ကလေးစစ်သားများ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

တပ်မတော် အတွင်း စစ်မှုထမ်းဆောင် လျက်ရှိသည့် အရွယ် မရောက်သေး သူကလေး သူငယ် ၄၂ ဦးကို စစ်မှုထမ်း ဆောင်ခြင်းမှ နုတ်ထွက်ခွင့် ပြုခဲ့ပြီး မိဘ အုပ်ထိန်းသူ များထံသို့ ပြန်လည် အပ်နှံမှုကို ယနေ့(စက်တင်ဘာ ၃ရက်)တွင် ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ပြုလုပ်ခဲ့သည်။

တပ်မတော်မှနုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

အရွယ်မရောက်သေးသူကလေးသူငယ်များ မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက်မပြည့်သေးသောတပ်သားသစ်များ လွတ်မြောက်ခွင့်ပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်ဇွန်လအတွင်းက ပြုလုပ်ခဲ့သည်။

7Day News Journal


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်