အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို

မြန်မာ လိင်လုပ်သားများ အတွက် အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပါဝင်သည့် လိင်လုပ်သား ဆိုင်ရာဥပဒေများအား   ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများ အရေးဆောင်ရွက်ပေးနေ သူများထံက သိရှိရသည်။

လိင်လုပ်သားများအား အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပေးလိုက်ပါက HIV / AIDS ပြဿနာများမှာ လျော့နည်းသွားနိုင်ပြီး၊ လျှို့လျှို့ဝှက်ဝှက်ဖြင့် လိင်အလုပ်သမားများ လုပ်ဆောင်နေလျှင် တိုင်းပြည် အတွက်ဆိုးရွား သည့် အခြေအနေများ   ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သိရသည်။

“ဒီ sex worker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေးသင့်သလို့ တဖက်ကလည်း စည်းကမ်းတွေ ချသင့်တယ်လို့ထင်တယ့် အခုဆိုလို့ရှိရင် အမမြင်ရသလောက်ကတော့ ဒီ sex worker တွေနဲ့ပတ်သက်လို့ ဘာအခွင့်အရေးမှ မရှိဘူးပေါ့နော်   ပြောရမယ်ဆိုလို့ရှိရင် အနီးစပ်ဆုံးထိုင်းနိုင်ငံမှာတောင်မှ ဒီ sexworker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပေးထားတယ် တဖက်ကလည်း ထိန်းချုပ်ထားတာတွေရှိတယ် ” ဟု မင်္ဂလာတောင်ညွှန့်၊ ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါ်ဖြူဖြူသင်းမှပြောဆိုခဲ့သည်။

ထိုကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်များချမပေးဘဲ ယဉ်ကျေးမှုအား ဖက်တွယ်ထားလျှင်လည်း တိုင်းပြည်သည်ရောဂါများဖြင့် အခက်အခဲတွေ့လာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။

 လိင်လုပ်သားတွေပပျောက်ရေးအတွက် နိုင်ငံတော်မှ ၁၉၄၉ ခုနှစ်တွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အားပြဌာန်းခဲ့ပြီး ၊ လိင်လုပ်သားများအား တစ်နှစ်ထက် မပိုသည့်ထောင်ဒဏ်ချမှတ်နိုင်ပြီးယခုအချိန်တွင် သုံးနှစ်ထက်မပိုသော   ထောင်ဒဏ်အဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရတက်ပြီးချိန်၌ ပြောင်းလဲသတ်မှတ်ခဲ့သည်။

“ဥပဒေပိုင်းတွေ ဘာတွေကိုလည်း သေချာလုပ်သင့်တယ်လို့ ထင်တယ်၊ အမတို့ကစိုးရိမ်တာပေါ့နော် တရားဝင်လုပ်ခွင့်လည်း   တောင်းချင်တယ်၊ အဲ့ဒီမှာ ပြဿနာရှိပြန်တယ် အမတို့က ယဉ်ကျေးမှုအရပေးမှာလား မပေးဘူး လား  ပိုသတိထားပြီး အမတို့အတွက် ပိုကျပ်သွားမလား ဘာလားကိုလည်း ကြောက်နေရတယ်” ဟု မြန်မာနိုင်ငံလိင်လုပ်သားများ ကွန်ယက်မှ ဥက္ကဌ ဒေါ်နှင်းနှင်းယု က ပြောသည်။

အဆိုပါလိင်လုပ်သားများကွန်ဆက်မှ  မြို့ပေါင်း(၁၃)မြို့နှင့်ဆက်သွယ်ထားပြီး၊ အမျိုးသမီးလိင်လုပ်သားအဖွဲ့ဝင်ဦးရေ (၇၀၀)၀န်းကျင်ရှိကြောင်း သိရသည်။

လိင်လုပ်သားများအနေဖြင့်လည်း လူသားများဖြစ်သဖြင့် ၎င်းတို့အား လူ့အခွင့်အရေးများအပြည့်အ၀ပေးစေချင်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

“ကျွန်မတို့ဆိုရင် ကိုယ်ရှာတာက ကိုယ့်အတွက်မဟုတ်ဘဲ ရဲတွေအတွက်ဖြစ်နေတယ်၊ နေ့တိုင်းဒီနေရာကိုရောက်ရင် ရင်တထိတ်ထိတ်နဲ့ ဘုရားတပြီးလာနေရတယ်” ဟု ရန်ကုန်မြို့တွင်းမှ အသက် ၂၅ နှစ်ဝန်းကျင်လိင်အလုပ်သများတစ်ဦးက လက်ရှိ၎င်းတို့ကြုံတွေ့နေ ရသည့် အဖြစ်အပျက်အား ရှင်းပြသည်။

အဆိုပါ လိင်အလုပ်သမားများအတွက်ပြဌာန်းထားသော ၁၉၄၉ ခုနှစ်  ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြောင်းလဲရန် အတွက်မူ လွှတ်တော်အတွင်းတွင် အမျိုးသမီး အရေအတွက် နည်းပါးနေခြင်းကြောင့်မြန်မာနိုင်ငံတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွား ပါက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း အင်ဂျန်းယန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup


အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို Reviewed by သစ်ထူးလွင် on 16:33 Rating: 5

17 comments:

ဖိုးဖိုးကြီး said...

***အဆိုပါ လိင်အလုပ်သမားများအတွက်ပြဌာန်းထားသော ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြောင်းလဲရန် အတွက်မူ လွှတ်တော်အတွင်းတွင် အမျိုးသမီး အရေအတွက် နည်းပါးနေခြင်းကြောင့်မြန်မာနိုင်ငံတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွား ပါက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း အင်ဂျန်းယန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။*** ဆိုသည့်သတင်းကိုဖတ်ရတော့..လွှတ်တော်ကိုယ်စားလှယ်များဟာနိုင်ငံ၏ဒီမိုကရေစီနှင့်ပတ်သက်သည့်အရေးကြီးကိစ္စများကို..ပထမဦးစွာအနေနဲ့လုပ်
ဆောင်သင့်ပါတယ်။နောက်ပိုင်းကာလကျမှ အထက်ပါကိစ္စရပ်များကိုထည့်ပြီး
ဆွေးနွေးသင့်ပါတယ်။ ဒါဟာလည်းနိုင်ငံတကာမှာရှိနေတဲ့ကိစ္စမျိုးတွေပါဘဲ။
ယဉ်ကျေးမှု့အနေနဲ့မည်သို့ပင်ရှောင်လွှဲနေပေမဲ့-ပြင်ပမှာယခုလိုမျိုးကိစ္စတွေ
အမြဲရှိနေပါတယ်။ ရဲတွေ/သက်ဆိုင်ရာဝန်ထမ်းတွေရဲ့(လာဘ်)စားမှု့ပ
ပျောက်စေမှု့နဲ့အထက်မှာတင်ပြထားသည့် လိင် လုပ်သားတွေ၏လုပ်ငန်း
မှာထိန့်လန့်ကြောက်ရွှံ့မှု့တွေ/အနိုင်ကျင့်ခံရမှု့တွေ ပ ပျောက်ဖို့အတွက်
ဆိုရင်တော့-တဖြည်းဖြည်းနဲ့ဥပဒေများကိုပြုပြင်ပြောင်းလဲသင့်သည်များကို
အထက်ပါတာဝန်ရှိပုဂ္ဂိုလ်များနှင့်လွှတ်တော်အမတ်များမှပြုပြင်ပြောင်းလဲသင့်ပါသည်။ ယခုလောလောဆယ်မှာတော့..အရေးကြီးသောပြုပြင်ပြောင်းလဲမှု့ကဏ္ဍာ
များကိုအထူးအရေးပေးလုပ်ဆောင်သင့်ပါသည်။ အသေးအမွှားကအစလွှတ်
တော်ကိုအသုံးမပြုသင့်ကြောင်း/အရေးကြီးကိစ္စများရှိလာသည့်အခါသာသုံးသင့်ပါကြောင်း အကြံပြုပါတယ်။

Unknown said...

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းနှင့်မသက်ဆိုင်သော်ငြားလည်း လိင်လုပ်သားများကာကွယ်မှုဆိုင်ရာ ဥပဒေတစ်ရပ် ရှိသင့်ပေသည်။ လိင်လုပ်သားများကိုလည်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု မည်ကဲ့သို့ဆောင်ကျဉ်းပေးမည်နည်း။ လိင်လုပ်သားဆိုင်ရာ မှတ်ပုံတင်နှင့် ရောဂါကင်းရှင်းကြောင်းကို မည်သို့သော စံ အရည်အသွေးများနှင့် ဖော်ပြမည်နည်း။ အကယ်လို့ ရောဂါ ရလာခဲ့ရင် မှတ်ပုံတင်စာရင်းမှပယ်ဖျက်ပြီး၊ယင်းလုပ်သားကို မည်သူကစောင့်ရှောက်မည်နည်း။ယင်းလုပ်သားများကိုလည်း ပြည်ပနိုင်ငံများသို့အလုပ်လုပ်ခွင့်ပေးမည်လား။ အခွန်ကောက်ခံမှုကိုရော မည်ကဲံသို့ဆောင်ရွက်မည်နည်း။ ယင်းအလုပ်ကို ထပ်မံ လုပ်ဆောင်ခြင်းမပြုတော့ဘဲ၊အိမ်ယာထူထောင်လျှင် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ပေးမည်လား။ သား၊သမီးယူခွင့်ရောပြုမည်လား။ လူမှုရေးပြသနာများ များစွာတွေ့ကြုံရပေလိမ့်မည်။

sheetody said...

အောင်း မြတ် လေး . . .

ဆန္ဒပြကြအုံးမလားမသိ?
သူတို့ အလှည့် ပြီးရင် များတို့ အလှည့်နော်။

ipman said...

ဒီမိုကရေစီနိုင်ငံထူထောင်ရင်ဒါလဲပြောင်းပေးဘို့လိုအပ်ပါတယ်။ယဉ်ကျေးမှုးကို
ထိန်းတာကတစ်ပိုင်းပါ။မရှိမဖြစ်တဲ့ဒီကိစ္စကိုသူများနိုင်ငံတွေလိုတရားဝင်ပြဌာန်း
ပေးပြီး။ထိုင်းလိုဆေးစစ်မှုခံယူပြီးမှာလုပ်ကိုင်ခွင့်ပေးရင်ပိုသင့်လျှော်ပါတယ်။ထောက်ခံပါတယ်။ကျွန်တော်ကတော့ဝါသနာပါပေမဲ့ရောဂါကြောက်လို့အမြဲရှောင်ခဲ့တဲ့သူတစ်ယောက်ပါ။နိုင်ငံမှာမရှိတဲ့အရာလို့ရှေးရာဇ၀င်တွေထဲမှာတွေ့ရပါတယ်။ခုလဲတိတ်တိတ်ပုန်းရှိနေတာဘဲ။

Unknown said...

ခန္ဓာကိုနဲ့ရှာတဲ့ငွေ ရဲတဝက်သူတို့တဝက်ရတယ်ဆိုရင်ကိုငွေရဲတွေကိုကျွန်တော်တို့က (ရဲဖာတဝက်) လို့ခေါမယ်နော်။

Unknown said...

အားပါး ကောင်းလိုက်တဲ့ အစီအစဉ် နောက်ဆိုရင်ပွင့်ပွင့်လင်းလင်း ပြည့်တန်ဆာ ခေါ်လို့ရပြီပေါ့ အရင်ကဆိုရင် ပိုက်ဆံပေးပြီးခေါ်တာတောင် ရဲကိုကြောက်နေရသေးတယ် တော်ကြာ ပြည့်တန်ဆာ ဖမ်းရင်း ကိုယ်ပါ ရောရောင် သတင်းစာ တို့ ဂျာနယ်တို့ မှာပါ လာမှာဆိုးလို့ ဆက်လုပ်ကျ ပါ အင်မတန်ကောင်း တဲ့အစီအစဉ်ပါ။

Unknown said...

ဖြစ်သင့်တာကြာပြီဒါမှလည်းမုဒိန်းမှု

တွေလျော့ပါးသွားမှာတက်ဖက်ကလည်း

ရဲတွေရဲ့ဥပဒေကိုအကြောင်းပြပြီးငွေညှစ်မှု

ငွေမပေးဘဲအတင်းအဓ္ဓမလင်ဆက်ဆံမှု

တွေပပျောက်သွားမှာပါ

Unknown said...

ဖြစ်သင့်တာကြာပြီဒါမှလည်းမုဒိန်းမှု

တွေလျော့ပါးသွားမှာတက်ဖက်ကလည်း

ရဲတွေရဲ့ဥပဒေကိုအကြောင်းပြပြီးငွေညှစ်မှု

ငွေမပေးဘဲအတင်းအဓ္ဓမလင်ဆက်ဆံမှု

တွေပပျောက်သွားမှာပါ

naypitaw thar said...

ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးဂုဏ်ကိုထိန်းသိမ်းသင့်ပါတယ်။ အဆိုပါ ဥပဒေကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်။ မပြဋ္ဌာန်းသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယခုကတည်းက ပြင်ပလောကတွင် ပျက်စီးနေသော အမျိုးသား၊ အမျိုးသမီးများကို များပြားစွာမြင်တွေ့ ကြားနေရပါတယ်။ အဆိုပါဥပဒေသာပြဋ္ဌာန်းမယ်ဆိုရင် မလိုလားအပ်သောလူမှုရေးကိစöများပိုပေါ်ပေါက်လာမယ်လို့ ထင်မြင်မိပါတယ်။

Soe Win said...

ဒေါ်ဖြူဖြူသင်းပြောတာ တကယ်မှန်တယ်။ ထောက်ခံပါတယ်။ တရုတ်ပြည်မှာ အေအိုင်ဒီအက်စ်တွေ ပွားများနေတာလည်း အဲဒီလို ပိတ်ပင်ထားလို့ပဲ။ နိုင်ငံတကာမှာ ဘယ်လိုလုပ်နေကြသလဲဆိုတာ လေ့လာပြီး တရားဝင်လုပ်သင့်တာအမှန်ပဲ။

TCPLAYER said...

ံHIV ကူးစက်မှု့ ကို အများကြီး ထိန်းချုပ် နိုင်မယ် ။ ကျန်းမာရေး ရူ့ထောင့် မှ ကြည့်လျှင် အလွန်သင့်တော်ပါတယ်။ ဒါပေမဲ့ ရဲ တွေ ကို လ ခ တိုးပေးပြီး မှ လုပ်သင့်ပါတယ် ။ ၁လုံး၂ လုံး မရှိ။ sex worker တွေလဲ တရားဝင်လုပ်ခွင့်ရသွား ရင် ။ ရဲတွေ တစ်ခြားနေရက ငွေ ရှာရင် ဘေးထွက်ဆိုးကျိုး တွေ ရှိနိုင်ပါတယ် ။

Unknown said...

ဥပဒေအကြောင်းအရင်းအမှန်အကန်ကိုပြသင့်တယ်

Unknown said...

ဥပဒေအကြောင်းအရင်းအမှန်အကန်ကိုပြသင့်တယ်

Anonymous said...

တကယ်စဉ်းစားပေးရမည့်အချိန်ဖြစ်နေပါပြီ။ အမြင်ကျယ်ကျယ်နဲ့ စာနာနားလည်ပေးပြီး ဥပဒေ၊ သတ်မှတ်ချက်များနဲ့ ခွင့်ပြုသင့်နေပါပြီ။ သူတို့လဲ လူတွေပဲ။ အလုပ်သမားတစ်မျိုးပဲ။ စဉ်းစားပေးကြပါ။
ကိုယ်ရှာတာ ကိုယ်စားဖို့မဟုတ်ပဲ ရဲတွေစားဖို့ဖြစ်နေပြီဆိုတဲ့ညီမလေးရေ...အဲ့ဒီရဲတွေကို ညီမလေးတို့ငွေရှာနည်းလေးပြောလိုက်ပေါ့..သူတို့စိတ်ဝင်စားရင် -င်ခံပြီးငွေရှာပါလိမ့်မယ်။ သူတို့ကတော့ ကိုယ်လုပ်ကိုယ်စားပေါ့။

okka said...

ပြဌာန်းပေးသင့်ပါတယ် သူတို့လည်းလူသားတွေပါပဲ

Unknown said...

တရားဝင်ပေးသင့်ပါတယ်။ စည်းကမ်းတကျနဲ့ပေါ့။ ဒီလိုဆိုရင် မုဒိမ်းမှုတွေ လျော့သွားနိုင် ပါတယ်။

KGZW Ngapyawtaw said...

ဥပဒေပြဌာန်းဖို့လိုအပ်ပါတယ်။ဘယ်အရာမဆိုစည်းကမ်းဘောင်ဆိုတာထားသင့်ပါတယ်။

Powered by Blogger.