ရန်ကုန် ၊ အောက်တိုဘာ ၃
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် သမ္မတကြီး၏ အမိန့်ကို နာခံရန် ကတိ ပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့ရှိ JING CHENG ဟိုတယ်၌ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင် ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် စစ်ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များ ဆွေးနွေးမည်ဟု ဆိုသော်လည်း ကေအိုင်အေ (ကချင် လွတ်လပ်ရေး တပ်မတော်) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တက်ရောက် လာမည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ တက်ရောက်လာခြင်း မရှိကြောင်း တွေ့ရသည်။
The Voice Weekly
ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
Browse › Home ›
မြန်မာ့သတင်း
» ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။








