ယနေ့ ဆန္ဒပြသူများအား အရေးယူမည်

တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက  သတင်းမီဒီယာများအား ပြောကြားလိုက်သည်။ 

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်၊ (ဓါတ်ပုံ-YPI)

ယနေ့ဆန္ဒပြသူများမှာ ခွင့်ပြုချက်မရရှိပဲ စီတန်းလှည့်လည်ခဲ့သဖြင့် ဖြတ်သန်းရာ မြို့နယ် ၁၀ မြို့နယ်က အရေးယူမှုကို ပြုလုပ်မည်ဟု လည်း ၎င်းက ပြောသည်။ အရေးယူရာတွင် ယင်းမြို့နယ်များတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူများအား အရေးယူသွားမည်ဟုလည်း ၎င်းကရှင်းလင်း  ပြောဆိုသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက် အပါအ၀င် အဖွဲ့အစည်း ၂၀ က ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများသည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆူးလေ စေတီအနီးမှ စတင်ကာ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် အစရှိသည့်မြို့နယ်များကို ဖြတ်သန်း၍ အင်းလျားကန်ဘောင်တွင် ငြိမ်းချမ်းရေး ကျောက်တိုင်စိုက်ထူခဲ့သည်။    ။

Punk ၀တ်စားဆင်ယင်သူများကလည်း ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသည်။

by Yangon Press International
ယနေ့ ဆန္ဒပြသူများအား အရေးယူမည် ယနေ့ ဆန္ဒပြသူများအား အရေးယူမည် Reviewed by သစ်ထူးလွင် on 20:36 Rating: 5

16 comments:

ဟန်နီ said...

ခင်ဗျားတို့တတွေရူးနေကြတာလား။

Bhone Pyae Thet Tin said...

မြန်မာနိုင်ငံလဲ ဒီမိုကရေစီလေးရမယ်မကြံသေးဘူး
ဟိုပြည်နယ်က ခွဲထွက်ချင် ဒီပြည်နယ်က ခွဲထွက်ချင်နဲ့
မြန်မာနိုင်ငံက ဒီမိုကရေစီ ချက်ချင်းရလို့မဖြစ်သေးဘူး
စစ်အုပ်ချုပ်ရေးပါ တွဲသုံးရမှ အဆင်ပြေမှာ

gold said...

အခုထိဖမ်းမယ်။အရေးယူမယ်။နှိပ်စက်မယ်။ပြည်သူအပေါ်အခြားနည်းလမ်းနဲ့မဖြေရှင်းတတ်တော့ဘူးးလား?မပြောင်းလဲသေးဘူးလား။စိတ်ပျက်စရာ။စိတ်ကုန်စရာဘဲ။

ladyjune33 said...

သူတို့ပြောတာ မှန်ပါတယ်။စစ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ပြီးတော့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ရှိတယ်ဆို။အခု ဘာအချိုး ချိုးတာလဲ။ထူးမခြားနား ပတ်ပျိုးပဲဝ

Anonymous said...

ဆန္ဒပြ အကိုကြီးညီလေးတို့ တစ်ခုခုမှားနေပြီ

kia က တန်းတူ ရည်တူ အခွင့်အရေးပေးပါ လို့တောင်းနေ တာ မဟုတ်ဘူး ။ သူ့ ကိုယ်ပိုင်စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ခွင့်ကိုတောင်းနေတာ။

မိခင်ဧရာဝတီ မြစ်ဆုံအလှကို ရထားလက်မှတ် လေယာဉ် လက်မှတ်ဖြတ်ပြီးတာနဲ့ ခံစားလို့ ရမှာကို border pass တွေယူပြီးမှ ကြည့်ကြမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

ငါတို့ ကချင်ပြည်နယ်လို့ အမည်တပ်ထားတဲ့ နယ်ခံ ကချင် မဟုတ်တဲ့ လူများစုဖြစ်တဲ့ 80%သော ဗမာရှမ်းအပါ အခြား တိုင်းရင်းသားတွေကတော့ သဘောမကျဘူး။ မပေးနိုင်ဘူး။

မြန်မာဂျာနယ်တွေ တင်ပြမှုအားနည်းလို့ ဒီ80% သော လူမျိုးစုတွေက ဆက်ကြေးတွေတောင်လိုပုံအောင်ပေး ရတာ ညီအကိုတို့မသိကြဘူးထင်တယ်။ 80%သောလူထုက သတင်းမပို့ရဲကြဘူး သိရင်Kia သတ်မှာပေါ့ ။ ကချင်လူမျိုးတွေတင်ပြတာကို ရန်ကုန်ကနေထိုင်ရေးတော့ မှန်ကန်မှု အားနည်းတယ်။ အဖြစ်မှန်တွေသိချင်ရင်ဖားကန့် တက်လာခဲ့ပါ။

80%သောလူထုက ပိုဒုက္ခရောက်ပါတယ် ဆက်ကြေးလဲေ ဆောင်ရတယ် ဒုက္ခသည်ကျွေးဖို့ လှူတော့လဲ ဒီလူထုပါဘဲ ဒုက္ခသည်တစ်ဝက်က kiaဇနီးမယားတွေပါ ယောကျားတွေ တော့ မပါဘူး သူတို့က သေနပ်ကိုင်ပြီး တောထဲကတိုက်မယ် မင်းတို့က ဒုက္ခသည်တွေဆိုပြီး အခုလိုအုံကြွလာအောင် လုပ် ဆိုတဲ့ ဗျူဟာတွေကို ----

ရန်ကုန်ကနေ ထိုင်ရေးကြတဲ့ မြန်မာဂျာနယ်တွေ တင်ပြမှု
အားနည်းလို့ ဂျပန်မလို မစွန့်စားနိုင် ဆန္ဒပြညီအကိုတို့ နားလည်မှုလွှဲနေရတာပါ။
စစ်ဒါဏ်ခလာရတာ တစ်သက်လုံးဘဲ ဒီမိုကရေစီခေတ်မှ ပြည်ထောင်စုမကွဲချင်ဘူး ညီအကိုများ

ဂျာနယ်တွေ တာဝန်မကျေဘူး တပ်တွေက ယခင်အပစ် အခတ်ရပ်စဲတုန်းကဖယ်ထားတဲ့ ဟိုပဝေသနီကတည်းက ထိုင်ခဲ့တဲ့ ကုန်းပြန်ထိုင်တာ မယူရင်Kia ကယူမှာဘဲ ထိုးစစ် ဆင်နေတာမဟုတ်ဘူး။
ကျွန်တော်တို့က ကချင်ပြည်နယ်သားမို့ နားလည်တယ် ကုန်း တစ်ကုန်းကောင်းကနေ စက်လတ် စက်ကြီး တည်ထား ကျည်တာမကုန်နဲ့ ရန်ကုန်တစ်မြို့ လုံး လူ၆သန်းတက်လာတောင် နည်းတယ်ပြောဦးမယ် ဒါကြောင့် အင်္ဂလိပ် ကိုခံတိုက် တုန်းက ရွှေတိဂုံကုန်းတော်ကခံတိုက်ခဲ့တာလေ။

သူတို့က ကိုယ့်စစ်တပ်နဲ့ကိုယ်နေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းတာလေ တပ်တွေဆုပ်ပြီးစကားပြော အဆင်မပြေ တော့ ဘယ်လိုနေမလဲ ကုန်းပေါ်ကစောင့်ပြီး အမှည့်ချွေ ချွေရုံဘဲ

ဖားကန့်တက်လာကြည့်ပါ ညီအကိုများ မိုကောင်းကျော်တာနဲ့ ကားလမ်းကို ထိမ်းသိမ်းထားတဲ့ Kiaနဲ့တွေ့မယ် ဆက်ကြေးမဆောင်ဘူးသူမရှိတဲ့ ဖားကန့်သားတွေနဲ့တွေ့ မယ် ဒုက္ခသည်အစစ်ရော မစစ်တာရောတွေ့လိမ့်မယ် တက်လာကြည့်ကြပါ အမှန်အနှစ်တွေက ဒီမှာ ။

မြန်မာ ဂျာနယ်တိုက် တွေမှာ ဂျပန်မ မရှိဘူး။

အသက်တွေကြီးပြီ ရုံး သုံးစာဆို ပြီး ကချင်စာမ သင် နိုင်တော့ဘူး။

ကချင်ပြည်နယ်ကို border passနဲ့ လာချင်ကြတာလား?
အခုဆန္ဒပြတဲ့ အကိုကြီးတွေ ညီလေး တွေ ကချင်ပြည်နယ်ကိုသူတို့ စစ်တပ်နဲ့ သူတို့အုပ်ပါလို့ ပေးနိုင်သလား ။

80%သောလူထုမျက်နာမကြည့်ကြတော့ဘူးလား သေနပ်ကိုင်လို့ ထင်ပေါ်သူ 20% တွေ ဘက်ကလား?

KoKo Soe said...

ဥပဒေထွက်ပြီးပြီလေခွင့်ပြုမိန့်တင်ပြီးမှပြကြပါလားဥပဒေမလိုက်နာရင်ဖမ်းပစ်ကွာဥပဒေအထက်မှာဘယ်သူမှမရှိရ

maungdaw said...

ဘာ ပုဒ် မ တွေ နဲ့ မ ဟုတ် တာ တွေ လုပ် ကြ အုံး မလဲ ငြိမ်း ချမ်း ရေး အတွက် ငြိမ်း ချမ်းစွာ ဆန်ဒ ဖော် ထုတ် တာ အ ပြစ် လား

ဖားကန့်သား said...

မင်းတို့ဆန္ဒပြချင်ရင်KIA ကိုသွားပြကြလေ။ဒီလိုဥပဒေနဲ့အညီဆက်ဆံမလားဘာလုပ်မလဲလို့။လူမျိုခွဲခြားတဲ့အဓမ္မငွေအလွန်အကျွံကောက်ခံတဲ့။ဥပဒေမဲ့ပြည်သူတွေကိုသတ်တဲ့။ဖက်ဆစ်kia ကိုအသတ်ခံရမှကြေက်ပီးဘယ်သူမှတိုက်ရိုက်မပြောရဲဘူး။ဒီတိုက်ပွဲအစိုးရလုံးဝမမှား။တကယ်သိချင်ရင်တိုက်ပွဲတွေကြားကကျုပ်တို့ဆီလာနေကြည့်။တခုတော့ရှိတယ်မင်းကိုနိုင်တို့လာတဲ့ပုံစံနဲ့တော့မလာနဲ့။ပြည်သူ့ခံစားချက်သိချင်ရင်ပြည်သူထဲကိုလာပီးပြည်သူလိုနေညြ့်။ ။

Anonymous said...

ဆိုင်ကယ်လိုင်စင်လုပ်သူများတနေ့ထက်တနေ့များလာ

Unknown said...

သမတကြီးကဆွေးနွေးဖို့နေပြည်တော်မှာခေါ်တော့မလာဘူး။
သမတကြီးကသဘောထားကြီးပေမယ့် ကချင်ပြည်နယ်ပြည်သူလူထုက ဆက်ကြေးကောက်၊ စုဆောင်းရေးဆွဲတဲ့ ကေအိုင်အေကို အလိုမရှိပါဘူး။

ကချင်ပြည်နယ်သူ

Unknown said...

ဘာကောင်တွေလည်းကွာ....။ဘယ်နိုင်ငံသားတွေလည်း...။ငြိမ်း ချမ်းရေးပျက်ပြားအောင်လုပ်နေတာ..။တည်ငြိမ်မှုကို..အနုနည်းနဲ့ ဆူပူအေားင်လုပ်နေတာ..။ D.S.A တပ်မတော်မဟုတ်ဘူးကွ..။ အလွှာအသီးသီးက ဆင်းရဲသား သား..သမီး တွေနဲ့ဖွဲ့စည်းထား တာ..။နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ...စစ်မှုထမ်းဆောင်ရမှ.. နားလည်မယ် ထင်တယ်...။ ။

Unknown said...

စစ်ပွဲတွေရပ်ဖို့ငြိမ်ချမ်းစွာဆန္ဒပြတဲလူတွေကိုဖမ်တဲလူက
ငြိမ်းမှု့ကိုမလိုလားသူ အာဏာရူးတွေပဲဖြစ်မှာပေါ့

owner said...

ကချင်ပြည်နယ် ကသမိုင်းမာတိကာကို ရှုတ်အောင်လုပ်နေပြီ အနာဂတ်
လူငယ်တွေကို အမြင်ကြည်အောင် စစ်ဖြစ်ပွားရခြင်းရဲ့အခြေခံအကြောင်းရင်းကို သစ်ထူးလွင် ရှာဖွေတင်ပေးသင့်တယ်

အောင်ဇော်အေး(ဒီပဲယင်း) said...

ဒီစစ်ပွဲဘယ်သူစတာလဲဆိုတာ KIA ကဘိုချုပ်ဂွမ်မော်ကိုမေးကြည့်လိုက်

အောင်ဇော်အေး(ဒီပဲယင်း) said...

ဒီစစ်ပွဲကိုစတာဘယ်သူလဲဆိုတာ ဗိုလ်ချုပ်ဂွမ်မော်ကိုမေးကြည့်။ မြစ်ဆုံကိုအကြောင်းပြပြီး ပြည်နယ်ကိုတောင်းတာဒီကချင်တွေက။ ငါလဲမြစ်ကြီးနားသားပါ ဒီလောက်တော့ ဒီကချင်တွေအကြောင်းတော့သိတာပေါ့။

အခြေနေအမှန် said...

ဆန္ဒပြ အကိုကြီးညီလေးတို့ တစ်ခုခုမှားနေပြီ

kia က တန်းတူ ရည်တူ အခွင့်အရေးပေးပါ လို့တောင်းနေ တာ မဟုတ်ဘူး ။ သူ့ ကိုယ်ပိုင်စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ခွင့်ကိုတောင်းနေတာ။

မိခင်ဧရာဝတီ မြစ်ဆုံအလှကို ရထားလက်မှတ် လေယာဉ် လက်မှတ်ဖြတ်ပြီးတာနဲ့ ခံစားလို့ ရမှာကို border pass တွေယူပြီးမှ ကြည့်ကြမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

ငါတို့က ကချင်ပြည်နယ်လို့ အမည်တပ်ထားတဲ့ နယ်က နယ်ခံ ကချင် မဟုတ်တဲ့ လူများစုဖြစ်တဲ့ 80%သော ဗမာရှမ်းအပါ အခြား တိုင်းရင်းသားတွေကတော့ သဘောမကျဘူး။ မပေးနိုင်ဘူး။

မြန်မာဂျာနယ်တွေ တင်ပြမှုအားနည်းလို့ ဒီ80% သော လူမျိုးစုတွေက ဆက်ကြေးတွေတောင်လိုပုံအောင်ပေး ရတာ ညီအကိုတို့မသိကြဘူးထင်တယ်။ 80%သောလူထုက သတင်းမပို့ရဲကြဘူး သိရင်Kia သတ်မှာပေါ့ ။ ကချင်လူမျိုးတွေတင်ပြတာကို ရန်ကုန်ကနေထိုင်ရေးတော့ မှန်ကန်မှု အားနည်းတယ်။ အဖြစ်မှန်တွေသိချင်ရင်ဖားကန့် တက်လာခဲ့ပါ။

80%သောလူထုက ပိုဒုက္ခရောက်ပါတယ် ဆက်ကြေးလဲေ ဆောင်ရတယ် ဒုက္ခသည်ကျွေးဖို့ လှူတော့လဲ ဒီလူထုပါဘဲ ဒုက္ခသည်တစ်ဝက်က kiaဇနီးမယားတွေပါ ယောကျားတွေ တော့ မပါဘူး သူတို့က သေနပ်ကိုင်ပြီး တောထဲကတိုက်မယ် မင်းတို့က ဒုက္ခသည်တွေဆိုပြီး အခုလိုအုံကြွလာအောင် လုပ် ဆိုတဲ့ ဗျူဟာတွေကို ----

ရန်ကုန်ကနေ ထိုင်ရေးကြတဲ့ မြန်မာဂျာနယ်တွေ တင်ပြမှု
အားနည်းလို့ ဂျပန်မလို မစွန့်စားနိုင် လို့ဆန္ဒပြညီအကိုတို့ နားလည်မှုလွှဲနေရတာပါ။
စစ်ဒါဏ်ခလာရတာ တစ်သက်လုံးဘဲ နေလာပြီးပြီ ဒီမိုကရေစီခေတ်မှ ပြည်ထောင်စုမကွဲချင်ဘူး ညီအကိုများ

ဂျာနယ်တွေ တာဝန်မကျေဘူး တပ်တွေက ယခင်အပစ် အခတ်ရပ်စဲတုန်းကဖယ်ထားတဲ့ ဟိုပဝေသနီကတည်းက ထိုင်ခဲ့တဲ့ ကုန်းပြန်ထိုင်တာ မယူရင်Kia ကယူမှာဘဲ ထိုးစစ် ဆင်နေတာမဟုတ်ဘူး။
ကျွန်တော်တို့က ကချင်ပြည်နယ်သားမို့ နားလည်တယ် ကုန်း တစ်ကုန်းကောင်းကနေ စက်လတ် စက်ကြီး တည်ထား ကျည်တာမကုန်နဲ့ ရန်ကုန်တစ်မြို့ လုံး လူ၆သန်းတက်လာတောင် နည်းတယ်ပြောဦးမယ် ဒါကြောင့် အင်္ဂလိပ် ကိုခံတိုက် တုန်းက ရွှေတိဂုံကုန်းတော်ကခံတိုက်ခဲ့တာလေ။

သူတို့က ကိုယ့်စစ်တပ်နဲ့ကိုယ်နေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းတာလေ တပ်တွေဆုပ်ပြီးစကားပြော အဆင်မပြေ တော့ ဘယ်လိုနေမလဲ ကုန်းပေါ်ကစောင့်ပြီး အမှည့်ချွေ ချွေရုံဘဲ

ဖားကန့်တက်လာကြည့်ပါ ညီအကိုများ မိုကောင်းကျော်တာနဲ့ ကားလမ်းကို ထိမ်းသိမ်းထားတဲ့ Kiaနဲ့တွေ့မယ် ဆက်ကြေးမဆောင်ဘူးသူမရှိတဲ့ ဖားကန့်သားတွေနဲ့တွေ့ မယ် ဒုက္ခသည်အစစ်ရော မစစ်တာရောတွေ့လိမ့်မယ် တက်လာကြည့်ကြပါ အမှန်အနှစ်တွေက ဒီမှာ ။

မြန်မာ ဂျာနယ်တိုက် တွေမှာ ဂျပန်မ မရှိဘူး။

အသက်တွေကြီးပြီ ရုံး သုံးစာဆို ပြီး ကချင်စာမ သင် နိုင်တော့ဘူး။

ကချင်ပြည်နယ်ကို border passနဲ့ လာချင်ကြတာလား?
အခုဆန္ဒပြတဲ့ အကိုကြီးတွေ ညီလေး တွေ ကချင်ပြည်နယ်ကိုသူတို့ စစ်တပ်နဲ့ သူတို့အုပ်ချုပ်ပါလို့ ပေးနိုင်သလား ။

ကချင်ပြည်နယ်ကို border passနဲ့ လာချင်ကြတာလား?
အခုဆန္ဒပြတဲ့ အကိုကြီးတွေ ညီလေး တွေ ကချင်ပြည်နယ်ကိုသူတို့ စစ်တပ်နဲ့ သူတို့အုပ်ချုပ်ပါလို့ ပေးနိုင်သလား ။

ကချင်ပြည်နယ်ကို border passနဲ့ လာချင်ကြတာလား?
အခုဆန္ဒပြတဲ့ အကိုကြီးတွေ ညီလေး တွေ ကချင်ပြည်နယ်ကိုသူတို့ စစ်တပ်နဲ့ သူတို့အုပ်ချုပ်ပါလို့ ပေးနိုင်သလား ။

80%သောလူထုမျက်နာမကြည့်ကြတော့ဘူးလား သေနပ်ကိုင်လို့ ထင်ပေါ်သူ 20% တွေ ဘက်ကလား?

ရင်တွင်းဖြစ်အမှန် ဒေသခံရဲ့ အခြေအနေမှန်

Powered by Blogger.