အန္တရယ်ရှိ အဆိပ်ပန်းများ

တောင်ကြီးမြို့ပို့ဆောင်ရေးစီးမံကိန်းဦးစီဌာန ညွှန်ကြားရေးမှူးဦးဇော်ဝင်းနိုင်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏
၃၁.၈.၂၀၁၂ ရက်စွဲပါစာအမှတ်(၇၇၃၂)/၃-၅၀၇/အစရ(ရှမ်း)ဖြင့် ညွှန်ကြားချက်အရ ၆.၉.၂၀၁၂ တွင်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်အစည်းအဝေးတွင် ဟဲဟိုးမြို့ ပန်းဇုန်ဥက္ကဌ ဦးဘိုးကင်းမှ ဟဲဟိုးဒေသထွက်ရှိသော ပန်းများမှာ ဈေးကွက်သို့မတင်ပို့မီရှေ့ရက် အထိ ပိုးသတ်ဆေး၊ မှိုသတ်ဆေး များဖြန်းထားရကြောင်း အန္တရာယ်ကြီးမားကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ထိုကြောင့် လူတို့ကိုဆိုးကျိုးများစွာ ပေးနိုင်သော ပိုးသတ်ဆေး မှိုသတ်ဆေးတို့၏ အန္တရာယ်ဆိုးမှ ကင်းဝေးနိုင်ရန် ဟဲဟိုးဒေသမှထွက်ရှိသည့် ပန်းများနှင့် ဆက်စပ်သူမှန်သမျှ (ပန်းဒိုင်ဖွင့်ရောင်း/၀ယ်သူများ၊ သယ်ယူပို့ဆောင်သူ များ၊၀ယ်ယူသုံးစွဲသူများ)သည် ဟဲဟိုးဒေသထွက်ပန်းများပေါ်တွင် အလွန်အကျွံပိုမို သုံးစွဲပက်ဖြန်းထားသောဓာတု ဆေးများ၏ ဆိုးကျိုးကြောင့် အသက်တိုခြင်း၊ အနာရောဂါမျာဖြစ်ခြင်း၊ ကလေးငယ်များ ကိုယ်အင်္ဂါချို့တဲ့ခြင်းလူစဉ် မမှီခြင်း၊ပညာရည် နိမ့်ပါးခြင်းစသည့် လူမျိုးတုံးစေမည့် အန္တရယ်ရှိ အဆိပ်ပန်းများအား သတိထားစေချင်ပါကြောင်း ဆွေးနွေးပြောဆို ခဲ့ကြ ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။




အန္တရယ်ရှိ အဆိပ်ပန်းများ အန္တရယ်ရှိ အဆိပ်ပန်းများ Reviewed by သစ်ထူးလွင် on 21:34 Rating: 5

No comments:

Powered by Blogger.