ရန်ကုန်၊ အောက်တိုဘာ၃၀
ယနေ့ ကျင်းပနေသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းသည့် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ တပ်မတော်မှ ၁၀၅ မမ အမြောက်ဖြင့် ၁၄ လုံး ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေ ဘက်က ပြောကြားလိုက်သည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကလည်း “ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆွေးနွေးပြီး စစ်ရေးကို ဖြေလျှော့ဖို့ လိုတယ်" ဟု ဆိုသည်။
ထို့အတွက် နှစ်ဦးနှစ်ဖက် အောက်ခြေတွင် သံသယ အမှန်ဖြစ်သော်လည်း တွေ့ဆုံဆွေးနွေး၍ စစ်ရေးလျှော့ချရန် လိုအပ်ကြောင်း
ထပ်မံ ပြောကြားလိုက်သည်။
The Voice Weekly
ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မတော်မှ လက်နက်ကြီး ၁၄ လုံးပစ်ဟု ကေအိုင်အို ဆို
Browse › Home › » ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မတော်မှ လက်နက်ကြီး ၁၄ လုံးပစ်ဟု ကေအိုင်အို ဆို
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။






