မန်းသုံးမြို့နယ် မှကျူးကျော်ရှင်းလင်းရေးစီမံချက်ချဆောင်ရွက်

မန္တလေး ရှိ ချမ်းမြသာစည် ၊ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ် သုံးမြို့နယ်ရှိ ကျူးကျော်နေအိမ်များနှင့် ကျူးကျော်ဝင်းခြံ ခတ်သူများ ဖယ်ရှားနိုင်ရေး စီမံချက်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားချက်နှင့် အညီဆောင်ရွက်မည်ဟု သိရသည်။

၎င်းစီမံချက်အတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့က မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဦးအောင်မောင်းနှင့် တာဝန်ရှိသူများမှ ကျူးကျော်နေထိုင်သူများ ကိုဖိတ်ကြားကာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်သာယာရပ်ကွက်၊မြရည်နန္ဒာရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကံကြီးကုန်းကျေးရွာ ၊ဇီးအုပ်ကျေးရွာ၊ ၇ွာသစ်ကလေးကျေးရွာနှင့် အမရပူရမြို့နယ်ရှိ နတ်ရေကန်ကျေး၇ွာများအတွင်းရှိကျူးကျော်များကိုဖယ်ရှားရှင်းလင်းရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိုင်းလမင်းအောင် - Popular Myanmar News Journal


ကျူးကျော်နေထိုင်သူများ ကိုဖိတ်ကြားကာ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်စဉ်။ ဓါတ်ပုံ - Popular Myanmar News Journal

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်