မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး (ဓါတ်ပုံ - ညီညီဇော်)
မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး (ဓါတ်ပုံ - ညီညီဇော်)
ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘောလုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော
၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ
လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့
ရောက်သွားခဲ့သည်။

မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ
ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး
၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။

7Day News Journal
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်