Myanmar Positive Group (National PLHIV Network) ၏ (၆)ကြိမ်မြောက် National PLHIV Forum အောင်မြင်စွာကျင်းပပြီးစီး

Myanmar Positive Group (National PLHIV Network) မှ ဦးဆောင်၍ (၆)ကြိမ်မြောက် National PLHIV Forum ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ Excel Treasurer Tower တွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အမျိုးသား ခုခံကျ/ကာလသားတိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာဒေါ်ခင်ဥမ္မာစံအပါအ၀င် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNAIDS မှ Country Director Mr.Eammon Murphy နှင့် UN, INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ MPG နှင့်ကွန်ရက်ချိတ်ဆက်ထားသော တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄) ခုမှ အိပ်(ခ်ျ)အိုင်ဗီပိုး ဖြင့် အသက်ရှင်နေသူ ကိုယ်စားလှယ်ပေါင်း (၁၉၇)ဦးအပါအ၀င် စုစုပေါင်း (၂၆၃) ဦးတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နှစ်ရက်တိုင်တိုင်ကျင်းပခဲ့ပြီး နောက်ဆုံးနေ့တွင် တက်ရောက်လာကြသူများအားလုံးမှ လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံရှိ အိပ်(ခ်ျ)အိုင်ဗီပိုးရှိသူများအတွက် အဓိကလိုအပ်ချက် (၅)ချက်ကို တောင်းဆိုခဲ့ကြပါသည်။ အဆိုပါတောင်းဆိုချက်များကို တာဝန်ရှိသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အလှူရှင်များသို့တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Myanmar Positive Group (National PLHIV Network) ၏ (၆)ကြိမ်မြောက် National PLHIV Forum အောင်မြင်စွာကျင်းပပြီးစီး Myanmar Positive Group (National PLHIV Network) ၏ (၆)ကြိမ်မြောက် National PLHIV Forum အောင်မြင်စွာကျင်းပပြီးစီး Reviewed by သစ်ထူးလွင် on 16:48 Rating: 5

No comments:

Powered by Blogger.