လူမှုဖူလုံရေး ဥပဒေသစ်အရ အိမ်ထောင်သည် အမျိုးသားများလည်း မီးဖွားစရိတ်နှင့် ခံစားခွင့်ရမည်

ရန်ကုန်၊ စက်တင်ဘာ ၇

လူမှုဖူလုံရေး ဥပဒေသစ် ၂၀၁၂ အရ အမျိုးသမီးအလုပ်သမားများသာမက အမျိုးသားများသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင်မီးဖွားစရိတ်ရရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ဒုတိယ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

၎င်းခံစားခွင့်ကို လုပ်ငန်းခွင်တွင်၊ လုပ်သက်တစ်နှစ်ရှိကာ လူမှုဖူလုံရေး အာမခံကြေး ၆လ ဆက်တိုက်သွင်းထားသော အမျိုးသားသည် ဇနီးသည်မွေးဖွားချိန်တွင် လုပ်ခလစာ၏ ၇၀ ရာခိုင်နငန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

ယခင်လူမှုဖူလုံရေးဥပဒေအရ အမျိုးသမီးများသာ မီးဖွားခွင့်နှင့် လစာခံစားစရိတ်များ ရရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင်မူ အမျိုးသားများ အတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်သည် အလုပ်သမားနှ့် အလုပ်ရှင်များက အမှန်လစာအတိုင်း ဖော်ပြ၍ အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် မလိုက် နာသူ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သည် ပြစ်ဒဏ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည့်ဖြိုး - Popular Myanmar News Journal
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်