သင်္ဃန်းကျွန်းမှာ ယနေ့ ည မီးလောင်မှု ဖြစ်ပွါး

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း ကကုလားစု မှတ်တိုင်အနီးက လေထိုး ကျွတ်ဖာဆိုင်နဲ့ ဓါတ်ဆီဆိုင် ဖွင့်ထားတဲ့ ဆိုင်မှာ ဒီနေ့ည ၉း၁၅ လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၉း၃၀ လောက်မှာ မီးညွန့်ကျိုး သွားကြောင်းသိရပါတယ်။

မီးစတင်လောင်တဲ့ အချိန်မှာ မီးညွန့်က ပေ၂၀၀ လောက်အထိ မြင့်တက်ခဲ့ပါတယ်။

မီးလောင်မှု ဖြစ်ပွါးရာ အနီးမှ နေသူတွေ ပြောတာကတော့ ဓါတ်ဆီပုံးတွေ ထပေါက်ပြီး မီးတောက်တွေ တက်လာလို့ ဆိုပါတယ်။

မီးသတ်ကားကလဲ နိုင်တယ် ဘေး ဘယ်ညာမှာလဲ အထပ်မြင့်တိုက်ခန်းတွေဖြစ်နေလို့ ပါတ်ဝန်းကျင်ကို မကူးစက်ခြင်း မရှိခဲ့ ကြောင်း မီးလောင်မှု မြင်ကွင်း ဗွီဒီယို ကို ရိုက်ကူးပေးပို့ လာတဲ့  ကိုသန်းထွန်း က Myanmar News Now ကို ပြောပါတယ်။

မီးလောင်မှု ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

သင်္ဃန်းကျွန်းမှာ ယနေ့ ည မီးလောင်မှု ဖြစ်ပွါးစဉ်

သင်္ဃန်းကျွန်းမှာ ယနေ့ ည မီးလောင်မှု ဖြစ်ပွါး သင်္ဃန်းကျွန်းမှာ ယနေ့ ည မီးလောင်မှု ဖြစ်ပွါး Reviewed by သစ်ထူးလွင် on 00:10 Rating: 5

3 comments:

Unknown said...

“မီးစတင်လောင်တဲ့ အချိန်မှာ မီးညွန့်က ပေ၂၀၀ လောက်အထိ မြင့်တက်ခဲ့ ပါတယ်။” ဆိုတာ ဖြစ်နိုင်ပါ့မလားဗျာ၊ နဲနဲတော့ပြန်လည်စိစစ်စေချင်ပါတယ်၊ ပေ ၂၀၀ အမြင့်ရှိတဲ့ မီးညွန့်ဟာ ဘယ်လောက်ထုထည်ကြီးမားမလဲဆိုတာ ခန့်မှန်း ကြည့်မယ်ဆိုရင် ဆီသိုလှောင်ကန်ကြီး တစ်ကန်လောက် မီးလောင်နေတဲ့ ပမာဏလောက်ပဲ၊ အဲဒိလောက်ကြီးတဲ့မီးလောင်မှုသာဆိုရင် ဘေးနားမှာရှိတဲ့ တိုက်ခန်းတွေပါ မီးထဲပါသွားနိုင်တယ်နော်၊ တင်ထားတဲ့ movie ထဲမှာလဲ မီးတောက်က ဒီလောက်ကြီး မကြီးလှပါဘူး၊ အမှန်တကယ်သာ မီးညွန့်သာ ပေ၂၀၀ လောက်မြင့်မယ်ဆိုရင် Camera man က မီးငြိမ်းခါနီးမှရောက်သွားပုံရပါတယ်၊ မီးညွန့် ပေ ၂၀၀ အမြင့်ရှိတဲ့အချိန်မှာ ရိုက်ထားတာမဟုတ်ပါဘူး၊ ရိုက်မယ်ဆိုရင်တောင်မှ အဲဒိလိုမီးပမာဏမျိုးမှာ သူလဲ အနားကတ်ပြီးရိုက်နိုင်မှာမဟုတ်ပါဘူး၊

ဖိုးဖိုးကြီး said...

လောင်စာရောင်းစားနေကြတဲ့လူတွေဟာမီးပေါ့ဆတော့-လောင်တာပေါ့။
မီးပေါ့ဆတဲ့အပြင်-လောင်စာဆီတွေကလည်းရောင်းတယ်ဆိုတော့ပိုဆိုးတာပေါ့။
ထိုက်သင့်သောအရေးယူတာတွေလုပ်ပါ။

user said...

တာဝန်ရှိသူများမှ ရပ်ကွက်အတွင်း တရားမဝင်လောင်စာဆီသိုလှောင်ရောင်းချမှုတွေကိုအထူးတားမြစ်သင့်ကြောင်းပါ။

Powered by Blogger.