လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html


ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June  မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp)  လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့  the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို  ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ  မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ..။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။


the voice journal တရားစွဲခံရသော သတင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို  သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို  အောက်ပါလင့်မှာ  ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167

ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။



လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။

 အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့  အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။  အများသိတဲ့ ၀မ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။
အဲဒီ ၀မ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22


သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။



Norinco's VT1A MBT 2000, Main Battle Tank


Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို  အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။ 

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။

by ငရဲ သား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ် Reviewed by သစ်ထူးလွင် on 20:59 Rating: 5

33 comments:

gold said...

နိုင်ငံတော်ကတိုင်းပြည်ကာကွယ်ရေးအတွက်ကာကွယ်ရေးဘတ်ဂျက်လုံလောက်အောင်မပေးနိုင်လို့စစ်တပ်ကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ဦးပိုင်ဖွဲ့ကာစီးပွားရှာရတာလား?ဒါမှမဟုတ် စစ်တပ်ကနိုငငံတော်နှင့်အပြိုင်စီးပွားရေးရှာတာလား,.? ဒါမှမဟုတ်စစ်တပ်မှအငြိမ်းစားများနှင့်သူတို့ရဲ့မိသားစုကိုနိုင်ငံတော်မှမထောက်ပံ့နိုင်လို့ဦးပိုင်ဖွဲ့ရတာလား?ဒါမှမဟုတ်တိုင်းပြည်စီးပွားရေးဖွှုံဖြိုးရေးအတွက်စစ်တပ်ကဦးပိုင်ဖွဲ့ကာဘတ်ဂျက်ကူညီရှာပေးတာလား?ဒါမှမဟုတ်စစ်တပ်ကဦးပိုငဖွဲ့ပြီးနိုင်ငံတော်ပါမစ်ကိုနိုင်ငံခြားရောင်းစားဘို့လား?ဒါမှမဟုတ်စစ်တပ်ကနိုင်ငံတော်ကာကွယ်ရေးတာဝန်မထမ်းဆောင်တော့ဘဲ ဦးပိုင်ကုမ္ပဏီဖွဲ့ကာစီးပွားရေးသက်သက်လုပ်ကိုင်တော့မှာလား? သိက္ဂာရှိသောစစ်တပ်ဖြစ်ပါစေလို့။

Unknown said...


ကျွန်တော်တို့သည် မည်သူကိုမှမမုန်းပါ

သို့သော် တရုတ်၏မြန်မာအပေါ်ထားရှိသော

သဘောထားသည်များစွာအောက်တန်းကျသည်

တရုတ်နိုင်ငံထုတ်ပစ္စည်းများကိုမသုံးသင့်တော့ပေ

MgTheingarMDY said...

ဒီသတင်းကို ထိရောက်ကျယ်ပြန့်အောင်ဝိုင်းလုပ်ကြပါစို့။

Unknown said...

ဒီအရေးဟာ ဘင်္ဂါလီကုလားအရေးနဲ့ ထပ်တူ အမျိုးသားရေးသေရေးရှင်ရေးကြီးပါ။လွှတ်တော်တွင်းမှာအရေးကြီးအဆင့်ဆွေးနွေးရုံမက နောက်ဆုံးမှာ အမေရိကန်ရဲ့ အကူအညီကိုပါရမှသာ အဆင်ပြေနိုင်မယ်ထင်ပါတယ်။ဦးသိန်းစိန်နဲ့ ဒေါ်စု ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့အပေါ်မူတည်နေပါပြီ။

Unknown said...

နောက်ကွယ်မှာ ဘာအကြောင်းအရာတွေဘဲ ရှိနေနေ..
ဒီပြဿနာရဲ့အစက တကယ်ကိုရိုးရှင်းပါတယ်။ လယ်သိမ်းခံရတဲ့ တောင်သူလယ်သမား ဒေသခံတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးနဲ့ ထိုက်တန်တဲ့ လျှော်ကြေးငွေ မပေးတာက စခဲ့တာပဲ။ စောစောစီးစီး ထိုက်သင့်တဲ့လျှော်ကြေးငွေနဲ့ မုံရွာပတ်ဝန်းကျင်ဒေသပြည်သူတွေ နစ်နာမှုအတွက် ထိုက်တန်တဲ့ တုံပြန်မှုတစ်ခုခု စောလျှင်စွာ စီစဉ်ပေးခဲ့ရင် ဒီပြဿနာ တက်လာစရာကို မရှိပါဘူး။ အခုလည်း ဖြစ်သင့်တဲ့ လျှော်ကြေးပေးရင် ပြဿနာ ပြေလည်သွားနိုင်လျှက်နဲ့ အကြမ်းဖက် ဗိုလ်ကျတဲ့နည်းနဲ့ ဖြေရှင်းနေလို့ ပိုပြီးကြီးထွားလာရတာပါ။
ဒီကိစ္စ အစိုးရပိုင်းမှာ အခက်အခဲ အကျဉ်းအကြပ်ဖြစ်နေရင်လည်း တိုင်းပြည်ကို ပွင့်လင်းစွာ ချပြတဲ့နည်းနဲ့ အဖြေရှာနိုင်တယ်။
တစ်ခုတော့ ရှိပါတယ်။ ကိုယ့်နိုင်ငံရဲ့ အလယ်ခေါင်မှာရှိပြီး စစ်ရေးအမြင်ရပဲဖြစ်ဖြစ်၊ လူမှုစီးပွား အမြင်အရပဲဖြစ်ဖြစ် အချက်အခြာကြတဲ့ ဒီလိုနေရာမျိုးကို ပြည်ပနိုင်ငံအတွက် နှစ်ပေါင်း(၆၀)လောက် ကြီးစိုး လုပ်ပိုင်ခွင့် ပေးလိုက်တာကို ဦးသိန်းစိန် ကိုယ်တိုင်ရော ကြိုက်နှစ်သက်မယ် ထင်ပါသလား။ ဒါကြောင့်မို့ ပြည်သူတွေ ဆန္ဒဖော်ထုတ်နေတာကို သတ်မှတ် ရေချိန်ရောက်သည်အထိ လက်ပိုက်ကြည့်နေတာလား တစ်ဖက်က လှည့်တွေးကြည့်မိပါတယ်။ ဒါမှမဟုတ် ဦးသိန်းစိန်ကိုယ်တိုင်ကိုယ်က အလိုတူ အလိုပါလား။ သူ့အထက်မှာ ၁၀၀%ကြောက်ရမယ့်လူ ရှိနေဆဲလား။ ဒါမှမဟုတ် ငယ်ကြောက်ဖြစ်ပြီး ဘာမှ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတာလား။
ဒီပြဿနာက ဘယ်လောက်ပဲ ကြီးကျယ်သည်ဖြစ်စေ စစ်တပ်ရဲ့အသွင်ပြောင်း အစိုးရဆိုတာ မလုပ်ချင်ရင် ဘာမှမဖြစ်ဘူး၊ လုပ်ချင်ရင်လည်း အကုန်ဖြစ်ပါတယ်။ ဥာဏ်နီ၊ ဥာဏ်နက်၊ ပြာ၊ ၀ါ၊ စိမ်း.. အကုန် ထွက်ပါတယ်။ ဥပဒေနဲ့အညီ အခွန်အတုတ် စည်းကြပ်တဲ့နည်း၊ သူတို့အတွက်တော့ ဥပဒေဆိုတာ မညီရင် ညီအောင်လုပ်လို့ရတာပါပဲ။ စာချုပ်ပါကန့်သပ်ချက်ထဲက ငှားရမ်း လုပ်ကိုင်သူကို အကျဉ်းအကြပ်ဖြစ်စေတဲ့ နည်းများစွာထဲက နည်းတစ်နည်းနည်းနဲ့ (အခုလို လူထုအုံကြွမှုပုံစံလည်း ပါကောင်းပါမပေါ့လေ..)နိုင်ငံတကာဖိအားကို ကိုယ်အတွက် လိုရာဆွဲသုံးပြီး ပြန်လှန်တဲ့နည်း...စသဖြင့်..
မလုပ်ချင်လို့သာရှိပါမယ်.. အစိုးရအနေနဲ့ လုပ်လို့မရဘူးဆိုတာ လုံးဝ မရှိပါဘူး။
ရိုးသား နိမ့်ပါးတဲ့ တိုင်းသားပြည်သူဆိုတာ ကျန်တာတွေ ဘာနားလည်ရှာမှာလဲ၊ ကိုယ်လိုချင်တာ၊ တရားမျှတမှုနဲ့အညီ ဖြစ်သင့်တာကိုပဲ တောင်းဆိုတတ်ရှာမှာပေါ့။ ဒါတောင်မှ စနစ်အရ အခွင့်အရေးလေး အထိုက်အလျောက် ရလာလို့သာပါ။ အရင်လို ပိပြားနေအောင် မသေရုံဖိနှိပ်ထားရင် ဘယ်လိုလုပ် အသံထွက်လို့ ရလိမ့်မတုံး၊ အကြောက်တရားတွေ ကြီးစိုးရင်း နိုင်ငံသားတွေ ကိုယ်ရည်ကိုယ်သွေး တောက်ပထက်မြက်မှု ကျဆင်းခဲ့ရတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံကြီး ဘက်စုံ နိမ့်ပါးဆင်းရဲရတဲ့ဘ၀ ရောက်ခဲ့ရတာပါ....။
အခုလက်ပံတောင်းတောင် ကိစ္စမှာ တရုတ်မျက်နှာ တစ်ခုတည်းကို ကြည့်ပြီး ကိုယ့်ပြည်သူတွေကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်စေအောင် ညှင်းဆဲ၊ နှိပ်စက်တဲ့နည်းနဲ့ အာဏာပိုင် အဖွဲ့အစည်းက ကိုင်တွယ်ဖြေရှင်းနေတာတွေဟာ အသားထဲက လောက်ထွက်တဲ့လူတွေလို ရွံရှာဖွယ် ကောင်းလွန်းလှပါတယ်။ နာကျည်းမိပါတယ်။
အခု ဒီဆောင်းပါးဟာလည်း တက်ကြွလှုပ်ရှားနေသူတွေကို တစ်ဖက်လှည့်နဲ့ အားလျှော့အောင် ထွက်လာတဲ့ဆောင်းပါး မဟုတ်ဘူးလို့ ပြောလို့မရပါဘူး.. အဓိက က ဒီပြဿနာမှာ လုပ်ငန်းကြီး တစ်ခုလုံး အပြီးသပ် ရပ်တန့်သွားအောင်လုပ်ဖို့ ခက်ကောင်းခက်နိုင်ပါတယ်၊ ဒါပေမယ့် နိုင်ငံတော်ရဲ့ အာဏာရှိသူတွေ စိတ်စေတနာပါလို့ ဖြေရှင်းပေးရင် မရနိုင်စရာ မရှိပါဘူး။ ပြဿနာရဲ့ အရင်းအမြစ်က လျှော်ကြေးအပြည့်အ၀ မပေးဘဲ လယ်မြေဧက ၇၈၀၀ကျော်ကို နှစ်ပေါက်တစ်ပေါက် သိမ်းယူခြင်းပါ။ တိုင်းပြည်ကို ပွင့်လင်းမြင်သာအောင် ချမပြခြင်းပါ။ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အကျိုးရှိတာ သိသာထင်ရှားရင် တစ်မျိုးဖြစ်နိုင်ပါတယ်။ မဆီမဆိုင်တွေ အကုန်လုံး သိမ်းကြုံးတွေးနေရင် အဓိက လိုရင်းပျောက်သွား တတ်ပါတယ်။
(ကျွန်တော်တစ်နေရာမှာ ပေးထားတဲ့ကွန်မန့်ကို ပြင်ဆင်ဖြည့်စွက်ပြီးမန့်ထားတာပါ)

Unknown said...

ကောင်းတယ်ဗျာ။ ဒီလိုအဖိုးတန်တဲ့သုံးသပ်ချက်ကိုဖတ်ရတာ။အားလုံးအဖြေရှာပြီးညှိနိုင်းဆောင်ရွှက်သွားစေချင်ပါတယ်။နိုင်းနိုင်းချိန်ခ်ျန် သုခမိန်ပေါ့ဗျာ။

Unknown said...

ဟင်....
အားလုံးကိုရှုပ်နေတာပဲ

Unknown said...

ကောင်းတယ်ဗျာ။ ဒီလိုအဖိုးတန်တဲ့သုံးသပ်ချက်ကိုဖတ်ရတာ။အားလုံးအဖြေရှာပြီးညှိနိုင်းဆောင်ရွှက်သွားစေချင်ပါတယ်။နိုင်းနိုင်းချိန်ခ်ျန် သုခမိန်ပေါ့ဗျာ။

yeminthein said...

လက်ပန်တောင်ကိစ္စကထင်တာထက်ပိုပြီးလေးနက်နေပြီ နိုင်ငံရဲ့
ပြောင်းလဲရေးဖြစ်စဉ်အတွက်အန္တရယ်တစ်ခုဖြစ်လာမှာစိုးရိမ်မိတယ်
အစိုးရ လွှတ်တော် ပါတိ လူထုလူတန်းစားအဖွဲ့များ ပြည်သူ
တွေအားလုံးညီညွတ်စွာနဲ့ဒေသခံများနဲ့တိုင်ပြည်မထိခိုက်ဖို့ဖြစ်ထွန်းစနိုင်ငံသစ်တည်ဆောက်ရေးလုပ်ငန်းများအရှိန်မတန့်စေဖို့အကောင်းဆုံးနည်လမ်းငြိမ်ချမ်းသောနည်လမ်းဖြင့်ဖြေရှင်းကြရန်လိုပါသည်။

Anonymous said...

သိခွင့်ရတာ
ကျေးဇူးအများကြီးတင်ပါတယ်။

Anonymous said...

ကျေးဇူးပါဘဲဗျာ...အစိုးရငြိမ်နေပုံကိုကြည့်ပြီး တရုတ်နဲ့ကြီးကျယ်တဲ့ပတ်သက်မှုကြီးရှိရမယ်လို့ အစကတည်းကတွေးထားတာ မှန်နေပြီပေါ့....

သန့်နေဝင်း said...

အခုလို အကျယ်တဝင့် ရှင်းပြပေးပါသော ငရဲသားအား ကျေးဇူးအထူး တင်ရှိပါသည်။ နောင်ကိုလည်း ဤသို့ ရှင်းလင်းတင်ပြပေးပါရန် အထူးတောင်းဆိုအပ်ပါသည်။

Unknown said...

တာဝန်ရှိသူအားလုံဒီမြေဒီရေကိုဆောက်ရှောက်ပေးကြပါ။တောင်းဆိုနေသူများအားလုံသတိရှိဖို့လိုလိမ့်မည်။ နဂါးမနိုးအောင်ဆေင်ရွက်ကြပါဆို့။

Unknown said...

တရုတ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့တော်(မြန်မာ)

aungkokoko8@gmail.com said...

ကျတော်ကတော့အားလုံးကိုဒီလိုမြင်စေချင်တာကြာပြီနဲနဲမှယုံရမယ်ကောင်တွေမဟုတ်တာသေချာတယ်ပြည်သူတွေနားလှည့်ပါးရိုက်လိုက်နေတာကြာပြီဒါလိုတကောင်လုံးမြင်တာတောင်အရိပ်ထပ်ရှာနေရတဲ့လူပိန်းလူအတွေမဖြစ်စေချင်တော့ပါလယ်သမားတွေဒုက္ခရောက်ယင်ကျုပ်တို့အားလုံးဒုက္ခတွေ့မှာပါစားထားတဲ့ကောင်တွေစားနေဆဲအရိုးရင်းကိုက်နေရတဲ့ကောင်တွေတော့သူတို့စည်းစိမ်ဥစ္စာကြည့်ပြီးသက်ဆိုးကိုဆွဲဆန့်ထားနိုင်မယ်ထင်နေကြမှာပဲလယ်သမားတွေငတ်လဲသူတို့ငတ်မှမငတ်တာလှည့်ကြည့်မယ်မထင်ဘူးငဲ့ညှားမယ်ဆိုတာဝေးရောဘုန်းကြီးတွေဘုံပျောက်နေတာကြည့်ပေါ့ကဒါဖီမျိုးတွေဟိုရောက်ယင်ပြန်တွေ့ကြမယ်ပေါ့

aungkokoko8@gmail.com said...

မြစ်ဆုံစီမံကိန်းနောက်ကွယ်ကဖြစ်ရပ်မှန်ဆိုတာရှာကြည့်ပါလားဒါဆိုအဓိပ္ပါယ်မဲ့တဲ့ကချင်ကိုထိုးစစ်ဆင်နေတာကန့်ကွက်လာကြမယ်ခိုင်းခံရတဲ့စစ်သားတွေလည်းသက်သာမယ်တရုတ်ပြည်အတွက်နိုင်ငံပြိုကွဲခံပြီးတိုက်နေတဲ့စစ်ပွဲပြီးသွားမယ်မဟုတ်ရင်လယ်သမားတွေလည်းထိုးစစ်ဆင်စီမံကိန်းထဲပါသွားမှာပဲ

big sammy said...

သွားလေသူကြီးရဲ့စနက်တွေပေါ့လေ အခုမှအလှူလေးအတန်းလေးဟုတ်လှပြီထင်မနေနဲ့ မျက်လုံးမျက်လုံးချင်း သွား သွားချင်း မျက်ရည်စက်တွေဆိုရင်တော့မျက်ရည်စက်ချင်းပေါ့ အခုပြန်မပေးခဲ့ရရင်တောင် သံသရာမှာမင်းတို့တမိသားစုလုံးနဲ့အပေါင်းအပါတွေအတွက် ခောတ်စကားနဲ့ဆို သနားတယ်ဟေ့

Unknown said...

ကိုzulu ကော့မန့်အတွက် ကျေးဇူးပါဗျာ တကယ်ဗဟုသုတရပါတယ်

ကိုစော said...

တရုတ် တင့်ကားဝယ်ပြီး ဘယ်မှာ သုံးမှာလဲ။
ကြာလာရင် ဂေါက်လှည့်နှိုးရပြီး အသုံးမကျဖြစ်သွားမှာ
ကြေးနီတွေ ဥ ထားရင် ....

minnminn said...

ကျေးဇူးရှင်ကြီးတွေရဲ့ ကောင်းမှု နဲ့ ဗမာလူမျိုး ပျောက်ပြီး မြန်မာလူမျိုးသစ်(တရုပ်+ကုလား)တွေပဲ ပေါ်လာတော့မယ် ။

Unknown said...

အမျိုးယုတ်တရုတ်စုတ်

Burma Python said...

အလွန်ကောင်းတဲ့ရှင်းလင်းချက်ဖြစ်ပါတယ်။နှစ်ပေါင်းများစွာပြည်သူကိုနှိပ်စက်ပြီးအချဉ်လို့သဘောထားခဲ့တဲ့သွားလေသူကြီးကသူမ
သေသေးဘူးလို့တစ္ဆေထွက်ခြောက်ပြနေတာပါ။ပြည်သူကိုစေတနာထားတဲ့လူထုအမှန်တကယ်ချောင်လည်တာကိုမြင်ခြင်တဲ့သမ္မတ
ကြီးကိုရှေ့ ဖြောင့်ဖြောင့်တိုးမရအောင်ခုထိနောက်ကနေခြယ်လှယ်
နေတုန်းပါ။ပြည်သူလူထုကြီးတရပ်လုံးညီညီညွတ်ညွတ်နဲ့သမ္မတ
ကြီးနဲ့ပြုပြင်ပြောင်းလဲရေးလိုလားသူတွေနောက်ကရပ်ပေးကြဖို့လို
ပါတယ်။သတိမပြတ်ပါစေနဲ့။ဒီစီမံကိန်းကနေသူနဲ့သူ့မိသားစု
ယူထားတဲ့လာဘ်ငွေ(ကော်မရှင်အပါအဝင်)အရမ်းများပါ
တယ်။ဒါတွေကိုဆင်းရဲတဲ့အစိုးရကပြန်စိုက်မလျော်ပေးနိုင်ပါဘူး
မကြာခင်ကအင်းစိန်တညင်းကုန်းအုတ်စက်မြေဧကနှစ်ရာကျော်
ကိုတင်ဒါမခေါ်ပဲအလကားပဲတင်းနဲ့ Mother land ကုမ္ပဏီကို
ပေးလိုက်တဲ့ကိစ္စကလည်းသူ့မိသားစုနဲ့ပတ်သက်နေပါတယ်။
ဦးအောင်သောင်းကပွဲစားလုပ်ပေးလိုက်တာပါ။လက်ရှိစက်မှု
ဝန်ကြီး(ယခုသမတရုံးဝန်ကြီး)ကဘာမှမတတ်နိုင်ပါဘူး။သူလည်းဘာမှမယူဘူးလို့သိရတယ်။ Mother company ဟာနိုင်ဂရုက ကုလားကျော်နိုင်ဦးရဲ့ကုမ္ပဏီခွဲပါ။ပြည်သူတွေရဲ့
မြေတွေသိမ်း၊လယ်တွေသိမ်းသလိုပြည်သူနဲ့နိုင်ငံပိုင်စက်ရုံနဲ့မြေတွေကိုသူတို့ကိုယ်ကျိုးတခုထည်းကြည့်ပြီးတရုတ်နဲ့ ကုလား
လက်ထဲထိုးအပ်နေတာမို့ ပြည်သူအားလုံးကဒီမိသားစုကို ဒဏ်ခတ်ဖို့လိုနေပါပြီ

Mr. Virus said...

အင်မတန်ကောင်းတဲ့ သတင်းဆောင်းပါးလေးပါ။ ပြည်သူတွေမသိသေးတဲ့ ပြည်သူတွေသိသင့်တဲ့ သတင်းမျိုး များများဖော်ပြပေးသင့်ပါတယ်။

Unknown said...

မြေထဲ- ရန္တဗို- မြစ်ဆုံ - လက်ပံတောင်း

khant said...

မှန်ကန်မျှတစွာနဲ့ နိုင်ငံရေးအမြင်ကောင်းကောင်း၊ ပြည်တွင်းရေးအမြင်ကောင်းကောင်းနဲ့ရှုထောင့်ပေါင်းစုံကနေ အများသိအောင် ဖော်ပြပေးမှုကိုအမြဲတမ်းစောင့်မျှော်အားပေးနေပပါတယ်၊ မြန်မာပြည်သူအမျိုးသားေ၇းအားပေးမှုလို့ထင်မြင်မိပါတယ်
ဆက်လက် ကြိုးစားပေးပါနော်

Unknown said...

ကျွန်တော် တို့ဧည့်စာရင်းတိုင်ဖို့တရုတ်စာ သင်ရတော့မှာလား

Unknown said...

gold ရဲ့ မန့် ကိုအရမ်။ကြိုက်ပါတယ် သွာ။လေသူကြီ။ရဲ့ လက်ဆင့်ကမ်။အမွေ အနှစ်ကြီ။ကို နောင် မျို။ဆက်သစ်မျာ။ သမိုင်။ပေ။တာဝန်အရ ဆက်လက် ဆက်ခံ ရအုံ။မှာပေါ့ ခင်ဗျာ။.......

ရွှေကြီး said...

မန္တလေးမှာ မှတ်ပုံတင်မရှိတဲ့ တရုတ်တွေ။

မှတ်ပုံတင်အတုနဲတရုတ်တွေ အများကြီးရှိပါတယ်

ဒုတိယရခိုင်မဖြစ်စေဘို ကြိုတင်ဆောင်ရွက်ကြပါ

myanmar girl said...

တိုင်းပြည်ကို ရောင်းစားနေကြသူများ ဖြစ်ပါသည်။

shine said...

အိုင်ဗင်ဟိုးထက်တော့ တရုတ်ကုမ္ပဏီကပိုပြီးနိုင်ငံအတွက်အကျိုးရှိတယ်တော့သိရတယ်။ ကိုယ်ထင်တာတွေပြောကြမယ့်အစား တရားဝင်ချပြပေးဘို့တောင်းဆိုသင့်တယ်။ အမှန်တကယ်အခက်အခဲရှိရင် ဒေသခံတွေက သက်ဆိုင်ရာနဲ့ အကြေအလည်ညှိနှိုင်းသင့်တယ်။ဘေးကဝိုင်းအုံပြီးနေရင်လည်း လူနာလေကောင်းလေသန့်မရပဲ အသက်ရှုကြပ်သလိုဖြစ်နေဦးမယ်။ဒေသခံတွေကိုသနားလို့ပြောတာပါ။ ဥပမာ အလုပ်အကိုင်ခန့်ထားပေးရေးတို့ တရုတ်အလုပ်သမားတွေပြန်ပို့ရေးတို့စသည်ဖြင့်ပေါ့ဗျာ ။India နဲ့ China တိုးတက်မှုကွာသွားရတာလည်းဟိုဟာဆိုလည်းကန့်ကွက်ဒီဟာဆိုလည်းကန့်ကွက်နဲ့ ဒါကြောင့် India ကြီးကကျန်ခဲ့တာ။ သင်ခန်းစာယူကြဖို့ပါ ။ကျွန်တော်တို့ကကောင်းတာတွေကိုယူပြီး မကောင်းတာတွေပယ်နိုင်ဖို့ပါ။ ဒေသခံတွေရဲ့ ရည်မှန်းချက်တွေလည်းပျောက်မသွားအောင်ပါဗျာ။

Unknown said...

သာအေးနှာစေးနေတယ်

Anonymous said...

မ န္တေ လး မှာ မြ န် မာ စ ကား မေ ပြာ တ တ် တဲ့ တ ရု တ် ဆို ဖ မ်း ပြီး မှ တ် ပုံ တင် စ စ့့် မ ရှိ ရင် ထော င် ချ နှ င် ထု တ် ကျ ကွ့ သ က် ဆို င် ရာ ေ တြ နွ ာ စီး မ ေ န န႔ဲ ပာ ့့့ အ မ်ိဳ း သာ း ေ ရး ကို ေ ရွ့ တ န်း တ င် အုံ့း့ ကြာ ရ င် မ င်း တို့ ညီ မ တွေ နဲ့ အိ မ် မှာ ရှိ တဲ့ မိ န်း မ တွေ ကို ပါ တ ရုတ် က ကြိ တ် လိ မ့် မ ယ့့် သူ တို့ နို င် ငံ မှာ မိ န်း မ ရှား နေ တာ ပာ

Unknown said...

တစ်ယောက်ကိုမှတ်ပုံတင် ၃ ခုစီလောက်ရှိတယ်လေ အေးဆေးဘဲ
အကုန်လုံးနိုင်ငံသားတွေချည်းဘဲ
ကဲ ဘယ်လိုလုပ်မလဲ

Powered by Blogger.