အမရပူရ မြို့ နယ်ရဲစခန်းမှ အပြစ်မဲ့ကလေးအား လျှပ်စစ် ကျင်စက်ဖြင့်တို့ ကာ အတင်းအဓမ္မ ဖြောင့်ချက်တောင်းဆို

မန္တလေးတိုင်း၊ အမရပူရမြို.နယ် ၊ အမှတ်(၄၅) ရတနာ့ဂူ  ဘုရားလမ်း ငွေတိုးကျေးရွာအုပ်စု  တွင်နေထိုင်သော ကျွန်မ  မချိုမာရီ၏ သားမောင်မင်းသိန်း အသက်  (၁၆)နှစ် ဖြစ်သူကို  အမရပူရ ရဲစခန်းမှ  ၂၃.၉.၂၀၁၂ ရက်နေ့ နံက်(၃) နာရီခန့် တွင်  ခဏလိုက်ခဲ့ပါဟု ခေါ်ဆောင်သွားပြီးဖမ်းချုပ် ထားပါသည်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမရပူရ မြို့ နယ်ရဲစခန်းမှ အပြစ်မဲ့ကလေးအား လျှပ်စစ် ကျင်စက်ဖြင့်တို့ ကာ အတင်းအဓမ္မ ဖြောင့်ချက်တောင်းဆို အမရပူရ မြို့ နယ်ရဲစခန်းမှ အပြစ်မဲ့ကလေးအား လျှပ်စစ် ကျင်စက်ဖြင့်တို့ ကာ အတင်းအဓမ္မ ဖြောင့်ချက်တောင်းဆို Reviewed by သစ်ထူးလွင် on 00:41 Rating: 5

9 comments:

Laminthar said...

MANDALAY CITY မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက် ၃၆x၃၇ ၇၇x၇၆ ကြားနေ ကိုကံမြင့်ကျော် သည် ၂လုံး ၃လုံး ဘောလုံး လောင်းကစားဒိုင် အားအရေးယူပေးပါ ပရက်ကွက်လူကြီးနှင့်အမှတ်၉ရဲစခန်း မှ စခန်းမှုးနှင့် တာဝန်ရှိ လူကြီးမင်းများ လောင်းကစားပပျေက်စေချင်သူရပ်မိရပ်ဖတစ်ဦး


001komgmg222@gmail.com said...

အင်း
ပြောရအုန်းမယ်မြန်မာနိုင်ငံရဲပြည်သူတွေကိုနှိပ်စက်ဘို့
ဆိုရင်အဲဒီအဖွဲ့အစည်းကိုပြင်လို့မရဘူးလားခင်ဗျာ။
ပြည်သူတွေအတွက်တစ်ကယ်ကိုစဉ်းစားပေးသင့်နေပါပြီခင်ဗျာ။

သီဟ said...

ရဲတွေအကျင့်ကဒီလိုဘဲ
တရားခံမပေါ်ရင် ပေါ်အောင်လူစားထိုး
တာပေါ့၊မရမ်းကုန်းမှာတော့
အဲလို အစစ်ကောင်းလို့ သေပါရောလား
တယောက် အဲတော့လည်း
တစခန်းလုံးရခိုင်ပြောင်းပေါ့
ဟိုမှာ ရဲအင်အားလိုတယ်လေ


juno said...

အဲဒီလိုတကယ်နှိပ်စက်လို့လားသေသေချာချာလေးစုံစမ်းကြည့်ပါဦးနော်

Unknown said...

အော်အော် ကလေးခင်ဗျာသနားပါတယ် ဒီလိုအဖြစ်မိုးကြားရတော့ ဟိုကောင်သန်းရွှေနဲ့ခင်ညွန့်ကို လည်မျိုနင်းသတ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသိညဏ်မရှိတဲ့ဒီလိုဝန်ထမ်းတွေ စာနာစိတ်မရှိတဲ့ကောင်တွေကို မွေးထုပ်ထားလို့ပဲ ပြောမဲ့တာပြောရဒါ ဒီကောင်သန်းရွှေနဲ့ခင်ညွှန့်လဲ ဖွတ်ဦးနောက်သာသာပဲ ရှိတာဆိုတော့ကျန်တဲ့ဝန်ထမ်းတွေလည်း အခုလိုအပြစ်မရှိတဲ့လူကို အပြစ်ရှိအောင်လုပ်တော့တာပါပဲ။ စစ်မှန်တဲ့ဥပဒေဆိုတာ မြန်မာနိုင်ငံအတွက် မြန်မာလူမိုးတွေ ယုံကြည်လက်ခံလာဖို့အနည်းဆုံး နောက် (၁၀) နှစ်စောင့်ရပါလိပ့်မယ် သို့သည်းမဟုတ်အချိန်တိုတိုအတွင်းမှာပြောင်းလဲချင်ရင်တော့ ဦးသိန်းစိန်ပေါ်မှာမူတည်ပါတယ်။ မချိုမာရီ သားအတွက်ဆုတောင်းပေးပါတယ် မဟုတ်မမှန်သော တရားဥပဒေမှအမြန်ဆုံးလွှတ်ညိမ်းပါစေလို့။.................

ဖိုးဖိုးကြီး said...

အမှု့ဖြစ်စဉ်အသေးစိတ်မသိရတော့-ရဲတွေရဲ့စစ်ဆေးချက်တွေဟာ-ဂျပန့်ခေတ်က ကင်ပေတိုင် တွေလိုဘဲ-တရားခံကိုစစ်ရင်အရက်စက်ဆုံးစစ်ဆေးကြတယ်။
ဒီလိုစစ်ဆေးမှု့တွေဟာ တကယ်လို့အပြစ်မရှိတဲ့သူကိုစစ်မိရင်၊အဲ့ဒီလူအတွက်
မနစ်နာဘူးလား။သူ့ဘဝမှာလူဖြစ်ရှုံးသွားနိုင်တဲ့ဒုက္ခိတဖြစ်သွားမှာပေါ့။အဓိကမှာ စစ်ဆေးသူတော်ရင်/ကျွမ်းကျင်ရင် အမှု့ပေါ်နိုင်ပါတယ်။
စစ်ဆေးသူတာဝန်ကျရဲရဲ့ဖြတ်ထိုးဥာဏ်နှင့်လိမ္မာပါးနပ်မှု့/အမှု့ကိုင်တွယ်ရာမှာ
ညှင်းပမ်းနှိပ်စက်ခြင်းနည်းစွာနဲ့ဥာဏ်ကိုအသုံးချတတ်ရင်အမှု့ပေါ်နိုင်ပါတယ်။

mr.zayarphyo said...

တစ်ဖက်သတ်ပြောဆိုရုံနဲ့တော့ လက်မခံနိုင်ပါဘူး အဓိကကတော့ သက်သေတစ်ခုခုပေါ့ ...အဲဒါမျိုးလိုအပ်ပါတယ်
ရဲတပ်ဖွဲ့ကလည်း တကယ်လုပ်လားမလုပ်လားဆိုတာကို မပြောနိုင်သလို ၁၆နှစ်သားကောင်လေးကိုလည်း တကယ်လုပ်လားမလုပ်လားဆိုတာပြောရခက်စေပါတယ် ဘာသက်သေ သာဓကမှမရှိပဲတော့ ဘာကိုမှလွယ်လွယ်လက်မခံချင်ပါဘူး

juno said...

mr.zayarphyo ဖြိုးပြောသလိုပဲတစ်ဖတ်သတ်ပြောဆိုရုံနဲ့တော့
လက်ခံလို့မရပါဘူးအဓိကကတော့ခိုင်လုံတဲ့သက်သေလိုအပ်ပါတယ်
ရဲတွေဖမ်းခေါ်တယ်ဆိုကတည်းကအဲဒီကလေးမှာလည်းမသင်္ကာဖွယ်ဆက်စပ်မှုရှိနေလို့ပဲနေမှာပါlamaintar ပြောတဲ့နေရာမှာတကယ်လောင်းကစားဒိုင်ရှိနေတယ်ဆိုရင်အမှတ်၉ရဲစခန်းကိုတကယ်ပဲအကြောင်းကြားပေးပါ့မယ်
တာဝန်သိသူတစ်ဦး

Unknown said...

အကြောင်းအရင်းအမှန်ကို သိအောင်ကြိုးစားကြပါအုံး။ မုန်းတီးရေးတစ်ခုတည်းကြည့်ရင် အယူအဆတွေ ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်ပါတယ်။ အပြစ်မရှိတာသေချာမှ ဝေဖန်ကြပါ။ အပြစ်ကို ဖုန်းကွယ်ဖို့ကြိုးစားတာလဲဖြစ်နိုင်ပါတယ်။

Powered by Blogger.