မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ

စက်တင်ဘာ ၇၊ ၂၀၁၂၊ YPI

နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။

ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။

ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့်ပေးပို့နိုင်ပြီဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ်အတွင်း လူသိများလာသည်ကိုတွေ့ရသည်။

ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact ဖြစ်သည်။

by Yangon Press International

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်