဒါနောက်ဆုတ်ပေးရမယ်လေ။ ပယ်ဖျက်ပေးရမယ်လေ။

Unknown said...

ဒေါ်နွဲ့နွဲ့ဌေး ဆိုတာ သူ့ ကိုယ်သူ မယ်တော်ကြီး ဆိုပြီး ထီးဖြူဆောင်း လို့ မိုးပြာ ၀ါဒ တွေ ကို မှိုင်းတိုက်သူပါ။ အသက် ၅၀ ကျော် ၆၀ နားကပ် နေပြီး အိမ်မှာ ခိုင်းတဲ့ ကောင်မလေး တယောက် နဲ့ ဘဲ အိမ်မှာ နေနေ တဲ့ မုဆိုးမ ပါ။ မိုးပြာ ဘုန်းကြီး လာရင် အဲဒီ မှာဘဲ သင်္ကန်းဝတ် ကြီးနဲ့ ညအိပ် ညနေ ရက်ရှည် လာ တည်းခိုတာ မသင့်တော် တာလည်း ဂရုမစိုက်ပါ။
အမဲ စီးပွားရေး လုပ်တယ် လို့လည်း နာမည် ထွက်ပါတယ်

ငြိမ်းအေး said...

ကျနော်တို့ ထေရ၀ါဒနဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒ အယူဝါဒ နှစ်ခုကို နှိုင်းယှဉ်လေ့လာကြည့်တော့ ထေရ၀ါဒမှာက ဂျိန်းတရားတွေ ရောနှောနေတဲ့ စိတ်ကူးယဉ်ဆန်တဲ့ သဘောမျိုးတွေ တွေ့ရတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒကတော့ ကံဝါဒကို အခြေခံတာမို့ လူနဲ့နီးစပ်တဲ့သဘောမျိုးတွေ့ရတယ်။
ဒါ့ကြောင့် ဗုဒ္ဓတရားတွေဟာ လူတိုင်အလွယ်တကူ လက်တွေ့သိနိုင်ကျင့်နိုင်တာမို့ ပစ္စုပ္ပန်ကမ္မ၀ါဒအယူက ဗုဒ္ဓအယူနဲ့ ပိုမိုနီးစပ်မှုရှိနိုင်ပါတယ်။

နှိုင်းယှဉ်လေ့လာနိုင်ကြရန် ထေရ၀ါဒ website www.dhammadownload.com နှင့် ပစ္စုပ္ပန်ကမ္မ၀ါဒ website www.ariyathitsa.org တို့ကို ညွှန်လိုက်ပါတယ်။

komglin said...

မိုးပြာရဲ့အယူအဆ၊ အသုံးအနှုံး၊ အခြေခံတွေကို သေချာလေ့လာသင့်ပါတယ်။ သူတို့ထုတ်ဝေထားတာ သိတဲ့ ရှိတဲ့သူများ မျှဝေပေးပါ။ ဗုဒ္ဓဘယသာကို အခြေခံပြီး ၀ါဒခွဲတာဆိုရင်တော့ဆန့်ကျင်သင့်ပါတယ်။ သူ့ဖာသူတစ်လိုင်းဆိုရင်တော့ ပိတ်ပင်လို့မရနိုင်ပါ။ ကိုယ့်စည်းကိုယ်လုံအောင် လုပ်ဖို့ဘဲ ဖြစ်နိုင်ပါလိမ့်မယ်။

Unknown said...

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသည် ထေရ၀ါဒတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်ဟု ပြောလို့မသင့်ပါ။
ကျန်တဲ့ ဗုဒ္ဓဘာသာအယူဝါဒကွဲများရဲ့ အခန်းဂဏ္ဍကိုပါ လက်ခံပေးနိုင်ဖို့လိုပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်များအားလုံး သက်ဆိုင်ရာ ဗုဒ္ဓဘာသာအယူဝါဒကွဲများကို ယုံကြည်ကိုးကွယ်ခွင့်ရှိသင့်ပါသည်။

အခုက ဗုဒ္ဓဘာသာအမွေကို လုပ်ပိုင်ခွင့်ရ ထေရ၀ါဒီတွေမှ တစ်ဦးတည်း အပိုင်ဆီးထားတဲ့ အမွေလုမှုလိုမျိုးဖြစ်နေတဲ့ သဘောမျိုးပါ။

ဒါ့ကြောင့်လူတိုင်း လွတ်လပ်စွာ လေ့လာကိုးကွယ်နိုင်ဖို့ သဘောထားတွေ မသေးကြပါနဲ့တော့လား ခင်ဗျာ။

Unknown said...

မိုးပြာဝါဒဆိုတာ ဘယ်လိုဘာလဲ မသိလို့ပါ သိသူများဖြေပေးကြပါ။

Unknown said...

အောင်ပန်းးမြို့ဒေါက်တာဦးထွန်းမြင့်နှင့်အပေါင်းအပါများမှာ ဘုရားတရားကို ယုံကြည်လက်ခံသူများဖြစ်ပါသည်။တရားမဟုတ်သည်ကိုခုတုန်းလုပ်ပြီး ငရဲမကြောက်နာမည်ကြီးရင်ပြီးရော လုပ်နေသူများကို ဘုရားမျက်နှာကြည့်၍ ကိုယ့်ထမင်းကိုစားကာ သာသနာတော်တွက် ကာကွယ်သူများဖြစ်ပါသည်။
ဒေါ်နွဲ့နွဲ့ဌေးနှင့်အပေါင်းအပါများ သည် နာမည်ကြီးလို ဘာမှအားထုတ်မှုမရှိဘဲ တရားရလို ခေါင်းဆောင်ဖြစ်လိုစိတ်အားကြီးကာ ဘု၇ားရှင်အားစော်ကားသူများသာဖြစ်၏။သက်သေပြစ၇ာကား အောင်ပန်းမြို့ လုထုကြည်ညိုကိုးကွယ်သော၇ဟန်းတော်များက ဒေါက်တာဦးထွန်းမြင့်ဘက်မှာ ရပ်တည်ခဲ့ပါသည်။ဒေါ်နွဲ့နွဲ့ဌေးနှင့်အပေါင်းအပါများ၏ လုပ်၇ပ်ကို ရဟန်းတော်များနှင့် အောင်ပန်းမြို့သူ၊မြို့သားများကမနှစ်သက်
ခဲ့။မိုးပြာဝါဒအပါအ၀င် ဘုရားသာသနာကိုစောကားသူများအား ၀ိုင်းဝန်းဆန့်ကျင်ကြပါစို့

Unknown said...

အံ့သြလောက်ပါရဲ့ဗျာ...။ တစ်သက်နဲ့တစ်ကိုယ် ခုလိုမမြင်ဘူးမကြားပါဘူး။ ခုဟာက ဘယ်သူမှားသလဲ၊ ဘယ်သူမှန်သလဲဆိုတာထက်...ပြောရရင် မြန်မာနိုင်ငံမှာ အဓမ္မလို့စွပ်စွဲခံထားရတာတွေထဲမှာ ရှင်ဥက္ကဋ္ဌတို့ရဲ့တရားတစ်ချို့၊ မိုးကုတ်ဆရာတော်ဘုရားတို့ရဲ့ တစ်ရားတစ်ချို့ပါရှိပါတယ်။ နိုင်ငံတော်က သံဃာ့မဟာနာယအဖွဲ့က ထုတ်ပြန်ထားတဲ့ဝိနစ္ဆယစာရင်းကိုကြည့်ရင်သိပါတယ်။ အဲဒါတွေတုန်းက တကယ့်ကို အဓမ္မပါလို့ ကြေညာခဲ့တာကြာပြီပဲ။ မတူညီမနှစ်သက်တဲ့တရားတွေကို ခုလိုဝိနိစ္ဆယလုပ်တာကလွဲလို့ ဘာများထပ်လုပ်ကြအုံးမှာလဲ။ လူလည်းသတ်တာမဟုတ်၊ သူများမယားတွေလည်း ကြာခိုင်းရင်လည်းထား၊ သူ့လင်လည်းမခိုးပါလျက် လူမှုဘဝတွေကို ဖျက်လိုဖျက်ဆီးလုပ်တယ်လို့များထင်နေလို့ ဆန္ဓပြတာလားမသိဘူး။ အစိုးရကလည်းခွင့်မပြုပါဘူး။ မှန်တယ်ထင်တိုင်း အိမ်ရှေ့ ထွက်အော်မယ်ဆိုရင် ဒီမိုကရေစီဆိုတာဝေးသွားမှာပေါ့။ ဒါကနိုင်ငံရေးနဲ့ လှည့်တဲ့စကားမဟုတ်ဘူး။ ခုဟာက ဥပဒေမဲ့လွန်းနေတယ်။ ပုဂိုလ်ရေးတွေရှေ့တန်းတင်လွန်းနေသလိုပဲ။ ခုလည်း မြန်မာပြည်တွင်းမှာရှိတဲ့၊ မြန်မာတစ်ချို့တွေလောက်သာယုံကြည်တဲ့အရိယသစ္စာဆိုတဲ့ ထေရဝါဒလက်အောက်ကနေ ထွက်ခွာထားကြတဲ့သူတွေကို အတင်းအဓမ္မလိုက်ပြီး နှိမ်နှင်းနေတာဟာ မင်းမဲ့စရိုက်ဆန်လွန်းလှပါတယ်လို့ ပြောလိုက်ပါရစေ။ သူတို့ယုံကြည်တဲ့အယူအဆက ဘယ်လိုဆိုတာ သိချင်ရင်လည်း လေ့လာကြည့်လိုက်ကြပါ။ www.ariyathitsa.org

Unknown said...

လွပ်လပ်စွာ ကိုးကွယ်ခွင့်ဆိုပြီး ကိုယ်ဘာသာချီးပုံကြီးထိုင်ကန်တေါ့ တါကိစ္စမရှိပေမယ့် သူများတကါ ကိုချီးနဲ့လိုက်မသုတ်နဲ့။

Unknown said...

လွပ်လပ်စွာ ကိုးကွယ်ခွင့်ဆိုပြီး ကိုယ်ဘာသာချီးပုံကြီးထိုင်ကန်တေါ့ တါကိစ္စမရှိပေမယ့် သူများတကါ ကိုချီးနဲ့လိုက်မသုတ်နဲ့။

kaung.san3333 said...

ထောက်ခံပါသည်။

kaung.san3333 said...

ထောက်ခံပါသည်။

km said...

ဒါက လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့မဆိုင်ပါဘူး
ဘာ သာသနာကိုဖျက်ဆီးတာဖြစ်ပါတယ်
ဒါကို အရေးမယူရင် သာသနာကွယ်ပျောက်နိုင်တဲ့အတွက်
စုပေါင်းကာကွယ်သင့်ပါတယ်

minnminn said...

ဘာသာရေးက တစ်ကဏ္ဍ ပေါ့
အခုလို ကိုယ် မှန်တယ်ထင် တိုင်းသာ စည်းမဲ့ကမ်းမဲ့
ဆန္ဒပြ နေကြတာတော့မ ကောင်း ဘူးထင်တယ်
ရှေ့သွားမယ့် ခရီး နောက်ရောက် သွားဦးမယ်

Cho Cho Aung said...

ပတ္တမြားမှန်၇င်တော့ နွံ မနစ်ပါဘူး ..တ၇ားတော်သာ စစ်မှန်၇င် ဘယ်သူတွေ ဘယ်လောက်ဖျက်ဖျက် မပျောက်ကွယ်နိုင်ပါဘူး .အတင်း
အကျပ်မကိုးကွယ်ဘူးလို့ တားမြစ်ပိတ်ပင်လို့ေ၇ာ ၇မယ်ထင်လို့ လား
ဖိနှိပ်လေ ကြွတက်လေပါပဲ လွှတ်ထားပေးသင့်ပါတယ် မမှန်တဲ့ တ၇ားတော်
ဆိုတာ ခဏတာပါပဲ ပျောက်ကွယ်၇မှာ..

Min Lu said...

မိုးပြာဝါဒ၏အယူမှားများနှင့်ပတ်သက်ပြီး သင်္ဂါဟက (တောင်သာ)၏ ပစုပန်ကမ၀ါဒဘာလဲဘယ်လဲ စာအုပ်တွင်အပြည့်အစုံရှင်းလင်းချေပထားပါသည်။သာသနာရေး ဦးစီးဌာန၏ခွင့်ပြုချက်ဖြင့်ကောင်းထွဋ်စာပေ(ဖုန်း- ၇၃၀၂၀၁၇၁)မှဖြန်ချီထားပါသည်။တော်ဝင်စင်တာရှိစာအုပ်ဆိုင်တွင်လည်းဝယ်ယူနိုင်ပါသည်။ဒေါက်တာဦးထွန်းမြင့်နှင့် အောင်ပန်းအဖွဲ့သားများ၏လုပ်ရပ်အားထောက်ခံပါသည်။

Unknown said...

မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ထို့ကြောင့်ဗုဒ္ဓဘာသာကိုညှိုးနွမ်းအောင်ပြုလုပ်သောလူနှင့်အဖွဲ့အစီးအခြားဘာသာများကိုမလိုလားပါ

Min Min said...

အခြေခံဥပဒေ လွတ်လပ်စွာယုံကြည်ခွင့်နှင့် မိုးပြာ
မိုးပြာဂိုဏ်း ဦးဥာဏက သူ့အတွေးအခေါ်အပေါ်အခြေခံပြီး ဘာသာရေးတစ်ခုကိုတည်ဆောက်တယ်။ တည်ဆောက်တာမှာနည်းလမ်းလွဲမှားပြီး သူတပါးယုံကြည်မှုကို နာကြည်းစေတဲ့ တည်ဆောက်နည်းတွေ ဖြစ်နေတဲ့အတွက် ထိုတည်ဆောက်မှုနည်းလမ်းကိုသာကန့်ကွက်ခြင်းဖြစ်သည်။ မိုးပြာတို့ ထိုသို့မယုံကြည်ရ၊ ဘာသာရေးတစ်ခုကို မတည်ဆောက်ရလို့ကန့်ကွက်ခြင်းမဟုတ်။ မိုးပြာတို့ရဲ့ ဘာသာရေးတည်ဆောက်မှု နမူနာတစ်ခုကိုပြောမယ်။ ထေရ၀ါဒမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုပြီး လေးမျိုးရှိတယ်။ ဦးဥာဏရဲ့ မိုးပြာအယူအဆမှာ တစ်မျိုးတည်းသာရှိတယ်။ အဲဒီတစ်မျိုးကိုရှင်းပြရာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတဲ့စကားလုံးတွေသုံးပြီး ဆင်တူရိုးမှားလုပ်ရှင်းတယ်။ ဒါဟာမရိုးသားတဲ့စည်းရုံးနည်းဆိုတာ သိနိုင်တယ်။ ဒီအောင်ပန်းမှာဖြစ်ခဲ့တဲ့မိုးပြာ ဦးဥတ္တမကိစ္စမှာ ထေရ၀ါဒတွေယုံကြည်ထားတဲ့ အတိတ်ကံ၊ အတိတ်ဘ၀ အယူအဆကို မိစ္ဆာဒိဌိအယူဖြစ်တယ်လို့ သင်တန်းပို့ချတဲ့အတွက် ဘာသာရေးနာကြည်းမှုဖြစ်လို့ အပြစ်ဒါဏ် ချခဲ့တာပဲဖြစ်တယ်။ မိုးပြာဂိုဏ်းဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ဦးဥတ္တမ မိုးပြာဂိုဏ်းဝင် ဟုတ်မဟုတ်က သာသနာရေးဌာနရဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဦးဥတ္တမ တရားရုံးကိုဖြေရှင်းချက်တင်တော့ မိုးပြာဆိုက် ပစ္စုပ္ပန်ကမ္မ၀ါဒ စာအုပ်များအောက်မှာတင်ထားတဲ့ အဗျာကထန စာအုပ်ထဲကနေ မိတ္တူကူးတင် တာကတော့ ထူးဆန်းပါတယ်။ ဆန္ဒပြကြတယ်ဆိုတာလည်း ဘာသာတရားကိုကာကွယ်ဖို့ နိုင်ငံတော်သံဃနာယက က ညွန်ကြားလွာတွေထုတ်တယ်။ ထိုညွန်ကြားလွာများအရ ဘာသာတရားကိုကာကွယ်ရာမှာ တရားဥပဒေသက်ရောက်မှုမြန်ဆန်စေရန် ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။

thitsa said...

ရှင်ဥက္ကဋ္ဌတို့ခေတ်ကသာ တခါးပိတ်ဝါဒ ကျင့်သုံးနေတဲ့ အချိန်အခါမို့ အာဏာရှင် အစွန်းရောက်ထေရ၀ါဒီတို့ လုပ်ချင်တိုင်း လုပ်လို့ရပေမယ့် ဒီနေ့ခေတ်လို ကမ္ဘာသိအောင်ဆောင်ရွက်နိုင်တဲ့အချိန်မှာတော့ အတင်းအဓမ္မဖိနှိပ်လို့ မရတော့ပါ။
ကမ္ဘာအနှံ ပြန့်နှံနေတဲ့ တရားတွေကို မြန်မာပြည်တွင်းက အာဏာရှင် မဟနက ဘယ်လို လုပ်လုပ် လုပ်သမျှတော့ သမိုင်းတရားခံဖြစ်တော့မှာ အမှန်ပဲ။

အာဏာရှင် ဘာသာရေးဆရာတွေရဲ့ ဆိုးမွေကတော့ အခုအောင်ပန်းမြို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေပါပဲ။

Ko Thu said...

ရေးနေကြတဲ့ ကွန်းမန့်များကိုကြည့်ရင် အယူမှားလက်ခံသူများ ဘယ်လောက်တောင်များနေ ပြီလဲဆိုတာကိုတွေ့ရတယ်..... ထေရ၀ါဒတရားတော်များဟာ လူတွေတွေးခေါ်နိုင်တဲ့ အပြင်ဖက်မှာ ရှိလို့ တကယ်စစ်မှန်သော တရားကိုလိုချင်ရင် သမာဓိကို ရအောင်ဆောက်တည် ပြီးတွေ့အောင်ရှာနိုင်ပါတယ်...အယူမှား သွားရင် သံသရာ တစ်လျောက်လုံး မှန်ကန်သော အယူပြန်ရ ရန်အလွန်ခက်ခဲတယ်ဆိုတာကို သဘောပေါက်ပြီး ကြောက်ရကောင်းမှန်း သိကြပါစေ။။

Powered by Blogger.