ပုသိမ်ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူများ ဒဏ်ငွေချမှတ်ခံရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကုန် ဈေးနှုန်း ကျဆင်းရေး ဆန္ဒဖော် ထုတ်ခဲ့ကြသူ (၁၄)ဦးကို ပုသိမ် မြို့နယ် တရားရုံးက ပုဒ်မ (၁၅၃) ရုန်းရင်း ဆန်ခတ်မှု ကျူးလွန်ရန် ကြံရွယ်မှုနဲ့ အောက်တိုဘာ ဒုတိယအပတ်တွင် ဒဏ်ငွေ ၁ထောင် သို့မဟုတ် ထောင်ဒဏ် ၁လကျ ခံဖို့ ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

ဆန္ဒပြသမားများကို စည် ပင်သာယာဌာနက မူလက၀တ္ထ ရားနှောင့်ယှက်မှုနဲ့ တရားစွဲထား တာဖြစ်ပေမဲ့ တရားသူကြီးပုဒ်မ (၁၃၅)အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်သည်ဟု ပြစ်ဒဏ်ချ ခံရသူ ကိုချစ်အေးကပြောဆို သည်။ ““ကျွန်တော်တို့ကို ထောင် ပဲချမယ်လို့ ဆုံးဖြတ်ထားတာ၊ မနေ့က အမိန့်တွေအစုံဖတ်ပြပြီး  နောက်ဆုံးပုဒ်မ (၁၅၃)နဲ့ ဒဏ်ငွေ တစ်ယောက် ၁ထောင်ဒဏ်ကြေး ရိုက်တယ်။ ဒဏ်မဆောင်နိုင်ရင် ၁လ ပုံစံနဲ့လုပ်လိုက်တယ်။ ကျွန် တော်တို့က မတရားအပြစ်ပေးခံ ရတာပဲ၊ ဥပဒေချိုးဖောက်ပြီး ကျွန်တော်တို့ကို မတရားလုပ် လိုက်တာ။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင်ပင်ဆွေးနွေးပြီး ပြန်ထပ်ဖော်ထုတ်ဦးမယ်””ဟုပြော သည်။

ပြစ်ဒဏ်ပေးခံရသူတွေက တော့ ကိုချစ်အေး၊ ကိုဇော်မိုး၊ ကို ၀င်းဇော်စတဲ့ ပုသိမ်မြို့ခံတွေနဲ့ လူ့ အခွင့်အရေးလှုပ်ရှားသူတွေပါဝင် ပြီးတရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ သည်ဟု သိရသည်။ အခုနှစ် ဆန်းပိုင်းဖေဖော်ဝါရီ ၂ ရက်နေ့  ပုသိမ်မြို့ မြို့နယ်စည်ပင်သာယာ ရေးရုံးရှေ့မှာ လူ ၁၆ ယောက် လောက်က ကိုန်ဈေးနှုန်းကျဆင်း ရေးအတွက် ပိုစတာတွေကိုင် ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ဆန္ဒပြပွဲအပြီး တွင် ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ပြီး စည်ပင်သာယာတရားစွဲဆို ထားခဲ့ရာက အခု (၈)လလောက် အကြာမှာ တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ချစ်စမ်းမောင် - Hot News Weekly

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်