ယနေ့ မုံရွာမြို့ အမှတ်-၁- ရဲစခန်းရှေ့ မှာ ဆန္ဒပြမည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို. အမှတ်-၁- ရဲစခန်းရှေ့ လက်ပတောင်းတောင် နဲ့ပတ်သတ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့  နေလည် (၁၂)နာရီမှစပြီး ည (၈း၃၀)ထိ ဖမ်းဆီးထားသော ၀က်မှေးရွာ တောင်သူ များအား ပြန်လွှတ်ပေးရေး ငြိမ်းချမ်းစွာ
ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို.မစိုးတိုက်သစ် ဆရာတော်ဦးဝီရသူ(ခ) ဦးဝိစိတ္တာဘိဝံသ ဆရာတော် လာရောက်အားပေးခဲ့ပါတယ်။

ည ၁၀ နာရီခန်.တွင် ဆရာတော်ထံ ဖုန်းဆက်မေးမြန်းတဲ့အခါ ဆရာတော်က ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထပ်ပြကြပါ ဒါမှကမ္ဘာကသိမှာ  လူအင်အားရှိလျှင် ညပါဆက်ပြပါလို. ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ယနေ့ညမှာ ဆက်ပြဖို.အင်အားနည်းသည့်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် (၈း၀၀)နာရီ မှာ ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြသူတွေက လျှောက်ထားလိုက်ပါတယ်။

ကိုဇော - မုံရွာ


ဆန္ဒပြသူများအား ဆရာတော်ဦးဝီရသူ လာရောက်အားပေးစဉ်


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်