ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်လှန့်ထား

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများနှင့် အဓိဂရုဏ်း များကြောင့် သူ၏ နယ်စပ်ကို တပ်လှန့်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ကော့စ်ဘဇားခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်က မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် မြန်မာနိုင်ငံသားများ မိမိတို့ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းနေကြသည်ကို သိရှိပါကြောင်း၊ သို့အတွက် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် လက်နက်ကိုင် အဖွဲ့များသို့ တပ်လှန့်ထားပါကြောင်း သတင်းဌာန
များသို့ ပြောကြားသည်။

ခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်သည် ရခိုင်တွင် အဓိဂရုဏ်းများ နောက်ထပ် တဖန်ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာနယ်စပ် မောင်တောမြို့နှင့် မျက်နာချင်း
ဆိုင်တွင် တည်ရှိသော တက်ကနက်မြို့သို့လည်း သွားရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ နယ်စပ် အရာရှိများ၊ နယ်ခြား စောင့်တပ်ဖွဲ့မှ အရာရှိများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တက်ကနက် ဒေသဆိုင်ရာ အဏာပိုင်များကလည်းရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ မွတ်ဆလင်များ ဘုတ်အစီး ၄၀ ဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ဦးတည် ထွက်ပြေးလာသည်ဟု သတင်းရရှိကြောင်း၊ သို့အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ၀င်ရောက်မလာရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ( ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့) တပ်ရင်း တပ်မှူး ဒုဗိုလ်မှူးကြီး ဇာဟိန် ဟာဆန်ကလည်း ရခိုင်ဖြစ်ပေါ်နေသော အရေးအခင်းကြောင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ ၀င်ရောက်ကောင်း ၀င်ရောက်လာနိုင်သဖြင့် သူ၏ တပ်ဖွဲ့ကို တပ်လှန့် သတိပေးထားသည်ဟု ပြောဆိုသည်။

မြန်မာ မွတ်ဆလင်များ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်ရန် နယ်စပ်တွင် စုရုံးနေသည်ဟု သတင်းများ ရရှိကြောင်း၊ သို့သော်လည်း အတည်မပြုနိုင်ကြောင်း ဒုဗိုလ်မှူးကြီး ဟာဆန်က ဆက်ပြောကြားသည်။

နတ်ကျောက်ဆရီအခြေစိုက် အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး ခါလစ်ကွာဇမန်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသော ခေါင်းတုံးဒေသမှ တရားမ၀င်ဝင်ရောက်လာသော ဘင်္ဂလီမွတ်ဆလင် ၄၃ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ကော့စ်ဘဇားမြို့တွင်လည်း မြန်မာဘက်က မတည်ငြိမ်မူများကြောင့် ရဲတပ်ဖွဲ့ အရာရှိများကို ယမန်နေ့က အစည်းအဝေး ခေါ်ယူခဲ့ပြီး သတိ အနေအထားနှင့် လုပ်ကိုင် ဆောင်ရွက်ကြရန် ရဲမင်းကြီး ဆလိမ်း အမ်း ဂျေဟင်ကြီးက ညွှန်ကြားထားသည်ဟု သိရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘင်္ဂလာ အစိုးရ၏ အထောက်အပံ့ အကူအညီဖြင့် ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ်မြို့တွင် ရခိုင်အမျိုးသားများက ၀ါကျွတ်ပွဲတော်ကို အထူးစည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ သတင်းဌာန

ဘင်္ဂလာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ရခိုင် ဇွန်လ အရေးအခင်း ဖြစ်ပွားစဉ် နယ်စပ်ကို စောင့်ကြပ် နေကြစဉ်။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်