ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်သူများကို အာဏာပိုင်များ ဟန့်တား

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ နေပြည်တော် လွှတ်တော်နဲ့ ကာချုပ်ရုံးရှေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ သွားရောက်မယ့် လူထုကို နယ်မြေ အာဏာပိုင်တွေက လူစုခွဲ ဟန့်တားလိုက်တဲ့အတွက် အစီအစဉ် ပျက်သွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကို လိုလားတောင့်တနေတဲ့ လူအယောက် ၂၀၀ ကျော်လောက်ဟာ ဒီနေ့ နံနက် ၄ နာရီမှာ ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာကနေ တဆင့် နေပြည်တော်ကို သွားရောက်ဖို့ ရောက် ရှိနေရာကနေ အစီအစဉ်ဖျက်လိုက်ရတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ နေပြည်တော် သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို ကြိုတင် ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်မရရှိခဲ့ဘူးလို့ သိရပါတယ်။

အခုစုရပ်ဖြစ်တဲ့ စမ်းချောင်းမြို့နယ် နယ်မြေရဲတပ်ဖွဲ့ကို အကြောင်းကြားထားခြင်း မရှိတဲ့အတွက် အခုလို လာရောက်လူစုခွဲခိုင်းရတာလို့ နယ်မြေတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

နေပြည်တော်ကို သွားရောက်ဖို့ ပျက်သွားပေမယ့် လူစုကြီးဟာ နံနက် ၆ နာရီမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ဆူးလေဘုရားကို လမ်းလျှောက်သွားဖို့ ထပ်မံကြိုစားပေမယ့် နယ်မြေ အာဏာပိုင်တွေရဲ ဟန့်တားပိတ်ပင်လိုက် မှုကြောင့် ရွှေတိဂုံဘုရား အနောက်ဘက်မုခ် အနီး ပြည်လမ်းပေါ်က မြေနီကုန်းမှတ်တိုင်မှာ ပိတ်မိနေကြပါတယ်။

“သူတို့က ငြိမ်းချမ်းရေးကို မလိုလားဘူး။ သမ္မတရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ကြေညာချက်တွေ ရှိပြီးပြီ။ ငြိမ်းချမ်းရေးကို ကြေညာပြီးမှ ငြိမ်းချမ်းရေးကို တကယ် မလိုလားဘူးဆိုတာကို သက်သေဖြစ်သွားတာပေါ့။”

“ဒီမိုကရေစီနိုင်ငံတကယ်စစ်မှန်တယ်ဆိုရင် ပြည်သူလူထုကို ကာကွယ်ပေးရမယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း လိုက်ထိန်းသိမ်းပေးရမယ့် ဒါပဲတာဝန်ရှိတယ်။”

ပိတ်မိနေတဲ့ လူအုပ်စုကြီးဟာ မနက် ၁၀ နာရီမှာစတင်မယ့် ဆူးလေ အင်းလျားကန်ဘောင် ချီတက်လမ်းလျှောက်ပွဲမှာ သွားရောက်ပူးပေါင်းဖို့ အလျှိုလျှိုထွက်ခွာသွားခဲ့ကြပြီး ကချင်တိုင်းရင်းသားတွေဟာ ရွှေတိဂုံဘုရားအနောက်ဘက်မုခ် ပြည်သူ့ရင်ပြင်မှာ ငြိမ်းချမ်းရေးသီချင်းကို စုပေါင်းသီဆိုဆန္ဒဖော် ထုတ်ပြသခဲ့ကြပါတယ်။ ဒီ ငြိမ်းချမ်းရေးသီချင်းဆိုတဲ့ လူစုကိုလည်း အာဏာပိုင်တွေလူစုခွဲပေးဖို့ လာရောက်ဖိအားပေးခဲ့ကြပါတယ်။

by အောင်စိုးထိုက် - ဒီဗွီဘီ


ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်သူများကို အာဏာပိုင်များ ဟန့်တား ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်သူများကို အာဏာပိုင်များ ဟန့်တား Reviewed by သစ်ထူးလွင် on 15:26 Rating: 5

10 comments:

Unknown said...


ကေအိုင်အေရေ ကချင်တိုင်းရင်းသားတွေက ငြိမ်းချမ်းရေး လိုလား တောင့်တနေကြတဲ့အသံတွေကြားပါရဲ့လား။ လက်နက်ကိုင်ပြီးတိုက်ခိုက်နေမယ်ဆိုရင် အသက်အသေခံရမယ် ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး။

ကချင်ပြည်နယ်သူ

မမမေ said...

သီချင်းတောင်မဆိုရဲသလောက်ဘဲနော်

Unknown said...

ငြိမ်းချမ်းရေးလုပ်ကြတာကောင်းပါတယ်

ငြိမ်းချမ်းရေးကနေတင်းမာမှုဖြစ်မှာ စိုးရိမ်တယ်

နှစ်ဘက်ကိုကြားဝင်ညှိပေးကြပါလား

NGOတွေစေ့စပ်ပေးရင်ရနိုင်တယ်

Nongovernment ဆိုတော့ယုံကြည်မှုရှိနိုင်တယ်

မင်းမြတ်ကျော်ထင် said...

ဒီလိုသာ လိုက်ပြီးပိတ်ပင်နေမယ် ဆိုရင် ငြိမ်းချမ်းရေး အတွက် သမ္မတကြီးရဲ့  ဒီမိုကရေဆီ လမ်းကြောင်း အဟန့့်အတား ဖြစ်သွားနိုင်တယ် ။။

tinmaungcho said...

အလွန်ဝမ်နည်းစရာသတင်းပါ၊သတင်းထဲမှာဖေါ်ပြခဲ့သလိုငြိမ်းချမ်းရေးကိုလိုလား
ကြတဲ့ပြည်သူတွေနဲ့အဖွဲ့အစည်းတွေကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒီလိုမလုပ်သင့်ပါဘူး၊ပြည်သူတွေကိုအကာကွယ်ပေးပြီးစောင့်ရှောက်ရပါမယ်။ပြည်တွင်းစစ်များ
ရပ်တန့်ပြီးငြိမ်းချမ်းမှုတည်ဆောက်ရေးအတွက်တွန်းအားတရပ်ဖြစ်တဲ့ဒီပွဲကိုတား
မြစ်တယ်ဆိုတော့-----

ရာဇသံ said...

အလကားနေရင်းဆန္ဒပြချင်နေကြတယ်။နားဆူတယ် လမ်းတွေပိတ်တယ်။ဟုတ်တာလည်းမဟုတ်ဘူး။ဒေါ်စုတောင်လက်ရှောင်နေတာမတွေ့ကြဘူးလား။KIA ကကိုယ်ပိုင်အုပ်ချုပ်ခွင့် ခွဲထွက်ခွင့် လိုချင်နေတာလေ။အဲသလိုလုပ်ခွင့်ပေးပြီး ငြိမ်းချမ်းရေးယူကြမလို့လား။တခြားအဖွဲ့တွေကလည်း သောင်းကျန်းကြမှာပေါ့။ဘာလဲ ပြည်တွင်းစစ်ဖြစ်ပြီး တပ်ကအာဏာပြန်သိမ်းတာခံချင်ကြ လို့။ပြချင်ရင် KIA ရုံးရှေ့သွားပြီး လက်နက်ချဖို့ပဲဆန္ဒသွားပြကြ။

Unknown said...

ဒါလားကွဒီမိုကရေစီ
ဟိုပိတ်ဒီပိတ်ဒီမိုကရေစီပြည်သူတွေကအလိုမရှိပါ။

ရာဇသံ said...

ဖြေရှင်းချက်ပေးလေ။ဒါမှဒီမိုကရေစီဆန်မှာပေါ့

KoKo Soe said...

ခွင့်ပြုမိန့်ယူပြီးလုပ်ကြလေကွာကချင်မှာလည်းkiaကိုသွားဆန္ဒပြကြဒါမှညီမျှမှာပေါ့

Unknown said...

ပြည်သူလူထုကြီးရေကြည့်လုပ်ကြဟေ့ အစိုးရကိုဘဲဖိအားမပေးနဲ့ KIA.KIO လဲဖိအားပေးကြပါအုံး စဉ်းစဉ်းစားစားလုပ်ကြပါ စစ်တပ်ကစောက်မြင်ကပ်ပြီးအာဏာပြန်သိမ်းမှာဖြင့်ဟုတ်ပေ့ပြစ်နေမယ် ခဗျာတို့လှိုင်ဇာကိုသွားပြီး ဆန္ဒပြကြည့်ပါလား ပြန်လမ်းတောင်ရှိမှာမဟုတ်ဘူးတခါတဲပစ်သတ်မှာခဗျားတို့ကို စစ်တပ်ကို ကို့ဘက်ပါအောင်သိမ်းသွင်းရမယ်အချိန်အခါ နောက်ကိုပြန်မလှည့်ပို့ကို သတိနဲ့လုပ်ရမယ့်အချိန် ခဗျားတို့ နဲနဲဆိုဆန္ဒပြမယ်ဘာညာ ဒီမိုကရေစီရပြီဆိုပြီးလျှောက်မလုပ်ကြနဲ့ ကချင်ပြသနာက နှစ်ဘက်စလုံးမှာတာဝန်ရှိတယ် စစ်တပ်ကိုဘဲအပြစ်ပုံမချနဲ့ နှစ်ဘက်စလုံးကိုပြောရမှာ စဉ်းစဉ်းစားစားလဲလုပ်ကြပါ ဆန္ဒရေးဘဲစွတ်ပြမနေကြနဲ့

Powered by Blogger.