နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၃၀၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတထံ အိပ်ပိတ်ပေးစာ တစ်စောင်ကို စက်တင်ဘာလ ၁၁ ရက်က ပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါ အိပ်ပိတ်ပေးစာတွင် အဓိကတောင်း ဆိုချက်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်နေသည့်ကာလ၌ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေခြင်း မဖြစ်သင့်ဘဲ ယင်းဖြစ်စဉ်တွင် အကျဉ်းကျခံနိုင်ငံရေးသမားများပါဝင်ခွင့်အတွက် ၄င်းတို့အားပြန်လည်လွတ်ပေးရေး၊ လက်နက်ကိုင် ပဋိပက္ခများ၊တိုက်ပွဲများရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံရေး၊ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရန် အစိုးရဖက်မှ သဘောထားကြီးကြီးဆောင်ရွက်ပေးရေးစသဖြင့် အချက် ၃ ချက်ကိုထည့်သွင်းတောင်းဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီက တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
NLA-Popular Myanmar News Journal
ကျန်ရှိ နိုင်ကျဉ်း ၃၀၃ ဦးလွှတ်ရန်သမ္မတထံ စာပေးပို့
Browse › Home ›
မြန်မာ့သတင်း
» ကျန်ရှိ နိုင်ကျဉ်း ၃၀၃ ဦးလွှတ်ရန်သမ္မတထံ စာပေးပို့
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။






