စစ်တွေတွင် သံဃာတော်များနှင့် မြို့မိမြို့ဖများ ဆန္ဒပြမည်

ရန်ကုန်၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရဟန်း သံဃာတော်များနှင့် မြို့မိမြို့ဖများ စုပေါင်းကာ ယနေ့ နေ့လည် ၁ နာရီတွင် စစ်တွေမြို့အနှံ့ လှည့်လည် ဆန္ဒပြမည်ဖြစ်ကြောင်း စစ်တွေမြို့ ရဟန်းပျိုများ သမဂ္ဂမှ သံဃာတော်များက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲတွင် ရခိုင်ပြည်အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ တွင် OIC ရုံးစိုက်မည်ကို လုံးဝကန့်ကွက်ကြောင်း စသည့် အချက်၅ ချက်ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း ရဟန်းပျိုများ သမဂ္ဂမှ ဦးဇင်းတစ်ပါးက မိန့်ကြားသည်။

The Voice Weekly

ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ ဆန္ဒထုတ်ဖော်သည့် မြင်ကွင်းများ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်