ပြည်သူရင်ပြင်၌ ရှေးဟောင်းအမြောက်ကြီး တူးဖော်တွေ့ရှိ

ပြည်သူရင်ပြင်၌ အဆောက် အဦးဆောက်လုပ် ရန်အတွက် တွင်းတူးစဥ်မြေဆယ်ပေအနက် အရောက်တွင် ရှေးဟောင်း အမြောက်ကြီး တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်းအချင်း ၁၈ လက်မ ၊ ကျဉ်ထွက်ပေါက် ၉ လက်မ ရှိကြောင်းသိရသည်။

ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က အမြောက်ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်း စစ်ဆေးသွားမည်ဟု သိရသည်။ ယင်းအမြောက်ကြီးကို ယန္တရား စက်မောင်းဦးကျော်ကျော်လေး က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ညွှန့်ဝင်း - Popular Myanmar News Journal

ပြည်သူရင်ပြင်၌ တူးဖော်တွေ့ရှိ သည့် ရှေးဟောင်း အမြောက်ကြီး တူးဖော်တွေ့ရှိ

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်